ကိုကိုးအိမ်လည်း ပျောက်နေတာကြာပေါ့နော်... ကျွန်တော့်မှာ ပရုပ်ဆီအခက်အခဲကြောင့်ပါဗျာ... ရေးချင်လိုက်॥ တင်ချင်လိုက်တာမှ ဖျတ်ဖျတ်ကိုလူးနေတာပါပဲ॥ ခုလဲ ဘလော့ဂါ တီချယ်ကြီး ဒေါ်ရွှေဇင်ဦးရဲ့ ကျေးဇူးနဲ့ ပို့တွေ ပြန်တင်ဖြစ်ပါတော့မယ်॥ တင်မလို့မှလုပ်တုန်း ကိုမောင်လေးက စလာပြန်ရော အကြွေးဆပ်မလို့လားတဲ့॥ ဒါနဲ့ ထွေထွေထူးထူးစဉ်းစား မနေတော့ပဲ သူတဂ်ထားတဲ့ ပို့စ်လေးကိုပဲ ရေးတော့မယ်လို့ ဆုံးဖြတ်ချက်ကို ဒုန်းဒုန်းချ လိုက်ပါတယ်... လာမယ့် ၃၁ ရက်နေ့ဆိုရင် ဘလော့ဒေးကိုရောက်တော့မယ်လို့ ဘလော့ဂါချင်း လက်တို့ချက် အရသိရပါတယ်॥ အဲနေ့ကတော့ ကျွန်တော့်အတွက် တကယ့်အမှတ်တရပဲဗျာ॥ ကျွန်တော့်အတွက် ၂၂ နှစ်ပြည့် မွေးနေ့ဗျ॥ အဲတော့ အဲဒီနေ့မှာ ဧည့်ခံပွဲလုပ်မည်ဖြစ်သည့်အတွက် ယခုလာရောက်ဖတ်မိသမျှသော မိတ်ဆွေများ အားလုံးကို တစ်ခါတည်းပဲ ဖိတ်မန္တကပြုပါတယ်ခင်ဗျာ॥ မစားရ၀ခမန်း လာရောက်အားပေးကြပါဦးလို့...
ကြိုက်တာတွေ မကြိုက်တာတွေ ပြောရမယ်ဆိုရင်တော့ဗျာ॥ အများကြီးပဲ॥ ပြောလို့တောင်ကုန်မှာ မဟုတ်ဘူးပေါ့... ပြောချင်သလောက်သာ ပြောရမယ်ဆိုရင်ပြောတာပါ... ဟီးဟီး... ခုချိန်မှာတော့ ဒေါ်လာဈေး တက်တာကြိုက်တယ်॥ ထပ်ကျမှာကြောက်တယ်... ဒါပါပဲ...
တဂ်သူရော ဖတ်သူပါအဆင်ပြေအောင် ကိုမောင်လေးရေးထားတဲ့ ပုံစံအတိုင်းပဲ စိတ်ထဲရှိသလို ပြန်ရေးလိုက်ပါတယ်ခင်ဗျာ...
ကိုယ်ခန္ဓာ
လူတွေ ကိုယ့်ခန္ဓာကိုယ်ကိုယ် ကြိုက်တဲ့သူလည်းရှိသလို မကြိုက်တဲ့လူလည်းရှိပါမယ်... ၀တဲ့လူက ပိန်ချင်သလို ပိန်တဲ့လူက ၀ချင်ပါတယ်... ကျွန်တော်ကတော့ ပိန်တာပဲကြိုက်တယ်ဗျ... ၀ရင်လေးမယ်လံမယ်॥ ထိုင်းမှိုင်းမယ်.... ပိန်ရင် အထိုင်အထကအစ ပေါ့ပေါ့ပါးပါးသက်သာတယ်... ဒီလိုပြောလို့လည်း ကျွန်တော် ၀နေလို့မဟုတ်ပါဘူး॥ ကျွန်တော်ကိုယ်တိုင်က ပိန်တယ်ပြောလို့မရပေမယ့် ၀လည်းမ၀ပါဘူး.... ဒါပေမယ့် ကျွန်တော့်စိတ်က စွဲနေတာကတော့ ကျွန်တော်ဝတယ်လို့ပဲ... ဒါပေမယ့် တကယ့်အိကျီင်္ကျပ်ကျပ် လေးတွေဝတ်လိုက်လည်း တော်တာပါပဲ... အဲ.... မကြိုက်တာကတော့ ကျွန်တော့်မှာ ကြွက်သားတောင့်တောင့် တင်းတင်းမရှိတာပါပဲ.... ကျွန်တော်လည်း သူများတွေလို တောင့်တောင့်တင်းတင်း ဖြစ်ချင်တာပေါ့ဗျာ॥ ဒါပေမယ့် ဘယ်လောက်ကျင့်ကျင့် ထွက်ကိုမလာတာ ကြိုက်ကိုမကြိုပါဘူး... ရှင်းရှင်းပြောတာ ဟီးဟီး... အရပ်ဒီထက်ရှည်ချင်တယ်... ပုလည်းမပုပေမယ့် သူများထက်လည်းရှည်မနေဘူး... ခုက ငါးပေကိုးလက်မဆို တော့ နောက်ထပ် သုံးလက်မလောက်ထပ်ရှည်ချင်တယ်... လောဘမကြီးမိဘူးထင်တယ်နော်.... အသားဖြူ တာကတော့ မေမေပေးတဲ့အမွေမို့ သဘောကျမိပါရဲ့... ဆံပင် လှိုင်းတွန့်တွေကတော့ အဖေ့ဆီကပေါ့... အရမ်းချောနေတာကတော့ မတတ်နိုင်တဲ့အရာပဲလေ... နော့॥ ဟုတ်ဘူးလား....
အပြုအမူ
စိတ်ထဲရှိသလို နေရတာကြိုက်တယ်.... တစ်ခါတစ်လေ စိတ်ကျဉ်းကျပ်လာရင် လူရှင်းတဲ့နေရာသွားပြီး အော်ပစ်လိုက်တယ်... များသောအားဖြင့် ကွန်ပျူတာရှေ့မှာပဲ နေတတ်တယ်... ဆိုင်ကယ်တစ်စီးနဲ့ ပတ်သွားနေတတ်တယ်.... တစ်ခါတစ်လေ အလုပ်လုပ်တာ ကြာသွားရင် လူတွေကို ငွေတွေလို့ပဲမြင်တော့တယ်... ဟီးဟီး॥ တစ်ခါတစ်လေ စာအုပ်တွေဖတ်ပြီး ဂေါက်တယ်... ခရီးသွားရရင် ပျော်နေတတ်တယ်.... ဘဏ်စာအုပ်လေးထဲမှာ ပိုက်ဆံလျော့လျော့သွားရင် ခေါင်းကုတ်တတ်တယ်... စိတ်ညစ်ရင် ခေါင်းကုတ်တတ်တယ်... အိမ်သာတက်ရင် စာအုပ်နဲ့ ဖုန်းနဲ့ယူပြီး အိမ်သာထဲဖုန်းပြောတယ်... စာအုပ်ဖတ်တယ်... မနက်တိုင် အိပ်ယာထမျက်နှာသစ်ပြီးရင် ဘေစင်က ရေကိုမေ့ပြီးဖွင့်ထား ခဲ့တတ်တယ်... ကောင်မလေးရှေ့ရောက်ရင် ချစ်ဟန်ဆောင်တတ်တယ်..... ဘလော့ရေးရမှာပျင်းရင် ပရောက်စီကို တရားခံလုပ်ပစ်တယ်... ဖုန်းပြောရင် ၀ှက်ထ်ယူဝမ့်တူဆေးမီ? လို့ နောက်တီးနောက်တောက် နှုတ်ဆက်လေ့ ရှိတယ်... နိုင်ငံခြားသားနဲ့ဖုန်းပြောရင် ချွေးသီးချွေးပေါက်တွေ ကျကျလာတတ်တယ်... အအေးသောက်ရင် နာနတ်သီးနှစ်ခွက် ဆင့်သောက်တယ်.... တစ်ခါတစ်လေ အရမ်းပျင်းလာရင် ဖုန်းတစ်လုံးနဲ့ ရန်ဖြစ်တတ်တယ်...
အစားအသောက်
အစားအသောက်ဆိုရင် ဂျေးများတယ်မဟုတ်ပေမယ့် ဟင်းရွေးတတ်တယ်... ဆိတ်သားဆို ချက်ထားရင် မစားဘူး... သံပုရာရေနဲ့ဆေး မဆလာနိုင်အောင်သုံး အနံ့ပျောက်အောင်လုပ် မွနေအောင်ဖွပြီး ခြောက်ကပ် နေအောင်ကြော်မှစားတယ်... အမဲသားဆိုလုံးဝမစား.... ဟင်းသီးဟင်းရွက် အကုန်ကြိုက်.... မာလာဟင်း အသေကြိုက်... ဘီယာဆိုင်တွင် ဘီယာမကြိုက် အကင်မျိုးစုံစားတဲ့ အကင်စားသတ္တ၀ါတစ်ကောင်.... ရွှေဘဲက ဘဲကင် အရမ်းကြိုက်... တုန်ယန်းဟင်းချို၊ ကြေးအိုးဆီချက်၊ မြေအိုးမာလာငါး၊ မာလာခေါက်ဆွဲကြော်၊ ဟော့ပေါ့၊ ရေခဲမုန့်၊ ဘာဂါ၊ ဆင်းဒွစ် အကုန်ကြိုက်၊ မန်းတလေးမှာ ရွှေတောင်တန်းကြေးအိုး၊ ရန်ကုန်မှာ ၀ိုင်ကေကေအို၊ သင်္ကေတက ဟင်းအကုန်ကြိုက်... စားချင်တာပြောတာနော်... ပိုက်ဆံမှ မကုန်တာကော...
