ဘောင်ကျော်ခြင်း

|

အမုန်းမြို့ရိုးရဲ့ တစ်ဖက်
မင်းရဲ့စိတ်က ဂယောက်ဂယက်နဲ့
မို့မောက်တဲ့မင်းရဲ့နဖူး
ပွလွန်းတဲ့ မင်းရဲ့နှာခေါင်း
ချိုင့်လွန်းတဲ့ မင်းရဲ့ပါးပြင်
ထူလွန်းတဲ့ မင်းရဲ့နှုတ်ခမ်း
မင်းအသားက ခပ်ညိုညို
လူက ပုကွကွ
အနုအရွ အလှအပနဲ့
ငါ့ကိုလာဖမ်းစား
ခြေလှမ်းအမှားများနဲ့(ငါ)
ဝေခွဲမရဖြစ်နေမိပြီ....

ရှေ့တိုးလည်းမှား နောက်ဆုတ်လည်းလွဲ ပစ်မှတ်ကတခြား ရင်တွင်းမှစကား ပြောပြောနေတယ် ချစ်တယ်... ချစ်တယ်တဲ့..
ခုန်လိုက်တာလည်း မပြောနဲ့ Justin Bieber တောင် လက်မြှောက်တယ် Over Feel က ငါ့ရင်မှာအပြည့် ရင်ထဲကလျှံကျလို့ နတ်သမီးကတောင် ကောက်ကိုင်ကြည့်သေးတယ်. သွေးတွေကအစ ညစ်နေတာ တွေ့လေရာ စီးဆင်းနေပါပကော...

ခံစားရေးသားသူ... ကိုကိုးအိမ်(မန္တလေး)

မုန်းတီးခြင်းစစ်ပွဲ

|

အသည်းကြေညာစာတမ်း တစ်ပိုဒ်ကို
ငါဖတ်မိချိန်
ဝေးနေခဲ့တဲ့ နေ့ရက်တွေ
အပိုဖြစ်ခဲ့တယ်...

အမုန်းတွေပိုင်ဆိုင်ထားလို့
အချစ်ဆိုတာ ခံစားလို့ရတယ်...
ကြုံကြိုက်ဆုံမှတ်ခဲ့တဲ့ မင်းအကြည့်
မင်းအပြုံးမှာ မျောလွင့်လို့
ကြုံလေရာမှာ အားသစ်ကိုမွေးလို့
မဆုံဖြစ်အောင် ဆုတွေတောင်း
ခြွေချခဲ့တဲ့ ပန်းတစ်ခိုင်ကို
လှုပ်ရမ်းချင်မိပြီ...

အလွမ်းဆိုတဲ့ဒဏ်ရာကို
မြေခစေဖို့
အဆိပ်တွေပြည့်နေတဲ့
ခရောင်းလမ်းကိုငါ
ရေလောင်းခဲ့တယ်..

မြင့်မြတ်လှတဲ့ ပန်းသဇင်တောင်
မြေခလို့ အသေအသပ်
လှပအောင် ဝေဆလှတဲ့
အပြုံးကိုဖန်ဆင်း
အမုန်းရထားကိုစီးလျှက်
ဒဏ်ရာဆိုတဲ့ လက်နက်ကိုကိုင်စွဲ
တတိယကမ္ဘာစစ်ကို မျှော်လင့်ရင်း
အလွမ်းမီးတွေ တောက်လောင်စေခဲ့ပြန်တယ်...


ခံစားရေးသားသူ... ကိုကိုးအိမ်(မန္တလေး)

ရင်ထဲက အက္ခရာများ

|

သူငယ်ချင်း တစ်ယောက်က သူ့ရင်ထဲမှာရှိတဲ့ အက္ခရာတွေကိုရေးပြသွားတော့ကိုးလည်း ရေးပြချင်စိတ်တွေ တဖွားဖွားနဲ့ကို ပေါ်လာပါတယ်။ စာမရေးဖြစ်တာလည်း ကြာပြီမို့လား။ ကဗျာတွေပဲ ပိတ်ပိတ်တင်လွန်းလို့ မချောကတောင် ခံစားချက်တွေပြင်းထန်နေပါလား လာပြောသွားသေး.. ပြောရမှာလည်း ရှက်ပါတယ်လေ.. ခုတော့ ရင်ထဲကအက္ခရာလေးတွေ ကိုပဲပြောတော့မယ်နော်...

စလုံး အက္ခရာ
ိကိုးဘ၀မှာလူမှန်း သိတတ်ကတည်းက ရင်ထဲမှာရှိနေခဲ့တဲ့ အက္ခရာကတော့ စလုံးပါ.. စလုံးဆိုတာကတော့ ကိုးရဲ့ အချစ်ဆုံး မေမေပါ.. ဒီနာမည်လေးကို ချစ်စနိုးပေးဖြစ်တာ မေမေတောင်မသိသေး ပါဘူး။ ငယ်စဉ်ကတည်းက ကိုးအပေါ်မှာ အစိုးမိုးခဲ့ဆုံး အက္ခရာလေးပါ.. ဒီအက္ခရာလေးကိုပဲ အမြဲတမ်းထိတွေ့ ယဉ်ပါးခဲ့ရတာပါ... ဘယ်လောက်ပဲ အခက်အခဲကြုံခဲ့ ကြုံခဲ့ မေမေ့ကို ရင်ဖွင့်လိုက်ရရင် ပေါ့ပါးသွားတတ်တာ အရမ်းအံ့သြစွာနဲ့ လက်ခံခဲ့ရပါတယ်.. ဘ၀ရဲ့အခက်ခဲဆုံးအချိန်တွေမှာ တောင် မေမေ့ရဲ့ စိုးရိမ်စကားလေး တစ်ခွန်းနဲ့ နှစ်သိမ့်စကားလေး တစ်ခွန်းက များစွာသက်ရောက်မှူ့ရှိခဲ့တာ အသေအချာပဲလေ..

ဆလိမ် အက္ခရာ
ဒီအက္ခရာလေးကတော့ စလုံးပြီးရင် အလွှမ်းမိုးခဲ့ဆုံး အက္ခရာလေးပါ... ဒီအက္ခရာလေးရဲ့ ပိုင်ရှင်ကတော့ ဖေဖေပါ.. သားအပေါ်ဘယ်လောက်ပဲချစ်ချစ် ဘယ်တော့မှ အပြင်ကိုထုတ်မပြတတ်တဲ့ အဖေတစ်ယောက်ပေါ့.. ဒါပေမယ့် ဘယ်လောက်ပဲ ပါးစပ်ကပြောပြော နောက်ဆုံးမှာ အလိုလိုက် အကြိုက်ဆောင်ပေးခဲ့တဲ့ အဖေတစ်ယောက်ပါ.. ဘယ်လိုပဲဆက်ဆံရေးအဆင်မပြေ မပြေ ကိုးရဲ့ဘ၀တစ်လျှောက်လုံးကို အကြီးမားဆုံး ထောက်မပေးခဲ့သူတစ်ယောက်ပါ.. အကောင်းဆုံးနဲ့ အတတ်နိုင်ဆုံး အရိပ်ထိုးပေးခဲ့သူတစ်ယောက်ပါ.. ဘ၀ရဲ့ အရေးကြီးဆုံး ဆုံးဖြတ်ချက်တွေကို အကောင်းဆုံးမီးမောင်း ထိုးပေးခဲ့သူပဲလေ.. ဘ၀ရဲ့ပုံရိပ်တွေကိုလည်း လှပစွာ ရုပ်လုံးပေါ်လာအောင် ထုဆစ်ပေးခဲ့တဲ့ ပန်းပုဆရာတစ်ယောက်ဆိုလည်း မမှားဘူးပေါ့...

ဟကလေး
ဒီအက္ခရာလေးကတော့ ကိုးရဲ့ဘ၀ကို အသက်ဝင်စေခဲ့ဆုံး ဆိုပါတော့.. တစ်ယောက်တည်းသော ညီမလေး အဖြစ် ဘယ်လောက်ပဲချစ်ခဲ့ချစ်ခဲ့ ဘယ်တော့မှလည်း တည့်ကြတယ်လို့ မရှိဘဲ တစ်ယောက်ပျောက်ရင်လည်း တစ်ယောက်မေးတတ်ခဲ့ကြတဲ့ မတည့်အတူနေ မမြင်ချောင်းကြည့် ညီမလေးတစ်ယောက်ပါ.. ကိုးက အမေတူမို့ အမေ့ဘက်ကအမျိုးတွေနဲ့ အမေကအချစ်ပိုခဲ့သလို အဖေတူတဲ့ ညီမလေးကိုလည်း အဖေ့အမျိုးတွေနဲ့ အဖေက ပိုချစ်ခဲ့ကြတာ ငယ်ငယ်လေးကတည်းက ကျွမ်းဝင်ခဲ့တဲ့ ခံစားမှူ့တွေပါ.. ဘယ်လိုပဲပြောပြော ဘယ်လိုအခြေအနေမျိုးမှာ ပဲရောက်ရောက် ပါးစပ်ကဘယ်လိုပဲပြောပြော ဖေတို့မေတို့ပြီးရင် ကိုးဘ၀မှာ အတွယ်တာရဆုံး သံယောဇဉ်ကတော့ ဟကလေးပါပဲ... ဟကလေးဆိုတာကတော့ အိမ်နာမည်လည်းမဟုတ် ပါဘူး။ သူ့နာမည်ထဲက တစ်လုံးကို ချစ်စနိုးနဲ့ ကိုးတစ်ယောက်တည်း ပေးထားခဲ့တာပါ...

ယပက်လက်
ဒီအက္ခရာပိုင်ရှင်လေးကတော့ ကိုးဘ၀ကို အလှပဆုံး နဲ့ အဆန်းကြယ်ဆုံးဆေးရောင်တွေ ခြယ်ပေးခဲ့သူလို့ ဆိုရမှာပါ.. ဘယ်တော့မှ မမေ့နိုင်ခြင်းတွေနဲ့ အမှတ်တရပေါင်းများစွာကို ယူဆောင်လာပေးခဲ့တဲ့ သူတစ်ယောက်ပါပဲ.. ဘယ်လိုအခြေအနေမျိုးမှာပဲ ရောက်ရောက်၊ ဘယ်လိုအဖြစ်အပျက်မျိုးပဲ ကြုံကြုံ နွေးထွေး တဲ့လက်တစ်စုံနဲ့ ကြင်နာတတ်တဲ့နှုတ်ခမ်းတစ်စုံကိုတော့ ဘယ်တော့မှာမေ့လိမ့်မည်မဟုတ်ပါ... ၀မ်းနည်းမှူ့ တွေကြုံလာရတိုင်း၊ ဆုံးရှုံးမှု့တွေကြုံလာရတိုင်း မေမေပြီးရင် အနီးကပ်အားပေးတတ်ခဲ့တဲ့ သူတစ်ယောက်လေ.. အဲလိုမျိုး နှစ်သိမ့်တတ်ခဲ့တဲ့ သူတစ်ယောက်၊ သုံးနှစ်တိုင်တိုင် ရင်ချင်းအပ်ခဲ့ကြတဲ့နှစ်ယောက် ဟာ သုံးနှစ်ဆိုတဲ့ အချိန်ကို ကျော်လွန်ခဲ့တာနဲ့ အကြောင်းအမျိုးမျိုးကြောင့် ကွဲကွာခဲ့ကြတာတော့ ကံကြမ္မာကိုပဲ ယိုးမယ်ဖွဲ့ရလေ မလား.. ဒါပေမယ့် အရမ်းချစ်ခဲ့ကြတဲ့ ချစ်သူနှစ်ယောက်ဟာ ခုချိန်မှာတော့ အကောင်းဆုံးမိတ်ဆွေတွေ အဖြစ်ကို ကျေနပ်စွာလက်ခံပြီး အားငယ်ကြတဲ့အခါတိုင်း နှစ်သိမ့်ပေးတတ်ကြတဲ့ သူနှစ်ယောက်အဖြစ်ပေါ့.. ယပက်လက် လို့ နာမည်ဝှက်လေးပေးထားခဲ့တဲ့ ချစ်ခဲ့ရသူလေးကတော့ ဘယ်အချိန်ပဲရောက်ရောက် ဘယ်လိုအခြေအနေ မျိုးပဲရောက်ရောက် မပြောင်းမလဲ ချစ်ဆဲပေါ့.. ဒါပေမယ့်လည်းလေ ဘ၀တွေကတော့.....................

နငယ်
ဒီအက္ခရာလေးကတော့ ကိုးဘ၀မှာ အရေးပါဆုံးလူတစ်ယောက်အဖြစ် အချိန်တိုင်းမှာ ရပ်တည်ခဲ့သူတစ်ယောက် ပါ.. ဖေတို့မေတို့နဲ့ အမြဲမနေခဲ့ရတဲ့ ကိုးဘ၀မှာ ချစ်သူနဲ့ ခွဲခဲ့ရတဲ့အချိန် အနားမှာ ကျောက်တိုင်တစ်တိုင်လို အခိုင်မာဆုံးရပ်တည်ပေးခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ပေါ့... ဒုတိယနှစ်တုန်းက စာမေးပွဲကောင်းကောင်း မဖြေနိုင်လို့ သည်းသည်းထန်ထန်ငိုကြွေးခဲ့ဖူးတဲ့ ကိုးကို အနီးကပ်ဆုံး အင်အားတွေမွေးပေးခဲ့တာလည်း သူပဲပေါ့.. နောက်ဆုံးနှစ်မှာ ဂုဏ်ထူးတန်းဆက်တက်ဖို့ ဘယ်လောက်ပြောပြော အရမ်းခေါင်းမာခဲ့တဲ့ ကိုးက သူနဲ့တူတူ ကျောင်းဆက်မတက်လို့ စိတ်ကောက်နေခဲ့ဖူးတယ်လေ.. ဘယ်လိုပဲဖြစ်ဖြစ်ပါ... အချိန်တိုင်းမှာ အနီးကပ်ဆုံး သူငယ်ချင်းတစ်ယောက်အဖြစ် ရပ်တည်ပေးခဲ့တဲ့ နငယ်ဟာလည်း ကိုးဘ၀မှာ မရှိမဖြစ်ပါပဲ.. အင်း နငယ်လည်း နောက်နှစ်ဆိုရင် ကိုးကိုချန်ခဲ့တော့မှာပါပဲ.. ရေခြားမြေခြားကို ထွက်ခွါဖို့ကြိုးစားနေခဲ့တဲ့ နငယ်ဟာ ယောက်ျားတစ်ယောက်ဖြစ်တဲ့ ကိုးထက်တော့ အများကြီးသတ္တိရှိခဲ့တာကိုတော့ ၀န်ခံမိပါရဲ့..


ကိုးဘ၀မှာ အရေးပါဆုံးအက္ခရာတွေဟာ ကိုးက ချန်ရစ်ခဲ့ရတာလည်းရှိသလို ကိုးကိုချန်ထားရစ်ခဲ့တာတွေလည်း ရှိပါတယ်... ဘယ်တော့မှာ ချစ်ခြင်းမှာ ကံမကောင်းတတ်ခဲ့တဲ့ ကိုးဟာ ဖေနဲ့မေကိုလည်း ချန်ထားရစ်ခဲ့ရသလို ညီမလေးနဲ့လည်း တူတူမနေရပါဘူး... အချစ်ဆုံးသူနဲ့ ကွေကွင်းခဲ့ရသလို အခိုင်မာဆုံးသူငယ်ချင်းကလည်း နှုတ် ဆက်ထွက်ခွာဖို့ ကြံစည်နေပြန်သတဲ့လေ... ဒါပေမယ့် ဘယ်အချိန်မှာပဲဖြစ်ဖြစ်၊ ဘယ်လိုအခြေအနေမျိုးပဲ ရောက်ရောက် ကိုးရင်ထဲက အက္ခရာတွေကတော့ ဘယ်တော့မှမပျောက်ပျက်နိုင်စွာ ရေးထွင်းထားခဲ့တဲ့ အက္ခရာတွေပဲလေ.. ဘယ်လိုသတ်ပုံမျိုးကမှ အဓိပ္ပါယ်ပြောင်းလဲမပစ်နိုင်တာကတော့ အသေချာဆုံးပေါ့.....


စာရေးသူ....ကိုကိုးအိမ်(မန္တလေး) (7.11.2010)


ရင်ခွင်ပျောက်သောကောင်လေး

|

ဘ၀မှာဆက်လက်ရပ်တည်ဖို့ အားအင်တွေယုတ်လျော့နေခဲ့ပါလား.. ဒီအချိန်မှာ ငါ့အတွက်ဘာတွေလိုအပ်နေခဲ့ပါလိမ့်..

တစ်စုံတစ်ရာကို ဘာမှန်းမသိပဲ တောင့်တနေခဲ့မိတယ်.. ငါ့အတွက် ကျယ်ပြန့်တဲ့ ပခုံးတစ်စုံလောက်တော့ လိုအပ်လိမ့်မယ်... ငါငိုဖို့ပေါ့...

ငါဟာ ရင်ခွင်ပျောက်သူတစ်ယောက် ဖြစ်မှန်းမသိဖြစ်နေခဲ့ပါလား.. လေနှင်ရာလွင့်နေတဲ့ ဘ၀တစ်ခုကို ဆက်လက်ရပ်တည်ဖို့ ထောက်ကန်ထားရတာ ၀န်ထုပ်ဝန်ပိုးကြီးတစ်ခု ငါ့ပခုံးပေါ်ပိနေသလိုပဲ...

ငါ.. ငိုနေတယ် ငါ့ဘေးမှာဘယ်သူရှိသေးလည်း.. ဟာ.. တစ်ယောက်မှမရှိပါလား ဒါဆို ငါတစ်ယောက်တည်းပေါ့.. ငါ့အတွက် ပခုံးလည်းမရှိ.. ရင်ခွင်တစ်စုံလည်းမရှိ... အား... ဘာမှကိုမရှိပါလား

ခံစားရခက်လိုက်တာနော်.. ဒါဆို ရင်ခွင်ပျောက်သူပေါ့..... ဒါပေမယ့် ဘယ်လောက်ပဲ ခံစားနေရပါစေ ငါ့မျက်ရည်တွေကိုတော့ ငါချစ်တဲ့သူကလွဲလို့ ဘယ်သူမှမမြင်စေရဘူး..

ငါဟာ အထီးကျန်သော ရင်ခွင်ပျောက်သော အားကိုးရာမဲ့သော ခံစားလွယ်တတ်သော ခပ်ညံ့ညံ့ကောင်တစ်ကောင် ဖြစ်မှန်းမသိဖြစ်နေခဲ့ပါလား...


စာရေးသူ...ကိုကိုးအိမ်(မန္တလေး)

ဘယ်လိုမှမခံစားနိုင်တော့တဲ့အချိန်မှာ တိတ်ဆိတ်တဲ့ညသန်းခေါင်ယံမှာ အိပ်ပျက်ညတွေများစွာထဲက တစ်ညမှာ မျက်ရည်များနဲ့ရေးခဲ့တဲ့ ကဗျာလေးပါ.. မိုးလင်းသွားခဲ့ပေမယ့် မျက်ရည်မိုးမလင်းနိုင်သေးတဲ့ ခံစားချက်တွေ တနင့်တပိုးနဲ့ပေါ့... ထိုအချိန်မှာတော့ တစ်စုံတစ်ယောက်ကို အပြင်းအထန် သတိရနေခဲ့ပါသည်။

မှော်ဝင်ချစ်သူ

|

ညတစ်ခုရဲကအလှ
“မ” အပြုံးနဲ့မှ ပြည့်စုံမှာလား
လွမ်းမောမှူ့အပြည့်နဲ့ ချစ်ခဲ့တဲ့ငါ...
မှားပြီ.........

ခံစားနေရတဲ့ ရင်ခွင်ဗလာ
မဆုံနိုင်တော့မှ ပြန်အောက်မေ့ချင်
အနှစ်မရှိတဲ့ အကာတစ်ဝက်
အချစ်မရှိတဲ့ ကမ္ဘာပျက်သုဉ်း
အမုန်းနံရံတွေ ခြားနားခဲ့ပြီ...

ချစ်မဆုံးတဲ့ အမုန်းဧကရီ
ပုန်ကုန်ခြားနားမယ့် အချစ်နယ်စားလေး..
ခံတပ်တွေ လုံခြုံခဲ့တော့..
ငါ....

ရင်ခွင်တစ်ခုလုံးတုန်ခါခဲ့တယ်
လေညှင်းလေးက ကူညီပေးနေတယ်
လမင်းကြီးကတော့ ပြုံးလျှက်
ကြယ်လေးတွေက ဟားလျှက်
သရော်သလို မှော်ဆန်ဆန်နဲ့
ကန်ချင်စရာ မုန်းချင်စရာ
မြင်ကာမှ ပိုလို့ဆိုး
ဝေဒနာကို ဝေဒနာလို့ကြည့်မိမှ
ငါဟာ လူတစ်ယောက်ကို လေးစားလာခဲ့မိတယ်..


ခံစားရေးသားသူ... ကိုကိုးအိမ်(မန္တလေး)

မျက်ရည်များနဲ့ကောင်းကင်

|

ရိုးစင်းမှူ့ရဲ့ နောက်ကွယ်မှာ အမှောင်အတိ
မမြင်နိုင်တဲ့ ကောက်ကျစ်လုပ်ကြံမှူ့တွေ
အပြည့်ဖုံးအုပ်ထား...

မသိသောသူ မရှိသောသူ လူတိုင်းတော့ခံစားတတ်ကြတယ်...
တိမ်တွေငိုနေတယ်
ကောင်းကင်ကြီးက စိတ်မကောင်းစွာပဲ
ချော့သိပ်ပေးနေတယ်...

ကြယ်လေးတွေ ခရေပွင့်ကောက်နေတယ် ကောင်းကင်ကြီးက စိတ်မကောင်းစွာနဲ့ပဲ ပိတ်ကားစ အမဲကြီးကို ချပေးလျှက် မျှော်လင့်ချက်တွေ ပျောက်ဆုံးလျှက် ခါးသီးမှူ့တွေကို ရင်ဝယ်ပိုက်လျှက် ဒဏ်ရာဒဏ်ချက်တွေရဲ့ ထိုးနှက်မှူ့ကြောင့် ပျော်ရွှင်နေတဲ့(ငါ) အလွမ်းတွေကိုသာ မျိုချနေမိတယ်..

ပျော်ရွှင်မှူ့ဆိုတဲ့ ရမ္မက်ကို ရင်မှာပိုက်
လောဘက ကျောမနောက်ရောက်နေတဲ့အချိန်
ချယ်ရီပန်းတို့ရဲ့ ရိုးစင်းစင်းနိုင်လှမှူ့က
ငါ့ကို နာကျင်တဲ့ အမှတ်တရတစ်ခု
လက်ဆောင်ပေးခဲ့တယ်...

လင်းလက်တဲ့ကြယ်ပွင့်လေးတွေက ငါ့ကို တောက်ပစေတဲ့ နာကြည်းမှူ့တွေကို တစ်ထွေးကြီး ပြန်အမ်းခဲ့တယ်...

မလိုချင်ပေမယ့် အကုန်လုံးကို
လက်လွှတ်ခဲ့ရတယ်...
စိတ်ထဲကမပါပေမယ့်..
အရာအားလုံးကို ပြုံးကြည့်နေခဲ့မိတယ်...

ဘ၀ရဲ့အရောင်ခြယ်မှူ့ကို မခံရခင်မှာပဲ ငါဟာ အဖြူထည်တစ်ထည်လို ညစ်ညမ်းနေခဲ့တယ်.. ငါတို့ ပတ်ဝန်းကျင်ကြီးလိုပေါ့...
လမ်းကွေ့တစ်ကွေ့၊လူတွေပြွတ်သိပ်
မွတ်သိပ်ဆာလောင်မှူ့တွေနဲ့
ဓာတ်တိုင်ကတောင် အားမရှိလို့
ပျော့ခွေနေလေရဲ့....

နွမ်းပါးတဲ့ ညတစ်ညမှာ အက်ဆစ်ရည်တစ်ခွက်ကို ငါ.. မော့ချလိုက်မိတယ်...
အော်.. လူ့ဘဝ
မူးဝေနေလိုက်တဲ့အကောင်
ခေါင်ရည် ပြင်းပြင်းတစ်ခွက်ကို
မော့ချလိုက်ရသလိုပဲ...
အဟက်ဟက်.. ရယ်ချင်တယ်ကွာ

ခံစားရေးသားသူ... ကိုကိုးအိမ်(မန္တလေး)

 

©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB