အပြာရောင်မြို့အမည်းရောင်သစ္စာ

|

ဒီမြို့ကလေးမှာ နင်းဘတ်တွေမရှိဘူး၊ ချဉ်ဘတ်တွေပဲရှိတယ်...

ဒီမြို့ကလေးမှာ စာမတတ်ပေမတတ်တွေမရှိဘူး... ပညာတတ်ငကြောင်တချို့တော့ရှိမယ်...

ဒီမြို့ကလေးမှာ သွေးတွေမရှိဘူး၊ ရက်စက်မှုကြောင့်လှိုက်စားခံရတဲ့အနာတွေတော့ရှိတယ်...

ဒီမြို့ကလေးမှာ ရင်းစားတော့ပြန်မရနိုင်ဘူး၊ အတိုရောအရင်းပါဆုံးတတ်တာတွေရှိတယ်...

ဒီမြို့ကလေးမှာ မေတ္တာတွေခေါင်းပါးတယ်၊ သစ္စာတွေဖောက်ပြားတာတော့ရှိတယ်...

ဒီမြို့ကလေးမှာ အနတ္တကိုအတ္တလုပ်သူတွေရှိတယ်၊ အတ္တကို ပရလို့ခေါ်သူတွေရှိတယ်...

ဒီမြို့ကလေးမှာ အမှိုက်တွေပေါတယ်၊ အမှိုက်ကောက်မယ့်သူတော့မရှိဘူး...

ဒီမြို့ကလေးမှာ လေလိုလူတွေ တဟုန်းဟုန်းတိုက်တယ်၊ ရွှေလိုလူတွေတဒုန်းဒုန်းအရိုက်ခံရတယ်...

သာယာတာရှိမယ်... စာနာတာတွေဘေးဖယ်... တလုပ်စာထမင်းတနပ်အတွက်တောင် အထောက်အကူမပြုတဲ့မြို့...

နင်းဘတ်တွေကျော်တက်တဲ့မြို့... စနစ်ဆိုးတွေသွတ်သွင်းတဲ့မြို့...

မှိုင်းမိတဲ့မြို့... လှိုင်းပိတဲ့မြို့..

ချစ်တာတွေပျောက်တဲ့မြို့... မေတ္တာတွေခေါက်ထားတဲ့မြို့...

ရန်ပွဲတွေတချိန်းချိန်းဖိုက်တဲ့မြို့.. အလံမလှဲတိုက်ပွဲဝင်ကြတဲ့မြို့...

သူရဲကောင်းတွေများတဲ့မြို့... အယုတ်တမာတွေစည်ကားတဲ့မြို့...

မျက်နှာဖုံးတွေခွါတဲ့မြို့... သစ္စာမဲ့တွေပွင့်လင်းမြင်သာတဲ့မြို့...

ခါးသက်တဲ့ရမ္မက်တွေတညီးညီးလောင်တဲ့မြို့... ဂုဏ်သိက္ခာတွေ ထီးတည်းပြောင်တဲ့မြို့...

တရားသေတဲ့မြို့.... ဓမ္မတွေမြေကျရတဲ့မြို့...

အဓမ္မကိုအားပေးတဲ့မြို့... ရမ္မက်ကိုအဖက်လုပ်တဲ့မြို့

လွတ်လမ်းမမြင်တဲ့မြို့... ပါရမီပါရင် ကျွမ်းတမ်းဝင်မဲ့မြို့...

သာတူညီမျှမရှိတဲ့မြို့.... မျက်နှာကြီးရာဟင်းဖတ်ပါတဲ့မြို့...

မြစ်တွေပေါတဲ့မြို့... အချစ်တွေကောတဲ့မြို့...

ဆန်မရှိသူတွေဆန်ရောင်းတဲ့မြို့... မာန်ရှိပြီးဟန်မရှိတဲ့မြို့...

သူငယ်ပြန်တဲ့မြို့... လူငယ်ဆန်တဲ့မြို့...


ဓမ္မပဒတွေများပြားတဲ့မြို့... အဓမ္မတွေထွန်းကားတဲ့မြို့...

လူတန်းစားခွဲခြားတဲ့မြို့.... မြို့... မြို့.... မြို့

ဒီမြို့ကလေးမှာရှိတဲ့သူတွေက မတူညီကြပေမယ့်.... မြို့ကလေးကတော့ အပြာရောင်မြို့ကလေး.... အနီရောင်မီးတွေတောက်နေကြတာပဲရှိလေရဲ့....



ကိုကိုးအိမ်(မန္တလေး)

စိမ့်စမ်းရေ (ကြယ်စင်ဆယ့်တစ်)

|

  ဒီကနေ့ဒ်ါမြရင်၏သား ဘွဲ့ယူမည့်နေ့ဖြစ်သည်။ အလှပြင်ဆိုင်ထဲက ကိုယ်လုံးပေါ် မှန်ကြီးရှေ့ရာက်နေသာဒ်ါမြရင်တစ်ယောက် သားဝယ်ပေး လိုက်တဲ့ ခေတ်ပေါ်အကောင်းစားအကျီင်္ဝမ်းဆက်အစကို တောင်ရွာသစ်က မိနှဲဆီမှာ အလှဆုံးဖြစ်အောင် တစ်လလောက် စောင့်ချုပ်ခဲ့ရသည်။ မှန်ရှေ့ရပ်လျှက် ဘယ်ဘက်လှည့်ကြည့်လိုက်၊ ညာဘက်လှည့် ကြည့်လိုက်ဖြင့် ဒေါ်မြရင်တစ်ယောက် မအားမလပ် ရှိရသည့်အထဲ သားအကြောင်းပြောနေ၊ ကြွားနေရတာလည်း သူမအတွက် မမောနိုင်မပန်းနိုင်။ ဒေါ်မြရင်ဘဝမှာ ဒီကနေ့ဒီအချိန်ကို စောင့်ခဲ့ရတာကြာပြီလေ။ သားကို ဒီအရွယ်  ရောက်အောင်ထောက်ပံ့နိုင်ခဲ့ခြင်း၊ လူနေမှူ့အဆင့်အတန်းကအစ၊ ပညာအရည်အချင်းကို ကျောင်းပြီးအောင်ထိ လူတန်း စေ့ထားနိုင်ခဲ့ခြင်းအပေါ် သူမဂုဏ်ယူမိသည်။ သားရဲ့ကြိုးစားမှူ့ကြောင့် သူမတို့ဘဝမှာ ပညာရေးအနေနှင့်ရော လူမှူ့ရေး အကျင့်စာရိတ္တအတွက်ပါ ပူပန်ခြင်းမရှိခဲ့ရသော သားအတွက် သူမဂုဏ်ယူချင်သည်။ သားကလည်း အခုဘွဲ့ယူပြီး နောက်တစ်ဘွဲ့ယူရဦးမည် ဆိုချေသည်။ ကျူဆိုလား၊ မာစတာဆိုလား။ သူမကတော့ ကျူဝင်သည်ဟုသာပြောတတ်သည်။ ဘယ်လိုပဲဖြစ်စေ သားကျူဝင်သည်ဆိုတော့ သူမအတွက်တော့ ထီပေါက်သလောက် ပျော်ခဲ့ရသည်။ သားဘွဲ့ယူအတွက် လည်း သူမအားခဲထားခဲ့သည်။ ယနေ့တော့ သူမအလှဆုံးဖြစ်ရမည်။ မျက်နှာကို မော်ချီကာ သားလက်ကိုတွဲပြီး ဓာတ်ပုံ တွေအားရပါးရရိုက်ပစ်လိုက်ဦးမည်။

ပြောရဦးမည်။ သူမငယ်စဉ်ကဆိုလျှင် သူမတို့မြို့လေးပေါ်က အလှူတွေ၊ မင်္ဂလာဧည့်ခံပွဲတွေမှာ ဆိုရင် သူမက ဖက်စိမ်းကွမ်းတောင်ကိုင် အဖြစ်မပါမဖြစ်။ ဟိုတုန်းကဆိုလျှင် ဒီလိုဟုတ်ပါလိမ့်မယ်။ မြရင်ဟေ့ဆိုလျှင် မြို့လေးမှာရှိတဲ့ ကာလသားတွေ ချောင်းမြောင်းပိုးပန်းကြတာ တစ်မြို့လုံးနီးပါး။ ဒီလိုပြောလျှင် ပိုသည်ဟု ထင်ပေလိမ့် မည်။ ဖြူနုချောမော နေတဲ့ မြရင်ကို ခြူချင်သူတွေမနည်းမနော။ မြရင်ကလည်း အချေနဲ့ ပေပဲ။ ခေတ်ပေါ်အဝတ်အစားဆိုလျှင် ပေါ်တာနဲ့ မြရင်ခါးပေါ် ရောက်သည်။ အဖေက သူတို့ခေတ်၊ သူတို့အခါ လေဘာတီမမြရင်ကို သိပ်ကြိုက်ခဲ့သည်တဲ့။ ဒါကြောင့်ပဲ မြရင်ဟုပေးခဲ့တာဟုဆိုသည်။ တစ်ခါက မှတ်မိသေးသည်။ သူမတို့မြို့ကလေးကို ပုလင်းစိန်၊ ဖန်ခွက်စိန် တို့ဇာတ်အဖွဲ့ လာကသည်။ ထိုအချိန် မိုက်ကယ်ဂျက်ဆင် ခေတ်စား နေသောကာလလည်းဖြစ်သည်။ အ၀တ်အစားအသစ်အဆန်း ပေါ်ပြီ ဆိုတာနဲ့ ခါးပေါ်တင်တတ်သော မြရင်က မိုက်ကယ် ဂျက်ဆင်အကျီင်္တိုးလို့တွဲလောင်းတွေနဲ့ ပွဲသွားကြည့်မယ်လုပ်တော့ အဖေရိုက်တာခံခဲ့ရသေးသည်။ ပန်းဆိုလျှင်လည်း မနက်မိုးလင်းတာနဲ့ ဗန်းပြတ်မှာပြီးဝယ်လိုက်သည်။ သနပ်ခါးခြေဆုံး၊ ခေါင်းဆုံးလိမ်းကာ ခေါင်းပေါ်က ပန်းတွေကလည်း ပွဲခင်းထဲကနတ်ကတော်နီးနီး ပန်ထားသည်။ လမ်းထိပ်က မြရင်ငှားနေကျ ဆိုက်ကားဆရာကြီးကဆို ဟဲ့.. မြရင် ဖနောင့်ရော ပန်းမပန်ဘူးလားဟဲ့ ဟု..ကာလသားများရှေ့တွင် ပြောဖူးသဖြင့် ရှက်ရမ်းရမ်းကာ အပြင်မထွက်ရဲ ဘဲတစ်ပတ်လောက် အိမ်တွင်းအောင်း နေဖူးသည်။ ကျောင်းကပွဲဆိုလျှင် လည်း မြရင်တို့ကပါလိုက်သေး၊ သင်္ကြန်ယိမ်းဆို လျှင်လည်းမပါမဖြစ်၊ ထီကနဲဆို မြရင်တို့ပါသည်။ တစ်ခါက မြရင်တို့ မြို့ကလေးက ပဒေသာရုံမှာ ကျော်ဟိန်းဖျော်ဖြေပွဲ သွားကြည့်ရာ တစ်မြို့လုံးကမိန်းမတွေ အုတ်အုတ်ခဲခဲ အားပေးကြ သောကြောင့် ကောင်လေးအများစုက မကျေနပ်သဖြင့် အုတ်ခဲကျိုးများနှင့် ပစ်ကြခတ်ကြဖြင့် ရုံကွဲလေရာ ဖိနပ်ကိုထဘီ ကြားထိုးပြီး ရုံနောက်ဘေးက ခွေးတိုးပေါက်ကနေ သူငယ်ချင်းတစ်စု ဖနောင့်နဲ့တင်ပါး တစ်သားတည်းကျအောင် ပြေးရဖူးသည်။ အဲဒီလောက်ကဲခဲ့သော မြရင်တို့ကို အပိုးမကျိုးသော မိန်းမတွေဟုထင်လျှင် မှားပါလိမ့်မည်။ 



မြရင် ငယ်စဉ်ကတည်းက အဖေက သောင်သာသည်။ မြရင်အတွက်လည်း နေဖို့၊စားဖို့၊ သုံးဖို့မပူရ။ သို့သော် မြရင်ငယ်စဉ်ကတည်းက အလုပ်သွေးပါသည်ဟု ဆိုရမည်ထင်သည်။ မြရင်သုံးဖို့မုန့်ဖိုး အိမ်ကဘယ်လောက်ပေးပေး၊ အဝတ်အစားဖိုး၊ အပိုသုံးစရိတ်တွေအထိ မြရင်ရှာလို့ရသည့် ပိုက်ဆံနှင့် သုံးသည်။ သားတို့ပြောနေသော ခေတ်စကား နှင့်ပြောရလျှင် ခုနကပြောခဲ့သလို ဖလန်းဖလန်းထဖို့ စရိတ်ပါ ဘယ်တော့မှ မိဘဆီကလက်ဖြန့် မတောင်းခဲ့ရ။ ဈေးထဲမှာ အတိုးပေးသည်။ အဘိုးတို့ရွာက လက်ဆောင်ပေး လိုက်သည့် ပစ္စည်းတွေကို နေ့ပြန်တိုးဖြင့် ဈေးထဲပြန်ရောင်းသည်။ ညနေဈေးသိမ်းခါနီးပြီ ဆိုလျှင် မွှေးကြိုင်ဖွေးဥနေသော မြရင်တစ်ယောက် စက်ဘီးတစ်စီးဖြင့် ဈေးထဲလှည့်ပတ်ပြီး အတိုးအရင်းကောက်သည်။ မနက်ပိုင်းတော့ ပိုက်ဆံလိုနေရင်တောင် အကြွေးသွားမတောင်းရဲ။ ဈေးသည်မတွေ ဈေးဦးမပေါက်သေးလို့ နင်ပဲငဆ အော်အဆဲခံရရင် မခက်လား။ စီးပွားရေး အနေနှင့်လည်း မခေခဲ့သော မြရင်ဖြစ်ပါသည်။ မြရင်ကြောက်တာကတော့ အဖေပဲရှိသည်။ ဒေါသကြီးသော အဖေက စိတ်ထဲ မတွေ့ရင် ပါးစပ်ကလည်း အော်တတ်သည်၊ ကြိမ်တံပျာနှင့်လည်းဆော်တတ်သည်။ အဖေဒေါသထွက် လျှင်အမေ လည်း ငြိမ်ငြိမ်မနေရ။ အဖေနှင့် မြရင်တို့ မောင်နှမ တွေကြား အမြဲဝင်ပြီး ဖာရထေးရသည်။ အမေကရှေ့ကနေ ကာဆီး ကာဆီး ပြောနေပြီဆိုတာနဲ့ မြရင်တို့ မောင်နှမတွေ၊ အိမ်နောက်ဖေးပေါက်ကနေ ထွက်ထွက်ပြေးကြသည်။ သို့သော် အဖေဘယ်လိုရိုက်ရိုက် သမီးအကြီးဆုံးဖြစ်သော မြရင်ကိုတော့ တခြားမောင်နှမတွေထက် နည်းနည်းလေး ပိုချစ်ခဲ့မည် ဟုမြရင်ကိုယ့်ဘက်ကိုယ်ယက်ပြီးတွေးချင်သည်။တစ်ခါကဆိုလမ်းထိပ်က တေလေဂျပိုးက မြရင်တို့အိမ်ရှေ့ကနေ မြရင်ကိုချောင်းမြောင်းပိုးပန်းရာ မြရင်လည်း ပြန်မကြိုက်မိပါဘဲ နင်မျက်နှာသာပေးလို့ ဟိုအကောင်က ဝိုက်ရဲတာ ဆိုပြီး အသေဆော်ဖူးသည်။ သို့ဆိုတော့လည်း မြရင်တို့ ဘာမှပြန်မပြောဝံ့ခဲ့သည်ပဲ။ အဖေ့ရဲ့ ဗီတိုအာဏာအောက် ပြားပြားမှောက်ခဲ့ရသည်။ ထိုအချိန်တုန်းကတော့ အဖေနဲ့နေရတာ သိပ်စိတ်ကျဉ်းကျပ်သည်ဟု ခဲစားခဲ့ရဖူးသည်။ မြရင်မှ လောကကြီးအကြောင်းကောင်းကောင်း မသိခဲ့သေးတဲ့အချိန်ပဲ။ အဖေ့မေတ္တာနှင့် အမေ့ဂရုဏာကို မြရင်တို့ အလုံးစုံ နားမလည်ခဲ့သေး။  မည်သို့ပင်ဆိုစေ တစ်ခေတ်တစ်ခါကတော့ မြို့ကလေးမှာ မြရင်တို့ခေတ် ဖြစ်ဖူးခဲ့သည်လေ။


အမေ.. မပြီးသေးဘူးလား….. ဘွဲ့ယူမယ့် ကိုကြီးတောင် အကုန်ပြီးနေပြီ.. နောက်ကျနေဦးမယ်နော်…. အမေပဲသိပ်လှချင်..


သမီးက ပြုံးစိပြုံးစိပြောလိုက်သောအသံကြောင့် မှန်ရှေ့ရပ်ပြီး အတွေးနယ်ချဲ့နေမိသော ဒေါ်မြရင်တစ်ယောက် လက်ရှိအခြေအနေကို ပြန်ရောက်လာသည်။ 


ဟဲ့… သားဘွဲ့ယူလို့ အမေလှချင်တာ ဘာဖြစ်သတုန်း…. ညည်းအပူပါလား.. အေးပါ… ပြောထား ညည်းဘွဲ့ယူတဲ့အချိန်မှ ငါမျက်နှာပြောင်နဲ့ လိုက်တက်ဦးမယ်..


အော်… အမေကလည်း သမီးကအဲလိုပြောတာမဟုတ်ပါဘူး…. အခုကို ၈နာရီထိုးနေပြီလေ… ၈နာရီခွဲကို ဘွဲ့နှင်းသဘင်ခန်းမထဲ ဝင်ရမှာ… နောက်ကျမှာစိုးလို့ပြောမိတာပါ…. 


