အွန်လိုင်းပေါ်တက်တက်ခြင်း ဘော်ဒါတို့တွေနဲ့ စာလာဖတ်နေကျ ချစ်စွာသော စာရှူ့သူတို့ကို တောင်းပန်ရဦးမှာပဲဗျာ.. အလုပ်ရှုပ်နေတာကတစ်ကြောင်း၊ ပရောက်စီပြဿနာကတစ်ဖုံ၊ စာရေးပျင်းနေတာက တစ်ပိုင်း၊ စာမေးပွဲတွေအဆက်မပြတ် တာကတစ်သွယ်နဲ့ အမျိုးမျိုးသော အကြောင်းတွေကြောင့် ဒီနေ့မှ အွန်လိုင်းကိုေ၇ာက်တုန်း ကိုယ်စာမရေးတာဘယ်လောက် ကြာပြီလဲ ကြည့်လိုက်မိပါတယ်.. လေးပတ်ကြာပြီတဲ့ဗျာ.. ဟိဟိ ငါလေးပတ်ကြီးတောင် အပျင်းထူနေခဲ့တာပါလားပေါ့... ဒါနဲ့ဘာစာရေးရမှန်းလည်း မသိဖြစ်နေတုန်း ဟိုတစ်လောက ဘလော့ဂါ နန်းလေပြေနု တစ်ယောက်က မောင် တွေကျွန်မတွေ သီရိတွေလုပ်သွားတော့ ကိုယ်လည်း ရေးချင်စိတ်ပေါက်မိတာပေါ့ဗျာ.. ဒါပေမယ့် သိကြတဲ့အတိုင်း ကိုကိုးအိမ် ဆိုတာက ဂေါ်မစွံတဲ့ နှစ်ဆယ်ကျော်ကာစ ကာလသားပေါက်ကြီးဆိုတော့ ဘယ်စော်ကမှလည်း မကြိုက်... ဇာတ်လမ်းကလည်း ရှာစရာမရှိ.. စိတ်ပျက်စရာတောင် ကောင်း ကောင်းသေးတော့ဗျာ.. ဒါနဲ့ အကြံချိနဲ့စွာနဲ့ ဆောင့်ကြောင့် ထိုင်စဉ်းစားနေတုန်း ဘလော့ဂါ တီတီကြီး ဒေါ်ရွှေစင်ဦးက စက်ဘေးနားပေါက်ချလာပြီး ကိုကိုးအိမ် ဒီဘက်မှာ ပရောက်စီအဆင်ပြေတယ်ဆိုပြီး လာပြောတာနဲ့.. ဘာပြောကောင်းမတုန်း.. ရေငတ်တုန်း ရေတွင်းထဲကျ ဆိုသလို နွားငတ်ရေကျ အပြေးသွားပြီး စိတ်လိုလက်ရ ရေးလိုက်မဟဲ့ ဆိုပြီး အားခဲကာ ပုဆိုးကိုမြှောင်အောင်ကျိုက် အားတင်းကာရေးလိုက်မဟဲ့လို့ စက်ရှေ့မှာထိုင် စဉ်းစားလိုက်တာ .. အင်း... ငါဘာရေးရပါ့... ရေးထားတဲ့ကဗျာတွေကလည်း အဆောင်မှာကျန်ခဲ့ပြီလေ.. ကိုယ်တော်မှာ အခက်ပေါ့..