ကျွန်မ မြန်မာလူမျိုးပါ.. ဘာတွေ ဘယ်လိုပဲပြောင်းလဲ ပြောင်းလဲ ကျွန်မကတော့ ပကတိကျောက်သားလို ခိုင်မြဲစွာ ရပ်တည်နေအုံးမယ့်မြန်မာလူမျိုးစစ်စစ်ပါ.. ဘာကြောင့် ဒီစာကိုရေးဖြစ်သလဲဆိုတော့ ကျွန်မရင်ထဲမှာ ၀မ်းနည်းမိတဲ့ အစိုင်အခဲလေးတစ်ခုကြောင့် ဖြစ်ပါတယ်... ကျွန်မက နိုင်ငံခြားမှာ အလုပ်လုပ်ရင်း ကိုယ့်ဘ၀ ကိုယ်ကျောင်းနေရတဲ့ လူတစ်ယောက်ပါ.... ကျွန်မလိုပဲ နိုင်ငံခြားမှာ အတူတူ အလုပ်လုပ်နေကြတဲ့ ကျွန်မသူငယ်ချင်းတွေရှိပါတယ်.... နိုင်ငံခြားသား မိတ်ဆွေ သူငယ်ချင်းတွေလည်း ရှိပါတယ်.... နိုင်ငံခြားသားမိတ်ဆွေ တော်တော်များများက မြန်မာဆိုတာကို မသိကြပါဘူး.. မြန်မာလူမျိုးဆိုတာကို မသိကြပါဘူး... သိတဲ့လူကျပြန်တော့လည်း တလွဲဆံပင်ကောင်းနဲ့ သိကြပြန်ရော... တချို့ဆို ဘယ်နိုင်ငံကလဲ လို့ မေးရင် မြန်မာနိုင်ငံကဆို "ooh.. very poor" အဲလိုပြောတဲ့လူတောင် တွေ့ဖူးပါတယ်.... ကျွန်မတို့မြန်မာနိုင်ငံ မဆင်းရဲပါဘူးဆိုတာ ပြန်ပြန်ရှင်းပြနေရတာ ကျွန်မမှာ အမြှုပ်ထွက်မတတ်ပါပဲ.... ဆရာမဂျူးပြောသလို ငယ်ငယ်တုန်းက စာထဲမှာ ကျောက်သံပတ္တမြား ပေါများကြောင်း သင်ရတာကိုး.....:)) ထားပါတော့လေ... ပြောချင်တာက အဲလို နိုင်ငံခြားသားတွေက ပြောလာတဲ့အခါ ကျွန်မသူငယ်ချင်း တစ်ချို့က “မြန်မာလို့ပြောရတာတောင် ရှက်လာပြီ.. နောက်ဆိုရင် ထိုင်းကလို့ ပဲ ပြောတော့မယ်“ အဲလိုတွေ ဖြစ်ကုန်ပါတယ်.. ကျွန်မတော်တော် ၀မ်းနည်းမိပါတယ်..... မြန်မာလူမျိုးတွေဟာ ရိုးသားတယ် ကြိုးစားတယ်ဆိုပြီး နာမည်ကောင်းရထားသူများ ဖြစ်ပါတယ်.... ဘယ်သူတွေကြောင့် မြန်မာနိုင်ငံဟာ ဘာကြီးပဲဖြစ်နေဖြစ်နေ မိမိဟာ မြန်မာလူမျိုးပါလို့ ပြောဖို့ မရှက်ကြပါနဲ့... ဥပမာဆိုပါစို့.. ကျွန်မ ဘ၀နဲ့ ယှဉ်ပြီးတော့ ပြောရရင် ကျွန်မ အဖေဟာ အရက်သမားတစ်ယောက်ပါ... အမေကတော့ ကျောင်းဆရာမ.... ကျွန်မ တစ်လသမီး အရွယ်မှာ အဖေနဲ့ အမေ separate ဖြစ်သွားပါတယ်.... ဖြစ်သွားတဲ့ အကြောင်းရင်းကတော့ အရက်ပဲဆိုကြပါစို့.... ကျွန်မ အဖေဟာ သားသမီး ချစ်တဲ့စိတ်ရှိပေမယ့် သူကိုယ်သူ ပိုချစ်တယ် ထင်ပါတယ်.. အရက်ကို မစွန့်လွှတ်ခဲ့ပါဘူး... ကျွန်မတို့ကိုလဲ မထောက်ပံ့ ခဲ့ပါဘူး...... ကျွန်မအမေဟာ သားသမီးနှစ်ယောက်နဲ့ ဘ၀ကို ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပါတယ်..... ကျွန်မဘ၀မှာ အဖေနဲ့ ပတ်သက်ပြီး နာကျည်းမုန်းတီးမှုတွေရှိပေမယ့် အဖေဟာ အဖေပါပဲ ဒါဟာ ဘယ်တော့မှ ပြောင်းလဲလို့ မရတဲ့ အမှန်တရားတစ်ခုပါ..... ငါ ဒီအဖေ မကြိုက်ဘူး.. ဟိုသူဌေးကြီးကိုပဲ အဖေတော်တော့မယ် လို့ လုပ်လို့ မရပါဘူး... သူက သားသမီးအပေါ်ကောင်းခဲ့သည်ဖြစ်စေ မကောင်းခဲ့သည် ဖြစ်စေ ... ဖခင် ကတော့ ဖခင်ပါပဲ.... ထိုနည်း၎င်းပါပဲ .... ကျန်တာတော့ စာဖတ်သူတို့ ကိုယ့်ဘာသာကိုယ် တွေးတောကြည့်ကြပါ.... :)) ဆိုပါတော့ .. ခု မြန်မာလူမျိုးကို မသိကြဘူး... ဒါဆို သိအောင် ကြိုးစားကြတာပေါ့.. ဒီနေရာမှာ ကောင်းသောသိခြင်း ဖြစ်ဖို့ အင်မတန် အရေးကြီးပါတယ်..... အိုကေ.. ဒါဆို သိပြီးသားလူတွေအတွက် မြန်မာဆိုတာ ရိုးသားတယ် ကြိုးစားတယ် .. ရိုင်းပင်းကူညီတတ်တယ် စိတ်ထားကောင်းတယ်...တော်တယ်.... ဒီလိုမျိုး အတွေးတွေ၊ ဒီလိုမျိုး အမြင်တွေ လက်ခံလာအောင် မြင်လာအောင် ၀ိုင်းဝန်း ကြိုးစားကြတာပေါ့ .... ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့်လို့ အပြစ်တင်နေမယ့် အစား အားလုံး မိမိရောက်တဲ့ နေရာတိုင်း နေရာတိုင်းမှာ ကြိုးစားကြမယ်ဆိုရင် နောင်တစ်ချိန်ကျရင် “တို့ မြန်မာလူမျိုးဟေ“့ လို့ လက်မထောင် ရင်ကော့နိုင်မှာ မလွဲမသွေပဲ ဆိုတာ......
ဖတ်သင့်တဲ့ စာလေးမို့ မျှဝေလိုက်ပါတယ်
မျှဝေသူ...ကိုကိုးအိမ်