အေးပါဟယ်…. ပြီးပါပြီ…. ညည်းနှယ်…. လာပြီဟေ့ … လာပြီ…


ဒေါ်မြရင်တစ်ယောက် သမီးဖြစ်သူနှင့် အခြေအတင်ပြောပြီး မှန်ရှေ့ကနေ ထွက်လာခဲ့သည်။ အပြင်ရောက်တော့ ဘွဲ့ဝတ်စုံကြီးနဲ့ ဘွဲ့ခမောက်ကြီး ဆောင်းလို့ သားက ကျက်သရေရှိနေလိုက်တာ။ အရင်ကဆို ဘွဲ့ဦးထုပ်ကြီးတွေ ဆောင်းထားတဲ့သူတွေ မြင်တိုင်း သံခမောက်ကြီးထင်ပြီး လေးကြရှာမှာပဲဟု ထင်ခဲ့သည့် ဒေါ်မြရင် ညက သားဦးထုပ်ကို ကိုင်ကြည့်မှ စက္ကူဂျပ်တွေနဲ့ ဦးထုပ်ကြီးဟုသိကာ သမီးမသိအောင် ခေါင်းပေါ်တင်ပြီး မှန်ထဲကြည့်ခဲ့သေးသည်။ ခုတော့ ဝတ်စုံပြည့်နဲ့သားကို ကြည့်ရင်း သူမကျေနပ်မိသည်။ ဘာပဲဖြစ်ဖြစ် အိမ်ကကားစီးလျှင် ရှေ့ခန်းကထိုင်ရမှ ကျေနပ်သော ဒေါ်မြရင် ဒီနေ့တော့ သားကိုရှေ့ခန်းထိုင်ရအောင် သူမက နောက်ခန်းထဲကို ဝင်ထိုင်လိုက်သည်။ ဘာပဲဖြစ်ဖြစ် သူများအမေ တွေကြွားကြွားသွားကြတဲ့ ဘွဲ့နှင်းသဘင်ကြီးထဲ သားနဲ့တူတူ ဂုဏ်သရေရှိရှိ ဖိတ်ကြားခံခဲ့ရပြီ။ ပါချုပ်ဆိုလား သားတို့ပြောပြောနေတဲ့ ပါမောက္ခကြီးတွေ အများကြီးက ဝတ်ရုံဖားဖားကြီးတွေနဲ့ စင်ပေါ်တက်ယူရမယ်ဆိုပဲ။  စည်တော်ကြီးတွေလည်း တီးကြမှာဆိုလား သူများတွေပြောကြတုန်းက ဒေါ်မြရင် ရင်တွေခုန်ပြီး သားဘွဲ့ယူရက်ကို ထိုင်တွက်နေခဲ့သည်။ ယခုတော့ ရောက်ချေပြီ။ ဘွဲ့နှင်းသဘင်ရှေ့ရောက်ကတည်းက ဆိုင်းသံ၊ ဗုံသံတွေတဒိန်းဒိန်းစကြား ရပြီဖြစ်သည်။ ဆိုင်းသံတွေ တဒိန်းဒိန်းကြားမှာ သားနဲ့အရောင်တူ၊ အရောင်ကွဲဘွဲ့ဝတ်စုံတွေနဲ့ အတူလိုက်လာတဲ့ မိဘတွေဆီကလည်း လည်ပင်းတွေ လက်တွေကနေ ရွှေသံ၊ ငွေသံတွေ တချွင်ချွင်။ အထဲရောက်တော့ မြရင်တို့ငယ်ငယ် စတိတ်ကျောင်းတက်စဉ်က ဆိုခဲ့ရသော မကြားရတာကြာပြီဖြစ်သည့် နိုင်ငံတော်သီချင်းသံလည်းကြားရော လူကမတ်တပ် ကြီးရပ်ပြီး ကြက်သီးတွေတဖွားဖွားထလာသည်။ နိုင်ငံတော်သီချင်းကိုပင် သတိရတဲ့အပိုင်းကျယ်ကျယ်အော်၊ မေ့နေတဲ့ အပိုင်းတွေဆို သူများတွေနှင့် ရောယောင်ပြီးဝါးချခဲ့ရသည်။ ဘွဲ့နှင်းသဘင်ပြီးလို့ ပါချုပ်တွေအပြင်ထွက်ပြီဆိုတော့လည်း နောက်က စည်တော်ကြီးတွေက ထီခနဲ၊ ထီခနဲ တီးလိုက်တာ ရင်ထဲမှာ တဒိန်းဒိန်းနဲ့ ငိုချင်သလိုကြီးကိုဖြစ်လို့။ လူကြားသူကြားထဲလည်း ရှက်သေးသဖြင့် ကျကာနီး ဆဲဆဲ မျက်ရည်တွေကို ပုတ်ခတ်ပုတ်ခတ်လုပ်ပစ်ရသည်။ သားတို့အဖေမြင်သွားလျှင် ဟားမှာလည်း စိုးရသေးသည်လေ။ အပြန်လမ်းမှာလည်း စတူဒီယိုမှာ သားကိုအလယ် မှာထားပြီး ဒေါ်မြရင်တို့ မိသားစုတွေ ဓာတ်ပုံတွေရိုက်ခဲ့ကြသည်။ ထိုဓာတ်ပုံကိုပြန်ကြည့်မိလျှင်တော့ သားလက်ကို ဆွဲပြီး ဂုဏ်ယူနေသော ခပ်မောမော့ဒေါ်မြရင်ကို တွေရပေလိမ့်မည်။



အခုတလော ဒေါ်မြရင် ကျန်းမာရေးကသိပ်မကောင်းချင်။ အသက်ကလည်း ငါးဆယ်ထဲဝင်ခဲ့ပြီ မဟုတ်လား။ ခေတ်မီမီနေရသော ဒေါ်မြရင်တစ်ယောက် သွေးကလည်းတိုးချင်၊ အစာအိမ်ကလည်း တစ်ခါတစ်ခါဖောက်ပြီဆို လေတွေအန်ပြီး တစ်နေကုန် ဘာမှစားမရကလည်းဖြစ်တတ်သေး၊ ဟိုတလောကလည်း လူကဟိုက်တိုက်တိုက်ကြီး ဖြစ်နေလို့ ဆေးခန်းသွားပြီး ဆေးစစ်ကြည့်တော့ ဆီးချိုဆိုလား၊ ဘာဆိုလား။ ကျန်းမာရေးမကောင်းပြီ ဆိုကတည်းက သူမစိတ်ထဲ ဝမ်းနည်းတာလိုလို၊ အထီးကျန်တာလိုလို ခံစားနေရသည်။ အိမ်မှာက သမီးကတော့ရှိပါရဲ့။ ပြုစုပေးပေမယ့် အဝေးရောက်နေတဲ့ သားကိုလည်း လွမ်းချင်ချင်။ အရင်က ဖုန်းပြောရတာအလုပ်ရှုပ်သည် ထင်ခဲ့တဲ့ ဒေါ်မြရင် အခုတော့ ကျန်းမာရေးမကောင်းတိုင်း သားကိုဖုန်းလှမ်းဆက်ပြီးရင်ဖွင့်ဖြစ်သည်။ သားရဲ့ ဘာဆေးသောက်၊ ဘယ်လိုနေဆိုတဲ့ စိုးရိမ်ပူပန်တဲ့အသံကြားရတိုင်း ငယ်ငယ်က သားတို့ကျန်းမာရေးမကောင်းတိုင်း ဂရုစိုက်ခဲ့ရတာတွေကို ပြန်တွေးမိပြီး တစ်ယောက် တည်းလည်း ပြုံးချင်ပြုံးနေမိတတ်သည်။ ဘာပဲဖြစ်ဖြစ် ဒေါ်မြရင် အနည်းငယ်တော့ ကျေနပ်ပါသည်။ သားအတွက်လည်း စိတ်ချရပြီ။ သမီးအငယ် အနားမှာရှိနေတော့လည်း တကျက်ကျက်။ သမီးကိုလည်း မချစ်တာ တော့မဟုတ်။ နီးတကျက်ကျက်၊ ဝေးတသက်သက် သဘောမျိုး။ သမီးကလည်း သူ့သားတော့ဘယ်လို၊ သမီးတော့ ဘယ်ညာနှင့်ဂျီတိုက်တိုင်း သူမငယ်စဉ်ကဘ၀ကိုပြန်စဉ်းစားမိရင်း မိဘတွေရဲ့ သားသမီးတွေအပေါ် ချစ်သော တန်းတူအချစ်တွေကို နားမလည်ဘဲ အဖေ့အပေါ် အပြစ်တင်ခဲ့မိတာတွေ ပြန်စဉ်းစားမိသည်။ အခုတော့ မိဘတို့ရဲ့ မေတ္တာ တွေ၊ စေတနာတွေကို ဒေါ်မြရင်တစ်ယောက် ရင်နှင့်ရင်း၍ အလုံးစုံ နားလည်ခဲ့ပြီ။ သမီးကိုတော့ ညည်းတို့မိဘဖြစ်လာတဲ့ အချိန်နားလည်လာလိမ့်မယ်အေ.. ဟုသာ ပြောခဲ့သည်။ ဟုတ်သည်။ ဒီအချိန်ပြောလို့လည်း အပျိုရိုင်းအရွယ် သမီးက နားလည်နိုင်မှာမှမဟုတ်တာပဲ။


အသက်ကြီးလာလို့လားမသိ။ ဒေါ်မြရင်တစ်ယောက် စကားတွေအများကြီးပြောချင်လာသည်။ သူမခံစားနေရ တာတွေရင်ဖွင့်ချင်လာသည်။ သူမငယ်စဉ်ကဘ၀တွေ၊ ဖြတ်သန်းခဲ့ရတဲ့ဘဝတွေကို သားတွေသမီးတွေကို အားရပါးရ ပြန်ပြောမိသည်။ တစ်ခါတစ်လေလာသော သားကတော့ အမေ့လက်ကိုကိုင်ပြီး အမေပြောတာတွေ စိတ်ရှည်လက်ရှည် နားထောင်တတ်သော်လည်း အတူနေသမီးကတော့ အမြဲတမ်းအမေ့ဓာတ်ပြားဟောင်းကြီးပဲ နားထောင်နေရတာဟု ဆိုလေတိုင်း သူမကျိတ်ကျိတ်ပြီး ၀မ်းနည်းနေတတ်မြဲ။ သားတို့အဖေကလည်း ငယ်ငယ်ကထက်စာလျှင် ရစ်လုံး၊ ဖောက်လုံးတွေဖြင့် သူမနီးနီးစကားတွေများလာသည်။ ဘာကြောင့်ရယ်တော့မသိ တစ်ခါတစ်ခါ စိတ်ညစ်ညူးနေလျှင်သာ သူ့အဖေရစ်တာတွေကို စိတ်မရှည်နိုင်ဖြစ်မိတာ၊ တစ်ခါတစ်ခါ ရှေးဟောင်းနှောင်းဖြစ်များကို ပြန်ပြောနေမိကြရင်း လက်ရှိ အသက်အရွယ်တွေမေ့ကာ မမောတမ်းပြောနေမိကြသည်။ 


တစ်ခါတစ်ခါ မိသားစုထမင်းဝိုင်းကို စုံစုံလင်လင်စားချင်မိသည်။ မိသားစု ထမင်းဝိုင်းကလေးထဲက သားနဲ့သမီးရဲ့ ဟင်းလုသံတွေ၊ စကားပြောကြဆိုကြဖြင့် ကြွက်စီကြွက်စီအသံတွေ တိတ်ဆိတ်ခဲ့တာ ကြာပြီလေ။ ထိုအချိန်တွေကို ဒေါ်မြရင် ပြန်ရနိုင်လျှင်ဖြင့် ပြန်ရချင်ပါသေးသည်။ တစ်ခါတစ်ခါ သားအသက်က သုံးဆယ်နားကပ်လာခဲ့ပြီဖြစ်သော်လည်း ကလေးတစ်ယောက်လိုပင် ဆူမိပူမိသေးသည်။ ထိုအချိန်မျိုးဆိုလျှင် သားက ကလေးမဟုတ်တော့ပါဘူးအမေရေ ဟုဆိုကာ ရယ်ကျဲကျဲဖြင့် အမေကိုပြန်ပြောတတ်သည်။ ဖုန်းတွေခဏခဏဆက်သဖြင့် ဖုန်းဘေလ်တွေကုန်သည်ဟုဆိုကာ သားတို့ အဖေကပြောလည်း ဒေါ်မြရင်ကတော့မမှူ့။ သူမမှာ ဖုန်းဆက်အလွမ်းဖြေစရာ ဒီသားပဲရှိသည်လေ။ သမီးအငယ်ကလည်း မကြာခင်မှာ တက္ကသိုလ်တက်ရတော့မည်။ သူမတစ်ယောက်တည်းကျန်ခဲ့တော့မည်။ သူမအတွက် တွေးလိုက်တိုင်း တွေးလိုက်တိုင်း တစ်ယောက်တည်းကျန်ခဲ့ရမည်ကို မခံစားနိုင်ဖြစ်ရသည်။ အသက်ကြီးလာလေ မိသားစုစုံစုံညီညီ နေချင်လေ။ ဖြစ်နိုင်လျှင် သားတွေသမီးတွေနှင့် တစ်စုတစ်စည်းတည်းနေရကာ လက်ရေတပြင်တည်း စားခွင့်ရချင်တာသာ ဖြစ်သည်။ သူတို့ဆီကပြန်မျှော်လင့်မိတာ ဂရုစိုက်မှူ့နဲ့ နားလည်မှူ့သာဖြစ်သည်။ 


အခုတလော ဒေါ်မြရင် ဘုရားရှိခိုးတိုင်း အသက်အရွယ်ကြီးပြီဖြစ်တဲ့ အမေနဲ့ တိမ်းပါးသွားတဲ့ အဖေတို့အတွက် အမြဲဆုတောင်းပေးဖြစ်သလို အဝေရောက်နေတဲ့သား ကျန်းမာအဆင်ပြေစေဖို့နဲ့ သမီးအတွက်ပဲဖြစ်သည်။ ကိုယ့်အတွက် ကိုယ် ဆုတောင်းဖို့တောင်မေ့နေတတ်လို့ ဘုရားရှိခိုးပြီးကာနီးမှ တက်သုတ်ရိုက်ဆုတောင်းခဲ့ရတာလည်း များပြီ။ အခါကြီး ရက်ကြီးတွေလည်း ဥပုသ်ကောင်းကောင်းမစောင့်နိုင်။ သားတွေသမီးတွေအားတဲ့ဒီအချိန်မှာ သူတို့တွေကို အိမ်ခေါ်ပြီး စကားတွေတဝကြီးပြော နေခွင့်ရတာကို ဒေါ်မြရင်ကျေနပ်နေတတ်သည်။ ထိုအချိန်မျိုးမှာ သူမရဲ့ဇရာကိုလည်း တစ်ချက် မေ့ထားနိုင်သေးသည်။ 



ဒေါ်မြရင် အခုတလော တွေးမိလာတာလည်းရှိသည်။ သားတွေသမီးတွေကြီးလာတဲ့အခါကျတော့ မြေးလေး တွေလည်းထိန်းချင်သေးသည်။ ဟိုတစ်ရက်က သားကိုပြောမိတော့ သုံးဆယ်နားနီးနေပြီဖြစ်တဲ့ သားဖြစ်သူက လူပျိုလေး အလားရှက်ကန်းကန်းဖြင့် အမေ့ကို မြေးကလေးမွေးပေးမယ့် အမေ့ချွေးမလောင်းမှ မရှိသေးတာဆိုတော့ ဒေါ်မြရင် မျက်နှာက ကလေးဆိုးကြီးလို စူကောက်ကောက်ဖြင့် မကျေနပ်ချင်။ သားကိုလည်း အဖြစ်မရှိဘူးရယ်လို့လည်း အပြစ်တင် လိုက်ချင်သေး။ ဟုတ်သည်လေ။ ဒေါ်မြရင်တို့တုန်းကဆို သားတို့အဖေက နှစ်ဆယ်စွန်းစွန်း၊ ဒေါ်မြရင်က အသက် နှစ်ဆယ်မှာပင် အိမ်ထောင်ကျခဲ့သည်လေ။ ခုတော့ဖြင့် သားက ဆင်ခြေဆင်လက်အမျိုးမျိုးနှင့် သူမအတွက် ချွေးမလေး တစ်ယောက်လောက်တောင် အဖြစ်ရှိရှိ မရှာနိုင်။ ကိုယ်ကလည်း ရှာမပေးချင်။ တော်ကြာ ချွေးမကောင်းကောင်းနဲ့ တွေ့ ရရင်တော်သေး။ မတော်.. မကောင်းတဲ့ချွေးမနဲ့တိုးမှ သူမခေါင်းပေါ်အပြစ်ကျမှာလည်း မခံနိုင်။ သားလည်းတစ်သက်လုံး စိတ်ညစ်ရမယ့်ကိစ္စမျိုးအဖြစ်မခံနိုင်ဖြင့် ဒေါ်မြရင်တစ်ယောက် တော်တော်ခေါင်းကိုက်ရပါသည်။ မြေးလိုချင်တဲ့ပိုးထနေ တာက သူမတစ်ယောက်တည်းမဟုတ်။ သားတို့အဖေကလည်း မြေးချီချင်တာ ရွပိုးကိုထိုးလို့။ ဟိုတစ်ရက်ကဆို မအောင့်နိုင်မအီးနိုင်ဖြင့် ဒေါ်မြရင်ကို လာပြီးရင်ဖွင့်သေးသည်။ ဒေါ်မြရင်လည်း ပြုံးစိစိဖြင့် သူမအကြံကိုတော့ ဖွင့်မပြော လိုက်။ ကိုယ့်ကိုကိုယ်တွေးမိရင်း အသံထွက်လို့ပင် ရယ်မိသေးတော့ သားတို့အဖေက မျက်စောင်းတဝဲဝဲ..။



ဒေါ်မြရင်မြေးလိုချင်တဲ့ပိုးက ထိန်းမနိုင်၊သိမ်းမရပါဆိုမှ အိမ်ရှေ့က အဘိုးကြီးအဘွားကြီး လင်မယားက မြို့ပေါ် က သူတို့သားလင်မယားရဲ့ မထိန်းနိုင်လို့ ပို့လိုက်တဲ့ သားဦးလေး သူတို့အခေါ် တုန်သဲလေးကို ချီပြီး လမ်းသလား နေရင် သူတို့ကိုလည်း မြင်ပြင်းကပ်၊ ကိုယ့်သားကိုယ်လည်း အားမလို၊အားမရပိုဖြစ်လာရသည်။ ဒီအရွယ်ကြီးကျမှ မြေးကလေးတစ်ယောက် ရတာ က္ကနြေ္ဒကိုမရနိုင်ဘူး လို့လည်း မနာလိုတိုရှည် တွေးမိရသေး။ မနေနိုင်တဲ့ အဆုံး သားတို့အဖေကို တိုင်ပင်ရသည်။ သားကို မြို့လယ်က ဒေါ်အေးမြိုင်သမီးနဲ့ စကားကြောင်းကြည့်ရရင် မကောင်း ဘူးလားဟု။ သားတို့အဖေကလည်း ဘယ်တုန်းတည်းက ကြိတ်ကြံထားသည်မသိ တစ်ချက်တည်း ခေါင်းငြိမ့် လိုက်သည်။ ဒါနဲ့ သားဆီလှမ်းမေးကြည့်တော့ အမေတို့ကောင်းရင်ကောင်းသလိုစီစဉ်ကြပါဆိုတော့ ဒေါ်မြရင်အပျော်က ငယ်ထိပ် တက်ဆောင့်သည်။ သူမတို့လင်မယား ဒေါ်အေးမြိုင်တို့အိမ်ကိုသွားပြီး လူကြီးစုံရာ ညှိကြနှိုင်းကြတော့ လူကြီးချင်းလည်း အဆင်ပြေ ကောင်မလေးကလည်း ခေါင်းငြိမ့်သဖြင့် ဒေါ်မြရင်တို့လင်မယား ကိုယ့်အတွေးနှင့်ကိုယ် ဝမ်းသခွပ်တွေထကာ ပျော်မြူးနေခဲ့ကြသည်။ သားတို့မင်္ဂလာဆောင်အတွက် ခန်းဝင်ပစ္စည်းတွေ၊ အရောင်တွေကအစ မင်္ဂလာဆောင်ရက် ချိတ်တာအဆုံး ဒေါ်မြရင်တစ်ယောက် ကိုယ်တိုင်စီစဉ်ခဲ့သည်။ ကိုယ်တွေတုန်းက ကြီးကြီးကျယ်ကျယ် ခန်းခန်းနားနားမင်္ဂလာမဆောင်ခဲ့ရသမျှ သားတို့တွေကို အခမ်းနားဆုံးဖြစ်စေရမည်ဟု ဒေါ်မြရင် ကြိမ်းဝါးထားသည်။ 


သို့သော် မမျှော်လင့်သော အခြေအနေများသည် ဖြစ်တတ်လေစွ။ မင်္ဂလာဆောင်အတွက် စီစဉ်နေစဉ်မှာပင် သတို့သမီးက ခိုးရာလိုက်ပြေးသွားခဲ့သည်။ ဒေါ်မြရင်တစ်ယောက် မင်္ဂလာဦးခန်းထဲထိုင်ကာ စကားမပြောနိုင်ဘဲ အတော်ကြာကြာ ငိုင်တိုင်တိုင်ကြီးဖြစ်နေခဲ့သည်။ ခေတ်ကာလသားသမီးများကိုလည်း ဒေါ်မြရင် နားမလည်နိုင်ဖြစ်ရသည်။ ထိုနေ့ကစပြီး ဒေါ်မြရင်စကားနည်းသွားသည်။ သားဆီကဖုန်းဆက်လာလည်း အင်း.. အဲ လောက်သာပြန်ပြောဖြစ်ခဲ့ပြီး တစ်ယောက်တည်းတွေးနေတတ်သည်။ တစ်ခါတစ်ခါ ဒေါသထွက်လျှင် သားတို့အဖေကို ရန်စောင်နေတတ်သည်။ သားတို့အဖေကတော့ နားလည်သဘောပေါက်သလို ဒေါ်မြရင်ကို ပြုံးဖြဲဖြဲကြည့်သည်။ 



ဒီလိုနှင့် တစ်လလောက်ကြာတော့ သားဆီကဖုန်ဝင်သည်။ အမေ နောက်လကျရင် သားရဲ့ ပါရဂူဘွဲ့ယူဖို့ ရှိတယ်နော်တဲ့..။ ဒေါ်မြရင် လှုပ်ခနဲတစ်ချက်ဖြစ်သွားသည်။ အဲဒီနေ့က ဒေါ်မြရင်တစ်ယောက် တစ်နေကုန်စကားမပြော။ ညနေရောက်တော့ အိပ်ယာထဲကနေ ငေါက်ခနဲထထိုင်ပြီး သားဆီဖုန်းဆက်သည်။ သားဘွဲ့ယူအတွက် ဒီတစ်ခါတော့ အမေ့စိတ်ကြိုက်အရောင်လေးကို သားကြိုက်တဲ့အစသာဝယ်ပေးလိုက်တော့ဟုဆိုကာ ပန်းဆီရောင် လှမ်းမှာတော့ သားက အမေရယ်.. တောရောင်ကြီး ဆိုပြီး ပြောနေသေးတာမို့ ငါမှာတာသာဝယ်ပေးလိုက်စမ်းပါဟယ်ဟု ဆိုကာဖုန်းချလိုက် သည်။ နောက်တစ်ပတ်လောက်ကြာတာ့ သူမအတွက် ပန်းဆီရောင်ဝမ်းဆက်ကို သားကလူကြုံနှင့်ပါဆယ်ထည့်လိုက် သည်။ သားဆီကအင်္ကျီရတာနဲ့ ဒေါ်မြရင်တစ်ယောက် အကျီင်္ထုပ်ကိုင်ကာ စက်ချုပ်ဆိုင်သွားတော့သည်။ စက်ချုပ်ဆိုင်မှာ ဆိုလျှင် သူမကို မြေးတွေတပြပြနဲ့ကြွားတတ်သော အဘွားကြီးတွေရှိသည်လေ။ မင်္ဂလာပွဲ ပျက်သွားကတည်းက သူမတို့မိသားစုကို အကြည့်တစ်မျိုးဖြင့် ကြည့်ချင်ကြသော သူတွေကို ပြန်ချေရဦးမည်ပဲ။


စက်ချုပ်ဆိုင်ရောက်တာနဲ့ ဒေါ်မြရင်အသံက စွာကျယ်စွာကျယ်..။

ဟဲ့ .. မိနှဲ..ုဒီအိကျီင်္ဝမ်းဆက်ကို သုံးရက်အတွင်းပြီးအောင် ချုပ်ပေးအေ…. ငါ့သားကြီး ဒီလကုန်တာနဲ့ ပါကျူရီဘွဲ့ယူမှာ… ဘွဲ့နှင်းသဘင်တက်ဖို့တဲ့ ငါ့သားက လှမ်းပို့လိုက်တဲ့ သိန်းကျော်တန် ချိတ်ဝမ်းဆက်အေ့… ငါ့သား က အမေတွေကိုလုပ်ကျွေးဖို့ လူပျိုကြီးနဲ့နေတာ…. ငါ့သားနဲ့မတန်တဲ့သူတွေကတော့ ငါ့သားဘုန်းကံကြောင့် သူ့ထိုက်နဲ့သူ့ကံသွားရတာ… ခုလည်း ငါ့သားဘွဲ့ယူတက်ရမှာ.. နောက်တစ်ခါယူရင်လည်း တက်ရဦးမှာတဲ့… သူများ သားသမီးယူပြီး လုပ်ကျွေးရ မယ့်အစား ကိုယ့်မိဘကိုယ် လုပ်ကျွေးရတာဂုဏ်ယူပါတယ်..တဲ့… သိပ်လိမ္မာတဲ့ငါ့သား….