အဲနောက်ဆုံး ကြံရာမရတဲ့အဆုံးမှာတော့ ဟိုတစ်လောကပိုင်းကမှ လောလောလတ်လတ်ကြုံခဲ့တာလေး ရေးမဟဲ့ပေါ့.. စဉ်းစားလိုက်ပါတယ် .. အကြောင်းကတော့ပေါ်လာပြီ ဘယ်ကစရေးရမှန်းမသိဖြစ်နေပြန်ရော.. အဲလို အဲလို မရေးဘဲ ပစ်ပစ်ထားတတ်တဲ့ ကိုယ့်အကျင့်ပေါ့လေ.. အင်း ပေါ်လာသလောက်လေး ချရေးလိုက်ပါ့မယ်.. နို့မို့ဆို ပေါ်မလာ အတော်ကြာ ကိုယ်တော်ချောခမျာ ဘယ်များပျောက်နေသလဲလို့ အွန်လိုင်းပေါ်က စာဖတ်ပရိတ်သတ် ချစ်ချစ်များ မျှော်တော်ဇောနဲ့ မောနေမှာစိုးလို့ပါ... ခွိခွိ
ဟိုတစ်လောက ကိုးတစ်ယောက် ကျောက်ဆည်ဘက်သွားတော့ စုတ်ချာချာအိမ်လေးတစ်လုံး ပေါ်မှာ ကလေးလေးတစ်ယောက် ဗိုက်ဆာလို့ အော်ငိုနေပါတယ်... အိမ်ရှေ့မှာလည်း သူ့အမေက မျက်ရည်တွေဝေလို့ပေါ့.. သူ့သားကိုလည်းမငေါက်ရက်.. မျက်ရည်ဝိုင်းပြီး သားရွှေဥကို လှမ်းလှမ်းကြည့်နေပါတယ်.. ကလေးကလည်း အမေတစ်ယောက်ရဲ့ အခက်အခဲတွေကို မရိပ်မိဘဲ အော်ငိုမြဲ အော်ငိုနေဆဲပါ.. ကိုးလည်း အမေဘာဆက်လုပ်မလဲ ကြည့်နေလိုက်ပါတယ်.. နည်းနည်းလေးကြာလာတော့ ကလေးကိုကြည့်ပြီး သူ့အမေလည်း အော်ငိုလိုက်ပါတယ်.. ပြီးတော့ သူ့သားကိုလည်း နင်အဲလိုကြီး အော်အော်ငိုနေတော့ ငါက ဘာလုပ်ပေးရမလဲ.. နင်ငိုလေငါစိတ်ဓာတ်ကျလေပဲ သိလားငါ့သားရဲ့ ဆိုပြီး ကလေးလေးကိုရင်ဘတ်ထဲမှာ ထားပြီး ငိုနေပါတော့တယ်. ကလေးလေးလည်း ငိုနေရင်းအရှိန်တန့်သွားပြီး သူ့အမေကိုလှမ်းကြည့်တော့ သူ့အမေလည်းငိုနေတာတွေ့ရော ထပ်ငိုပြန်ပါရောဗျာ.. ကျွန်တော်လည်း သူတို့သားမိရဲ့ အပူတွေကူးစက်လာပြီး ရင်ထဲမှာ နင်တင်တင်ကြီး ဖြစ်နေတာနဲ့ သူတို့သားအမိနှစ်ယောက်ဆီ လျှောက်သွားလိုက်မိပါတယ်.. အိမ်လေးကလည်း ဓနိမိုးမလုံ့တလုံလေးပါ.. သားအမေရဲ့ မျက်နှာမှာလည်း လောကဓံရဲ့ ရိုက်ပုတ်မှူ့တွေကြောင့် နေလောင်ကွက်တွေ တလှေကြီးနဲ့ပေါ့... ဒီလိုနဲ့သူတို့နားေ၇ာက်သွားတော့ ကလေးအမေကို လှမ်းမေးမိလိုက်ပါတယ်..
အဒေါ်ရယ် ကလေးအဖေရော..လို့မေးလိုက်မိတော့
ကလေးအဖေကသေတာ တစ်ပတ်ကြာပြီ ဆိုပြီး ပြောပြီးငိုပြန်ပါတယ်..
ကိုးလည်း ဘာဆက်ပြောရမှန်းမသိ ကြောင်ကြည့်နေမိပြီးမှ
ဒါဆိုအဒေါ်ရယ် ပိုက်ဆံနည်းနည်းလေးမှ မကျန်ခဲ့ဘူးလား ဆိုတော့ မြင်တဲ့တိုင်းပဲလေတဲ့..
မဟုတ်ဘူးလေ ကလေးအဖေရှိတုန်းက ငွေက ဆန်ဖိုးလောက်တောင်မ၀ယ်နိုင်တော့ တာလားဆိုပြီးတော့ စပ်စပ်စုစုမေးလိုက်မိပါတယ်... ဒါနဲ့ အဒေါ်ကြီးက
သူချန်ခဲ့သမျှ သူ့အသုဘစရိတ်နဲ့ တင်ပြောင်ပြီဟဲ့..
ဟင် အန်တီကရောအလုပ်မလုပ်ဘူးလား..
ငါ့အမှားပါဟဲ့ ငါ့အမှားပါ သူ့အဖေက အရက်သမား တစ်ရက်တစ်ရက် ရှာသမျှအရက်ဖိုးပဲ.. ငါကလည်း ပဲရောင်းတယ်.. ရောင်းသမျှက နှစ်လုံး.. သုံးလုံးဖိုးနဲကပြောင်တာပဲ.. စုမိဆောင်းမိတယ်လဲမရှိဘူး.. နှစ်လုံးကလည်းဟယ် ပေါက်ပဲမပေါက်နိုင်ဘူး ပေါက်တော့လည်း ခုနှစ်ထောင် ရှစ်ထောင်ပဲရတယ် ဘယ်သုံးလောက်မလဲ.. ငါတို့မှာ တစ်၇က်တစ်၇က် စားလောက်သောက်လောက်ရုံပဲ.. ဘယ်တော့မှပိုတယ်လဲမရှိဘူး.. အခုတော့ ကိုယ်တော်က သေပြီလေ.. ငါတစ်ယောက် တည်းထားရစ်တယ် တကယ်အတ္တကြီးတဲ့ကောင်..
ဟာ.. အန်တီရယ် အဲလိုမပြောကောင်းပါဘူး.. သူလဲမရှိမှတော့ ကိုယ်လည်း ကောင်းကောင်းမွန်မွန်ရှာဖွေစားနိုင်ရမှာပေါ့.. သူရှိတုန်းကတော့ ရှိသလိုပေါ့.. မရှိမှတော့ ဖြစ်သလိုရပ်တည်ရတော့ မှာလေ...
ဟဲ့နင်ကဘာသိလို့လည်း ဒီခေတ်မှာ လူနှစ်ယောက်စာလွယ်တယ်များမှတ်လို့လား.. ဒီကလေးက ရှိသေးတယ်.. ငါလည်းသူ့ကိုတော့သနားတယ်.. ငါ့သားလေးဒီလိုဖြစ်နေတာ ငါမကြည့်၇က်ဘူး.. ငါဘယ်လိုမှအဆင်မပြေနိုင်၇င် တော့ အဆင်ပြေမဲ့သူတွေဆီ သားလေးကို ပေးမလားစဉ်းစားနေတယ်..
ဟာ အန်တီရယ် ကလေးတစ်ယောက်ဟာ အမေရင်းနဲ့မှမဟုတ်ရင် အဆင်ပြေခဲပါတယ်.. ပေးပစ်ဖို့ကိုတော့ စဉ်းစားပါဦး.. ဒီကြားထဲကြိုးစားကြည့်ပေါ့.. ဘယ်လိုမှအဆင်မပြေဘူးဆိုရင်တော့.. ဆိုပြီးပြောရင်း ကိုယ်ပါတောင် အသံတိမ်ဝင်သွားပါတယ်..
အင်းလေ.. ငါလည်း ကြိုးစားကြည့်ပါဦးမယ်..
အန်တီရယ် ဈေးရောင်းတတ်နေတာပဲ.. ဈေးပြန်ရောင်းပေါ့.. ဈေးေ၇ာင်းတတ်ရင် ထမင်းမငတ်ပါဘူး ဆိုပြီး ကိုယ်တတ်သလောက်လေး ပြောကြည့်မိပါတယ်..
တကယ်လို့ အန်တီကြီး ဈေးပြန်ရောင်းမယ်ဆိုရင် ဈေးရောင်းဖို့ အရင်း(၃၀၀၀ိ/-) ပေးခဲ့မယ်.. အဲဒါနဲ့ အဆင်ပြေအောင် လုပ်စားတော့ပေါ့.. ဒါကျွန်တော် အန်တီတို့ သားအမိကို စာနာလို့ကူညီတာပါ.. ဘယ်လိုမှမအောက်မေ့ပါနဲ့ ဆိုပြီး ငွေသုံးထောင်ထုတ်ပေးခဲ့လိုက်မိပါတယ်.. ခါတိုင်းကပ်စေးနည်းတတ်တဲ့ ကိုယ့်ကိုယ်ကို ပြန်အံ့သြရင်းပေါ့..
နောက်ငါးရက်လောက်နေလို့ အဲဒီဘက်ကိုပြန်ရောက်လို့ တခြားအိမ်တွေကို မေးကြည့်လိုက်မိတော့ ကလေးလေးကိုတော့ မွေးစားမယ့်လူတွေကိုပေးလိုက်တယ်တဲ့ သူကိုယ်တိုင်တော့ ဈေးရောင်းစားပြီး ကောင်းကောင်းမွန်မွန်နေတယ်လို့ ပြန်ကြားရတော့ ကလေးလေးအတွက်စိတ်မကောင်းပေမယ့် အမေအတွက်တော့ စိတ်ချမ်းသာမိရပါတယ်...
အဲဒီအဖြစ်အပျက်ကလေးဟာ သာမန်အဖြစ်အပျက်ကလေး ဆိုပေမယ့် ကိုးမှာတော့ ပြန်စဉ်းစားမိတိုင်း စိတ်မကောင်းဖြစ်ရပါတယ်.. ကိုးတို့က ရေ၊မီးအပြည့်အစုံနဲ့ မြို့ကြီးပြကြီးပေါ်မှာ အခန့်သား စားသောက်သွားလာ နေတဲ့ အချိန်မှာ တစ်ခြားတစ်နေရာမှာတော့ အဲဒီလိုအဖြစ်မျိုးတွေ ကမ္ဘာနဲ့ချီလိုက်မယ်ဆိုရင် အများကြီး ရှိနေမှာပါ.. အဲသလိုများစဉ်းစားမိရင်တော့ တော်တော်စိတ်မကောင်းဖြစ် မိ၇ပါတယ်.. အဲဒီတော့ တကယ်လို့များ တတ်နိုင်ခဲ့ရင် လူမှူ့ဝန်ထမ်းလိုနေရာမျိုးတွေ၊ ကယ်ဆယ်ရေး NGO တွေမှာ ကိုယ်တတ်နိုင်သလောက်လေး လှူကြစေချင်ပါတယ်.. နောက်တစ်ခုက ကလေးအမေတွေပါ.. ဘယ်လိုအခြေအနေတွေမှာပဲဖြစ်ဖြစ် ကိုယ့်ကလေးကို သူများတစ်ပါးကို ပေးပစ်ဖို့ဆိုတာ တော်ရုံအမေတွေ မစဉ်းစားနိုင်တာမျိုးပါ.. အဲလိုမျိုးပေးပစ်လိုက်ပြီဆို၇င်လည်း တော်တော်ကို ခံစားရပြီးမှ ပေးလိုက်ရမှာမျိုးလေ.. အဲတော့ ကိုယ်ကိုယ်တိုင်က ကလေးတစ်ယောက်အမေ ဖြစ်လာပြီဆိုကတည်းက ရောက်လာတော့မယ့် ကိုယ်ကလေးအတွက် အကောင်းဆုံး ကြိုဆိုနိုင် အောင် ကြိုးစား၇မှာပါ... အဲလိုမျိုးဖြစ်လာပြီမဟုတ်ဘဲ ကလေးကို လူ့လောကထဲခေါ်သွင်းခဲ့မယ်ဆိုရင်တော့ ကလေးအမေဟာ အတ္တကြီးခြင်းပါ.. အဲလိုမျိုးအဖြစ်တွေဖြစ်မလာရအောင် အမေတစ်ယောက်ရဲ့ ကြိုးစားမှူ့တွေအများကြီး လိုအပ်ပါတယ်.. ဒါမှမဟုတ်ရင်တော့ အမေမခေါ်ထိုက်သူတွေပါ.. သားတစ်ယောက်ဟာ သားတစ်ယောက်ရဲ့တာဝန် အဖေတစ်ယောက်ဟာ အဖေတစ်ယောက်ရဲ့တာဝန်... အမေတစ်ယောက်ဟာလည်း အမေတစ်ယောက်ရဲ့တာဝန် ကျေပွန်မှ သားရယ်လို့ အဖေရယ်လို့ အမေရယ်လို့ ခေါ်ထိုက်သူတွေဖြစ်မှာပါ... တာဝန်မကျေပွန်ခဲ့ရင်တော့ လူ့လောကရဲ့ တာဝန်တွေကို ပျက်ယွင်းတဲ့အတွက် အစားပေးနိယာမရဲ့ ဒဏ်ခတ်ခြင်းကို ခံရမှာပါ.. အခု အဖြစ်လေးမှာလည်း အမေဟာ သားတစ်ယောက်ကို ရှာကျွေးနိုင်လောက်အောင် အစွမ်းရှိရဲ့နဲ့ သူများတစ်ပါးကိုပေးပစ်တယ်ဆိုကတည်းက ကိုးကတော့ အမေမခေါ်ထိုက်သူတစ်ယောက်လို့ပဲ ယူဆပါတယ်.. ဒီစာရေးရခြင်းအကြောင်းရင်းကတော့ အမေတွေကိုလည်း အမေခေါ်ထိုက်သူ အဖေတွေလည်း အဖေခေါ်ထိုက်သူ.. သားသမီးဆိုရင်လည်း သားသမီးခေါ်ထိုက်သူတွေ ဖြစ်ကြစေချင်လို့ပါ...
ကိုး ကိုယ်တိုင်လည်း သားခေါ်ထိုက်သူဖြစ်အောင် ကြိုးစားနေသူတစ်ယောက်ပါ.. အဲဒီလိုပဲ အဖေကောင်းတစ်ယောက်ပီသခဲ့တဲ့ ကိုးရဲ့ဖေဖေ.. အမေကောင်းတစ်ယောက်ပီသခဲ့တဲ့ ကိုးရဲ့မေမေကိုလည်း အရမ်းကျေးဇူးတင်ရိုသေ လေးစားမိပါတယ်.. ဖေတို့မေတို့ ကိုးအပေါ်ကို စေတနာကောင်းခဲ့ကြလို့သာ ကိုးတစ်ယောက် အခုလိုမျိုး ဘ၀တစ်ခုမှာ နေ၇ာတစ်နေ၇ာ ရလာခဲ့တာပါ.. ကိုး အခုလက်ရှိရောက်နေတဲ့နေရာ ရရှိနေသမျှအားလုံးဟာ ကိုးကြောင့်မဟုတ်ဘဲ ဖေတို့မေတို့ကြောင့်သာပါ..
မေနဲ့ဖေ့ ကို လေးစား ချစ်မြတ်နိုးသောအားဖြင့်
စာရေးသူ...ကိုကိုးအိမ်(မန္တလေး)