ဘလော့ဂါဆိုတာဘာလဲတဲ့॥ နတ်နတ်တို့က လုပ်ချလိုက်ပြန်ပါဘီ... နှလုံးသားအာဟာရ ရှားပါးပြတ်တောက် သလိုဖြစ်နေတဲ့အချိန်မှာ နတ်နတ်တို့ ကိုညိမ်းနိုင်တို့က သူတို့လေးတွေစိတ်ထဲပေါ်လာသမျှ ရှာဖွေပစ်ခတ်ပြီး မီးမဖုတ်ဘဲ အစိမ်းကျွေးလေ့ရှိတဲ့ တဂ်ပို့စ်လေးတွေနဲ့ အိပ်ပျော်နေတတ်တဲ့ သံလိုက်ကိုကိုးအိမ်ကို ပဲစေ့လေးတွေ နဲ့လာလာနှိုးတတ်ပါတယ်.... ချစ်စရာဘလောက်ဂါ (ဗလာဂေါက်)လေးနှစ်ယောက်ပါ... ဗလာနေရင်းဂေါက်ဂေါက် နေတတ်ကြလို့ သူတို့နှစ်ယောက်ကို ဒီလိုနောက်လိုက်တာပါဗျာ... ခင်မင်ရင်းစွဲနဲ့ပါ.... ကဲ ပခုက္ကူရီးယန်းလေး နတ်နတ်ရေ ဒီတဂ်လေး ဘယ်လိုတွေ့လဲလို့ အရင်ဆုံးပြောမယ်နော်.... ကိုကိုးလည်း ပျင်းပျင်းရှိတာနဲ့ ဘလော့တွေလျှောက်လည် တာပေါ့ကွယ်... တက်ကြွဖျတ်လတ်တဲ့ အန်တီတင်တို့ မဟောင်းနိုင်တဲ့သံစဉ်တွေနဲ့ ငွေလမင်းတို့အိမ်လည်း ပါသပေါ့ကွယ်... အဲနောက်ဆုံး ကြမ္မာငင်ချင်တော့ လူပြိုကြီး ကိုဇော်(မာတီမှာရှိတဲ့ ပလိုင်းထဲကို) အိမ်ကိုရောက်သွားတယ်ဆိုပါတော့... ဒီလိုနဲ့ ကိုဇော်ရေးထားတဲ့ တဂ်ပို့လေး ဖတ်လိုက်လိုက်ချင်း ပထမပိုဒ်မှာ တင်ခေါင်းနပန်းကြီးသွားပါတယ်... ဟဲဟဲ॥ သူကပြောထားသကိုး.... နတ်ဆိုးလေးကတဂ်ပါသတဲ့.... နတ်ဆိုးတဂ် တဲ့ပို့စ် ဆိုကတည်းက ကိုကိုးအိမ်တစ်ယောက် ပါနိုင်ခြေ ကိုးဆယ်ရှိတယ်လို့... အဲဒါနဲ့ နတ်ဆိုးဆီ အပြေးကလေးရောက်ခဲ့ ပြန်တော့ ဟဲဟဲ ထင်တဲ့အတိုင်း ပေါ်တော်မူကိုယ်တော်ကလေးလည်း ပါနေပါသတဲ့... ဒါနဲ့ပဲ ဘလော့ဂါဆိုဇိုက်တီးက အပျင်းကြီးဆုံးဘလောက်ဂါ (ဗလာဂေါက်)ဆုရ ကိုကိုးအိမ်လည်း နတ်ဆိုးရဲ့ တင်နေသမျှတဂ်ကြွေး ဒီနေ့ဆပ်မဟဲ့ပေါ့... ဒါနဲ့ ဒီပို့စ်လေးကို နတ်ဆိုးရဲ့ ပရောက်စီစပွန်ဆာ ဒေါ်ရွှေစင်ဦးရဲ့ မစမှူ့ပရောက်စီနဲ့ ဘလော့ပေါ်ကို ကြွရောက်လို့လာခဲ့ပြန်ပေါ့... ဒီပို့စ်လေးက ဆာနေတဲ့နှလုံးသားနဲ့ မှေးနေတဲ့ မျက်လုံး... ညောင်းညာကိုက်ခဲနေတဲ့ လက်တွေကြားက ထွက်လာတဲ့ ပို့စ်လေးတစ်ပုဒ်ပေါ့.....
စကားတွေများ၊ လေကြောတွေရှည်၊ အတင်းတွေတုပ်နဲ့ စကားတွေဟိုရောက်ဒီရောက် (အဲ-- ပြောရင်းကနေ လိုရင်းကိုမရောက်တော့ဘူး) နဲ့ အပိုတွေပြောလိုက်တဲ့ကောင် ဆိုပြီး စာဖတ်သူတို့ တွေများနေမလား မသိနော်... အဲလိုပဲ ကျွန်တော်က ပျောက်လိုက်ရင်လည်း တမေ့တမော.... ပေါ်လာရင်လည်းလေကြောကရှည်.... အဲဒါလည်း ဘလော့ဂါတို့ ဥာဉ်လားမသိပေကိုး.... အင်းလေ ဘလော့တွေရေးလာမှပဲ... စကားတွေက များလာရ သကိုး.... အရင်က ၀တ္တုတိုလေးတွေ သီးသန့်ရေးနေတုန်းက စရေးတော့မယ်ဆိုရင် ဇာတ်အိမ်ကိုစဉ်းစားရတာ... ခုများတော့ ဘလော့ပေါ်ရောက်လို့ ပို့စ်လေးတစ်ပုဒ်များရေးတော့မယ်ဆို ရေးမဲ့စာကနောက်ထား အချီး(အကြွေးမဟုတ်ပါ) လေးတွေ၊ နိဒါန်းလေးတွေနဲ့ လိုရင်းကိုမရောက် နိုင်တော့ဘူး... တကယ်ပါ... ဒါလည်း ဘလော့ပေါ်က သဘောကောင်းအရစ်မရှည်တဲ့ စာတည်းချုပ် ဂူဂယ်ကြောင့်ပါပဲ... စာမျက်နှာတွေပေါ်မှာဖြင့် ဒါမျိုးတွေ စကားများလို့ ဘယ်ရပါ့ဗျာ.... ဖောင်ကျော်သွားမှာ စိုးလို့ တစ်ချိုစာလေးတွေဆို ဖြတ်ဖြတ်ပစ်ရတာ နှမြောပါဘိသနဲ့.... အော် ဘယ်တတ်နိုင်မလဲလေ.... ကြော်ငြာခေတ်ကိုး... အဲ... ဟုတ်ပေါင် ဘယ်တွေတောင်ရောက်ကုန်ပါလိမ့်နော်... ပြောရင်းနဲ့ ရှည်သွားပြန်ပြီ....
တဂ်ကလေးလည်း စဦးမှပါ.... ဘလော့ဂါဆိုတာဘာလဲတဲ့ နတ်နတ်ကမေးပါတယ်... ကိုကိုးမေး၍ နတ်ဆိုးဖြေသည်ဆိုပြီး တူကလုပ်သွားတော့ ခုဟာက နတ်ဆိုးမေး၍ ကိုကိုးဖြေသည်ပေါ့ဗျာ... အမှန်အတိုင်း ပြောရရင် ဘလော့ဂါဆိုတာကို ဘလော့သက်တမ်း တစ်နှစ်ကျော်လောက်ထိကို ဘာမှန်းမသိခဲ့သေးဘူးဗျ... အရင်က ဘလော့ဂါဂုရုကြီးတွေရဲ့ စာတွေဖတ်တယ်॥ သဘောကျတယ်.... ကိုယ်တိုင်လည်း စာတိုပေစလေးတွေ ရေးဖြစ်နေတယ်... ဦးလေးဘလော့ဂါကြီး မိုးကောင်းကင်ကလည်း ဘလော့တွေရေးနေတဲ့အချိန် ၂၀၀၆လောက်ကတည်းက ဘလော့ဘလော့ဘလော့နဲ့ လုပ်နေကြချိန်၊ ဘလော့ရေးနည်း သင်တန်းတွေကလည်း လုံးဝခေတ်စားနေချိန်ဆိုတော့ ကိုယ်တိုင်လည်းရေးမယ်ပေါ့.... ဒါနဲ့ စရေးဖြစ်ပါတယ်.... အဲတော့မှ ထဲထဲဝင်ဝင်လေ့လာဖြစ်တာပေါ့ဗျာ... ကိုသက်တန့်ချိုကြီးကလည်း ဘလော့ဂါကို တိုက်တွန်းပြီး ကိုယ်ဖိရင်ဖိ သင်ပေးသွားတာကိုးဗျ.... အဲဒီမှာစတွေ့တာပဲဗျ... တကယ်လည်းရေးမယ်ဆိုရော ဘယ်ကစရေး ရမှန်းမသိတော့ဘူး.... ဒါနဲ့ ကိုမောင်လှတို့ ဦးရန်အောင်တို့ နောက်တစ်ခြားဘလော့ တွေကို သူတို့ဘာတွေ ရေးလဲ သတိထားပြီးအသေးစိတ်ကြည့်တယ်... ဒါနဲ့ မနက်မိုးလင်းရင် ဘာလုပ်တယ်... နေ့လည်စာဘာနဲ့ စားတယ်... ညနေပိုင်းကျ ဘယ်ချိန်အိပ်ယာဝင်တယ်ဆိုတာ လေးတွေ တစ်ခါတစ်လေရေး ထားတာတွေ့တယ်ဗျ.... ဒါနဲ့ ရေးဖြစ်ရောပေါ့ဗျာ... ကျောင်းကိုဘယ်လိုသွားတယ် ဘာလုပ်တယ်... တစ်ခါတစ်လေလည်း ရသစာပေလေးတွေပါတာပေါ့ဗျာ..... အဲလိုလုပ်လာတာ တစ်နှစ်ကျော်လောက်ထိ ကိုယ့်ကို ဘလော့ဂါခေါ်နေကြတာတောင် ဘလော့ဂါဆိုတဲ့ အဓိပ္ပါယ်ကို သေချာမသိ... ကိုယ့်ကိုယ်ကိုတောင် ဘလော့ဂါလို့မခံယူမိသေးပါဘူး... သာမာန်ဝါသနာရှင် စာရေးသူတစ်ယောက်ပဲပေါ့ဗျာ... အဲလိုနဲ့ သူငယ်ချင်းက သူ့ကို ဘလော့ရေးနည်းသင်ပေးပါတဲ့... ပြောလာရောဗျာ... ပြဿနာကအဲမှာစတာပဲ... ဘလော့ဆိုတာဘာလဲတဲ့ ဘလော့ဂါဆိုတာဘာလဲတဲ့.... ဒါနဲ့ ဟိုမေးဒီမေး ဟိုရှာဒီရှာနဲ့ ၀ှက်အစ်စ်ဘလော့ ဆိုပြီး ကွပ်ရှင်မတ်တွေနဲ့ လိုက်မေးတော့တာပေါ့.... ဘလော့ဆိုတာဘာလဲသိရင် ဘလော့ဂါကိုသိမယ်ဆိုတဲ့ အတွေးနဲ့ပေါ့.... ဒါပေမယ့် မရေရာဘူးဗျ.... မြန်မာသူငယ်ချင်းများနေ့ ကိုစထောင်တုန်းက ပါခဲ့ဖူးတဲ့ သူငယ်ချင်း ဘလော့ဂါတစ်ယောက်ကိုမေးတော့လည်း သူက သူ့ကိုယ်သူဘလော့ဂါလို့မခံယူဘူးတဲ့.... ဦးရန်အောင်တို့လို လူအများအကျိုးအတွက် ဘလော့ပေါ်မှာ အကျိုးပြုစာတွေရေးနေတဲ့သူကိုမှ ဘလော့ဂါအစစ်တဲ့.... နောက်တစ်ယောက်ကျတော့ ခံစားချက်တွေချည်းရေးနေရင် ဘလော့ဂါအစစ် မဟုတ်သေးဘူးတဲ့... လူအများအကျိုးပြုစာတွေရေးမှ ဘလော့ဂါစာရေ့းသူအစစ်တဲ့... ဒါနဲ့ ကိုကိုးလည်း ရန်တွေ့ခဲ့လိုက်တယ်... ဒါဆို စာရေးဆရာဂျူးတို့ ဆရာချစ်ဦးညိုတို့ကရော ခံစားချက်တွေချည်းရေးတာပဲလို့.... ဒါဆို သူတို့ကအတ္တသမား တွေလားဆိုတော့ အဲလိုလည်းမဟုတ်ပါဘူးတဲ့... တစ်ယောက်ကကျတော့ ရသစာပေစစ်စစ်တွေ ရေးတဲ့သူတွေကမှ ဘလော့ဂါအစစ်တဲ့.... လုပ်ပြန်ရောဗျာ... ဒါနဲ့ပဲ ကိုကိုးတစ်ယောက်လဲ ဘလော့ရေးသက် တစ်နှစ်ကျော်လောက်ထိ ရေရေရာရာမသိခဲ့ပါဘူး.... ခုလည်း သေချာသိလားဆိုတော့ သေချာတော့လည်း မသိပါဘူး...
ဒါပေမယ့် အမှန်တရားဆိုတာ တစ်ချို့သောနေရာများမှာ အမှန်တရားများစွာ ရှိနေတတ်သည့်အလျှောက် ကိုကိုး တွေမိတာလေးကိုတော့ ကိုယ်ပိုင်အမှန်တရားလို့ သတ်မှတ်ထားတာလေးတော့ရှိပါတယ်... အဲဒါလေးကိုပဲ ပြောပါ့မယ်ဗျာ... နတ်ဆိုးမေး၍ ကိုကိုးဖြေသည်ပေါ့..... ဘလော့ဆိုတာ ကိုယ်တိုင်အတွက်ဖြစ်စေ၊ တစ်စုံတစ်ယောက် အတွက်ဖြစ်စေ၊ အများအတွက်ဖြစ်စေ၊ ပညာသည်တွေအတွက်ဖြစ်စေ၊ ၀ါသနာရှင်တွေ အတွက်ဖြစ်စေ သူတစ်ပါးမထိခိုက်တဲ့ စိတ်ဖြေရာ၊ စိတ်ကျေနပ်ရာ နေရာတစ်ခုဖြစ်ခဲ့မယ်ဆိုရင် ကိုကိုးကတော့ ဘလော့လို့ သတ်မှတ်ပါတယ်.... ဘလော့ဂါဆိုတာလည်း ကိုယ့်ခံစားချက်အတွက်ဖြစ်စေ၊ ကိုယ်ချစ်သောသူ အတွက်ရည်စူး၍ဖြစ်စေ၊ အများအတွက်ဖြစ်စေ၊ နာမည်ကျော်အောင်မြင်ချင်လို့ဖြစ်စေ၊ မသိလိုက်မသိဘာသာ ဘလော့ဂါဖြစ်လာတာပဲဖြစ်စေ သူလုပ်လိုက်တဲ့ ဘလော့တစ်ခုဟာ အမည်သူ့ကိုမျှမထိခိုက်စေဘဲ တစ်စုံတစ်ယောက် လောက်သာအကျိုးရှိသွားမယ်ဆိုရင် ဘလော့ဂါလို့ သတ်မှတ်ပါတယ်... (ဒါကတော့ ကိုကိုးရဲ့ ကိုယ်ပိုင်ရှူ့ထောင့်ပါ).... အများနဲ့မတူခဲ့ရင်လည်း နားလည်ပေးကြပါဗျာ....
ဒီလောက်ရေးလိုက်ရင်တော့ တဂ်လာသူကို လေးစားသမှူ့ဖြစ်လောက်ပြီလို့ မျှော်လင့်ပါတယ် နတ်နတ်ရေ... တဂ်ကြွေးတွေကြေလိုက်တော့နော်....
နောက်ထပ် ဆက်ပြီးတော့ ကူပွန်ဝေပါ့မယ်ဗျာ....
ပရဟိတတွေနဲ့ သာသနာရဲ့ သဲတစ်ပွင့် ကိုဇော်သိင်္ခ (မိုးကောင်းကင်)
သရဲဝတ္တုအမိုက်စားတွေနဲ့ ဖြဲဖြဲခြောက်လေ့ရှိတဲ့ ဒေါက်တာ သက်တန့်ချိုချို
ပျောက်ချက်သားကောင်းလှတဲ့ အိနှ်ဂျယ်ရှာ့ပါး
သီချင်းကောင်းလေးတွေ မျှဝေတတ်တဲ့ ညီငယ်လေး ခရာတွန်
မြန်မာစာအိတ်စပတ်ကြီး ရေသည်ယောက်ျား စင်ကာပူရောက်ကိုဖိုးစိန်
မန်းတလေးသူလို့ ခံယူထားပါတယ်ဆိုတဲ့ မျက်ရည်ကျလောက်အောင်အရေးကောင်းသူ ဝေ(စီးပွားရေး တက္ကသိုလ်)
မြန်မာနိုင်ငံရဲ့ တစ်ချိန်က အထင်ကရ စာရေးဆရာမကြီး အန်တီမေငြိမ်း(မြန်မာစာ)
စာမျက်နှာတွေမှာ တွေ့တွေ့လာရတဲ့ ဘလော့ဂါမမကြီး မြသွေးနီ
တခြမ်းမြင့်အပြုံးနဲ့ ပြုံးတတ်လာပြီဆိုတဲ့ ပခုက္ကူရီးယန်း ဒေါက်တာနန်းလေပြေနု
ပို့စ်ဆယ်ပုဒ်ဖတ်မှ နင်လိုချင်တာပေးမယ်ဆိုတဲ့ နွားခြံပိုင်ရှင် နွားတို့သခင် ကိုအောင်ပိုင်
မလေးရှားကမြန်မာတွေကို စေတနာရှိလှသူ ချစ်ကိုကြီးကိုနေဇော်လင်း
ဘုရားတရားလုပ်တဲ့ ကျောင်းဒကာမကြီး ညခင်းရဲ့လမင်း
ဘလော့ဂါတိုင်းချစ်တဲ့ ဘလော့ဂါကြီး ကိုမိုးယံ
ရွာကလေးအကြောင်း ဟာသနှောကာပြောတတ်တဲ့ ဘိလပ်ရောက် ကိုကိုမောင်(ပန်းရနံ့)
ဘလော့ဒေးကို လှုပ်ခတ်စေသူ ကိုအောင်(ပျူနိုင်ငံ)
ကျေးလက်ရသလေးတွေကို ကြည်နူးစရာကောင်အောင်ရေးတတ်သူ နှင်းဟေမာ
လက်ဖက်ဆိုအသေပိုင်တဲ့ ချင်းချောင်းခြံက မောင်ဘကြိုင်
ပုရွက်ဆိတ်တွေ မုန့်ဝိုင်းလုတာကအစ အရေးပိုင်တဲ့ ဘလော့ဂါဆလစ်ဘရစ်တီ မမကွန်(မရေးလည်းတဂ်ပြီဗျာ)
ဖေ့စ်ဘုတ်ရဲ့ ပို့စ်အကျော်အမော် ကိုရှေးစာဆို ကိုလည်း တဂ်ပါသဗျာ...
မထူးဆန်းတာလေးတွေကိုတောင် လုံးဝအလန်းကြီးတွေဖြစ်အောင် ရေးနိုင်သူ ဘလော့ဂါမယ်ကိုး
ဘလော့သက်တမ်းရှစ်လပြည့်သွားပြီဆိုတဲ့ ဘလော့ဂါမေသိမ့်သိမ့်ကျော်
အတိတ်ဝဋ်ကြွေးမကုန်နိုင်တယ်ဆိုတဲ့ နှင်းဆီတစ်ခင်းနဲ့ ပန်းတစ်ခြင်းပိုင်ရှင် သိင်္ဂါကျော် တို့ကို တဂ်လိုက်ပါတယ်ဗျာ... အထင်နဲ့ အမြင်များကို ပြန်လည်ထုတ်ဖော်ပေးကြလိမ့်မယ်လို့ ယုံကြည်မိပါတယ်ခင်ဗျာ...
ခင်မင်စွာဖြင့်
စာရေးသူ... ကိုကိုးအိမ်(မန္တလေး)(၆-၉-၂၀၁၁ နံက်၅နာရီ ၁၀မိနစ်)
WWW.KOKOEAIMMDY.INFO

10 ယောက်ကစာမူခပေးသွားပါတယ်:
အဲဂလို လုပ်ချမ်းဘာ... ရှေ့နေပေါ်တော်မူလေးရယ်... ကိုဇော်ကြီးက ရေးသာရေးသွားတာ ပြန်မတဂ်ဘူး.. လူဆိုးကြီး ဟိဟိ..
ကျေးဇူးကိုကိုးရေ...
ကိုကိုးအိမ် ရဲ့
ဘလောဂ်ဂါ ဆိုတာကို ဖတ်သွားတယ်နော် ကိုကိုးအိမ် ကို များများတက်ကြပါလို့ (ပြုတ်ကျအောင်) ဒါမှ ဘလောဂ့် ပေါ်မှာ တွေ့ရမှာ မဟုတ်လား
ရွှေစင်ဦး
ကိုဇော်ပိုစ်အောက်ခြေ ကွန်မက်နေရာတွေင် ညကတည်းက ရးပြီးကြောင်း.။ အဟိ.
(လာဖတ်တတ်လို့ကျေးဇူး။)
အင်း...(သူပြောသလိုဆို) ပါလေရာက ပါလေရာကို တဂ် သလိုဖြစ်နေပြန်ရော...
တစ်ယောက်ချင်းစီရဲ့ ၀ိသေသတွေများ ပိုင်နိုင်လိုက်တာနော်....
ရေးဆိုလည်း ရေးရတာပေါ့..ပျော်ပျော်ပါးပါး မော်တော်နဲ့ သွားသလိုပဲလေ... ဟီးဟီး။
အဟီး . . .ပျော်စရာကြီး တဂ်ထားတာတွေက။
ကိုကိုးအိမ် တဂ်လို့ရအောင် ထပ်မတဂ် လိုက်တာပါကွယ် နတ်ဆိုးလေးရယ် ဟဲဟဲ။
မောင်လေးရေ တင်္ဂပို့စ်လေး လာဖတ်တယ် ....
သူတို့တွေများကြတော့လည်း ဖြူးလို့ပါလား.....ကိုယ်အလှည့်ကျ မောရပါတယ် :):)
ပထမဆုံးဆိုပေမယ့် မကြာခဏရောက်ဖြစ်တော့မယ် မောင်လေးရေ...တံခါးသာ လုံအောင်ပိတ်ထားနော် :D
အွတ်...နတ်ဆိုးလေးနဲ့ပေါင်းမိမှ ငါလည်း ဗလာဂေါက်ဖြစ်
ရပါရောလား...၊ဗလာဂေါက်ဟုတ်ဘူးဟေ့..၊ပိုက်ဆံပေး
ဂေါက်တာဟ.....:)))
ဘလော့ဂါဆိုတာအပေါ်ထားတဲ့ ညီသဘောလေးလှတယ်..
ညီ....၊
"ဘလော့ဆိုတာ ကိုယ်တိုင်အတွက်ဖြစ်စေ၊ တစ်စုံတစ်ယောက် အတွက်ဖြစ်စေ၊ အများအတွက်ဖြစ်စေ၊ ပညာသည်တွေအတွက်ဖြစ်စေ၊ ၀ါသနာရှင်တွေ အတွက်ဖြစ်စေ သူတစ်ပါးမထိခိုက်တဲ့ စိတ်ဖြေရာ၊ စိတ်ကျေနပ်ရာ နေရာတစ်ခုဖြစ်ခဲ့မယ်ဆိုရင် ကိုကိုးကတော့ ဘလော့လို့ သတ်မှတ်ပါတယ်...."
အရမ်းကောင်းတဲ့ ဖွင့်ဆိုချက်ကလေးပါ။ ဒါပေမဲ့ တစ်ခါတစ်လေကျတော့ သူတစ်ပါး ထိခိုက်အောင် ရေးတာ မဟုတ်ဘဲ ဖတ်တဲ့သူ ဘာသာပြနမှားလို့ (သို့) တိုက်ဆိုင်သွားလို့ ထိခိုက်သွားတာမျိုးလဲ ရှိတတ်သေးတယ်။ ဒါကတော့ ချွတ်ယွင်းချက်ပေါ့။
တဂ်စာကို ရေးလိုက်ပြီပေါ့။ တွေ့တွေ့ချင်း ဆောက်နဲ့ထွင်းဆိုသလို တစ်ခေါက်လေး မြင်တွေ့လိုက်ရတယ်။ တဂ်စာပါ တွဲပါလာတာကိုး။ ဟာဟ။
ကျေးဇူးတင်ပါတယ်။ အခုလို တဂ်ပေးလို့။
တဂ်ကြွေးကို ဆပ်လိုက်ပါပြီ။ နေမပူ မိုးမရွာ ရာသီဥတု သာယာရင်ဖြင့် မြင်းလှည်းလေးနဲ့ အသော့နှင်ကာ အပြေးလေး လာဖတ်ပါဦးလို့။
ခင်မင်လျှက်
ဟင်တွားပီ
တက်သွားပီ
တက်ပြီ တက်ပီ
တိန်
း)
ရေးပါ့မယ်ဗျာာ
မောင်ဘကြိုင်
သူလုပ်လိုက်တဲ့ ဘလော့တစ်ခုဟာ အမည်သူ့ကိုမျှမထိခိုက်စေဘဲ တစ်စုံတစ်ယောက် လောက်သာအကျိုးရှိသွားမယ်ဆိုရင် ဘလော့ဂါလို့ သတ်မှတ်ပါတယ်...
ကိုကိုးးးးးရေ... အမြင်လေးကိုလေးစားတယ်ဗျ...
(ဒီနေ့မှ မျက်စိလည် လမ်းမှားပြီး ကိုယ့်ဘလော့လေးကို ဖုန်တွေကြားထဲကပြန်ရောက်သွားလို့ တက်ဂ်ထားကြောင်းလာအော်သွားတာကို တွေ့လိုက်ရတယ်...အသည်းအသန်ပြန်လိုက်လာတာာ... အဟီးးး) မကြာမီ လာမည်နော့်... သတိတရ တက်ဂ်လို့ကျေစ်းးးးးး
Post a Comment