အ၀တ်အစား
လှရင်အကုန်ကြိုက်.... ရှုပ်ရှုပ်ရှက်ရှက်အဆင်တွေ လုံးဝမကြိုက်... ရိုးရိုးရှင်းရှင်းပြောင် အ၀တ်အစားမျိုးကြိုက်.... ကော်လံပါတဲ့ ရှပ်အိကျီင်္အရမ်းကြိုက်.... စတိုင်ပန်ဒေါက်ပျောက်နဲ့ ရှပ်အိကျီင်္ကော်လံ ဖစ်တင်ရှပ်တွေကြိုက်.... ဖိနပ်ဆိုရင် ဒေါက်တာမာတင် ဒေါက်ကွင်းထိုးကြိုက်.... များသောအားဖြင့်တော့ စတစ်အဖြူနဲ့ ကချင်ပုဆိုး၊ ရခိုင်ပုဆိုး အ၀တ်များတတ်ပါတယ်.... မျက်မှန်ဆိုရင် အကြီးကြီးတွေတပ် ဖြစ်ပါတယ်॥ အကြိုက်ဆုံးအရောင်က ခရမ်းရောင်.... အ၀တ်များတာက အနက်ရောင် ... ခရမ်းရောင် တစ်ထည်မှမရှိ.... ဦးထုပ်ဆို ရှာထိုးဦးထုပ် ရိုးရိုးလေးတွေဆောင်းဖြစ်တယ်... တစ်ခါတစ်လေတော့လည်း ပဲများပြီး မာဖလာဖက်ရှင်လေးလည်း ၀တ်တတ်သေး॥(သတိ... သူကြီးသားစတိုင်မဟုတ်)... ကိုရီးယားအိကျီင်္ ဖလပ်ဖလပ်တွေ လုံးဝမကြိုက်... အောက်ရှူးဘောင်းဘီ တော်တော်ကြိုက်.... အ၀တ်အစားဂျေးလည်းမများ... ၀တ်ချင်ရာလည်းမ၀တ် ...
အထွေထွေ
ဒေါ်လာဈေးတွေတက်ရင် အရမ်းကြိုက်..... အန်နင် ဈေးအများကြီးတောင်းတဲ့ လူတွေကိုမကြိုက်.... ဘဏ်တိုးတွေ တက်လာတာကို အရမ်းကြိုက်... ဘဏ်ကိုပေးရတဲ့အတိုး များတာကိုမကြိုက်.... ဧရာဝတီမြစ်ပြင် ကျယ်ကြီးပေါ်မှာ မော်တော်စီးရတာ အရမ်းကြိုက်.... ဧရာဝတီရေ နောက်နေရင် မကြိုက်.... စောင့်ရတဲ့အလုပ်ကိုမကြိုက်.... ဖုန်းဆက်လိုက်လို့ ဟိုဘက်က ပြော ဆိုပြီး အသံကြီးနဲ့ပြောရင် မကြိုက်... မနက်စောစောမှာ ပထမဆုံးတွေတဲ့သူကို မင်္ဂလာပါလို့ နှုတ်ဆက်ရတာအရမ်းကြိုက်.... ကျွန်ပျူတာလှလှလေး တွေတွေ့ရင်အရမ်းကြိုက်.... သူများနိုင်ငံက တိုက်လှလှကြီးတွေကို အရမ်းကြိုက်... ဆွစ်ဇာလန်က ပန်းပင်တွေနဲ့ အင်္ဂလန်က မြက်ခင်းတွေကို အရမ်းကြိုက်... (မြန်မာနိုင်ငံမှာ အဲလောက်လှရင် ဘယ်လောက်ကောင်းမလဲ နော်...) အင်း ပြောရင် ရှည်နေမယ်... ကောင်းတာမှန်သမျှ အကုန်ကြိုက်... ဟိဟိ
အင်း ဒီလောက်ဆိုရင်တော့ ကျွန်တော့်အကြိုက်ကို သိလောက်ပြီပေါ့.... ကျွန်တော့် ကောင်မလေးလည်း ဖတ်မိရင်တော်တော်ကောင်းမယ်... ပြောစရာမလိုတော့ဘူး... အလိုက်သိတော့မှာပေါ့ ဟီးဟီး॥
ကိုမောင်လေးကို ကြိမ်းထားပါသည်.... ဒီတစ်ခေါက်သူတဂ်ထားတာမို့ ပြန်မတဂ်တော့ပါ... နောက်တစ်ခေါက်တော့ ကောင်းကောင်းကြီးကို တဂ်ပါဦးမည်..... သူပြောထားတဲ့ တဂ်ပို့နဲ့ ပြန်ပြန်ပေါ်လာတတ် တဲ့ ကိုကိုးအိမ်(မန္တလေး)ဆိုတဲ့စကားအတိုင်းပေါ့.... ဟင်းဟင်း ကိုမောင်လေးရေ.....
စာရေးသူ ---- ကိုကိုးအိမ်(မန္တလေး)
व्व्व.कोकोएऐम्म्द्य.इन्फो