ကြီးတော်ကလည်း ကြံကြံနဲ့ဖန်ဖန်… ဘယ်က ပါကျူရီရမှာတုန်း… ပါရဂူဘွဲ့မဟုတ်ဘူးလား..


ပါတာတော့ ပါတာပဲအေ… ညည်းပြောတဲ့ပါရဂူဘွဲ့ကို ယူဖို့ ဒီအိကျီင်္သုံးရက်အတွင်းပြီးအောင်လုပ်ပေး… တခြားအပ်ထည်တွေရှိတာမရှိတာမပြောနဲ့…. ငါကညည်းဖောက်သည်… နောက်လည်း ညည်းဆီပဲအပ်မယ်..  ငါ့သားဘွဲ့ယူက အားလုံးထက်အရေးကြီးတယ်.. ငါပြောတဲ့အတိုင်းပြီးအောင်လုပ်ပေး…


ဆိုင်ထဲကလူတွေအားလုံး ဝိုင်းပြီးမျက်စောင်းထိုးနေကြတာကို ဒေါ်မြရင်တစ်ယောက် မမှူ့နိုင်တော့..။ သူမ အပြောခံခဲ့ရတာများပြီလေ။ ဒေါ်မြရင်လည်း ပြောချင်တာတွေပြောပြီးတာနှင့် ကျေနပ်စွာထွက်လာခဲ့သည်။ တကယ်တော့ သူမအိကျီင်္က နည်းနည်းတော့စောင့်လို့ရပါသေးသည်။ သို့သော် ဆိုင်ထဲမှာ မြေးကြွားအဘွားကြီးတွေရှိတာနဲ့ အမြင် ကတ်ကတ်ဖြင့် ပြောချင်တာတွေပြောထားခဲ့တာဖြစ်သည်။ 


ဒေါ်မြရင်တစ်ယောက် မြို့ထဲဘက်ကိုခြေဦးလှည့်ခဲ့သည်။ သားရဲ့ဘွဲ့ယူရမယ့်အကြောင်း တစ်ရွာလုံးကို မောင်းထုရဦးမည် မဟုတ်ပါလား..



ချစ်ခြင်းအားဖြင့်

ကိုကိုးအိမ် (မန္တလေး)

အနိစ္စတရားရဲ့ဇာတ်ခုံ

|

အတိတ်တွေဟာ သွေးပျက်ဖွယ်ကောင်းလောက်အောင်

တစ်စက္ကန့်ရဲ့သုံးပုံတစ်ပုံတိုင်းမှာ တိုက်စားဖျက်ဆီးနေကြရတယ်…

ပစ္စုပ္ပါန်ကတော့ ရုပ်ကြွင်းတစ်ခုရဲ့ ရှိစုမဲ့လက်ကျန်တွေကို တရိရိလှိုက်စားနေရသလို

အလင်းတန်းတစ်ချို့ကိုတောင် ခံစားသိမြင်နိုင်စွမ်းတွေ ချုံးချုံးကျလျက်….…

အနာဂတ်တွေကတော့ စေတန်ရဲ့နိမိတ်ပုံတွေ ဒင်းကြမ်းထပ်လျက်ရှိတဲ့ မြောင်းတစ်ခုမှာရောက်နေခဲ့တယ်….

ခန္ဓာကိုယ်အတွင်း ပျံ့နှံ့ရောက်ရှိခဲ့ခြင်းမရှိသော ဆေးတစ်ခွက်လို

အရာရာဟာ ကိုက်ခဲလေးလံခြင်းတွေနဲ့ ငါ့ဦးနှောက်တစ်ခုလုံး နေ့စဉ်သေနေခဲ့ရ…..

လကမ္ဘာရဲ့အကြွင်းအကျန်တစ်စ ငါ့ကိုလာမှန်တယ်….

ငါ့မျက်နှာပေါ်က ရေခဲတွေမြစ်တွေတောင် တစ်စစီပြိုကွဲထွက်ခဲ့ရပေါ့….

လှောင်ပြောင်ရယ်မောသံတွေကြားမှာ ဗုဒ္ဓဟူးဂြိုလ်က ငါ့ကိုလှမ်းပြောတယ်…

သူငယ်ချင်း… မင်းရဲ့အမှောင်တွေကို ငါတို့ထွန်းလင်းပေးပါရစေ..

အံ့သြမှူ့တွေတစ်ပွေ့တစ်ပိုက်နဲ့ သောကြာဂြိုလ်ကတောင် ငါ့ကိုလှောင်ချင်ချင်…

အလင်းတန်းဆိုသောအရာတစ်ခုအရေခြုံထားတဲ့ ကတိကဝတ်တွေဟာ

မျက်စိရှေ့မှောက်တင် ဂယောင်ဂယင်နိုင်စွာ တဖပ်ဖပ်ကွာကျနေခဲ့…..

နှစ်ပိုင်းတစ်ပိုင်းဆန်တဲ့ သစ္စာတရားတွေ

ညီမျှခြင်းဆန်ဆန် ကိန်းဂဏန်းတွေအောက် ပြားပြားမှောက်ခဲ့ရ…

ယုံကြည်မှူ့ဆိုတဲ့ မည်ကာမတ္တသစ္စာတစ်ခုဟာ ငါတို့ကမ္ဘာနဲ့ မျဉ်းပြိုင်ကျစွာ

နှစ်ဆယ့်သုံးနှစ်ပိုင်းတစ်ပိုင်း ဒီဂရီတိမ်းစောင်းပြီး လည်ပတ်နေရရှာတယ်…

ကြီးမားတဲ့ဆွဲငင်အားတစ်ခုရဲ့ စေစားမှူ့အောက်မှာ ယုံကြည်မှူ့ရဲ့ယုံကြည်မှူ့တွေ

အနိစ္စတရားရဲ့ ပွင့်လင်းမြင်သာတဲ့ ဇာတ်ခုံပေါ်မှာ အခါပေါင်းများစွာ သေပြနေရတယ်….

ငါ့စိတ်တွေဆွဲငင်အားမဲ့သွားတဲ့အချိန်မှာတော့ ငါပိုင်ဆိုင်သမျှစိတ်နဲ့ခန္ဓာဟာ

စကြာဝဠာထဲမှာ  ကလိုရိုဖီးလ်မရှိတော့တဲ့ သစ်ရွက်တစ်ခုလို လျော့တိလျော့လျဲ လွင့်မျောနေရတော့တယ်…


ကိုကိုးအိမ်(မန္တလေး)

ဝယ်မလားရောင်းမလားဒီကိုသွား

|

ီကနေ့တော့ အွန်လိုင်းပေါ်က အရောင်းအဝယ်ဝက်ဘ်ဆိုက်ဒ်တစ်ခုနဲ့ မိတ်ဆက်ပေးချင် ပါတယ်... မြန်မာနိုင်ငမှာ ရှိတဲ့ အွန်လိုင်းအရောင်းအဝယ်ဆိုက်ဒ်တွေထဲမှာတော့ နံပါတ်တစ် အရောင်းအဝယ် အလုပ်များဆုံး ဆိုက်ဒ်တစ်ခုပေါ့..... မြန်မာနိုင်င့မှာ အခမဲ့အရောင်းအဝယ်လုပ်တဲ့ ဆိုက်ဒ်တွေ အရမ်းခေတ်စားလာပါတယ်..... အဲဒီထဲကမှ တစ်ခုဖြစ်တဲ့ www.ads.com.mm ဆိုတဲ့ဆိုက်ဒ် တစ်ခုလည်း အပါအဝင်ပါပဲ.... ဒီဆိုက်ဒ်ကလေးကို ကြည့်မယ်ဆိုရင် တွေ့ရမှာကတော့ ဥဒဟိုဝင်ထွက် ကြည့်ရှူ့နေကြတဲ့ ရောင်းသူ (Dealer) တွေနဲ့ ဝယ်သူ (Buyer) တွေကိုပါပဲ..... တစ်ရက်တစ်ရက် ဝင်လိုက် ထွက်လိုက်နဲ့ အရောင်းအဝယ်တွေ လုပ်လိုက်ကြတာများဗျာ.... တကယ့်ဈေးရောင်းပွဲတော်ကြီး တစ်ခုမှာ Sample ပေးတဲ့ ကောင်တာနားမှာ လူတွေဝိုင်းအုံနေကြသလိုပါပဲ..... ပစ္စည်းတွေကလည်း စုံမှစုံဗျာ.... အမျိုးအစား (ငါးသောင်း) ကျော်တောင်ရှိတယ်ခင်ဗျ...... နိုင်ငံတကှာာ နာမည်ကြီးနေတဲ့ ebay, Craigslist ဝက်ဘ်ဆိုက်ဒ်တွေလိုပဲ အဲဒီ www.ads.com.mm မှာလည်း တစ်ပတ်ရစ်ပစ္စည်းတွေနဲ့ အသစ်အဆန်းပေါ်သမျှ ပစ္စည်းတွေကို မှန်ကန်တဲ့ဈေးနှုန်းတွေ တင်ကြပြီး ရောင်းသူဝယ်သူ ညှိနှိုင်း အရောင်းအဝယ်ဖြစ်နေလိုက်ကြတာ ဘာပြောကောင်းမလဲဗျာ.... ကျုပ်ဆို စိတ်ကူးပေါက်တိုင်း အဲဒီထဲ ဝင်ဝင်ပြီး သွားရည်များတောင်ကျမိရဲ့.... :P
ဒီဆိုက်ဒ်ကလေးကို အသက်သွင်းနေသူ မန်နေးဂျင်းကြီး Steven Jonker ကလည်း မြန်မာနိုင်ငမှာရှိတဲ့ အင်တာနက် User တွေ အွန်လိုင်းဈေးကွက်ကို စိတ်ဝင်စားလာတာ ဝမ်းသာဖို့ကောင်းဗျာလို့ ပြောဖူး တယ်.... ဒီဆိုက်ဒ်ရဲ့ ထူးခြားချက်က ရောင်းသူရော ဝယ်သူပါ ပွဲခမကုန်တဲ့အပြင် ဝန်ဆောင်ခ အခမဲ့မို့ အပိုကုန်မှာ မပူရဘဲ ရောင်းကြဝယ်ကြ နဲ့ တကယ့်ကို ကျေးဇူးတင်ဖို့ကောင်းတယ်...... ဆိုက်ဒ်ပိုင်ရှင် ပြောတာကတော့ မြန်မာနိုင်ငံသားတွေ အွန်လိုင်းဈေးကွက်ကို အထူးစိတ်ဝင် စားလာဖို့ မျှော်လင့်ချက်နဲ့ ဒီဆိုက်ဒ်ကလေးကို စတင်ဖြစ်ခဲ့တာပါတဲ့....... 
မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာနဲ့ ရေးထားလို့ စိတ်ကြိုက်ဘာသာနဲ့ ကြည့်ရှူ့နိုင်တာကလည်း အားသာချက် တစ်ခုပါ.... နိုင်ငံခြားရင်းနှီးမြှုပ်နှံမှူ့တွေ ခေတ်စားလာတဲ့ ဒီခေတ်ကြီးမှာ Local Trade အပြင် Foreign Trade အတွက်လည်း ကျွန်တော်တို့ နိုင်ငံသားတွေ ပြင်ဆင်နေကြဖို့လိုပါတယ်..... တရိပ်ရိပ်တက်နေတဲ့ ဆိုက်ဒ်အသုံးပြုသူဦးရေနဲ့ ရောင်းနေ၊ဝယ်နေကြသူတွေ ကိုကြည့်တာနဲ့တင် တကယ့်ကို အကျိုးပြုတဲ့ အခမဲ့ဝန်ဆောင်မှူ့ ဝက်ဘ်တစ်ခုဆိုတာ သေချာစေမှာပါ...... ကျနော်ပြောတာမယုံရင် တစ်ခါလောက်တော့ ရောင်းချင်တာလေး၊ ဝယ်ချင်တာလေးကို မန်ဘာဝင်ပြီး လုပ်ကြည့်လိုက်ပါ..... ကိုယ်တွေ့နော် ကိုယ်တွေ့.... :)
ဆိုက်ဒ်ထဲမှာ ကိုယ်တွေရောင်းချင်တဲ့ ပစ္စည်းတွေကို အခမဲ့ကြော်ငြာထားရုံနဲ့ေ၇ာင်းချင်တဲ့ပစ္စည်းတွေ ဝယ်ဖို့ စိတ်ဝင်စားတဲ့သူများက ရောင်းတဲ့သူဆီကို တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပါတယ်... Information တွေကို ထိမ်ချန်ကွယ်ဝှက် ထားတာမျိုးမရှိပါဘူး... ရောင်းသူကိုယ်တိုင် တင်ထားတဲ့ ဆက်သွယ်ရန်တွေအားလုံးကို ကြည့်သူတိုင်းမြင်နိုင်မှာပါ..... များသောအားဖြင့်တော့ အေ၇ာင်းအဝယ် အဖြစ်ဆုံးတွေက ကွန်ပျူတာတွေ၊ လပ်ပ်တော့တွေ ပိုပြီးအောင်းအဝယ် ဖြစ်ကြတယ်လို့တော့ ဆိုက်ဒ်တည်ထောင်သူကပြောပါတယ်.... အွန်လိုင်းအသုံးပြုသူတွေ ဒီလို အွန်လိုင်းဈေးကွက်ကို စိတ်ဝင်စားလာကြတာ.... တကယ့်အလားအလာကာင်းတစ်ခုပဲလို့လည်း ပြောပါသေးတယ်... ဖွံ့ဖြိုးလာတော့မယ် နိုင်ငံနဲ့ ဝင်ရောက်လာတော့မယ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှူ့တွေ အတွက်လည်း တကယ့်ကို အကျိုးပြုစေမယ့် ဆိုက်ဒ်တစ်ပါတဲ့ခင်ဗျာ....

www.ads.com.mm ကို ၂ဝ၁၂ မေလလောက်မှာစတင်ခဲ့ပါတဲ့.... ကျနော်ကတော့ ၂ဝ၁၂ အောက်တိုဘာ လောက်မှ ဒီဆိုက်ဒ်ကလေးကို သိခဲ့ပါတယ်.... စပြီးသတိထားခဲ့မိတာက  အိမ်၊ ခြံ၊ မြေ ပေ့ခ်ျမှာ သူတို့ဆိုက်ဒ်ကလေး လာကြော်ငြာလို့ပါပဲ... အဲဒီမှာ သတိထားမိပြီး ဒီဆိုက်ဒ်ကလေး ကိုသဘောကျခဲ့တာပါ....... ကဏ္ဍစုံကြော်ငြာလို့ရတဲ့ ဆိုက်ဒ်ကလေးဆိုတော့ ပိုပြီးစိတ်ဝင် စားခဲ့တာပါ... (တကယ်က လူကြော်ငြာမလို့ရယ်.... စွံများစွံမလားလို့
သဘောကျမိတာကတော့ အချိန်ကုန်သက်သာပြီးတော့ ဇယားသိပ်မရှုပ်ဘဲ ရောင်းသူဝယ်သူ တွေ့နိုင်၊ ညှိနိုင်ကြလို့ပါပဲ..... ကျွန်တော့်စိတ်ကူးမိတာတော့ ရောင်းချင်တဲ့ပစ္စည်းတွေကို ဓာတ်ပုံရိုက်ပြီး အချက်အလက် စုံစုံလင်လင်နဲ့ ဆိုက်ဒ်ပေါ်တင်ကြော်ငြာရင် ပိုပြီးတောင် ရောင်းကောင်းဦးမယ်လို့ ထင်တာပဲ.... ရောင်းချင်တဲ့ဟာတွေကို တစ်နေရာတည်းကနေ အင်တာနက်လိုင်းလေးရှိယုံနဲ့ အလွယ်တကူ ရောင်းနိုင်ဝယ်နိုင် ကြည့်နိုင်ယှဉ်နိုင်ကြတယ်..... ကောင်းပေါ့ဗျာ....  တိုက်ရိုက်ဆိုတော့ ကြားခံမရှိဘဲ တွေ့ရပြောရတော့ ပိုစိတ်ချရတာပေါ့........ တစ်ခုတော့ရှိတာပေါ့ဗျာ.... ရောင်းဝယ်ကြတဲ့ အခါ လူမြင်ကွင်းလိုနေရာမျိုးမှာ ရောင်းကြဝယ်ကြရင်တော့ ပိုပြီး Save ဖြစ်တာပေါ့.... ဝန်ဆောင်ခတွေ ပွဲခတွေမပေးရတော့ အသားတင်အမြတ်ရပြီး ဝယ်တဲ့သူကိုလည်း ဈေးလျှော့ပေးနိုင်တော့ ကျွန်တော် တော့သိပ်ကြိုက်တယ်..... :)
 တစ်ချိန်မှာတော့ တကယ့်ကို Super Market တစ်လိုမျိုးအထိ စုံလင်လာလိမ့်မယ်လို့လည်း မျှော်လင့် မိတယ်... ရောင်းချင်တဲ့သူတွေအတွက်ကလည်း သိပ်လွယ်ပါတယ်..... ဒီဆိုက်ဒ်မှာပဲ ကိုယ်သုံးတဲ့ အီးမေးလ်နဲ့ အကောင့်လုပ်လို့ရပါတယ်..... အဲဒီအကောင့်တစ်ခုရှိယုံနဲ့ ကြိုက်သလောက် ကြော်ငြာလို့ ရတယ်ဆိုတော့ ကြိုက်သလောက်သာတင်ပေတော့ဗျာ.... ကြော်ငြာတစ်ခုကိုတော့ ရက် (၅ဝ) ပေးထား တာတွေ့တယ်.... ဒါပေမယ့် ထပ်တိုးချင်ရင်လည်း တိုးလို့ရတဲ့နေရာရှိပါတယ်..... အသေးစိတ်သိချင်ရင် တော့ အဲဒီဆိုက်ဒ်ရဲ့ ဖေ့စ်ဘုတ်လိပ်စာရှိတယ်.... အခုနောက်ပိုင်း ဖေ့စ်ဘုတ်ခ်က အလွယ်တကူ လူသုံးများလာတော့ အဲဒီဆိုက်ဒ်လေးကိုလည်း သူတို့လုပ်ထားတာတွေ့ပါတယ်... www.facebook.com/ads.com.mm ပါ။ ဒါတွေအားလုံးက ကျွန်တော်သိသလောက် သေးသေးလေးပဲ ရှိပါသေးတယ်.... ဒီဆိုက်ဒ်အကြောင်း နှိုက်နှိုက်ချွတ်ချွတ် သိချင်ရင်တော့ အောက်မှာပါတဲ့ သူတွေဆီသာ တိုက်ရိုက်ဆက်မေးစေခင်ဗျာ.......
ျစ်သောစာလာဖတ်သူများအားလုံး အခက်အခဲမရှိ.... အပိုမကုန်ဘဲ အရောင်းအဝယ်ပြုနိုင်ကြပါစေဗျာ...
တစ်လက်စတည်း သူတို့ဟာလေး ကြော်ငြာပေးပြီး ကျွန်တော်တို့ ပေ့ခ်ျလေးတွေလည်း ကြော်ငြာပါရစေ.
https://www.facebook.com/easyclick123 (အိမ်၊ ခြံ၊ မြေ)
https://www.facebook.com/RealEstate.ForAll (အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှူ့)
https://www.facebook.com/MaHarThaRaPar (မဟာသရပါဥပဒေအတိုင်ပင်ခံအဖွဲ့)    

