ပဲပြုတ်သည် မျက်မမြင် မိန်းမတစ်ယောက်နဲ့
သူ့သားလေးရဲ့ အပြန်အလှန်မေတ္တာ အားပြိုင်မှူ့ကို သရုပ်ဖော်ထားတဲ့
(လမ်းမမည်ခဲ့သော) ဆိုတဲ့ မိုင်တိုင်တစ်ခုရဲ့ ဖွဲ့သီမှူ့နဲ့အတူ ကျန်တဲ့
မိုင်တိုင် ၁၉ခုရဲ့ အသီးသီး ခံစားဖွဲ့သီမှူ့များကို
တဝကြီးဖတ်ရှူ့ ခံစားနိုင်မယ့်
(မိုင်တိုင်နှစ်ဆယ်) ဆိုတဲ့စာအုပ်ကလေး စာဖတ်သူတို့ရှေ့ကို
ရောက်ရှိလာပါပြီ...... မိုင်တိုင်နှစ်ဆယ် စာအုပ်လေးဟာ
ကျနော်တို့ရဲ့မှတ်တိုင်၊ ကျနော်တို့ရဲ့ အမြုတေလေးပါ.....
ကျနော်တို့ရေးသား ကမ္ဗည်းတင်ခဲ့တဲ့ မိုင်တိုင်တွေနဲ့
စာဖတ်သူတို့ရဲ့ ရင်ထဲကခံစားချက်များ... တစ်နေရာရာများ
ဆုံတွေ့ခဲ့ကြမယ် ဆိုရင်ဖြင့် ကျနော်တို့တွေ အရမ်းဝမ်းသာရမှာပါ......
ဒီစာအုပ်ကလေးကို ဘလော့ဂါ အိန်ဂျယ်လှိုင် မှစီစဉ်ခဲ့တာဖြစ်ပြီးတော့ AMK Creation မှ ဖန်တီးပုံဖော်ခဲ့ခြင်း ဖြစ်ပါတယ်........ ဒီနေ( 22.1.2013) မှာ
စာပေလောက စာအုပ်တိုက်ကနေ ဖြန့်ချီလိုက် တာဖြစ်ပါတယ်.... မိုင်တိုင်တို့ရဲ့ အားမာန်တွေ
ဘယ်လောက်ထိ စိမ့်ဝင်ဖန်တီး ခဲ့ကြတယ်ဆိုတာ
ဒီစာအုပ်ကလေးမှာ တွေ့နိုင်မှာပါ......
မြစ်ကျိုးအင်း - အိမ့်ချမ်းမြေ့
သတိုး - မြသွေးနီ
ကိုဇော် - သက်ဝေ
သက်တန့်ချို - ခင်လေးငယ်
ဗညားရှိန် - ချော(အစိမ်းရောင်လွင်ပြင်)
မောင်ရေချမ်း - မိုးပန်းချီ
နေပိုင် - မြတ်မွန်
လက်ဝဲ - မြတ်ပန်းနွယ်
ကိုကိုးအိမ်(မန္တလေး) - ဂျွန်မိုး
အလင်းသစ် - အိန်ဂျယ်လှိုင်
တို့ပါဝင်ရေးသားထားကြတာဖြစ်ပါတယ်....
ဖြန့်ချီရေးအနေဖြင့် စာပေလောက(၅) နဲ့ဖြန့်ဖို့ စီစဉ်ထားပြီး အဓိကအားဖြင့်
ရန်ကုန်(Ocean ၊ Lion City, Taw Win, Asia Light စသည့် စီးတီးမာတ်များ အပါအဝင်) မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ နေပြည်တော် များကို တာဝန်ယူ
ဖြန့်ချီပေးသွား မယ်လို့ သိရပါတယ်။ စာအုပ်ဆိုင်ပေါ် ရောက်မယ့်ရက်တွေ အတိအကျကို
ထပ်မံအသိပေးသွားပါ့မယ်....
မိုင်တိုင်တွေထဲက လမ်းမမည်ခဲ့သောဆိုတဲ့မိုင်တိုင်လေးကို တစွန်းတစ်စ လှစ်ပြရပါလျင် -(မမွှေးရင်ထဲမှစကားတွေကို
သားမှ ကြားပါလေစ.. သားရဲ့ အနာဂတ်သည် ဘာမှမရေရာ… သားရဲ့ အိပ်မက်တွေ ကိုလည်း
မရိုက်ချိုးရက်… ကျွန်မ အမေတစ်ယောက်ပါ.. အမေတစ်ယောက်ရဲ့ အတ္တဟာ သားတစ်ယောက်
ထိပ်ဆုံးရောက်ဖို့… အမေတစ်ယောက် ရဲ့ နိဂုံးဟာ သားတစ်ယောက် အောင်မြင်ဖို့..
အမေတစ်ယောက်ရဲ့ နှလုံးသားဟာ သားတစ်ယောက် အနာဂတ်လှဖို့ပါ.. ကျွန်မလည်း
အမေတစ်ယောက်ပဲလေ.. သားကို အောင်မြင်စေချင်တာ၊ ထိပ်ဆုံးရောက်စေချင်တာ၊
အနာဂတ် လှစေချင်တာ ကျွန်မရဲ့ အတ္တပဲပေါ့.. ကျွန်မသားအတွက် ကျွန်မ
အသွေးတွေ ခန်းသွားပါစေ.. ကျွန်မအရေတွေ ဆုတ်သွားပါစေ ကျွန်မ ကြိုးစားရပါဦးမည်။
အခုလက်ရှိမှာတော့ ကျွန်မလက်တွေကို သားကတွဲလျှက် လမ်းပြဆဲပင်..။ (လမ်းမမည်ခဲ့သော)
ကျန်တဲ့မိုင်တိုင်တွေကတော့ စာအုပ်ကလေး လက်ထဲမရောက်သေးလို့ ဖတ်ချင်လျက်နှင့် ဖတ်ခွင့်မရသေးပါ.... :)
ဖြတ်သန်းခဲ့ပြီးသော မိုင်တိုင်များစွာတွင် အချို့သည် အမှတ်တမဲ့မျှဖြင့်
မေ့မေ့လျော့လျော့နှင့် ကွယ်ပျောက်သွားတတ်ကြပြီး၊ အချို့သည် အထင်ကရအဖြစ်
ဘဝတွင် ထင်ထင်ရှားရှား ကဗ္ဗည်းတွင် ကျန်ရစ်နေတတ်ကြသည်။ .....Tuesday,
January 22 .2013 မှစ၍ စာပေလောကမှ စတင်ဖြန့်ချီမည် ဖြစ်ပါကြောင်း ....
သတင်းကောင်း ပါးလိုက်ရပါတယ်ခင်ဗျာ....
ချစ်ခြင်းအားဖြင့်
ကိုကိုးအိမ်(မန္တလေး)