ဒီပုံလေးက နေပြည်တော်ရေပန်းဥယျာဉ်မှာ မောင်ကိုးတို့ အမှတ်တရရိုက်ခဲ့တဲ့ပုံလေးပေါ့။ နောက်မှာလည်း အကယ်ဒမီပေးပွဲလုပ်တဲ့အဆောက်အအုံကြီးပါပါတယ်။
ဒီနေ့တော့ အရင်ရေးခဲ့တဲ့ အဆက်ကလေးကိုပဲ အပိုင်း(၂)ဆက်ရေးဖြစ်ပါတယ်။ အင်း ..ဆရာမရွေစင်ဦးကတော့ ကိုကိုးကို အဆိုတော်လူထွက်ကြီးတဲ့ အဟား နာမည်ကလည်းလှလိုက်တာ ။ အဲဒီလိုနဲ့ ခေတ်ဟောင်းကာလပေါ်တေး စကျင့်ဖြစ်ပါတယ်။ ခေတ်ဟောင်းကာလပေါ်တေးကအ၇မ်း ဆိုလို့လည်း ကောင်း နားထောင်လို့လည်းကောင်းပါတယ်။ အမျိုးသားခေတ်ဟောင်းကာလပေါ်တေးက လေးပုဒ်ကျင့်ရပါတယ်။ ကိုကိုးတို့ ပြိုင်တဲ့နှစ်က သီချင်းတွေက ဦးမောင်မောင်ကြီး ရဲ့ သံတုန္တီစ ၊နောက် တိမ်တမန်၊ လေဘာတီမမြရင်ဆိုထားတဲ့ မဲဇာတောင်ခြေ ၊ ပြည်လှဖေဆိုထားတဲ့ ဂုဏ်တော်ဖွင့် အစရှိတဲ့ သီချင်းလေးပုဒ်ပါ။ အဲထဲမှာ ကိုကိုးတို့ ပိုင်တာကတော့ တိမ်တမန်သီချင်းဗျ။ အဓိပါယ်ကလည်းပြည့်ဝ ဆိုလို့ကလည်းကောင်း သီချင်းစာသားလေးကလည်းအရမ်းမိုက် ဆိုတော့ အရမ်းကြိုက်တာဗျ.။ သီချင်းဆိုနေရင်းကို မိုးသားတိမ်လိပ်တွေတက်လာသလိုလို ဘာလိုလိုလေ။
မှိုင်းပြာမှုန်ဝေ၊ တိမ်မည်းညိုရိပ်တွေ၊ တောင်ပြန်လေ ။ တပ်လှန့်နှိုး.. နှိုးကြွလာပြီလေ။။
တဖြည်းဖြည်းလာချေပြီလေ၊ .... ပင်လယ်တွေဖြတ်သန်း... ရိုးမပေါ်လွှားကျော်ကာလေ ..သူ့ချစ်မိတ်ဆွေ
တို့မြန်မာနိုင်ငံအခြေ.. လက်ဆောင်ပါးတယ်မိုးပုလဲပန်းတွေ ၊ ရွာပါစေလေ....
အေးအေးချမ်းချမ်းရွာပါစေ......
သီချင်းလေးဆိုရတာအရမ်းကြည်နူးဖို့ကောင်းတယ်ဗျ။
တခြားသီချင်းလေးတွေလည်း အမြည်းသဘောနဲ့ ထည့်ရေးလိုက်ပါဦးမယ်။
အမျိုးသား မြန်မာတို့ရယ် ... နိုးကြားပါစို့ကွယ်။ သမာ..သမာဓိရှိမှ တည်ကြည်..မယ်။
စိပ်ပုတီးကို စိပ်ကြအပေါင်းတွေ ဒိဌကောင်းပေ. ဧ၀မ်းကနှိုးဆော်ပြန်ပါတယ်။
သတိရဖို့နေ့ညတကယ် အချိန်ကုန်သွားအလကားဖြစ်မယ် အိုတဒင်္ဂပဟန် ထင်ရပြန်
အဖိုးအလွန်တန်ပါတယ်၊ အိပ်ယာဝင်ရင်လည်း ပုတီးကို မြဲမှတော်ကြမယ်။
အပေါ်ကသီချင်းလေးကတော့ စစ်သားကြီး ပြည်လှဖေ သီဆိုခဲ့တဲ့ ဂုဏ်တော်ဖွင့်သီချင်းပါ။ သီချင်းလေးကို ဆိုခဲ့စဉ်က ပြည်လှဖေဟာ တပ်ထဲမှာ တာဝန်ထမ်းဆောင်လျှက်ရှိဆဲပါ။ နောက်ပြီး ပြည်လှဖေဟာ အဆိုတော်ဒေါ်မေရှင်ကို တစ်ဖက်သတ်ချစ်ခဲ့တဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်.။ ဒါကြောင့်များ စိတ်တည်ငြိမ်မှူ့ရအောင် စိပ်ပုတီးပဲ စိတ်နေသလားလို့ ကိုကိုးထင်မိပါတယ်။ အဟဲ.. ဒါကတော့ စိတ်ထင်ပါလေ။.
နောက်သီချင်းလေးတစ်ပုဒ်ကတော့ အဆိုတော်ဦးမောင်မောင်ကြီးဆိုခဲ့တဲ့ သံတုန္တီစ သီချင်းလေးပါ။
သံတုန္တီစ .. ပရမံ.. သုခံ။
မရှိတောင့်တ ရှိကြောင့်ကြနဲ့ လောကတံထွာ လူတို့ရွာမှာ
လိုချင်လောဘ သြချစရာ မက်မောတွယ်တာ ရတက်ဇောငယ်ဖြာ
တွေဝေမိန်းမော တောတိုးဆင်ကန်းပမာ တရားမရှိ အမှားမသိယောင်တိယောင်ချာ
လောကီလူ့ဘုံခန်းဝါ ဆန်းပြာထွေလာ လမ်းမမှားစေရာ စမ်းတ၀ါးမနေသာ.....
မမြင်သာလွန်းလှ ရင်မှာမွန်းရှ အစွန်းကျရောက်လာသောအခါ အတိအကျပြောရမှာ
ဝိသမလောဘပါ... အမှားဆိုတာကွေ့ရှောင်ကာ တရားကိုယ်မှာတွေ့အောင်ရှာ
သင့်တင့်လျှောက်ပတ်စွာ နေထိုင်တတ်မှသာ.. ခြိုးခြံခြွေတာ အဖိုးတန်ပေတာ...
အရာရာအစစ သပ္မါယဖြစ်လိမ့်မှာ ထိုအခါ ကိုယ်စိတ်နှစ်ဖြာ လွန်ချမ်းသာ၏
သတိသမ္မစဉ် ဥာဏ်ယှဉ်ထုတ်ကာ သတုန္တီစ အမှန်အဟုတ်မည်စွ မြတ်ဗုဒ္ဒ၏ ဓမ္မကထာ
မင်္ဂလာဒေသနာ.. နာယူစွဲမြဲ ရောင့်ရဲတင်းတိမ် အေးငြိမ်ဒီအရသာ။.......
အင်း..ဒီသီချင်းလေးကတော့ လူတွေကို တရားအသိနဲ့ယှဉ်ပြပေးတဲ့ သီချင်းလေးပေါ့။ အရမ်းကြိုက်လွန်းလို့ တစ်ပုဒ်လုံးဆုံးအောင်ရေးပြပေးလိုက်တာပါ။ ကိုကိုးက တစ်ခြားကိစ္စတွေလုပ်ရင်သာစိတ်ပြန့်ရင်ပြန့်မယ်။ သီချင်းဆိုလို့ကတော့ စည်းနဲ့ဝါး လက်ထဲရောက်ပြီဆိုတာနဲ့ စိတ်ဝင်တစားကို ဆိုဖြစ်ခဲ့တာပါ။ ငယ်ငယ်လေး တည်းက စန္ဒရားခွန်တင်ကြွယ်ရဲ့ အမတမျိုးစေ့ သီချင်းကို တစ်ပုဒ်လုံးအလွတ်ရအောင် လေ့ကျင့်ခဲ့ပါတယ်။ ဓမ္မတေးလေးတွေဆိုပိုသဘောကျဖြစ်တယ်ဗျ။
နောက်တစ်ပုဒ်ကတော့ လေဘာတီမမြရင်ရဲ့ မဲဇာတောင်ခြေသီချင်းပါ။ အဲဒီသီချင်းမှာတော့ နည်းနည်း ကသိကအောင့်ဖြစ်ရပါတယ်။ ပြိုင်ပွဲဝင်မယ့်သီချင်းတွေကိုစုပြီး စံခွေဆိုပြီးထုတ်ပါတယ်။ အဲဒီသီချင်းမှာတော့ လေဘာတီမမြရင်က ဆိုထားတာပါ။ ရှေးတုန်းက ဓာတ်ပြားသီချင်းတွေကနေပြန်ကူးတာဆိုတော့ အသံဗလုံးဗထွေးနဲ့ တော်တော်ကိုလိုက်နားထောင်ယူရပါတယ်။ ဒါပေမယ့် တီးလုံးလေးတွေ သံစဉ်လေးတွေကတော့ လွမ်းစရာလေးဗျ။ သီချင်းကို မြန်မာဂီတာနဲ့ တီးထားတာ ဖြစ်တဲ့ အတွက် အသံချိုချို လွင်လွင်ကလေးပေါ့။ အမြည်းလေးဖော်ပြလိုက်မယ်နော်။
မဲဇာတောင်ခြေ၊ စီးတွေတွေရစ်သန်း... ရစ်သန်း သီတာရေ။
မဲဇာမြစ်ရေ ရစ်ခွေစီးထွေ၊ ၀ဲယာပတ်လည်နှင်းတွေဆိုင်းမှိုင်းဝေ၊ ဝေးခဲ့ပေါ့ဌာနေတို့တိုင်းပြေ
ခြုံလွှာထွေး မလုံသေးပေ ၊ မွန်းတည့်နေခြည်ဖြာမှနွေးတယ် ၊ တရေးရေးတွေးလေ ..ဆွေးလေ
ဖြေသော်လည်းမပြေ ၊ လက်ဝဲသုန္ဒရ ရောက်ခဲ့ရတဲ့ ဒီဝန္နာမြေ.............။
ဒီသီချင်းလေးကတော့ ပြည်ပရောက် သူငယ်ချင်းများဆိုရင်ပိုခံစားတတ်ပါတယ်။ ကိုယ့်ရေ ကိုယ့်မြေနဲ့ခွဲခွာ နေရတဲံသူအဖို့ ဘယ်လောက်ခံစားရတယ်ဆိုတာကို လက်ဝဲသုန္ဒရက ရေးပြသွားခဲ့ပါတယ်။ အမေလေဘာတီမမြရင် ရဲ့အသံနဲ့ မြန်မာဂီတာသံနဲ့ပေါင်းလိုက်တဲ့ အခါမှာတော့ အလွန်တရာ လွမ်းမောဖွယ်ကောင်းတဲ့ ဂီတသံစဉ်တစ်ပုဒ်ပေါ်ထွန်းလာခဲ့ပါတော့တယ်။ ကိုကိုးဆိုလည်း သီချင်းဆိုရင်းနဲ့တောင် လက်ဝဲသုန္ဒရရဲ့အလွမ်းကို ခံစားခဲ့မိရပါတယ်။ ကိုယ့်ရေ ကိုယ့်မြေကိုလွမ်းတဲ့စိတ်ချစ် တဲ့စိတ်ဆိုတာလူတိုင်းရှိကြပါတယ်။ ပြည်ပရောက် ရေခြားမြေခြားမှာနေရတဲ့ သူဆိုပိုသိသာပါတယ်။ ဘယ်ကိုမျှော်လို့ ကိုယ်ချစ်ရတဲ့သူတွေရှိမှန်းမသိ ။ မြေပုံလေးကိုထောက်ပြီး အော်ဒါငါ့ရဲ့အမိမြေပါလားဆိုတာ လေးနဲ့ပဲ ဖြေသိမ့်ခဲ့ရတာပါ။
ရပ်ဝေးမြေခြားရောက် အမိမြေဖွားတွေရဲ့ ခံစားချက်တွေကို စာဖွဲ့ခဲ့သလိုပဲထင်မိ ပါတယ်။
အပိုင်း(၃)ဆက်ရေးပါဦးမည်။
စာရေးသူ...ကိုကိုးအိမ်
6 ယောက်ကစာမူခပေးသွားပါတယ်:
ဟလို ဘိုးဘိုးမောင်ကိုးအိမ် အဆိုတော်ဂျီး
အယ်မလေး အခုမှပဲ မျိုးတူ ဘိုးတူဆိုတာ သိရတော့တယ်..။ အင်း.. ကြည့်ရ..ဖတ်ရသလောက်တော့ တော်တော်အသံကောင်းသလို သီချင်းဆိုရင် လျှာဖျားက မဟုတ်ဘူးထင်ပါရဲ့.. ရင်ထဲ အူထဲ ကလီစာထဲကနေ မြတ်မြတ်နိုးနိုး ဆိုသူဖြစ်လောက်၏လို့ လေးစားသွားပါကြောင်း..။
မြန်မာပြည်လွမ်းတာလား ပြောမယ်ဆိုရင်.. စာအုပ် ၁၀၀ လောက်ဖွဲ့လို့ရမယ်..ကျလိုက်မဲ့ မျက်ရည်လဲမဆုံး..
အမနဲ့ မငယ် ဆွစ်ဇာလန်ကို သွားတဲ့ခရီးစဉ်မှာ မငယ်က မြန်မာပြည်ပေါ်က ဖြတ်တော့ လွမ်းတယ် မျက်ရည်ဝဲတယ်တဲ့.. အမကတော့ အသွားမှာ မခံစားရပေမဲ့ အပြန်မှ သူခံစားရသလို ဖြစ်ဘူးတယ်..။ နောင်မှ ပြောတော့မယ် ဆို..က ကနေ အလွမ်း သံသရာ ဆုံးမှာ မဟုတ်လို့ မောင်ကိုးအိမ်..။
ဘွားတော်ဗေဗေ
ကိုကိုးအိမ်ရေ..
အရောက်လာခဲ့ပါတယ်။
မြန်မာမူ့တွေကိုတန်းဖိုးထားတတ်တာ
ဂုဏ်ယူပါတယ်။ တိုးထွက်နေတဲ့ခေတ်ကြီး
မှာမြန်မာမူ့ကိုလိုအပ်မှသာသင်ယူကြတာ..
အလေးမထားကြဘူး.။
တစ်ချို့သီချင်းစာသားကို ဖတ်ပြီး မေ့နေတဲ့စိတ်ပုတီးကို သွားသတိရတယ်.။
လိုက်ရှာရဦးမယ်..
သတိပေးလိုက်တာ ကျေးဇူးကိုကိုးအိမ်ရေ့...
လင့်ပြောင်းချိတ်ထားပေးတာလဲ ကျေးဇူးပါ..
အနုပညာနဲ့ ပတ်သတ်ရင် ဖန်တီးနိုင်မှု တော်တော် အားနည်းတယ်ဗျ။ ကိုယ်က ခံစားတတ်တာပဲ ရှိတယ်။ အဲဒီအထဲမှာမှ အနုပညာမှာ ဖန်တီးနိုင်စာဆိုလို စာရေးတာနဲ့ ဓါတ်ပုံ ရိုက်တာလေးတွေပဲ ရှိတယ်။ ဒါကလည်း လေ့လာတုန်း ဆိုပါတော့. . .
ဒါပေမဲ့ ကိုယ်သာ မလုပ်တတ်တာ ၊ မလုပ်နိုင်တာပါ သူများတွေ လုပ်ရင်တော့ အားပေးပါတယ်။
အခုလည်း အားပေးနေပါတယ်။
စိတ်အလိုဆန္ဒမှာ အားလုံးပြည့်ကြဘွယ် ၊ ကိုယ့်ကိုကိုယ် ကျိုးရှာ အမျိုးသားများတို့ရယ် ၊ ပြည်လှဖေရဲ့ အရဟံဂုဏ်
တော်ခလေးသီကြွေးသွားပါကြောင်း နှင့် မဟာဂီတပညာ သယ်တဦးဖြစ်သောကြောင့် ပိုမိုလေးစားမှိပါကြောင်း ....။
သစ်တပင်အောက်မှာ ၊ ၀ါးတပင်အောက်မှာမရောက်နိုင် သော်လည်းဘဲ ၊ စိတ်ငြိမ်ရာကိုမဆိုလို ၊မေးမှရလိမ့်မယ်
ဘာဝနာရေးရာ နှေးမကြာတွန်းပါတယ် ထိုင်နေရင်းနဲ့ထနေရင်းနဲ့ လှမ်းလျှောက်ရင်းလဲသရဏဂုံတည်နိုင်တယ် ၊ သီချင်းလေးကိုသတိရတာ ဟီဟိ မဟာဂီတပညာရှင်မှန်း
သိရလို့ပိုမိုလေးစားမှိပါတယ်.....။
Post a Comment