ကျွန်တော့်ကိုဆက်သွယ်ချင်ရင်တော့

Ko Koe Aim ( www.facebook.com/kokoeaim)
Legal Practitioner (HGP)
Asia MRP Law Firm (BOD)
Mahar Tharapar Co.Ltd,.
mhtrp.group@gmail.com, kokoeaimmdy@gmail.com
Ph - 09 910 49 802, 09 4026 334 11
----------------------------------------------------------------------------------------


ချစ်ခြင်းအားဖြင့်
ကိုကိုးအိမ် (မန္တလေး) 
----------------------------------------------------------------------------------------------------

ကိုကိုးအိမ်နှင့်သူ၏ပုံဆောင်ခဲများအကြောင်း အပိုင်း(၁)

|


ပြီးခဲ့တဲ့ ဇန်နဝါရီ (၁ဝ) ရက်နေ့ကနေ (၁၅) ရက်နေ့အထိ အွန်လိုင်းစာပေဝိုင်းလေးတစ်ခုကို အွန်လိုင်းက စာချစ်သူများနဲ့ စာရေးသူများပါဝင်ဆွေးနွေးခဲ့ကြပါတယ်.. ပထမဆုံးအနေနဲ့ ဒီဆွေနွေးဝိုင်းကလေးဖြစ်လာအောင် စီစဉ်ပေးခဲ့ကြတဲ့ ဆရာမနန်းအသင်္ခယာနဲ့ ဆရာအိပ်မက်ရှင်တို့ကို အရင်ဆုံးကျေးဇူးတင်ချင်ပါတယ်.... နောက်ထပ်ကျေးဇူးတင်ရမှာတော့ အမြင်တွေဖလှယ်ပြီး မေးခွန်းတွေမေး၊ အမြင်တွေချပြခဲ့ကြတဲ့ ဝင်ရောက်ဆွေးနွေးသူ ဆရာ၊ဆရာမတွေကို အထူးပဲကျေးဇူးတင်ပါတယ်..... စာပေလောကမှာ လိုအပ်လျှက်ရှိတဲ့ ဆွေးနွေးပွဲတွေ မြောက်များစွာထဲကမှ ဒီလိုမျိုး အွန်လိုင်းဆွေးနွေးပွဲဓလေ့တစ်ခုဖြစ်ပေါ်လာတာ အရမ်းချစ်ဖို့ကောင်းပါတယ်..... ပထမဆုံးဆွေးနွေးဝိုင်းလေးထဲမှာ စာရေးသူငါးယောက်ပါပါတယ်.....
(၁)ဆရာကိုကြည်နိုင် (Jan 10, 2013)
(၂)ဆရာအိပ်မက်ရှင် (Jan 11, 2013)
(၃)ကိုကိုးအိမ်(မန္တလေး) (Jan 12, 2013)
(၄)ဆရာမမြသွေးနီ (Jan 14, 2013)
(၅)ဆရာသက်တန့်ချို (Jan 15, 2013) တို့က ငါးရက်ကြာအောင် ပါဝင်ဆွေးနွေးခဲ့ကြပါတယ်... တကယ်လို့များ နောက်ထပ်နောက်ထပ် ပြုလုပ်မယ့် စာပေဆွေးနွေးဝိုင်းတွေမှာ ဝင်ရောက်ဆွေးနွေးချင်တယ် ဆိုရင် https://www.facebook.com/groups/134749953351240/ ဒီဖေ့စ်ဘုတ်ခ်လင့်လေ့မှာ အဖွဲ့ဝင်ထားနိုင်ပါတယ်ခင်ဗျ.... ဆွေးနွေးခဲ့ကြတဲ့ ကွန်မန့်တွေအားလုံးကို Note တစ်ခုအဖြစ် အပင်ပန်းခံစာစီပေးခဲ့တဲ့ ဆရာမနန်းအသင်္ခယာကိုလည်း တကယ်ကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်မိပါတယ်.... အခုတော့ စာပေဆွေးနွေးဝိုင်းလေးမှာ ကိုယ်တိုင်ပါဝင်ခဲ့သလိုမျိုး နွေးထွေးစွာ စီးမျောလိုက်ကြရအောင်ဗျာ......

ကိုကိုး အိမ်
 မင်္ဂလာပါခင်ဗျာ... ကျွန်တော်ရောက်ပါပြီခင်ဗျ.....

အိပ်မက် ရှင်
မင်္ဂလာပါ ဆရာကိုကိုးအိမ် ခင်ဗျာ...

Min Kyi Nyo
မင်္ဂလာပါ ဆရာကိုကိုးအိမ်ခင်ဗျား..။ကျွန်တော်မင်းကြည်ညိုပါ

Rapper Lay
ဆရာကိုကိုးအိမ် မင်္ဂံလာပါခင်ဗျာ။. Clapping. _/\_

ကိုကိုး အိမ်
ကျနော်နဲ့ရင်းနှီးသူများအပြင် မသိသူများလည်းရှိတာကြောင့် ပထမဆုံးအနေနဲ့
ကိုယ့်ကိုကိုယ်အရင်ဆုံး မိတ်ဆက်ပါရစေဗျာ။ ကျွန်တော် စာစရေးတာ ၂ဝဝ၅
လောက်ကပါ။ အဲဒီအချိန်တုန်းက အွန်လိုင်းမသုံးတတ် သေးပါဘူး။ လူငယ်ဘာဝ
ခံစားချက်လေးတွေကို ကိုယ်ပိုင်နုတ်စာအုပ်လေးတွေထဲမှာ စပြီးရေးခဲ့တာပါ..။

ကိုကိုး အိမ်
ကျွန်တော်အားသန်တာက ဝတ္တုတိုပါ။ ဒါပေမယ့် ပထမဆုံးစရေးဖြစ်ခဲ့တာက
ဘာသာရေးဆောင်းပါးတွေနဲ့ ကျွန်တော့်ဘဝမှာ အမှတ်တရအရှိရဆုံးကဗျာ
လေးတစ်ပုဒ်ပါ။ ဘာသာရေးဆောင်းပါးတွေ ရေးဖြစ်တဲ့အကြောင်း က ကျွန်တော်
ငယ်ငယ်လေးတည်းက အများဆုံးရင်းနှီးခဲ့တာ ဘာသာရေးစာအုပ်တွေ ဖြစ်တာေ
ကြာင့်ပါ..။ ကျွန်တော်ငယ်ငယ်တည်းက ဦးလေးတစ်ယောက်ရဲ့ကျေးဇူးကြောင့်
ဆရာတော်ကြီးတွေရဲ့ ဂန္တဝင်ကဗျာရှည် ကြီးတွေနဲ့ မေတ္တာစာတွေ ကို အစုံဖတ်
ခွင့်ရခဲ့ပါတယ်..။ အဲဒီမှာ ဆယ်တန်းအောင်ခါစ ဆယ့်ငါးနှစ်သား လောက်မှာ
မဂ္ဂဇင်းတွေ စဖတ်ဖြစ်တဲ့အချိန်မှာ မော်ဒန်ဆန်ဆန် ကဗျာလေးတွေဖတ်ဖြစ်ပါတယ်။

ကိုကိုး အိမ်
ဒီလိုနဲ့ တက္ကသိုလ်စတက်တဲ့အချိန်မှာ ပြည်ပကို ၉ တန်းတည်းကပြောင်းသွားတဲ့
သူငယ်ချင်းနဲ့ အင်တာနက်တွေ စသုံးခါစမှာ တွေ့ဖြစ်၊ စကားပြောဖြစ်တယ်ဗျ..။
သူငယ်ချင်း၇င်ဖွင့်တဲ့ ခံစားချက်တွေကို ကဗျာစရူးတဲ့အချိန်ဆိုတော့ မော်ဒန်ဆန်
ဆန်ကဗျာလေး တစ်ပုဒ်ကို စရေးဖြစ်တယ်။ (ငါ့တိုင်းပြည်လေးမှာ) ဆိုတဲ့ကဗျာ
လေးပါ..။ အဲဒီကဗျာလေးက ကျွန်တော်ရေးဖြစ်ခဲ့သမျှ မော်ဒန်ကဗျာတွေထဲမှာ
တော့ အားအရဆုံးနဲ့ သဘောအကျဆုံးပါပဲ။

ကိုကိုး အိမ်
(၂ဝဝ၆) လောက်မှာ ဘလော့တွေခေတ်စားလာတော့ စာဖတ်ရတာသိပ်သဘော
ကျတဲ့ ကျွန်တော် အဲဒီအချိန်က စာတွေကို လိုက်ဖတ်ကြည့်ရင်းနဲ့ စာလေးတွေ
စမ်းရေးဖြစ်ပါတယ်…။ ဝတ္တုတိုလေးတွေ၊ ကဗျာတိုလေးတွေပေါ့။ ဒါပေမယ့်
အဲဒီအချိန်ထိ ကျွန်တော့်အတွေးထဲမှာ ရေးချင်လို့သာရေးဖြစ်တာ။ ဘယ်သူ
တွေကို ဘယ်လိုချပြရမယ်မှန်းမသိခဲ့သေးဘူးဗျ..။ ဒါနဲ့ ၂ဝဝ၇ လောက်ရောက်
တော့ ဦးလေး (မိုးကောင်းကင် - ဇော်သိင်္ခ) ကောင်းမှူ့နဲ့ အဲဒီအချိန်က အလကား
ရတဲ့ Hosting တစ်ခုမှာ ရေးဖြစ်ခဲ့တယ်…။ ဒီလိုနဲ့ရေးလိုက်တင်လိုက် ရှယ်လိုက် နဲ့
… လုပ်လာတာ Ning လို ဆိုရှယ်ဆိုက်တွေမှာလည်း အစုံရောက်ခဲ့တယ်.. (၂ဝဝ၉)
လောက်မှာ သက်တန့်ချိုချို ဆိုတဲ့ကလောင်ရှင်တစ်ယောက်ကို Ning မှာစရင်းနှီး
တယ်… သူလည်း မန်းတလေးကိုလာတဲ့အချိန် Blogspot အကြောင်း ကြော်ငြာဝင်
တာနဲ့ စိတ်ဝင်စားပြီး ဆရာသက်တန့်ချိုချို (ယခု-သက်တန့်ချို) ကပဲ အခုလက်ရှိ
www.kokoeaimmdy.blogspot.com ဆိုတာလေးကို ဖွင့်ပေးသွားပါတယ်။ ဒီလိုနဲ့
ဘလော့စပေါ့(ထ်)မှာပဲ စာတွေရေးဖြစ်ခဲ့ပါတယ်..။ ကျွန်တော်ဘလော့ဂါဖြစ်လာရတာ ဆရာသက်တန့်ချိုရဲ့ ကျေးဇူးတွေမနည်းမနောပါ..။

ကိုကိုး အိမ်
ကျွန်တော်ခံယူတာတော့ စာပေပဲဖြစ်စေ၊ ဘယ်လိုအနုပညာမျိုးမှာပဲ ဖြစ်ဖြစ်။
ဖန်တီးသူရဲ့ ရိုးသားမှူ့အပေါ်မှာ မူတည်ပြီး စာရဲ့ အရသာတွေပြောင်းသွားပါတယ်။
ကျွန်တော်တို့မှာ ခံစားမှူ့တွေပါးလျနေတဲ့အချိန် မဖြစ်မနေ ညှစ်ထုတ်ရေးနေပြီဆို
ရင် စာအဖွဲ့အနွဲ့ ဘယ်လောက်ကောင်းကောင်း ဖတ်ရတာ တစ်မျိုးလိုနေသလို
ခံစားရတတ်ပါတယ်..။ ဒါကြောင့်ပဲ ကျွန်တော် စာရေးဆရာဖြစ်မလာတာလားမသိ။
ခံစားချက်မရှိရင်လည်း မရှိသလို လနဲ့ချီပြီး စာမရေးဖြစ်။ တစ်ခါတစ်လေ စိတ်ကူး
ပေါ်လာရင်လည်း တစ်ညတည်းနဲ့ ဝတ္တုတိုသုံးလေး ပုဒ်နဲ့ ကဗျာတွေ တစ်ထိုင်
တည်းရေးဖြစ်နေတတ်တယ်..။ ကျွန်တော့်ခံစားချက်နဲ့ ကျွန်တော်ပေးချင်တဲ့
မက်ဆေ့ခ်ျကို ကျွန်တော်ခံစားရသလို ချရေးဖြစ်လိုက်ခြင်းကိုပဲ အနုပညာအပေါ်
ရိုးသားခြင်းလို့ ပုဂ္ဂလဆန်ဆန် ခေါင်းစဉ်တပ်ချင်ပါတယ်..။

Min Kyi Nyo
ဟုတ်ကဲ့ဆရာ...။ ဆရာ့ရဲ့ပုံဆောင်ခဲများအကြောင်း မျှဝေပါဦးဆရာ..။
 
ကိုကိုး အိမ်
ပုံဆောင်ခဲဆိုတာက ကျွန်တော်ဖတ်တီးဖြစ်ခဲ့တဲ့ စာပေလေးတွေကို အမြတ်တနိုးနဲ့
တင်စားခေါ်တာပါဗျ.... ပုံဆောင်ခဲရဲ့သဘောသဘာဝက ကြည်လင်နေတဲ့သလင်း
သားလိုမျိုးလေ... သူ့ရဲ့ဂုဏ်သတ္တိလေးတွေကို သဘောကျလို့ပါ.... ကျွန်တော့်
ဘဝမှာ ပုံဆောင်ခဲတွေအမျိုးမျိုး (ကဗျာ၊ ဝတ္တု) အစရှိသဖြင့် အမျိုးမျိုး ထုဆစ်ခဲ့ပါ
တယ်... ခုလည်း ထုဆစ်ဆဲပါ... နောင်လည်း ကျွန်တော်ဆက်လက်ပြီး ထုဆစ်နေ
ဦးမှာပါ.. (ရိုးသားစွာပေါ့)

အိပ်မက် ရှင်
ဟုတ်ကဲ့ ဆရာ၊ ဘလော့မှာ စာရေးရတဲ့အခါ ပရိသတ်တွေရဲ့ အမြင်နဲ့ သူတို့
ဘက်က ကိုယ့်ကို ဘယ်လို သဘောထားတယ် ဆိုတာကို ဆရာ့အနေနဲ့
ဘယ်လို စောင့်ကြည့် သတိမူ မိခဲ့တယ် ဆိုတာလေးလည်း ပြောပြပါဦး ဆရာ။

ကိုကိုး အိမ်
 ကျွန်တော်တို့ ဘလော့ဂါတွေရဲ့ ဘလော့စရေးဖြစ်တဲ့သက်တမ်းအစမှာဆိုရင်
ကျွန်တော်တို့ ဘာလေးပဲရေးတင်ထားသည်ဖြစ်စေ တစ်ရက်ကို ခဏတိုင်း
ခဏတိုင်းမှာ ဘယ်သူလာဖတ်လဲဆိုတဲ့ View Count ရေရတာ အမော...
ကွန်မန့်စစ်ရတာအမောပါ.... တကယ်တမ်းကျနော်အရမ်းကျေနပ်မိတာက
ဘလော့၈ါမဟုတ်တဲ့ ပရိတ်သတ်တွေဆီက ဘလော့ကို လာဖတ်ကွန်မန့်ပေး
တာမျိုးပါ.. ဘလော့၈ါတွေအချင်းချင်း ရင်းနှီးမှူအရ လာပြီး ပေးတဲ့ကွန်မန့်မျိုး
အမြင်မျိုးထက် တကယ့်ကို စိတ်ဝင်တစားဖတ်ပြီး ပေးလာတဲ့ကွန်မန့်မျိုးကို
ကျွန်တော့်စိတ်ရင်းအတိုင်း တကယ်ဝမ်းသာရတယ်ဗျ...

Min Kyi Nyo
ဟုတ်ကဲ့ဆရာခင်ဗျ။ ထုဆစ်ခဲ့တဲ့ ပုံဆောင်ခဲတွေထဲက ဆရာအားအရဆုံး
ပုံဆောင်ခဲတွေကို ကျွန်တော်တို့ ပရိသတ်တွေအနဲ့ သိချင်ပါတယ်။ နောက်ပြီး
ဆရာက ကဗျာတိုလေးတွေကိုလဲ မကြာခဏဆိုရေးတာ တွေ့ရပါတယ်။
ကဗျာတိုအပေါ်ရော ဘယ်လိုမြင်ပါသလဲ ခင်ဗျ။

ကိုကိုး အိမ်
ကိုယ်တိုင်ခံစားပြီးရေးတဲ့စာတွေဖြစ်တဲ့အတွက် အားလုံးကို ကျေနပ်ပါတယ်
.... အားအရဆုံးအနေနဲ့ဆိုရင်တော့ အခုထိရေးခဲ့ဖူးတဲ့ စာတွေထဲမှာ ဝတ္တုတို
ထဲကဆိုရင် မိုင်တိုင်နှစ်ဆယ်စာအုပ်မှာပါမယ့် (လမ်းမမည်ခဲ့သော) ဆိုတဲ့
ဝတ္တုတိုလေးနဲ့ ကဗျာထဲက ငါ့တိုင်းပြည်လေးမှာကို အကျေနပ်ဆုံးပါခင်ဗျ...

ရတု သစ်
ဟုတ်ကဲ့ဗျ..ကိုကိုးအိမ်ရဲ့ ငါ့တိုင်းပြည်လေးမှာ ဆိုတဲ့ကဗျာ ကိုအားထုတ်ဖြစ်
ပုံလေးနဲ့ကဗျာအပေါ်ချဉ်းကပ်ပုံလေး မျှဝေပါဦးခင်ဗျာ

ကိုကိုး အိမ်
 ငါ့တိုင်းပြည်လေးမှာကဗျာကိုအားထုတ်ဖြစ်ပုံက ကျနော်တို့ မြန်မာပြည်ရဲ့
တန်ဖိုးမဖြတ်နိုင်တဲ့ ဓလေ့တွေနဲ့ ချစ်စရာကောင်းတဲ့အမူအကျင့်လေးတွေကို
ပြည်ပမှာရှိတဲ့ လူနေမှူ့စရိုက်နဲ့ ယှဉ်ပြပြီး ခံစားမှူ့အသားပေးရေးထားတဲ့
ပို့စ်မော်ဒန်ဆန်ဆန် ကဗျာလေးပါ.... သိပ်ကြိုက်မိလို့ အမြဲတမ်းပြန်ဖတ်ဖြစ်
တယ်ဗျ

ကိုကိုး အိမ်
ကျွန်တော့်ကို ခုနောက်ပိုင်းမှာ စာအရေးကျဲသွားလို့ ပရိတ်သတ်ကို အလေး
မထားဘူးပြောလာတဲ့လူတွေလည်းရှိပါတယ်.... ကျွန်တော်ခံယူတာကတော့
အတ္တကြီးတယ်ပဲဆိုချင်ဆိုကြပါစေ... ကျွန်တော်ပေးတဲ့ခံစားမှူ့နဲ့ရသကို
ကျွန်တော့်စာကိုဖတ်ကြမယ့် စာဖတ်သူတွေအတွက် ခံစားချက်အစစ်အမှန်နဲ့
အကျိုးရှိမယ့်အရာကိုသာပေးချင်တဲ့စိတ်ကြောင့်ပါ...

ရတု သစ်
ဟုတ်ကဲ့..ကိုကိုးအိမ်ရဲ့ ပုံဆောင်ခဲတစ်ခုဖန်တီးမှုမှာ ပရိသတ်ကိုဘယ်ထိ
အထောက်အကူပြုနိုင်လိမ့်မယ်ဆိုတဲ့ မက်ဆေ့ခ်ျမျိုးထည့်သွင်းတဲ့အခါ အခက်
အခဲ ရှိ/မရှိ ပြောပြစေချင်ပါတယ်ခင်ဗျ။
ဖန်တီးရယူမှုချင်းက မတူတတ်လို့ပါ ဆရာ..။

ကိုကိုး အိမ်
မက်ဆေ့ခ်ျကိုထည့်သွင်းတဲ့အခါဆိုရင်တော့ ကျနော်ပေးချင်တဲ့ မက်ဆေ့ခ်ျနဲ့
ရေးမယ့်ဇာတ်လမ်းရဲ့ ဖရိန်ကို အရင်ချရေးထားတတ်ပါတယ်.... ပြီးတော့မှ
စိတ်ထဲမှာပေါ်လာတဲ့အတိုင်းရေးတာပါ... ဝတ္တုတိုရေးရင် တစ်ထိုင်တည်းနဲ့
တစ်ပုဒ်ပြီးအောင်ရေးတတ်ပါတယ်... မုဒ်ပျောက်ပျောက်သွားတတ်လို့ပါခင်ဗျ..

ရတု သစ်
ဟားး တကယ့် ဂရိတ်ပဲ ကိုကိုးအိမ်ရေ..ကွန်ဂရက်ကျူလေးရှင်းပါဗျ

အိပ်မက် ရှင်
လေးစားသွားပြီ ဆရာ။

Min Kyi Nyo
တကယ့်ပါရမီရှင်လို့ပဲ ပြောရမလားဆရာ..။ အားကျမိပါတယ်။

Mars Sixteenth
ဆရာကပဲနှစ်သက်ပြီး စာဖတ်ပရိသတ်က သတိမပြုမိတဲ့ ဝတ္ထုတိုတွေ ကဗျာတွေ
များရှိသလားဆရာ။

ကိုကိုး အိမ်
ကျွန်တော်ပဲနှစ်သက်ပြီး ပရိတ်သတ်သတိမပြုမိတဲ့ ကဗျာတွေကတော့ ရှိမှာပါ.... ကျနော်ဖန်တီးခဲ့တဲ့ကဗျာတွေအားလုံး ကောင်းတယ်လို့မဆိုလိုပါဘူး.... ပရိတ်
သတ်ကတော့ အမျိုးမျိုးအစားစားရှိပါတယ်... မိုနိုပရိတ်သတ်က ကျွန်တော့်မိုနို
တွေထဲက သူတို့နဲ့ ခံစားချက်ကိုက်တဲ့စာတွေကို သဘောကျကြမှာဖြစ်ပြီး
မော်ဒန်ပရိတ်သတ်ကလည်း ထိုနည်းလည်းကောင်းပါပဲဗျ.....

Hsu Jay
ကျွန်မသိချင်တာလေးမေးခွင့်ရှိပါသလားဆရာ
ကဗျာတပုဒ်ကိုဆရာဖန်တီးရင် ဆရာခံစားရတဲ့မုဒ်အတိုင်း အလိုက်သင့်စီးမျော
နေရင်းကနေ တစ်ခုခုလွှမ်းမိုးသလိုခံစားရပြီး မက်ဆေ့ခ်ျကိုချည်းဦးတည်ရေးမိ
တာမျိုးရော ဖြစ်ဖူးပါသလားဆရာ

Hsu Jay
ကဗျာမှာလည်းယဉ်ကျေးမှုရှိတယ်လို့  ကျွန်မ မှတ်သားဖူးတော့ ဆရာခံယူ
ထားတဲ့ ကဗျာ့ယဉ်ကျေးမှုဆိုတာ ဘယ်လိုမျိုးပါလဲဆရာ..

ကိုကိုး အိမ်
ကဗျာတွေရဲ့ယဉ်ကျေးမှူ့ရယ်လို့တော့ ကျွန်တော်တစ်ခါမှစဉ်းစား မကြည့်ဖူး
ပါဘူး.... ကျွန်တော်ကဘယ်လိုမျိုးနဲ့ကဗျာတွေရေးဖြစ်သလဲဆိုတော့ ရေချိုး
ရင်းနဲ့ ရေဆွဲမရတာမျိုးဖြစ်ရင်ဖြစ်မယ်၊ ထမင်းစားရင်းဘေးမှာ ခွေးကလေးတစ်
ကောင် အိပ်နေတာမျိုးဖြစ်ရင်ဖြစ်မယ်... လူငယ်ပီပီအသည်းကွဲတာမျိုးဖြစ်ရင်ဖြစ်မယ်.. ကျွန်တော့်ရှေ့မှာတွေ့လာတာကို တွေ့သလိုရေးရင်းကမှ ကျွန်တော်ရင်းနှီးခဲ့ဖူးတဲ့
လင်္ကာတွေထဲကဖြစ်စေ... တစ်ခါတစ်လေမှာ စိတ်ကူးပေါ်ရင်ပေါ်သလို အဆန်း
တကြယ်လို့ စိတ်ထဲမှာထင်တာလေးတွေကို ခံစားချက်အတိုင်းရေးတတ်ပါတယ်ခင်ဗျ...

Hsu Jay
ဒါဆိုအရှိကိုအရှိအတိုင်းဖန်တီးတတ်တာကိုက ဆရာ့ရေးတဲ့ကဗျာယဉ်ကျေးမှုပေါ့နော်
ဆရာ လေးစားမိပါတယ်

ရတု သစ်
ဆရာ့ရဲ့ တင်္ခဏုပ္ပတ္တိဉာဏ်နဲ့ အာဝဇ္ဇန်း ကို အားကျမိပါတယ်ဆရာ..ဒီလိုလျပ်
တစ်ပြက်ရနိုင်တဲ့ဉာဏ်မျိုးက လူတိုင်းမှာမရှိနိုင်ဘူးလို့ထင်ပါတယ် ဗျာ

Min Kyi Nyo
ဆရာကိုးရဲ့ အားသာချက်တွေလို့ ပြောရမယ်ထင်တယ်။ ဆက်ပါဦးဆရာ။

အိပ်မက် ရှင်
ဟုတ်ကဲ့ ဆရာ၊ နောက် အခုလို စာတွေ ကဗျာတွေ ရေးသားတဲ့ အခါ ကြိုတင်
အကွက်ချ စီမံထားပြီး စကားလုံး အကြောင်းအရာ ရွေးချယ် ရေးသားတာမျိုးနဲ့
ရုတ်တရက် လက်တန်း ရေးသားမိတာမျိုးမှာ ဘယ်လို ရေးသားတာကို အားသန်
တာပါလဲ ဆရာ။ စာကဗျာနဲ့ ပတ်သက်လို့ ဈာဉ် Mood ဆိုတာနဲ့ ပတ်သက်ပြီး
ဘယ်လိုများ ရှုမြင် ခံယူထားပါသလဲ ပြောပြပေးပါဦးဆရာ။

ကိုကိုး အိမ်
ကျွန်တော်ကတော့ လက်တန်းရေးရတဲ့ကဗျာလေးတွေကိုပိုချစ်တယ်ဗျ...
အခြေအနေအချိန်အခါပေါ်မူတည်ပြီး ပေါ်လာတဲ့ စကားလုံးလေးတွေနဲ့
ကာရံလေးတွေကို ပေါင်းစပ်ပြီး အနုပညာကိုဖန်တီးရတာပိုပျော်မိပါတယ်

အိပ်မက် ရှင်
ဆရာ ဆိုလိုချင်တာက လက်တန်းသဘောမျိုး စပ်မိတဲ့ ကဗျာတွေ မှာ ခံစားချက်နဲ့ အမြင်အကြားကို ပေါင်းစပ် ရေးသားဖြစ်တယ်လို့ ပြောချင်တာလား ခင်ဗျာ။

ကိုကိုး အိမ်
ဟုတ်တယ်ဗျ.... လက်တန်းရေးတဲ့ကဗျာတွေမှာဆိုရင် အပေါ်ကရေးသွားတဲ့
ကဗျာဆရာရဲ့ ကာရံနဲ့ အရောင်အသွေးကိုလိုက်ပြီး ကိုယ်ပါလိုက်ပြောင်းပြီး
ရေးတတ်ပါတယ်.... အဲဒီကနေ ကဗျာတွေပိုရေးဖြစ်လာတယ်.. ပညာလည်းပို
ရပါတယ်ဗျ..... အမြင်အကြားဆိုတာကတော့ ကျနော်တွေ့သမျှကဗျာအမျိုး
အစားတိုင်းကို စိတ်ဝင်တစားဖတ်ဖြစ်ပါတယ်.....

Min Kyi Nyo
ဆရာ အဲလိုလက်တန်းတွေမှာ ကိုယ်ကပါပြောင်းပြီးရေးတယ်ဆိုတော့ ကာရန်
ကာရန်မဲ့ မရွေးပဲ ရေးတာကို ဆိုလိုတာလားခင်ဗျ။ အဲလိုပြောင်းမိတဲ့ အခါမျိုးမှာ
ရော ကျွန်တော်ပြောတဲ့ ကာရန် ကာရန်မဲ့တွေမှာ ဘယ်ဟာကို ပိုပြီးရေးရတာ
နှစ်ခြိုက်ပါသလဲဆရာ။

ကိုကိုး အိမ် လက်တန်းကဗျာတွေမှာ ပြောင်းပြီးရေးတယ်ဆိုတာ အရင်ရေး
သူက မော်ဒန်ဆိုမော်ဒန်၊ ကာရန်ဆိုကာရန်လိုက်ရေးတာမျိုးကိုပြောတာပါ.....
ကာရန်ကဗျာကတော့ ကဗျာအသွားနဲ့ ငြိမ့်ငြောင်းတဲ့စီးမျောမှူ့တစ်ခုကို
ဖန်တီးရတာမျိုးပါ... မော်ဒန်ကတော့ စာသားတွေကို အရှင်းလိုက်ချပြပြီး
ခံစားမှူကနဲ့စာသားကိုဦးစားပေးဖော်ပြတာမျိုးဆိုတော့ ဖန်တီးသူရဲ့ စိတ်
အနေအထားပေါ်လိုက်ပြီး ရေးတဲ့စကားလုံးတွေနဲ့ အသုံးတွေကွာပါလိမ့်မယ်...
ကျွန်တော်ကတော့ ပြောခဲ့သလို စိတ်ခံစားမှူ့အပေါ်မှာမူတည်ပြီးလည်း ပြောင်း
ရေးဖြစ်ပါတယ်.... ကျွန်တော့်ရဲ့စိတ်ကိုက အပြောင်းအလဲပေါ်မှာ သဘောကျမိ
လို့ထင်ပါတယ်... ဝန်ခံရရင် ကာရန်ကဗျာလေးတွေကို ပိုအားသန်တယ်..

Min Kyi Nyo
ကျေးဇူးပါဆရာ ။

Hsu Jay
Poetry My Love ဆိုတဲ့ကဗျာတစ်ပုဒ်မှာ..Truly, you are the very child of
my head and heart. ကဗျာဟာ ကဗျာဆရာရဲ့ ဦးနှောက်နဲ့ နှလုံးသားရဲ့ဧကန်စင်
စစ်ရင့်နှစ်သည်းချာလို့ လို့ ဆိုလေတော့..ဆရာအနေနဲ့ ..ကဗျာတစ်ပုဒ်ဖန်တီးရင်
..ဆရာ့ဦးနှောက်နဲ့ နှလုံးသားဆိုတဲ့ ရင်နှင့်သည်းချာနှစ်ဦးမှာ..ဘယ်ရင်နှင့်သည်း
ချာကိုအလေးပေးပြီး ဖန်တီးဖြစ်ပါသလဲဆရာ..

ကိုကိုး အိမ်
ရင်နှစ်သည်းချာနှစ်ဦးမှာ တစ်ဦးကိုမှအလွတ်ခံလို့မရပါဘူး... ကျွန်တော်တို့ရဲ့
နှလုံးသားကထွက်ပေါ်လာတဲ့ ခံစားချက်တွေကို ဦးနှောက်ကမှတ်သားထားတဲ့
စကားလုံးတွေအပေါ်မှာတည်မှီပြီး ရေးရတယ်လို့ ခံစားမိလို့ပါ.... တကယ့်ကို
ဝါရင့်သွားတဲ့ အနုပညာရှင်တွေအနေနဲ့တော့ အနုပညာနဲ့ဖန်တီးသူ တစ်သား
တည်းကျသွားချိန်မှာတော့ပြောင်းကောင်း ပြောင်းသွားနိုင်ပါလိမ့်မယ်ဗျ

Hsu Jay
ကဗျာဆရာတစ်ယောက်အတွက် ကဗျာဟာ ပုံတူကိုယ်ပွားလည်းဖြစ်တယ်လို့ 
ကျွန်မမှတ်သားဖူးပါတယ်ဆရာ..ဆရာ့အတွက်ရော ကဗျာဟာ ဘယ်လိုအခန်း
နေရာကနေ ပါဝင်ပါသလဲဆရာ

အိပ်မက် ရှင်
ဆုဂျေ ကျေးဇူးတင်ပါတယ်၊ ကျွန်တော်လည်း အဲလို မေးချင်နေတာပါ။

ရတု သစ်
မေးသင့်တဲ့မေးခွန်းလေးပဲဗျာ..ဆရာကိုကိုးအိမ်ရေ..အဖြေလေးမျှော်နေမိကြောင်းပါ

ကိုကိုး အိမ်
ကဗျာဟာပုံတူကိုယ်ပွားဆိုတာမျိုးထက် ကိုယ့်ခံစားချက်တွေကို အရှိအတိုင်းဖော်
ကျူးနိုင်မယ့် ရိုးသားတဲ့ကဗျာမျိုးဆိုရင် ကဗျာရှင်နဲ့တစ်သားတည်းဖြစ်သွားမယ်လို့
ထင်ပါတယ်.... ဘာလို့လည်းဆိုတော့ ကျွန်တော်စရေးခါစက မထွက်ထွက်အောင်
ညှစ်ထုတ်ပြီး စဉ်းစားခဲ့ရဖူးပါတယ်... ဒါတွေကို နောင်တစ်ချိန်ပြန်ဖတ်လိုက်ရင်
အားမလိုအားမရခံစားရပါတယ်.... ဒါပေမယ့် ခံစားချက်တွေပြင်းထန်ချိန်မှာရေး
ထားတဲ့ကဗျာမျိုးကိုတော့ ဘယ်ချိန်ဖတ်လိုက်ဖတ်လိုက် ဘယ်နားတော့ ဖြည့်လိုက်
မိရင် ကောင်းမှာပဲဆိုတဲ့အတွေးမျိုး မတွေးမိတော့ပါဘူး...

အိပ်မက် ရှင်
ဒီအဖြေလေး ကျွန်တော် နှစ်သက်မိပါတယ် ဆရာ။

ရတု သစ်
ဦးနှောက်နဲ့နှလုံးသားကိုချိန်ညှိပြီးရေးရမယ်လို့ဆိုလိုပါသလားဆရာ..။
တစ်ချီို့ယူဆထားတာတွေကျတော့ နှလုံးသားမပါပဲရေးရင် (ဦးနှောက်ပဲသုံးပြီး
ရေးရင်) ခံစားရတာမကောင်းဘူးလို့ပြောသံလေးတွေကြားမိထားလို့ပါ..။ကိုကိုးအိမ်ရဲ့
အယူအဆဘယ်ဟာကို အလေးပေးပါသလဲ သိချင်ပါတယ်ဗျ

ရတု သစ်
ကဗျာရေးတဲ့အခါမှာရော ဒီလိုပုံစံလေးရေးမယ်..ဒီလိုရေးရင်တော့အဆင်ပြေမယ်
ဆိုပြီး အကွက်ချရေးဖြစ်ပါသလားဆရာ..ဒါမှမဟုတ်..ရေးလိုက်တဲ့အတိုင်းဖြစ်သွား
တဲ့ပုံစံကိုပဲ အတည်ယူလိုက်ပါသလား ဆရာ..အဲဒါလေးလည်းသိချင်ပါတယ်ခင်ဗျ

ကိုကိုး အိမ်
ကဗျာရေးတဲ့အခါမှာ ဒီလိုပုံစံလေးရေးမယ်မရေးဘူးဆိုတာ ရေးမယ့်ချိန် ဖြစ်နေတဲ့
ကျွန်တော့်ရဲ့ စိတ်ပေးမူတည်တယ်ခင်ဗျ...... စိတ်ထဲမှာပေါ်လာတဲ့အတိုင်းရေးချ
လိုက်တာပါပဲ... ဖတ်ရတာထောင့်နေတာမျိုး.... လွဲနေတာမျိုးရှိရင်တော့ ပြင်လိုက်
ပါတယ်.... ဒါပေမယ့် ကျွန်တော်ချထားတဲ့ဖရိန်တစ်ခုကိုတော့ ဟိုလိုပြောင်းလိုက်ပါ
လား ပြောလာရင် ပြောင်းလေ့မရှိဘူးဗျ....

ရတု သစ်
ဟုတ်ကဲ့ဗျာ..ယနေ့ကဗျာအခင်းအကျင်းအပေါ်မှာရော ဆရာ့အယူအဆအရ
ဘယ်လိုမြင်ပါသလဲ..ကာရန်ကဗျာတွေရဲ့ခေတ် မှိန်နေပြီလို့
ယူဆမိတာမျီုးရှိပါသလားဆရာ..

ကိုကိုး အိမ်
ယူဆမိပါတယ်ခင်ဗျ..... တစ်ချိုတွေကို ပေါ်ပင်လိုက်တယ်မပြောလိုပေမယ့်..
တကယ့်အဆီအနှစ်နဲ့ မြန်မာစာပေရဲ့ သဘောကို စောမိစေတာက မြန်မာ့
ကာရန်နဲ့ လကာင်္တွေပါ.... သုံးထားတဲ့ လင်္ကာနဲ့ကာရန်အသွားတွေ အချိုး
တွေကို ဖတ်မိတာနဲ့ ရေးသူရဲ့ မြန်မာစာပေအပေါ် အကျွမ်းဝင်မှူ့ကို ခန့်မှန်း
မိနိုင်တယ် လို့ထင်ပါတယ်.... ဘယ်လိုကဗျာမျိုးတွေကို လိုက်စားသည်
နှစ်သက်သည်ဖြစ်စေ.. ကာရန်ကဗျာတွေကို ပိုင်နိုင်စေချင်ပါတယ်... ကျွန်တော့်ရဲ့
ပုဂ္ဂလအမြင်ကတော့ ကာရန်ကဗျာတွေပိုင်နိုင်သွားရင် အခြားကဗျာအမျိုးအစား
တွေကိုပါ အကောင်းဆုံးစပ်ဆိုနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်.... ကာရန်
ကဗျာတွေ အတော်ကြီး မှေးမှိန်လာပါတယ်

Hsu Jay
ကဗျာဆရာဟာသူ့ အမြင်နဲ့ ..သူ့ ခံစားချက်တွေကို ဝေမျှတဲ့အခါမှာ.
.ခါးသော်ရှိ..ချိုသော်ရှိ..အရှိကိုအရှိအတိုင်းတင်ဆက်သူဖြစ်လေတော့...ကဗျာ
ဆရာတစ်ယောက်ဖြစ်တဲ့ဆရာအအနေနဲ့ ..ကဗျာအပေါ်ထားတဲ့ ဆရာ့ရဲ့သစ္စာ
တရားလေးပြောပြပေးပါလားဆရာ..

အိပ်မက် ရှင်
ဟုတ်ကဲ့၊ ဆရာ အတုယူ အားကျခဲ့ရတဲ့ ဂန္တဝင်ကဗျာဆရာတွေက ဘယ်သူ
တွေများ ဖြစ်ခဲ့ပါသလဲ ခင်ဗျာ။

ကိုကိုး အိမ်
ဟိုးခေတ်ထဲကဆိုရင်တော့ ရှင်မဟာရဌသာရ၊ ရှင်မဟာသီလဝံသ တို့ရဲ့ကဗျာ
တွေကို အရမ်းအားကျနှစ်ခြိုက်မိပါတယ်... စလေဦးပုညရဲ့လင်္ကာတွေ၊ ဆရာတော်
ကြီးတွေရဲ့ မေတ္တာစာတွေ (အဓိကအားဖြင့် လယ်တီဆရာတော်ကြီး) တို့ရဲ့ကို
လေးစားအားကျမိပါတယ်ခင်ဗျ..

Min Kyi Nyo
အဲဒီမှေးမှိန်နေတဲ့ အပေါ်ရော ဆရာဘယ်လိုမြင်ပါသလဲဆရာ..။ ဥပမာ
အခုလက်ရှိ မဂ္ဂဇင်းတစ်ရာမှာ ၂ခုလောက်ပဲ မြန်မာကဗျာစစ်စစ်ပါတဲ့လို
ပုံစံမျိုးကိုပေါ့ ဆရာ။

ကိုကိုး အိမ်
အမှန်အတိုင်းပြောရရင် အရမ်းမော်ဒန်ဆန်သွား၇င် ကျွန်တော်လည်းနားမလည်
ဘူးဗျ... ကိုယ်နားမလည်တဲ့ အနုပညာတစ်ခုကို ဘာမှမပြောလိုပေမယ့် မြန်မာ
တွေမြန်မာကဗျာစစ်စစ်တွေရေးစေချင်တယ်.... မဂ္ဂဇင်းတစ်ခုကဆိုရင် တစ်အုပ်လုံး
မှာပါသမျှကဗျာ ဘာဆိုဘာမှနားမလည်ပါဘူး.... အယ်ဒီတာ့စကားတွေကအစ
ဘယ်လိုမှလိုက်မမှီတဲ့စကားလုံးတွေပါ.... ကျွန်တော့်ဆန္ဒအရဆိုရင်တော့ မြန်မာ
မှူ့ဓလေ့ဟန်ပန်တွေကို ပေါ်လွင်စေတဲ့ ကာရန်ကဗျာတွေနဲ့ လင်္ကာအသုံးတွေကို
မဂ္ဂဇင်းတိုင်းမှာပါစေချင်တယ်ဗျာ....

ရတု သစ်
အခုလက်ရှိထုတ်နေတဲ့မဂ္ဂဇင်းတွေတော်တော်များမှာ ကာရန် (ဂန္ထ၀င် )ပဲဆိုကြပါစို့. ဒီလိုကဗျာအမျိုးအစားရဲ့နေရာရမှုကနည်းလာတယ်လို့မြင်မိပါတယ်..။ဒါပေမယ့်
ကာရန်ကဗျာတွေကပဲ မြန်မာ့ကဗျာ..မြန်မာ့မူပိုင်လို့ပြောနိင်တယ်လို့ဆိုထားတဲ့
အဆိုတစ်ရပ်လည်းမှတ်သားဘူးထားပါတယ်..မွေးစားကဗျာတွေမဟုတ်ဘူးပေါ့..
အဲဒီအဆိုအရဆိုရင် ဂန္ထ၀င် ကာရန်ကဗျာတွေကိုဘာဖြစ်လို့နေရာမပေးရတာလဲ
ဆိုတာကိုဆရာဘယ်လိုသုံးသပ်မိပါသလဲခင်ဗျာ..။

Hsu Jay
အဲ.ဆရာမင်းကြည်ညိုရဲ့မေးခွန်းလေးအရ ကျွန်မသိချင်တာလေးထွက်လာမိပါ
တယ်ဆရာ ကဗျာတပုဒ်ကို ကဗျာစစ်တယ် မစစ်ဘူးဆိုတာကို ဘယ်လိုစံတွေနဲ့  တိုင်းတာပါသလဲဆရာ..ကျွန်မ လေ့လာမိသလောက်...မြန်မာကဗျာစစ်စစ်ရေးသူ
တွေနဲ့  ခေတ်ပေါ်မော်ဒန်ကဗျာတွေရေးသူတွေကြား ဒွိဟလေးတွေရှိနေလားလို့
လေ..(ကျွန်မ မေးခွန်းလေး မှားခဲ့ရင် မသိနားမလည်သူမို့ ခွင့်လွှတ်ပေးပါလို
့လေးစားစွာနဲ့  ကဗျာဆရာအားလုံးကို တောင်းပန်ပါတယ်နော် )

ကိုကိုး အိမ်
ဘယ်ကဗျာတော့စစ်တယ်... ဘယ်ကဗျာမစစ်ဘူးလို့ မပြောလိုပါဘူးဗျ..
ဘာလို့လည်းဆိုတော့ သူတို့လည်း သူတို့ခံစားရသမျှကို ခံစားရသလိုရေးကြ
တာချည်းပါ.... တစ်ချို့က ပေါ်ပင်နာမည်ကြီးချင်လို့ရေးတယ်.. တစ်ချို့က
ခံစားချက်တွေဖောက်ထုတ်ချင်လို့ ပေါက်ကွဲပြတယ်... တစ်ချို့က မြန်မာ
စာပေကို မြတ်နိုးလို့ မြန်မာစာလုံးတွေကို လင်္ကာလှလှလေးတွေနဲ့ ဖွဲ့ပြတယ်
..... ကာရန်လှလှလေးတွေနဲ့ဆိုပြတယ်.... အားလုံးရေးကြတာကတော့ မြန်မာ
စကားလုံးတွေကို မြန်မာစာသားတွေနဲ့ရေးသွားကြတာချည်းပါပဲ.... ဒါပေမယ့်
ပေးချင်တဲ့မက်ဆေ့ခ်ျနဲ့ ကိုယ်ရေးထားတဲ့ခံစားချက်တွေကို စာဖတ်သူအပြည့်
အဝခံစားရဖို့က စာရေးသူရဲ့ အသုံးအနှုန်းနဲ့ ရေးသားချက်အပေါ်မှာမူတည်
တယ်ဗျ..... အဲတော့ အားလုံးကတော့ကဗျာတွေပါ.... ဒါပေမယ့် စာဖတ်သူရဲ့
သတ်မှတ်ချက်အတိုင်း စစ်သည်မစစ်သည်ဆိုတာ ဖြစ်လာတယ်လို့ထင်ပါတယ်

Hsu Jay
ဟုတ်ကဲ့ပါဆရာ အဖြေလေးကိုလေးစာမိပါတယ်..ဒီအဖြေအရ မျှတတဲ့စိတ်သဘောထားရှိသူမို့ ထပ်ဆင့်ပိုလို့ လေးစားမိပါတယ်ဆရာ..

Prometheus Yan
အခု မြန်မာခေတ်ပြိုင်ကဗျာဆရာတွေ ထဲမှာ ဆရာ ဘယ်သူတွေရဲ့ ကဗျာတွေ
ဖတ်ဖြစ်လဲ ခင်ဗျ

ကိုကိုး အိမ် ကျွန်တော်ကတော့ ကဗျာတွေ့ရင် ကလေးကဗျာလေးတွေကအစ
ဟိုက္ကုကဗျာတွေ၊ ကာရန်ကဗျာတွေနဲ့ မော်ဒန်ကဗျာအဆုံးအားလုံးဖတ်ပါတယ်..
ခုနောက်ပိုင်းစာအုပ်တွေမှာ ကျွန်တော်ကြိုက်တတ်တဲ့ကဗျာတွေနည်းလာတော့
Online ပေါ်မှာ တက်သမျှ၊ တဂ်သမျှနဲ့ တွေ့သမျှကဗျာတွေအားလုံးကိုဖတ်ပါ
တယ်..... ကဗျာဆရာတွေကိုတော့ နာမည်မတပ်ပါရစေနဲ့ဗျာ.....

Hsu Jay
မလွန်ဆန်နိုင်တဲ့လောကသဘာဝတရားကြီးအရ...လူသားတစ်ဦးဖြစ်တဲ့ကဗျာ
ဆရာဟာတနေ့ မှာ သေခြင်းတရားနဲ့ ရင်ဆိုင်ရမှာမဟုတ်လားဆရာ..ဒီလိုဆိုရင်
..ကဗျာဆရာရဲ့ အသွေးအသားနဲ့ တည်ဆောက်ထားတဲ့ ကဗျာတွေကရော အမြဲ
ရှင်သန်နိုင်ပါ့မလားဆရာ..ဆရာ့အယူအဆအရ အမြဲရှင်သန်နေမယ့်ကဗျာတွေက
ဘယ်လိုကဗျာမျိုးတွေလို့  ခံယူထားပါသလဲဆရာ..

ကိုကိုး အိမ်
ကဗျာဆိုတာကရသပါပဲဗျ... ရသကိုခံစားတာနှလုံးသားကပါ... ကျွန်တော်တို့
အားလုံးရဲ့နှလုံးသားတိုင်းမှာ ခံစားချက်ရှိသ၍ ဖန်တီးသူနဲ့ ခံစားသူဆိုတာတော့
ရှိနေဦးမှာပါပဲ.... ကျွန်တော့်အယူအဆအရ လူတန်းစားအားလုံးရဲ့ ခံစားချက်တွေ၊
လူနေမှူ့ဘဝတွေနဲ့ ကိုက်ညီမယ့်ကဗျာမျိုးဟာ အမြဲရှင်သန်နေမှာပါ......

Hsu Jay
လေးစားမိပါတယ်ဆရာ..ထပ်ဆင့်..ဦးညွတ်ပါတယ်..ကဗျာနဲ့ ပတ်သက်တဲ့
ကျွန်မသိချင်တာလေးတွေတော့ ဒီလောက်ဆို လုံလောက်သွားပါပြိဆရာ..
ဆက်လက်ပြီး ဘလော့ပိုင်းဆိုင်ရာလေးကျွန်မသိချင်တာလေး မေးခွင့်ရှိမလား
ဆရာ..ကဗျာနဲ့ ပတ်သက်ပြီး မေးမြန်းတာလေးတွေပြီးသွားရင် ကျွန်မဘလော့
နဲ့ ပတ်သက်တာလေး ဆက်လက်မေးမြန်းခွင့်ပြုပါနော်ဆရာ ဘလော့တစ်ခုကိုဖန်တီး
တဲ့အခါမှာ..ဆရာအနေနဲ့ ဘာကိုဦးစားပေးရေးပါသလဲဆရာ..ဆရာ့ရေးဟန်ကိုပေါ်
အောင်ရေးတာလား..ဆရာပေးချင်တဲ့မက်ဆေ့ခ်ျကို ခံစားတဲ့မုဒ်အတိုင်းပဲ အလိုက်
သင့်စီးမျောသွားတာလားဆရာ

ကိုကိုး အိမ်
ဘလော့တစ်ခုမှာကျတော့ မတူတော့ဘူးဗျ... ဘလော့မှာကျတော့ များသောအား
ဖြင့် ဆောင်းပါးတွေနဲ့ ခံစားရတာလေးတွေကို အက်ဆေးသဘောမျိုး ရေးဖြစ်တာ
များတယ်.... ကဗျာလေးတွေလည်းတင်ဖြစ်တယ်... ဝတ္တုတိုကျတော့ ကျွန်တော့်ရဲ့
စာတစ်ပုဒ် အလွဲသုံးစားအလုပ်ခံလိုက်ရကတည်းက မတင်ဖြစ်တော့တာ.....
ဒါပေမယ့် နောက်ပိုင်းတော့ ဝတ္တုတိုလေးတွေပါ တင်နိုငိအောင်လုပ်မှာပါ.....
ဘလော့က ကျွန်တော့်အတွက်တော့ တကယ့်လေ့ကျင့်ရေးကွင်းကြီးပါ.... ကျနော့်
ဘလော့ပို့စ်တွေမှာ လိုအပ်ချက်တွေအများကြီးရှိနိုင်ပါတယ်... ဒါပေမယ့်အဲဒီနေရာ
ကပဲ ကျွန်တော့်အတွေ့အကြုံတွေနဲ့ ကျွန်တော့်ကလောင်ကို သွေးခွင့်ရတဲ့အတွက်
တကယ်ကျေးဇူးတင်ဖို့ကောင်းပါတယ်... ဘလော့ဂါတွေရဲ့နေ့စဉ်ဘဝကို ဘလော့
ကနေမီးမောင်းထိုးပြနိုင်ပါတယ်...

Hsu Jay
ဘလော့ဂါတွေရဲ့နေ့စဉ်ဘဝကိုဘလော့ကနေမီးမောင်းထိုးပြနိုင်ပါတယ်..အဲဒီအဖြေ
လေးသဘောကျမိပါတယ်ဆရာ...တကယ်ကိုရိုးရှင်းပြီး..ထိမိတဲ့အဖြေလေးမို့ ပါဆရာ
လေးစားမိပါတယ်..။

Snow Snow Lay
ဘလော့နဲ့ ပက်သက်ပြီး မေးခွန်းတစ်ခု ထပ်ဖြေပေးပါအုံးနော်။ ကျွန်မကိုယ်တိုင်လဲ
ဘလော့ရေးနေတဲ့သူတစ်ယောက်ပါ။ အခုနောက်ပိုင်းကာလတွေမှာ ဘလော့မှာ
စာလာဖတ်တဲ့သူတွေ သိသိသာသာ လျော့ကျသွားတာကို သတိထားမိပါတယ်။
စာဖတ်သူတွေ ဘလော့ကို အလာကျဲသွားတာကို ဆရာ့အနနဲ့ ဘယ်လို မြင်မိပါ
သလဲရှင်။ ခုဆိုရင် အင်မတန် ကောင်းလွန်းတဲ့ ပို့စ်တွေတောင်မှ သိပ်ပြီး အသိအမှတ်
ပြု မခံရတာတွေတောင် ရှိလာပါတယ်။ တကယ့်ရင်ဘတ်နဲ့ ခံစားပြီး စာရေးနေသူတွေ
အတွက် ဝမ်းနည်းစရာပါပဲ။

Hsu Jay
အဲဒီဖီလင်ကို ကျွန်မလည်းခံစားဖူးပါတယ် မမစနိုး..ဆရာကမ္ဘာဖျာ ကိုကျွန်မ တခါက ပြောပြခဲ့ဖူးပါတယ်..ကျွန်မခံစားချက်လေးကို..အဲဒီမှာ ဆရာဖျာက
ကျွန်မစိတ်ကိုဘယ်လိုသွန်သင်ပေးခဲ့လဲဆိုတော့ မိုးရွာရမှာ ကိုယ့်တာဝန်တဲ့..
မိုးရေခံတာမခံတာ သူတို့ တာဝန်တဲ့..မိုးကတော့ အချိန်မှန်ရွာချပေးနေရမှာပဲတဲ့...
မိုးရေထွက်ခံတဲ့သူပဲ မိုးရေပြည့်မှာဖြစ်ပြီး မိုးရေထွက်မခံသူကတော့ မိုးရေရမှာမဟုတ်
ဘူးလို့  ကျွန်မခံစားခဲ့ရတဲ့ဖီလင်ကို ခုလိုလေးဆုံးမပေးခဲ့ဖူးပါတယ်..အဲဒီစိတ်ကလေးနဲ့ 
ချီတက်ကြည့်တော့ အဆင်ပြေတာကိုတွေ့ ရပါတယ်မမရေ...ဆရာကိုကိုးအိမ်အမြင်
လေးလည်းသိပါရစေနော်..


ကိုကိုး အိမ်
ကျနော်ကတော့ အဲလိုမထင်ဘူးဗျ.... စာလာဖတ်သူလျော့ကျသွားတာလို့ မထင်မိဘူး
.....လာဖတ်ကြတယ်... ဒါပေမယ့် မန့်မသွားကြတာ.... ဖေ့စ်ဘုတ်နဲ့ဘလော့ရဲ့
ကွန်မန့်အတက်မြန်မှူ့နှုန်းပေါ်မူတည်ပြီး ဘလော့မှာ မန့်ရတာမျိုးကို ပျင်းသွားကြ
တာလို့ ယူဆမိပါတယ်.... ဘလော့ပို့စ်တွေကို ထိုင်စောင့်ဖတ်နေတဲ့ ဘလော့ဖတ်
သူတွေအများကြီးရှိနေတာကို View Count တွေကတစ်ဆင့်တွေ့နေရပါတယ်.....
View Count တစ်ရာမှာ Comment တစ်ခုရဖို့မလွယ်တော့ပါဘူး.... ဒါကြောင့်
ဘလော့ဂါတွေ ဖေ့စ်ဘုတ်မှာပျော်လာရင်းကနေ စာရေးတွေကျဲကုန်ကြတာလို့ထင်
ပါတယ်... (ဆက်ပြောရရင် လည်ထွက်နေတော့မှာဗျ...) ;D

Prometheus Yan
ကဗျာဖက် ပြန်လှည့်ပေးပါဦး။ ကိုကိုး အိမ် ပြောသလို လူတန်းစားအားလုံးရဲ့ ခံစားမှုတွေ
လူနေမှု ဘဝတွေနဲ့ ကိုက်ညီတဲ့ ကဗျာ ဆိုတာရှိနိုင်ပါ့မလား ဆွေးနွေးပေးပါဦးခင်ဗျ

ကိုကိုး အိမ်
အဲဒါကတော့ အမျိုးမျိုးရှိမှာပါ..... စာရေးသူရဲ့ရည်ရွယ်ချက်နဲ့ စာအမျိုးအစားပေါ်
မူတည်ပြီးတော့ပေါ့... ဝတ္တုတိုမှာလည်း အမျိုးမျိုးရှိတော့ ဖြစ်စဉ်ပြလား၊ ဘဝသရုပ်
ဖော်လား၊ (တစ်မျက်နှာဝတ္တုတိုလို ပေးချင်တဲ့မက်ဆေ့ခ်ျကို သတ်မှတ်ထားတဲ့
ဘောင်ထဲကနေရေးပြရတာမျိုးလား) ဆိုတာကွဲပြားသလိုပါပဲ..... တစ်ချို့က ရသအဖြစ်
ခံစားတာ၊ တစ်ချို့က ပေးချင်တဲ့မက်ဆေ့ခ်ျကိုချပြတာ.... အဲလိုသဘောမျိုးကိုပြောချင်
တာပါ...အနီးစပ်ဆုံးဥပမာပေးရရင်တော့ မရိုးနိုင်သောကဗျာဟောင်းကြီးကိုပဲ ပေး
ရတော့မှာပါပဲ.... Ko Yan လည်း ဖတ်ဖူးမှာပါ.... ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာလို
မျိုးပေါ့...ကျွန်တော့်အဖြေမှန်ချင်မှလည်းမှန်မယ်.... ဒါပေမယ့် ဆရာဇော်ဂျီရဲ့ဒီကဗျာ
လးကတော့ လူတန်းစားအားလုံးနဲ့ကိုက်ညီတဲ့ကဗျာတစ်ခု ဖြစ်မယ်ထင်ပါတယ်

Min Kyi Nyo
ဆရာရသစာပေတွေရော ရေးဖြစ်လားဆရာ။

ကိုကိုး အိမ်
ကျွန်တော်ရေးလိုက်တာကတော့ ကျွန်တော့်စိတ်ထဲမှာ ခံစားရတဲ့ခံစားချက်တွေကို
ရသအနေနဲ့ အမျိုးမျိုးပုံဖော်လိုက်တာပါပဲဗျ.... ရသစစ်မစစ်ကိုတော့ ပရိတ်သတ်တွေက
ဆုံးဖြတ်ကြမယ်ထင်တယ်.....

Hsu Jay
ဘလော့ကောင်းတပုဒ်ရဲ့အင်္ဂါရပ်နဲ့ ဘလော့ဂါကောင်းတယောက်ရဲ့စံ တွေက
ဘာတွေလို့ ဆရာမြင်ပါသလဲဆရာ..

ကဗျာဆရာ လက်ဝ
Hsu Jay ရဲ့ “ဘလော့ဂါ ကောင်းတစ်ယောက်” ဆိုတဲ့ စကားလုံးကိုထောက်ပြီး
ကျွန်တော် မေးခွန်းလေးတစ်ခု ရှိပါတယ်.. Print နယ်ပယ်က စာရေးဆရာကောင်း
တစ်ယောက်ထက်.. အွန်လိုင်းနယ်ပယ်က ဘလော့ဂါ တစ်ယောက်မှာ ဘယ်လို
အရည် အချင်းတွေ ဒါမှ မဟုတ် ဘယ်လို တာဝန် ဝတ္တရားတွေ ပိုရှိနေပါသလဲခင်ဗျ...
အဲဒါလေး တစ်ချက် ဆွေးနွေး ပေးပါဦး

ကိုကိုး အိမ်
စာရေးပြီဆိုကတည်းက ထားသင့်တဲ့ကျင့်ဝတ်တွေနဲ့ စည်းတွေဘောင်တွေရှိပါတယ်...
အွန်လိုင်းစာရေးသူဖြစ်စေ၊ ပရင့်စာရေးသူဖြစ်စေ သတ်မှတ်တဲ့ဘောင်အောက်ကနေ
ကျော်လွန်သွားပြီဆိုရင် ဘောင်ကျော်သူလို့ သတ်မှတ်ရမှာပါပဲ...... ကျနော်ဆိုလိုတာ
ကတော့ အွန်လိုင်းစာရေးသူဖြစ်စေ၊ ပရင့်စာရေးသူဖြစ်စေ အားလုံးစောင့်ထိန်းရမယ့်
ကျင့်ဝတ်တွေဘောင်တွေကတော့ အတူတူပါပဲ ကိုလက်ဝဲ....။

 အပိုင်း (၂) ဆက်ပါမည်။

ချစ်ခြင်းအားဖြင့်
ကိုကိုးအိမ်(မန္တလေး)
 

ကြယ်စင်ကောက်ကြောင်း (ရွှေအိမ်စည်)

|


  • (အစ)

ငြိမ်သက်အိနြေ္ဒရသော နက်ပြာရောင်နောက်ခံတွင် တလက်လက်တောက်ပနေသော ကြယ်ပွင့်ကလေး များကို နှစ်သက်သဘော ကျစွာကြည့်နေမိသည်။ ကျွန်မ သိသော ကြယ်ပွင့်ကလေးတွေ ဘယ်နှစ်ပွင့်ပါသည် လဲ။ တစ်ပွင့်..နှစ်ပွင့်..သုံး လေး ပွင့်….။ အနည်းငယ်မျှသာ။ သို့သော် ထိုကြယ်ပွင့်ကလေးတွေ လက်နှင့် ခပ်ဖွဖွ ထိသပ်မိသည်။ အီလက်ထရောနစ်ဝေ့မှ စာလုံးလေးများ စာရွက်ဖြူလွလွထက် ရောက်ရှိလာခဲ့ပြီ။ လွယ်ကူ သော၊ ချောမွေ့သော၊ ဖြောင့်ဖြူးသော၊ တံတားခင်းသော လမ်းကားမဟုတ်။ သို့သော်..သူတို့ ရောက်ရှိ လာကြ ပြီ။ စာအုပ်ကလေးကသေသေသပ်သပ်၊ ကြယ်ပွင့်ကိုယ်စီ၏ အရိပ်အငွေ့တစ်မျက်နှာစီ။ ၎င်းတို့အနီးသို့ တဖြေး ဖြေးစီ……………..။

  • (ကြယ်စင်တစ်)

  • စာရေးသူ = နှင်းပွင့်
  • ကောက်ကြောင်းများ = အမြဲစိမ်းတော၊ လမိုက်ည

အမြဲစိမ်းတောကို အရင်ဖတ်ဖြစ်သည်။ သူ့ဝတ္တုအဖွင့်တွင် ရည်ညွှန်းထားသည့် သည်းခံဖို့ကြိုးစားရင်း၊ ရုန်းကန်ဖို့ကြိုးစားရင်း၊ တင်းခံဖို့ကြိုးစားရင်း၊ မပြင်းထန်ဖို့ကြိုးစားရင်း တဖြည်းဖြည်း အထီးကျန်ဆန်လာတယ်။ ကျွန်မ ရည်ရွယ်ချက်တို့ ယုံကြည်ချက်တို့ မှုံဝါးလေပြီလား စာသားကို စိတ်ဝင်တစားနှင့် အမြဲစိမ်းတော ကို ဆက်ဖတ်ဖြစ်ပါသည်။ စာရေးသူဆိုလိုရင်းကို ကျွန်မ အရိပ်အငွေ့ တော့ ဖမ်းမိပါသည်။ သို့သော် စကားပြေနှင့် စကားပြောရောနှောသည့် အသုံးအနှုန်းများကို အပိုဒ်တိုင်းတွင်တွေ့နေရသည်။ သူဆိုလိုသည့် အမြဲစိမ်းတော သည် အချစ်၊ ဘ၀၊ ကျင်လည်ရာဝန်းကျင်များကို ခြုံငုံပြလိုရင်း၊ ပူလောင်မှုတွေကြားမှ အမိုက်မှောင် လိုအင်ဆန္ဒ၊ အတ္တများကင်းဝေးသော အဇ္ဈတ္တဘ၀ပုံရိပ်ကို ရည်ညွှန်းဟန်တူပါသည်။ သို့သော် အကြောင်းအရာသည် ဟန်ချက် မညီမပါ။ အချစ်အကြောင်းသယ်လာသော စာမျက်နှာတွေနှင့် ၀တ္တုပြီးလုပြီးခါနီးမှ ဘ၀၊ လူနေမှု ပုံရိပ်ကို ချိုးကွေ့သွားသောအခါ အနည်းငယ်မညီမညာမှုကို ခံစားရပါသည်။ သို့သော် ခံစားမှုတစ်ခုတော့ ခပ်နွေးနွေးရရှိ စေလိုက်သည့် ရသတစ်ပုဒ်ဖြစ်ပါသည်။

လမိုက်ည ကို ဖတ်မိသောအခါ ကျွန်မ စိတ်တို့ကြမ်းရှရှ..။ မိန်းမငယ်၏ ခံစားမှု၊ နာကျင်မှုတွေကို မြင် တွေ့ကာ မချင့်မရဲ။ ဒီလို အဖြစ်တွေမျိုးလဲ ရှိသေးသားဟုမှတ်ချက်ချမိသေးသည်။ ရေးသားဟန်မှာ သွက်၍ ဆို လိုသည့်အကြောင်းအရာကို ခပ်စိပ်စိပ် တစ်ချက်ချင်းပြောသွားနိုင်သည်။ ပြန်လှန်မေးခွန်းထုတ်သော အမေး စကားများပြားနေခြင်းကတော့ ၀တ္တု၏အရသာကို အနည်းငယ်ထိခိုက်ပါသည်။ ထို့ထက်ပို၍ ပြေပြစ်သော စကားပြေများဖြစ်လျှင် သိပ်လှပသည့်ဝတ္တုလေးတစ်ပုဒ်ဖြစ်သွားနိုင်ပါသည်။ စိတ်ခံစားမှု အတက်အကျကို သရုပ်ဖော်သွားသည်က နှစ်သက်စဖွယ်။ ဇာတ်အဆုံးသတ် စာကြောင်းလေးက ၀တ္တုတစ်ပုဒ်လုံး၏ အရှိန်ကို အမြင့်ဆုံးထိ ညွှန်ပြနိုင်ခဲ့သည်။

ကိုကို မလာသော ညက အထီးကျန်လွန်းလှသည်။ ကလည်းမသာ။ ညဥ့်ကလည်းနက်လုပြီ။ လပြည့်ညကျလျှင်တော့ အဖြေရှာတွေ့ကောင်းပါရဲ့ 
လပြည့်ညများကို ရှာတွေ့နိုင်ပါစေဟု တိတ်တဆိတ်ဆုတောင်းမိသည် အထိ ၀တ္တုလေးက ဆွဲဆောင် နိုင်ခဲ့သည်။

  • (ကြယ်စင်နှစ်)

  • စာရေးသူ = ချစ်ကြည်အေး
  • ကောက်ကြောင်းများ = မကြင်စော အုန်းစတိုင်၊ အပူစာ

ရေးသားဟန်ခပ်သွက်သွက်ကို မြင်တွေ့ရပါသည်။ ပထမ ဖတ်ဖြစ်သည်မှာ မကြင်စော အုန်းစတိုင်။ ပြေပြစ်သော အရေးအသား၊ အတွေးခပ်သွက်သွက်တို့က ဆွဲဆောင်သွားသည်။ မကြင်စောက အနွဲ့အကြောင်း ကို အပြောနဲ့ဇာတ်ကိုသယ်သွားတာ ဖြစ်ပေမယ့် အနွဲ့ရုပ်လုံးသာမက မကြင်စောရုပ်လုံးကိုပါမြင်ယောင်လာ အောင် ရေးသားသွားသည်မှာ နှစ်သက်စဖွယ်။ သူ အနွဲ့ကိုမြည်တွန်   တောက်တီးကာ အပြစ်စကားဆိုနေပေမယ့် အနွဲ့ပေါ်မှာပင် ချစ်ခင်နေတာ သူ့ကိုယ်သူပင် မကြင်စောသတိထားမိဟန်မတူ။ ထို့ပြင် သူ့ကိုယ်သူလည်း မမြင်။ ပြုံးစရာ။ အိုမင်းမစွမ်းသူတွေ၏ ခံစားချက်၊ လစ်ဟာမှုကို ခံစားရရှိလိုက်သည်။ နှစ်သက်ဖွယ် ၀တ္တုတစ်ပုဒ် ပင်။

အပူစာ ကို ဖတ်ဖြစ်သောအခါ လူသားတို့၏ အတောမသတ်နိုင်သော လောဘ၊ အတ္တ၊ မာန်မာနတို့ကို မြင်လာသည်။ ပိုင်ဆိုင်မှုတွေ တိုးလာတိုင်း ဒီပိုင်ဆိုင်မှုတွေအပေါ် မက်မောသထက်မက်မောသော တပ်မက်မှု များ၊ ရသထက်ရလိုသော လူ့လိုအင်ဆန္ဒများ၊ ခံယူချက်ခြင်းမတူသော ဘ၀နေထိုင်မှုမှ ပြယ်လွင့်ရသောချစ်ခြင်း မေတ္တာ..။ ပိုင်ဆိုင်မှုတွေကို ကိုယ်ကျင့်သိက္ခာနှင့် လဲလှယ်ရမှ   တော့  ဆရာမ ဆိုခဲ့သလို တကယ့် အပူစာပင်။

ရေးသားဟန်သွက်လက်ကာ ရိုးရှင်းသောစကားပြေအရေးအဖွဲ့တို့ဖြင့် ဆွဲဆောင်နိုင်ခဲ့သည့် ၀တ္တုနှစ်ပုဒ် ဖြစ်ပါသည်။

  • (ကြယ်စင်သုံး)

  • စာရေးသူ = အိန်ဂျယ်လှိုင်
  • ကောက်ကြောင်းများ = စုန်၍စီးဆင်းနေသော မြစ်တစ်စင်း၊ မြတ်နိုးခဲ့ဖူးသည်

စုန်၍စီးဆင်းနေသော မြစ်တစ်စင်း သည်ခေါင်းစဉ်နှင့်ထိမိကာ တသိမ့်သိမ့်ခံစားစေရသည့် ၀တ္တုတစ်ပုဒ် ဖြစ်သည်။ ထွန်းအောင်၏ အတွေးပုံရိပ်မှ ထွန်းအောင်၏မိသားစု လူနေမှုဘ၀၊ ထွန်းအောင်နှင့် ဖခင်ကြားထဲမှ ကူးလူးဆက်နွယ်မှု  မေတ္တာ တရားတို့ကို သရုပ်ဖော်ပုံမှာ ပိရိသေသပ်ပါသည်။ စာအရေးအသားချောမွေ့ပြေပြစ် သလို ဖခင်၏ချစ်ခြင်းမေတ္တာကို တစိမ့်စိမ့် သရုပ်ဖော်ပြသသွားပြီးမှ မိမိတပြန် မိဘနေရာရောက်သွားသည့်အခါ ဖြစ်ပေါ်လာသည့်ခံစားမှုကို ညင်ညင်သာသာလေးရေးသွား သည်မှာ လှပပါသည်။

သား ဆိုသော အသိလေးနဲ့ ထွန်းအောင်ရင်ထဲ တသိမ့်သိမ့်တိုးဝင်လာသော ချစ်ခြင်းမေတ္တာတရား တို့ဖြင့် မိုးစက်တို့ကြောင့် အေးစက်နေတဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို နွေးထွေးသွားစေခဲ့ရသည်ဟု ဆိုပါလျှင်..

ထိုအဆုံးသတ်ကလေးက တသွင်သွင်စီးဆင်းနေသော မေတ္တာကိုမြင်ယောင်လာအောင် စွမ်းဆောင် နိုင်ခဲ့ပါသည်။

မြတ်နိုးခဲ့ဖူးသည် ကို ၀တ္တုဆိုတာထက် အက်ဆေးတစ်ပုဒ်ဟုရည်ညွှန်းချင်သည်။ ညင်သာညက်ညော သော အရေးအသားက လှပသည့်အက်ဆေးတစ်ပုဒ်အဖြစ် ပုံဖော်နိုင်ခဲ့သည်။ ဟိုတစ်စသည်တစ်စ အတွေးများ မှ အဖြစ်အပျက်၊ ဇာတ်လမ်းလေး တစ်ပုဒ်ကို ခပ်ပါးပါးရေးသားသွားသည်မှာ နှစ်သက်ဖွယ်ကောင်းလှသည်။ ခပ်စင်းစင်းလွမ်းမောခြင်းက ပြေပြစ်ချောမွေ့သော အရေးအသားကြောင့် ဆွဲဆောင်မှုရှိသွားစေသည်။ အတွေးစ တွေပါသော စာသားအများစုကို ကျွန်မ သဘောကျလှသည်။

ထို့ထက်ပို၍လည်း ကျွန်မ သူ့ထံမှ အလိုမရှိတော့ပါ။ ယခုအချိန် ကျွန်မ ပိုင်ဆိုင်ရရှိနေသော သူနှင့် ပတ်သတ်ခဲ့သော အကြောင်းအရာတို့သည် ချိုသည်၊ ခါးသည် မမြည်သော သီးသန့်အဖြူထည်အဖြစ်သာ တည်ရှိနေသည်ပင် 

ကျွန်မနှင့်သူ ပြန်လည်ဆုံတွေ့ခြင်းကို ဆုံမှတ်တစ်ခုအဖြစ် သတ်မှတ်မည်ဆိုပါလျှင် ထိုဆုံမှတ်သည် အဖြေမရှိသော မသိကိန်းတစ်ခုအဖြစ်ဖြင့်သာ တည်ရှိနေနိုင်သည် 

ကျွန်မဘ၀အတွက် ဆုံးဖြတ်ချက်ဟူသမျှသည် ကျွန်မအပေါ်တွင်သာ မူတည်သည်ပဲ ဖြစ်ရမည်ပင်။ တစ်ခန်းရပ်သွားပြီးမှ ဆက်ရန်မရှိသော အကြောင်းကို တရားဝင်ခေါင်းစည်းတပ်ကြေငြာဖို့ဆိုတာ မလိုအပ် တော့သည်ပဲလေ

  • (ကြယ်စင်လေး)

  • စာရေးသူ = အိမ့်ချမ်းမြေ့
  • ကောက်ကြောင်းများ = နာနေသောလူများ၊ သွေ့လွင်ပြင်

နာနေသောလူများ ကိုဖတ်ရသည့်အတွက် ပထမကျေးဇူးတင်ရသည်မှာ နယ်ပယ်သစ်၊ အရသာသစ်ကို ရရှိခံစားမိစေ၍ဖြစ်သည်။ ရသ၀တ္တုဟူသည် ခေါက်ရိုးကျိုးဇာတ်လမ်းများရေးဖွဲ့နေရမှ မဟုတ်ပါ။ ဆရာမ ရေးပြ သွားသော အကြောင်းအရာသည် စိတ်ဝင်စားဖွယ်လုပ်ငန်းအတွေ့အကြုံတစ်ခုကို အခြေပြုကာ သူတွေ့ရှိရသော သူများနှင့်ပတ်သတ်၍ အတွေးစ၊ အမြင်၊ အဖြစ် အပျက် ခပ်ပါးပါးတို့ကို ရိုးရိုးငြိမ်ငြိမ်လေးရေးသားသွားသည်။ နာ နေသောသူချင်းတူပေမယ့် နာပုံနာရခြင်း၊ ခံစားနေထိုင်ရခြင်းတွေ မတူကြပေ။ နေရာဒေသများကို မြင်ယောင် လာအောင် တစ်ချက်ချင်းသရုပ်ဖော်ရေးသားသွားသည်မှာလည်း နှစ်သက်စရာကောင်း လှသည်။ သူရေးပြမှ လူအိုရုံ ဟူသည်ကို ဂဃနဏနားလည်မိသည်။ လူအိုရုံဟူသည် စွန့်ပစ်ခံထားရသည့်နေရာတစ်ခုမှ မဟုတ်ပေ ပဲ။ ကျွန်မတို့နိုင်ငံက ဘိုးဘွားရိပ်သာတွေမှာကော အဘယ်သို့ရှိနေကြသည်လဲ။ စိတ်ဝင်စားဖွယ်အကြောင်းအရာ နှင့် ပြေပြစ်ရှင်း လင်းသော အရေးအသားတွေက အရသာသစ်ကို ပေးစွမ်းနိုင်ခဲ့ပါသည်။

သွေ့လွင်ပြင် သည်နူးညံ့လှပသော အချစ်ဝတ္တုလေးတစ်ပုဒ်ပင်။ လွင်ပြင်ငယ်နှင့် အက္ခရာတို့၏ သိမ်မွေ့ တိတ်ဆိတ်သော ချစ်ခြင်းမေတ္တာ၊ နုနယ်လှသော လွင်ပြင်ငယ်၏ နှလုံးသားအရောင်လွန့်လွန့်များ၊ ဆုံမှတ်မရှိ သော သူတို့နှစ်ယောက်၏ ချစ်ခြင်း ကိုအဆုံးသတ်မှ မြှပ်ကွက်လေးဖော်ကာ ဖတ်ရှုသူနင့်မောသွားအောင် ရေး သားသွားခဲ့ပါသည်။ တဂိုး၏ ကဗျာကို အဖွင့်အပိတ် တွင်နေရာကျနစွာထည့်နိုင်ခြင်းက ၀တ္တုကို ပိုမိုလှပကြွစေ ခဲ့သည်။

  • (ကြယ်စင်ငါး)

  • စာရေးသူ = ကိုဇော်
  • ကောက်ကြောင်းများ = မာရ်နတ်ရဲ့ရုပ်သွင်ပြင်၊ မိုးခါးသောက်သူများ

မာရ်နတ်ရဲ့ရုပ်သွင်ပြင်သည် အတွေးသွက်သွက်၊ အရေးသွက်သွက်နှင့် စိတ်ဝင်စားစရာဖြစ်အောင် ဆွဲ ဆောင်သွားပါသည်။ အန်ကယ်ညွန့်တစ်ယောက် ခွေးနှစ်ကောင်နှင့် နိစ္စဓူဝပတ်လည်ရိုက်နေပုံက ပြုံးချင်စဖွယ်။ ခွေးက ကြွက်နံ့ရ မြေတွင်းတူး၊ ဒါကို သူက မြေပြန်ဖို့နှင့် မနက်တိုင်းကြွက်ျနှင့်ခွေးတွေကို မေတ္တာပို့၊ မောင်းမဲနေ သည်ကို ခပ်မြူးမြူးအရေးအသားနှင့် သယ်သွား ပါသည်။ ကွန်ကရစ်လောင်းဖို့ရာ အောက်ခံမြေ မမာ၍ အခက် အခဲတွေ့နေသည်မှ စာဖတ်သူပင် တွေးမိမည်မထင်သော အချိုးကို ရုတ်တရက် သူ ကွေ့ချပြသွားခဲ့သည်။

ဘယ်အရာ၊ ဘယ်ပစ္စည်း၊ ဘယ်ဥစ္စာ၊ ဘယ်သူဘယ်ဝါ၊ ဘယ်လူ၊ ဘယ်တိရိစ္ဆာန်၊ ဘယ်သတ္တ၀ါမှ လုံးဝမကောင်းဘူးဆိုတာ မရှိပါဘူးဗျာ။ အဲဒီလို မကောင်းဘူးဆိုတာကိုတောင်မှ ကိုယ်က မြင်တတ်ရင် ကိုယ့် အတွက် ကောင်းကွက်လေးတွေ ဖြစ်လာတော့တာပါပဲ

သူကွေ့သွားသော အချိုးက လှပလွန်း၍ မဖော်ပြတော့ပါ။ ကိုယ်တိုင်သာ ဖတ်ကြည့်ကြစေချင်ပါသည်။

မိုးခါးသောက်သူများ သည် မူလပင်ကို၏ ဖြူစင်မှုသည် အခြေအနေ၊ အကြောင်းအရပ်ရပ်တို့ကြောင့် တစစအရောင်နှောလာရ သည့် အကြောင်းတင်ပြလိုခြင်း ဖြစ်သည်။ လူသား၏ ကူညီဖေးမလိုခြင်း စာနာမှု တရားသည် လူသားကြောင့်ပင် ပျက်ပြယ်ရသည် ကတော့ တရားကျစရာကောင်းလှသည်။ ဘတ်စ်ကားပေါ်တွင် ထိုင်ခုံရလူတန်းစားက မတ်တပ်ရပ်ရသည့် အားနွဲ့သူ၊ အသက်ကြီး ရင့်သူတွေကို ဦးစားပေးကြသည့်အလှကို အများစုကရေးဖွဲ့ကြသော်လည်း သူကတော့ ထိုင်ခုံပေါ် မြဲမြဲထိုင်သွားရသူ တစ်ယောက် အကြောင်း ရေးပြသွား သည်။

လူတွေသည် သာမာန်အားဖြင့်တော့ ကောင်းကြပါသည်။ သို့သော် အခြေအနေတစ်ရပ်ကို ခက်ခဲစွာဖြတ်သန်းခဲ့အပြီးမှာတော့ တချို့လူများသည် ပြောင်းလဲသွားတတ်ကြပါသည်

အဆုံးသတ်သွားသော စာပိုဒ်ကလေးက စာဖတ်သူကို တွေးစရာတွေ အများကြီးကျန်ရစ်စေခဲ့ပါသည်။

  • (ကြယ်စင်ခြောက်)

  • စာရေးသူ= နန်းအသင်္ခယာ
  • ကောက်ကြောင်းများ = Let it be…..Honey၊ ၂၁ ရာစုအန္ဓ၀န်

Let it be……….Honey ကို ၀တ္တုတိုမမည်၊ အက်ဆေးမမည်သော ရသစာစုတစ်ခုအဖြစ်သာ ဖတ်ရှုခဲ့ပါသည်။

၂၁ ရာစုအန္ဓ၀န် သည် ပြကွက်တစ်ကွက်စီနှင့် မိသားစုတစ်ခုအတွင်းမှ ခြစားနေမှုကို သရုပ်ဖော်သွား ပါသည်။ မိသားစုဝင်တစ်ယောက်ချင်းစီ၏ အကျင့်စာရိတ္တရိုယွင်းမှုနှင့်အတူ ခေတ်ကို သရော်ကာ ရေးသားသွား သည်။ ရုပ်ဝတ္တုပစ္စည်း တိုးတက်လာမှုနှင့်အတူ လူ့ဘောင်သည် ကောင်းကျိုး၊ ဆိုးကျိုးများ ဒွန်တွဲနေပေရာ ဆိုးကျိုး၏အမွေကို သိသာမြင်သာအောင် ထိမိစွာဖော်ပြသွားပါသည်။

  • (ကြယ်စင်ခုနှစ်)

  • စာရေးသူ = သတိုး
  • ကောက်ကြောင်းများ = ဆေးမင်ကြောင်၊ စီးတဲ့ရေ

ဆေးမင်ကြောင် သည် ဆေးမင်ကြောင်ကို နှစ်သက်မြတ်နိုးစွာ ရေးထိုးခဲ့သောသူတစ်ယောက် အကြောင်းရေးသားထားသည်။ ဟိုးယခင်ခေတ်များက ဆေးမင်ကြောင်များ အကြောင်းပါ တစွန်းတစ ရေး သားထားရာ စိတ်ဝင်စားဖွယ်။ ယခုခေတ် တက်တူးများ ကိုပင် စိတ်ဝင်စားခြင်းမရှိလှသည့် ကျွန်မအဖို့ ဇာတ် ကောင်ရေးထိုးသော ဆေးမင်ကြောင်လေးများကို စူးစမ်းချင် စိတ်နှင့် ဇာတ်ကောင်နောက် မျောပါသွားခဲ့ရ သည်ကိုတော့ ၀န်ခံရပေမည်။ သူ ရေးထိုးသော ဆေးမင်ကြောင် ကလေးများသည် အတိတ်ပုံရိပ် ကိုယ်စီနှင့် ဆွတ်ပျံ့ဖွယ်ရာ ကောင်းလှသည်။ သို့သော် ထိုဆေးမင်ကြောင်လေးများကို ဖျက်ဆီးချင်စိတ်ဖြစ် တည်လာ အောင် အခြေအနေ၊ အကြောင်းအရပ်ရပ်တို့က ဖန်တီးလာသည်ဖြစ်ရာ ဟိုယခင်က ဆွတ်ပျံ့ဖွယ်ရာများကို သူနှင့်အတူ ကျွန်မပါ နှမျောတသစိတ်နှင့် လွမ်းတသသ။ ထိုအခြေအနေ၊ အကြောင်းတရားတို့တွင် ကိုယ်တိုင်ပါ အတ္တအချို့နှင့်ပါဝင်ကူညီ အားဖြည့်မိခဲ့သည်ဆိုသည်ကိုတော့ အဘိုးအိုသိပါလေစ..။

စီးတဲ့ရေ သည် တစစပြောင်းလဲဖြစ်တည်လာသော ခေတ်ကာလသဘောတရားကို သိမ်မွေ့ညင်သာစွာ တရိပ်ရိပ်ရေးပြ သွားခြင်းဖြစ်သည်။ ခေတ်စနစ်သည် ပြောင်းလဲတိုးတက်လာခြင်း မည်သလို အယူအဆ၊ အမြင် တွေကလည်း တစ်ခေတ်နှင့် တစ်ခေတ် မတူညီစွာခြားနားတည်ရှိနေကြသည်။ ရှေးရိုးစွဲ အစဉ်အလာတွေ တွင် မွန်းကြပ်လှောင်ပိတ်မှုများ ရှိနေနှင့်ခြင်းဖြစ်သလို ၂၁ ရာစု၏ ပွင့်လင်းမြင်သာမှုများတွင်လည်း လိုက်မမီသော မြန်ဆန်မှုများလည်း ရှိနေကြသည်။ ဒါက လူလတ်ပိုင်းအရွယ်ခံစား မှုနှင့် ကျွန်မ၏ ရှုထောင့်လည်း ဖြစ်နေနိုင် ပါသည်။ ခေတ်သုံးခေတ်ကို ယှဉ်တွဲလျှက်ရေးသားဖော်ပြသွားပုံ မှာ နှစ်သက် စရာကောင်းလှသည်။

  • (ကြယ်စင်ရှစ်)

  • စာရေးသူ = ကိုကိုးအိမ် (မန္တလေး)
  • ကောက်ကြောင်းများ = ရွက်ကြွေတို့ရဲ့ဒိုင်ယာရီ၊ စိမ့်စမ်းရေ

ရွက်ကြွေတို့ရဲ့ဒိုင်ယာရီ သည် ချစ်ခြင်းဖွဲ့ဝတ္တုတစ်ပုဒ်ဖြစ်သည်။ အရေးအသား ညက်ညောကာ ဇာတ်ကို သိမ်သိမ်မွေ့မွေ့ဆွဲဆောင်သွားနိုင်သည်။ သို့သော် Third Person အနေနှင့် ၀တ္တုအဖွင့်မှ နောက်ပိုင်းတွင် First Person နှင့် Third Person တလှည့်စီရောထွေးနေသည်က ၀တ္တုကို အနည်းငယ်ထိခိုက်စေပါသည်။ ဇာတ် အဆုံးသတ် နိဂုံးပိုင်းသည် Blogger တစ်ဦးရေးသားသော ၀တ္တုအဆုံးသတ်နှင့် အနည်းငယ်မဆိုစလောက် ဆင်တူနေသည်ကို သတိပြုမိစေချင်ပါသည်။ ဇာတ်အိမ်အနေနှင့် စိတ်ကူးယဉ်ရုပ်ရှင်ဆန်သော အပြဖြစ်နေ သော်လည်း ညင်သာသောအရေးအသားက ဖတ်ပျော်သော သိဂါင်္ရရသတစ်ပုဒ်အဖြစ် ဖြစ်တည်စေခဲ့ပါသည်။

စိမ့်စမ်းရေ သည် အရေးအသား၊ အဖွင့်အပိတ် သေသပ်လှပသည့် ၀တ္တုတစ်ပုဒ်ဖြစ်သည်။ မိခင်တစ် ယောက်၏ ချစ်ခြင်းအင်အားကို အပြောတွေဖြင့် ရုပ်လုံးဖော်သွားသည်။ ရိုးရိုးစင်းစင်းစကားတွေကြားမှ ဒေါ်မြရင် ၏ စရိုက်၊ စိတ်ဓာတ်၊ ဘ၀ကိုသိသာမြင်သာအောင် ရေးသားသွားသည်မှာ နှစ်သက်စရာ ကောင်းလှသည်။ အချို့သောစကားပြောနှင့် စကားပြေရောယှက်သွားသော်လည်း ဇာတ်ကိုထိခိုက်လောက်အောင် မပြောပ လောက်ပါပေ။ အခန်းမဖြတ်ဘဲ တောက်လျှောက်ရေးပြသွားသော်လည်း အိုင်မနေဘဲ စိတ်ဝင်တစားဖြစ်အောင် ရေးဖွဲ့နိုင်ခဲ့ပါသည်။ စိမ့်စမ်းရေ ဟူသည့်ခေါင်းစဉ်နှင့်လိုက်ဖက်စွာ အေးမြမြခံစားလိုက်ရသည့် ၀တ္တုတစ်ပုဒ်ပင်။

  • (ကြယ်စင်ကိုး)

  • စာရေးသူ = မြသွေးနီ
  • ကောက်ကြောင်းများ = စီးဆင်းခဲ့သော၊ လိပ်ပြာ

ကျွန်မတို့တွေ သွေးလှူသောမြင်ကွင်းများစွာ ကြုံခဲ့ဖူးပါလျှက် အမှတ်မထင်မေ့မေ့ပျောက်ပျောက် ရှိနေတတ်ကြ သည်။ သွေးလှူရ သည့် ပီတိအကြောင်း သိရှိကြားဖူးပါလျှက် သိရှိခြင်းသက်သက်သာရှိခဲ့ဖူးကြ သည်။ ဆရာမ ရေးပြလိုက်သော စီးဆင်းခဲ့သော တွင်မူ ထိုပီတိလေး၏အနှစ်သာရကို စာဖတ်သူပါ ကိုယ်တိုင် ခံစားပါဝင်လာအောင် သွက်လက်သောအရေးအသားတို့နှင့် ဆွဲခေါ် သွားခဲ့သည်။ နောက် သွေးလှူခံလူနာ၏ အလှူရှင်ပေါ်ထားရှိသော လေးစားအားကိုးချစ်ခင်မှု စိတ်စေတနာ။ မေတ္တာဖြင့် အပြန် အလှန် ကူးလူးဆက်ဆံကြ သည့် အလှူရှင်နှင့် အလှူခံတို့၏ မေတ္တာပေါင်းကူးများ။ သွေးလှူခွင့်ရခဲ့သည့် တစ်နေ့တာကို ပီပြင်ကျနစွာ သရုပ်ဖော်သွားပါသည်။

လိပ်ပြာ သည်ဇာတ်အဖွင့်မှစ၍ စိတ်ဝင်တစားဆွဲဆောင်သွားခဲ့သည်။ မြင်ကွင်း၊ ပစ္စက္ခအခြအနေကို သရုပ်ပေါ်မြင်သာအောင်   ရေးဖွဲ့ထားသည်။ အမေအိုတစ်ယောက်ဆုံးပါးသွားခြင်းနှင့်နောက်ဆက်တွဲ လိုချင် ရမ္မက်များကို မြင်တွေ့ရသည့်အခါ စိတ်မသက် မသာ။ ပရိဒေ၀မီးထက် လောဘမီးတောက်လောင်တတ်ပုံ က သံဝေဂယူစရာပင်။ အစ်မကြီး၏ အတွင်းအဇ္ဈတ္တကို သူ ခွဲဝေနေပုံမှ တဆင့်မြင်တွေ့ရသည်။ ဘာကိုမှ မက်မော တွယ်တာခြင်း မရှိလှသည့် သမီးကြီးအတွက် အမေအိုစီစဉ်သွားသည်မှာ ကြည်နူး စရာကောင်းလှသည်။

အခန်းထဲရှိ လူတိုင်း၏စိတ်ထဲတွင် မိမိခံစားချက်များနှင့်ထပ်တူ မိမိ၏ အတွင်းမနောလိပ်ပြာလေးများ ကိုယ်စီကိုယ်ငှဝဲပျံနေကြသော်ငြား ထိုစိတ်လိပ်ပြာလေးများ၏ အရောင်အဆင်းများကတော့ဖြင့် တစ်ယောက်နှင့် တစ်ယောက် မတူညီ၊ ကွဲပြားခြားနားနေပေလိမ့်မည်

စာရေးသူ ဆိုလိုချင်သော လိပ်ပြာကို ပီသရှင်းလင်းစွာမြင်တွေ့လိုက်ရပါသည်။

  • (ကြယ်ဆယ်တစ်ဆယ်)

  • စာရေးသူ =သက်တန့်ချို
  • ကောက်ကြောင်းများ = ခရေတစ်ပွင့်နှင့် ချစ်ခြင်းသံစဉ်၊ စံတင်

ခရေတစ်ပွင့်နှင့် ချစ်ခြင်းသံစဉ် သည် ဘ၀ယုံကြည်ချက်၊ စိတ်စေတနာ၊ နယ်မြေဒေသတို့ကို ရောစပ် ပေါင်းယှက်ထားသော ချစ်ခြင်းဖွဲ့ဝတ္တုတစ်ပုဒ်ဖြစ်သည်။ ပြေပြစ်ရှင်းလင်းသော အရေးအသားနှင့်အတူ ဆေးပညာဆိုင်ရာဗဟုသုတအချို့ကိုပါ ခပ်ပါးပါးဖော်ပြသွားရာ ဖတ်ရသူကိုနှစ်သက်ကျေနပ်မှုရရှိစေပါသည်။ ရှည်လျားသောကာလကို အိုင်မနေဘဲ ၀တ္တုတိုတစ်ပုဒ်တွင်း အံဝင်အောင် ရေးသားသွားသော အတတ်ပညာမှာ ချီးကျူးဖွယ်ဖြစ်သည်။ ကြည်နူးဖွယ်စာသားလေးအချို့ကို ထုတ်နှုတ်ဖော်ပြချင် ပါသည်။

စိုးစီ စိုးစီအော်ဟစ်နေသော ကျေးငှက်များလည်း ကမ္ဘာမြေ၏ကြည်နူးဖွယ် ပန်းချီကားတစ်ချပ်ကို တွေ့လိုက်ရသည်ထင့်။ တိတ်ဆိတ်သွားကြ၏။ အချစ်ဆိုသည်မှာ ဖွင့်မပြောဘဲနဲ့လည်း နှလုံးသားချင်းခံစားသိရှိ နိုင်သော အရာဖြစ်ပေသည်

စံတင် သည် တစ်ညတာကာလအတွင်းမှာပင် ဦးစံတင်၏ဘ၀၊ ကြုံတွေ့နေရသောအခက်အခဲများကို သူ၏ အသိ၊ မသိခြင်း (ဇွတ်မှိတ်ခြင်း) များနှင့် အားပြိုင်မှုမှတဆင့် ပုံဖော်ပြသသွားခဲ့သော ၀တ္တုတစ်ပုဒ်ဖြစ်သည်။ ကျဉ်းထဲကျပ်ထဲရောက်နေလျှင် ကျွန်မ တို့တွေ မည်သို့ဆုံးဖြတ်ကြပါမည်လဲ။ ဦးစံတင်သည် ကျွန်မတို့တွေ ချိန်ထိုးသော စံသတ်မှတ်ချက်များမှ လွဲဖယ်ခဲ့ရသော် လည်း ကရုဏာသက်မှုကိုတော့ ရရှိစေပါသည်။ သူ့ခံစားချက်ကိုပါ အရှင်းသားမြင်နေရသလို စိတ်မသက်မသာမှုကိုပါ ခံစားရပါသည်။

  • (ကြယ်စင်တစ်ဆယ့်တစ်)

  • စာရေးသူ = ရွှေစင်ဦး
  • ကောက်ကြောင်းများ = ပျားရည်တစ်ပေါက်ချိုဖို့လုံလောက်ပါရဲ့လား၊
ပန်းကြွေပေမယ့်မွှေးရနံ့တွေဝေနဆဲပါ

            ပျားရည်တစ်ပေါက်ချိုဖို့လုံလောက်ပါရဲ့လား ကို ဖတ်မိသည်တွင် မက်မောစရာမရှိပါလျှက် ယခုထိခုံမင် နေသေးသော ကိုယ့်ကိုကိုယ်ငဲ့စောင်းကြည့်မိနေသလိုပင်။ ဇာတ်ကောင်၏ ဘ၀နေထိုင်မှုကို သူ့အပြောတွေမှ တဆင့် တစစမြင်တွေ့ရသည်။ ဝေဒနာနှင့် ခန္ဓာဝန်၏ပင်ပန်းဆင်းရဲမှုကို ခံစားနေရသည့်ကြားမှ သူ့ဘ၀ကို မက်မောတွယ်တာနေသေး   သော၊ ကြောင့်ကြဆန္ဒတွေမကင်းပြတ်နိုင်သေးသော သူ့ကိုကြည့်ကာ ‘ငါလည်း သူ့လိုပါပဲလား’ ဟူသော အတွေးတစကို ဖတ်ရှုသူ တိုင်းခံစားမိမည်ထင်သည်။ ဝေဒနာသက်သာသည်၊ မသက် သာသည် အပထား၍ မက်မောမှုတစ်ခုရရုံနှင့် မသေချာသည့် ဘ၀ကို အစီအစဉ်ချနေပုံမှာ ဆရာမ ဆိုလိုသည့် ပျားရည်တစ်ပေါက်ချိုဖို့ လုံလောက်တော့နေသည်ထင်သည်။

            ပန်းကြွေပေမယ့်မွှေးရနံ့တွေဝေနေဆဲပါ ကိုဖတ်အပြီး ကျွန်မရင်မှာ တွေတွေငေးငေး။ သာမာန် အကြောင်းအရာလေး ပါပဲ။ ပျော့ပျောင်းနူးညံ့သော အဖွဲ့အနွဲ့တွေမပါ။ ရိုးရိုးရှင်းရှင်းနှင့် အေးဆေးစွာရေးသား ထားပုံက ကျွန်မ ရင်ကိုထိရှစေသည်။

တိုင်းတာလို့မရနိုင်တဲ့ သံယောဇဉ်နဲ့မေတ္တာတရားတွေကို ပန်းလေးတွေနဲ့သာ တင်စားခဲ့ရင် ကျွန်တော့်ရင်ထဲက မောင်ငယ်လေးဟာဘ၀မှာ ပထမဆုံးကြွေလွင့်သွားတဲ့ ကျွန်တော်မြတ်နိုးတဲ့ ပန်းလေးတစ်ပွင့်ပါ

ထိုစာသားကို ဖတ်အပြီး ရပ်တန့်နေသည်မှာ စက္ကန့်မည်မျှကြာသည်မသိ။ စာရေးသူကတော့ မာန ကြောင့်တဲ့။ ကျွန်မတို့ဘ၀တွေမှာ မာနကြောင့်၊ မဖြစ်သင့်ဘူးဟူသော အသိဆန္ဒကြောင့်၊ ကျင့်ဝတ်ကြောင့် စသဖြင့်ကြွေလွင့်ခဲ့ရသော ပန်းကလေးတွေ မည်မျှများနေ ခဲ့ပြီလဲ။ သူတို့မောင်နှစ်မတွေ။ ဖြူစင်သောမေတ္တာကို မြင်တွေ့ဖတ်ရှုနေရသော ကျွန်မရင်တွေ တနင့်နင့်။ သူဆက်ပြောသော သူငယ်ချင်းမအကြောင်းတွင် သူငယ်ချင်းမ၏ စိတ်နေစိတ်ထား၊ စရိုက်၊ အမူအကျင့်သာမက သူ၏ စိတ်ထား၊ အဇ္ဈတ္တကိုပါ တွဲဖက်   မြင်နေရသည်။ ဇာတ်ကြောင်းပြန်ပြောခြင်းဖြင့် 1st person နေရာမှ ရေးသားထားသည်ဆိုပေမည့် ဘ၀ပုံရိပ်အစိတ် အပိုင်း၊ တွဲဖက်ပါဝင်နေကြသောသူများ၏ ဘ၀ပုံရိပ်များကို တရိပ်ရိပ်မြင်ယောင်လာစေသည်။ အမှန်တရား ဆိုတောင် ခံသာအောင်ပြော သင့်တယ်ဟူသော အတွေးတစနှင့်အတူ မခံချင်စိတ်ကြောင့် ပန်းလေးတစ်ပွင့် ကြွေလွင့်ခဲ့ရပြီကို သိလိုက်သောအခါ ဒီပန်းတစ်ပွင့် အတွက်တော့ စာဖတ်သူကျွန်မ နှမြောတသ မဖြစ်မိတော့ပါ။

ကြွေလွင့်သွားတဲ့ ပန်းလေးနှစ်ပွင့်ကို မကြာခဏသတိရရင်းတခါလောက်များပြောခွင့်ကြုံရင်..မင်း မှန်ပါတယ် သူငယ်ချင်းကို ယ် ဟာ တကယ်ဘဲရင့်ကျက်မှုမရှိခဲ့ပါဘူးလို့ ပြောလိုက်ချင်သလိုမောင်ငယ် လေးနဲ့များ တကွေ့ကွေ့မှာတွေ့ ခဲ့ရင်လည်းမကြာခဏ သတိရ လွမ်းဆွတ်ရပါတယ်လို့ ပြောချင်ပါသေးတယ်

ဝတ္တုအဆုံးသတ်မှ ဖြတ်တောက်ရန်ခက်လှသည့် သံယောဇဉ်တစွန်းတစကို မြင်လိုက်ရသလို ကျွန်မ ကိုယ်တိုင်လည်းငေးမော သွားခဲ့မိပါသည်။

  • (အဆုံး)

အပြာရောင် ကောင်းကင်ဝယ် ကြယ်ပွင့်ကလေးတွေ တလက်လက်တောက်ပနေကြသည်။ ကျွန်မ သိသော ကြယ်ပွင့်ကလေးတွေ ဘယ်နှစ်ပွင့်လဲ…..တစ်ပွင့်..နှစ်ပွင့်..သုံး လေး ပွင့်သာ..။ မည်သို့ဆိုစေ သူတို့ အနီးသို့ ကျွန်မ တိုးရွှေ့သွားခဲ့သည်။ ကျွန်မ မြင်တွေ့ လိုက်ရသည်။ အလင်းရောင်တွေ တဖျပ်ဖျပ်။ ထို အလင်း ရောင်ကလေးတွေ ကာလရှည်ကြာစွာ တောက်ပသည်ထက်တောက်ပစေ ချင်လှပါသည်။           ။


ချစ်ခြင်းမေတ္တာဖြင့်
ရွှေအိမ်စည်
2.2.2013
PM:3;33

 

©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB