ရိုးစင်းမှူ့ရဲ့ နောက်ကွယ်မှာ အမှောင်အတိ
မမြင်နိုင်တဲ့ ကောက်ကျစ်လုပ်ကြံမှူ့တွေ
အပြည့်ဖုံးအုပ်ထား...
မသိသောသူ မရှိသောသူ လူတိုင်းတော့ခံစားတတ်ကြတယ်...
တိမ်တွေငိုနေတယ်
ကောင်းကင်ကြီးက စိတ်မကောင်းစွာပဲ
ချော့သိပ်ပေးနေတယ်...
ကြယ်လေးတွေ ခရေပွင့်ကောက်နေတယ် ကောင်းကင်ကြီးက စိတ်မကောင်းစွာနဲ့ပဲ ပိတ်ကားစ အမဲကြီးကို ချပေးလျှက် မျှော်လင့်ချက်တွေ ပျောက်ဆုံးလျှက် ခါးသီးမှူ့တွေကို ရင်ဝယ်ပိုက်လျှက် ဒဏ်ရာဒဏ်ချက်တွေရဲ့ ထိုးနှက်မှူ့ကြောင့် ပျော်ရွှင်နေတဲ့(ငါ) အလွမ်းတွေကိုသာ မျိုချနေမိတယ်..
ပျော်ရွှင်မှူ့ဆိုတဲ့ ရမ္မက်ကို ရင်မှာပိုက်
လောဘက ကျောမနောက်ရောက်နေတဲ့အချိန်
ချယ်ရီပန်းတို့ရဲ့ ရိုးစင်းစင်းနိုင်လှမှူ့က
ငါ့ကို နာကျင်တဲ့ အမှတ်တရတစ်ခု
လက်ဆောင်ပေးခဲ့တယ်...
လင်းလက်တဲ့ကြယ်ပွင့်လေးတွေက ငါ့ကို တောက်ပစေတဲ့ နာကြည်းမှူ့တွေကို တစ်ထွေးကြီး ပြန်အမ်းခဲ့တယ်...
မလိုချင်ပေမယ့် အကုန်လုံးကို
လက်လွှတ်ခဲ့ရတယ်...
စိတ်ထဲကမပါပေမယ့်..
အရာအားလုံးကို ပြုံးကြည့်နေခဲ့မိတယ်...
ဘ၀ရဲ့အရောင်ခြယ်မှူ့ကို မခံရခင်မှာပဲ ငါဟာ အဖြူထည်တစ်ထည်လို ညစ်ညမ်းနေခဲ့တယ်.. ငါတို့ ပတ်ဝန်းကျင်ကြီးလိုပေါ့...
လမ်းကွေ့တစ်ကွေ့၊လူတွေပြွတ်သိပ်
မွတ်သိပ်ဆာလောင်မှူ့တွေနဲ့
ဓာတ်တိုင်ကတောင် အားမရှိလို့
ပျော့ခွေနေလေရဲ့....
နွမ်းပါးတဲ့ ညတစ်ညမှာ အက်ဆစ်ရည်တစ်ခွက်ကို ငါ.. မော့ချလိုက်မိတယ်...
အော်.. လူ့ဘဝ
မူးဝေနေလိုက်တဲ့အကောင်
ခေါင်ရည် ပြင်းပြင်းတစ်ခွက်ကို
မော့ချလိုက်ရသလိုပဲ...
အဟက်ဟက်.. ရယ်ချင်တယ်ကွာ
ခံစားရေးသားသူ... ကိုကိုးအိမ်(မန္တလေး)

7 ယောက်ကစာမူခပေးသွားပါတယ်:
စကားလုံးတိုင်း အနှစ်ကျတယ်။ တကယ်ကို ခံစားချက် ပြည့်ဝတဲ့ ကဗျာပါပဲ။
ကိုကိုးအိမ် ရေ
အက်ဆစ်တော့ မမော့လိုက်ပါနဲ့ မော့မယ့်မော့ ဂျော်နီလမ်းလျှောက် ကလေး
ခင်တဲ့
ရွှေစင်ဦး
"..စိတ်ထဲကမပါပေမယ့်
အရာအားလုံးကိုပြုံးကြည့်နေခဲ့မိတယ် ..."
ရေးလည်းရေးတတ်လိုက်တာဗျာ
ကဗျာမရေးတတ်ဘူး
ဝါသနာမပါဘူးသာပြောတယ်
ဟင်းးးးးးးးးးးး
ရေးမယ့်ရေးတော့လည်း အဟက်ဟက်
ရယ်ချင်တယ်ကွာ:)
မောင်ကိုးအိမ်
ဂွတ်ထပဲ.. မိုက်စ..။
ဒီလောက်တောင် မထွေးနိုင် မအန်နိုင်ဖြစ်နေတာ... အဆင်ပြေပါစေ.. (အက်စစ်မပါပဲနဲ့ပေါ့..)။။
ဘွားဗေ
ဟုတ်ပ ကိုကိုးအိမ်ရယ်
မော့စရာရှားလို့ အက်စစ်ကြီး မော့ရတယ်လို့
တော်သေးတယ်ခေါင်ရည်လိုဖြစ်သွားတား)
ခုတစ်လော ကဗျာတွေ လန်းလှချည်လား
ခံစားချက်တွေ တော်တော်မြင့်နေတယ်ထင်တယ်
မွေးနေ့ဆုတောင်းလေးအတွက် ကျေးဇူးအထူးပါနော်။
မောင်လေးလဲ ထပ်တူ ထပ်မျှ ပျော်ရွှင်ချမ်းမြေ့ပါစေ။
ကဗျာကောင်းလေး တစ်ပုဒ်ဖတ်သွားတယ် မိုးကုတ်သားလေးရေ
Post a Comment