ပန်းချင်လည်းပန်းပါစေ (မင်းနဲ့မနီးနိုင်ခဲ့ရင်)

|

ချစ်သူရေ… မနီးနိုင်မှန်းသိလျက်နဲ့ ကိုယ်မင်းကို ချစ်ခဲ့တာ အပြစ်တစ်ခုလား….

အမြဲတမ်း ပြုံးနေတတ်တဲ့ ချစ်သူ…. စကားလုံးလှလှ လေးတွေရဲ့ အထိမ်းအမှတ် ချစ်သူ…. ၀ိုင်းစက်လှပတဲ့ မျက်နှာ…. ပါးလွှာတဲ့ နှုတ်ခမ်းနှစ်လွှာမှာ မထင်မှတ်ဘဲ ကျဆုံးခဲ့မိတယ်… ဒါဟာ အိပ်မက်တစ်ခုဆိုရင်တော့ မနိုးထချင်တဲ့ အိပ်မက်တစ်ခုပေါ့…

ဝေးကွာရမယ့် အငွေ့အသက်တွေ ခံစားမိခဲ့တာ မင်းကိုမြင်လိုက်ရတဲ့ တခဏအချိန်ကလေး ကတည်းကပါပဲ….

မထင်မှတ်ဘဲ တွေ့ခဲ့ကြတဲ့ ကိုယ်တို့နှစ်ယောက် ရဲ့တွေ့ဆုံမှူ့မှာ အမှတ်မထင် ချစ်ခဲ့မိတာ ကိုယ့်ဘ၀ရဲ့ အလေးနက်ဆုံး ခံစားချက်တစ်ခုပါ….

အချစ်ဦးလို့ မသတ်မှတ်ခဲ့ပေမယ့် ချစ်သူဆီမှာပဲ အချစ်တွေ ဆုံးခဲ့ပါပြီ….

ရင်နင့်ရတယ် ချစ်သူရယ်.. ခံစားချက်တွေ နင့်သီးစွာနဲ့ ခွဲခွာရမယ့်တစ်နေ့ကို စောင့်နေရတဲ့ ကိုယ့်ရင်မှာ ကြိုးမိန့်ကျခံထားရတဲ့ လူတစ်ယောက်လိုပါပဲ….

ချစ်သူရဲ့ နှုတ်ဖျားထက်က အခြားတစ်ယောက်ရဲ့ နာမတစ်ခုကို ကြားလိုက်ရတိုင်း ကိုယ့်နှလုံး သားတွေ အေးစက်ခါးသက် သွားတတ်ခဲ့ပါတယ် ချစ်သူရယ်….

ချိုမြိန်စွာ ရွတ်ဆိုတတ်တဲ့ နာမတစ်ခုမှာ ကိုယ့်အသည်းတွေ ပျက်ကြွေပြုန်းခဲ့ရတာ ချစ်သူသိနိုင်ပါ့မလား…

မခံစားတတ်ခဲ့သူ ကိုယ့်နှလုံးသားကို ချစ်ခြင်းများစွာနဲ့ မွမ်းမံခဲ့တာ ချစ်သူပိုင်ဆိုင်တဲ့ ပညာရပ်တစ်ခု ဆိုရင်တော့ ကိုယ်ထာဝရ လေးစားလျက်ပါ….

ချစ်သူရဲ့ စကားတစ်ခွန်း ကြားလိုက်ရတိုင်း နစ်မွန်းစွာပျော်ဝင် တတ်ခဲ့တာ အချစ်ဆုံးသူ သိနိုင်မယ်မထင်ပါ…

ကျိန်စာသင့်ခဲ့တဲ့ ကိုယ့်ရဲ့ချစ်ခြင်းတစ်ခုကို တသက်တာ ကြေကွဲရမှူ့တွေ အဖြစ်ကိုယ်ခံစား နိုင်ဖို့ပြင်ဆင် ရဦးမယ်ကွယ်….

ဆုတောင်းမှားခဲ့ကြသူ ကိုယ်တို့အတွက် ခဏတာတော့ နီးခွင့်ရှိဦးမယ် ထင်ပါတယ်…

တစ်ခဏတာ တွေ့ဆုံမှူ့ဟာ တစ်သက်စာ အမှတ်တရတွေ အဖြစ် တွေဆုံချိန်ခဏ လေးမှာတော့ ဖန်တီးခွင့်ပေးပါ…..

ကိုယ့်ရဲ့ နံက်ခင်းတိုင်းဟာ ရနံ့သင်းတဲ့ နံက်ခင်းတွေ မဖြစ်နိုင်တော့ပေမယ့်… အထီးကျန်စွာ တော့မနိုးထချင်ခဲ့ပါ…

တစ်ချိန်က အမှတ်တရတစ်ခုကို ကိုင်စွဲရင်း ကိုယ့်ရဲ့နောက်ဆုံး ထွက်သက်အထိ လွမ်းဆွတ်ခွင့် ပေးပါ….

သိပံဆန်တဲ့ ပညာရပ်တွေကို အနုပညာမြောက်စွာ ဖန်တီးတတ်တဲ့ ချစ်သူ.. ကိုယ့်ရဲ့ သင်္ချာဆန်တဲ့ နှလုံးသားကို အနုပညာမြောက်စွာ သိမ်းယူဆန်းသစ်ပါတော့….

မွန်းကျပ်လွန်းလှတဲ့ ကိုယ့်ရဲ့ နှလုံးသား အခန်းတွေကို ခမ်းနားတဲ့ ချစ်ခြင်းတွေနဲ့ ပြတင်းပေါက်တွေ တပ်ပေးပါ….

ငံ့သက်စွာ ပြေးလွှားနေတဲ့ နှလုံးသားတစ်စုံကို ချစ်သူရဲ့ ရင်ခွင်မှာ ထာဝရ ခိုလှုံစီးဆင်းခွင့် ပြုပါ…

ချစ်သူရဲ့ နူးညံ့တဲ့ အထိအတွေ့ကို ခံစားလိုက်ရတိုင်း အသက်ရှူရပ်မတတ် ခံစားခဲ့ရတာ ရင်နဲ့အမျှပါပဲ…

ချစ်သူရဲ့ ဥပက္ခာပြုမှူ့ဟာ ကိုယ့်ဘ၀အတွက်တော့ ခါးသက်စွာ ကျိန်စာသင့်ခြင်းပါပဲ….

ချစ်ခြင်းတစ်ခုကို ကိုယ့်ရင်မှာ ထိုးစိုက်လိုက်မိတဲ့ အတွက်ပြန်နှုတ်ယူလို့ မရတော့တဲ့ အနေမှာ ကိုယ့်နှလုံးသားမှာလဲ သေရာပါဒဏ်ရာ ခပ်ပြင်းပြင်း တစ်ခုကို ကျေနပ်စွာနဲ့ လက်ခံလိုက် ရပါတယ်…

ကိုယ်ဟာ ရုပ်ကြွင်းတစ်ခုသာဆို ဘူမိဗေဒပညာရှင်ရဲ့ လက်ထဲမှာ ကိုယ့်နှစ်လုံးသားဟာ ချစ်သူအတွက် တလှပ်လှပ်ခုန်နေမှာပါ…

ဒါပေမယ့်ချစ်သူရယ်.. လွတ်မြောက်ခွင့် ရမှ ချစ်သူဘ၀ နေပျော်မယ်ဆို ကိုယ့်နှလုံးသားကို စတေးလို့ ချစ်သူသွားမယ့် အရပ်ဆီ ကိုယ့်ရင်ကို နင်းခံလို့ အရောက်လိုက်ပို့ပေးမယ် ချစ်သူ….

တွယ်ရာမဲ့ ကိုယ့်ဘ၀မှာ ချစ်ခဲ့ဖူးတဲ့ အမှတ်တရ တစ်ခုကို ကိုင်စွဲရင်း ကြေကွဲစွာ ဖြတ်သန်းတော့မယ်…

ပန်းချင်လဲပန်းပါစေ……..

ခံစားရေးသားသူ- ကိုကိုးအိမ်(မန္တလေး)

(၂၈।၁၀।၂၀၁၁)

www.kokoeaimmdy.info

7 ယောက်ကစာမူခပေးသွားပါတယ်:

နတ်ဆိုးလေး said...

အဟမ်းးးး အဟမ်းးးး...

ဆြာသမား....
နေကောင်းလား...

ဟိုးလီး... ရိုမန့်တစ်(က်)....
လိုက်(ခ်) ဿစ်(စ်)..

စော(အဝါရောင်မြေ) said...

ချစ်တာတွေ ကုန်ဆုံးသွားရင် တဆင့်ရင့်ကျက်လာလိမ့်မယ်။
စကာမစပ် မရွှေစင် ဆိုဒ်က ပိတ်ထားတာလား။ သတင်းထူးရှိရင် အသိပေးပါဦး။ စိတ်ပူလို့ ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုကိုးအိမ်ရေ
ရင်တွင်းခံစားချက်တွေ ပွင့်ထွက်လာတဲ့ ကဗျာလေးပါလား...
နုနေ လှနေတာပါဘဲ..
ဖတ်စေချင်တဲ့သူ ဖတ်မိပါစေလို့..

စံပယ်ချို said...

အချစ်ဦးလို့ မသတ်မှတ်ခဲ့ပေမယ့် ချစ်သူဆီမှာပဲ အချစ်တွေ ဆုံးခဲ့ပါပြီ----တဲ့လေ

ဟုတ်တယ်နော်အချစ်ဦးရှိပေမယ့်လဲ
နောက်တစ်ယောက်ကအချစ်ဆုံးဖြစ်နိုင်တာပဲ
စာထဲကိုလုံးဝစိတ်ရောက်သွားခဲ့ပါတယ်ရှင်။

မေသိမ့်သိမ့် ကျော် said...

တကယ်ကို ချစ်တတ်သူပါပဲလားးး။ စာသားတွေက အရမ်းကို ဂန္ထဝင်မြောက်တယ်။ ကြိုက်တယ်။

ခင်တဲ့
မေသိမ့်

ကဗျာချစ်သူ said...

အေးကွယ်... ငယ်သူတို့များအချစ်ကိုဖွဲ့နွဲ့ခံစားနေ လိုက်ကြတာ မောင်ဘကြိုင်တို့တောင် သူငယ်ပြန်ချင်သွားတယ်း)

လင့်ခ်ပြောင်းချိတ်ထားပေးအုံးညီရေ

မောင်ဘကြိုင်

အဖြူရောင်နတ်သမီး said...

အဟမ်း..
ဇာတ်လမ်းလေးတွေ ရိုမန့်တစ်လေးတွေ..း)

တဂ်ပို့စ်အတွက် ကျေးဇူးအထူး..

 

©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB