ရိုးရာယဉ်ကျေးမှူ့ ဆိုကရေးတီးပြိုင်ပွဲအတွေ့အကြုံအပိုင်း(၄)

|


ဒီလိုနဲ့ပြိုင်ပွဲ နောက်ဆုံးရက်ကို ရောက်လာပါတယ်။ ရင်တုန်ပန်းတုန်ပေါ့ဗျာ။ ပြိုင်ပွဲက မနက်ပိုင်း ၈ နာရီမှာ ခေတ်ဟောင်းကာလပေါ်တေးနဲ့စဖွင့်မှာကိုး။ အဲမှာလည်း မဲနှိုက်ရပြန်တာပဲဗျ။ အမှတ်စဉ်ရွေးတော့ ကိုကိုးက တစ်ပဲပြန်ပေါက်ပါတယ်။ သီချင်းကိုမဲနှိုက်တော့ ဂုဏ်တော်ဖွင့်ပေါက်ပါတယ်။ ဂုဏ်တော်ဖွင့်ဆိုတာက တော်တော်များများက ငယ်ငယ်တည်းက နားယဉ်ခဲ့ကြတဲ့သီချင်းဆိုတော့ လန့်ရတာပေါ့ဗျာ။ တော်တော်များများကလည်း ပိုင်ပိုင်နိင်နိုင်ကြီးကို ဆိုနိုင်ကြတယ်ဗျ။ ဒီလိုနဲ့ဒူးတုန်ခြေတုန်နဲ့ စင်ပေါ်ရောက်သွားတာပေါ့။ အဲဒီမှာဒုက္ခတစ်ခုရောက်ပါတယ်။ ဂုဏ်တော်ဖွင့်ထဲက သစ်တစ်ပင်အောက်မှာ ၀ါးတစ်ပင်အောက်မှာ မရောက်နိုင်သော်လည်းပဲ စိတ်ငြိမ်ရာကိုမဆိုလို လုပ်မှရကြမယ် ဆိုတဲ့အပိုဒ်ကိုနှစ်ခါပြန်ဆိုရပါတယ်။ အဲဒီမှာကိုကိုးကမေ့ပြီး တစ်ခေါက်ပဲဆိုလိုက်ပါတယ်။ နောက်တစ်ခေါက်က တစ်ဝက်လောက်နေမှသတိပေါ်တဲ့အတွက် မဆိုတော့ပါဘူးလေဆိုပြီးလွှတ် လိုက်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း လုံးဝဆုရလိမ့်မယ်လို့ မမျှော်မှန်းခဲ့ပါဘူး။ တစ်ခုပဲရရင်တော်ပါပြီလေလို့ နှလုံးပိုက်ထားခဲ့တော့တာပါ။ ချွတ်ချော်ပြီး တတိယဆုရသွားတော့ လည်းအရမ်းဝမ်းသာခဲရတာပေါ့။ ရန်ကုန်တိုင်းန့ မန်းတလေးတိုင်းက တိုင်းကြိးဖြစ်တဲ့အတွက် တစ်တိုင်းကို ပြိင်ပွဲတစ်မျိုးချင်းစီမှာ နှစ်ယောက်ခေါ်လို့ရပါတယ်။ အဲတော့ ပထမဆုနဲ့ ဒုတိယဆုနှစ်ယောက်ပဲခေါ်တာပါ။ အဲတော့ ကိုကိုးက မဟာဂီတတော့ ဗဟိုမှာပြိုင်ခွင့်ရှိပြိး ခေတ်ဟောင်းကာလပေါ်တေးကိုတော့ ပြိုင်ခွင့်မရှိတော့ပါဘူ။ အဲဒီလိုနဲ့ ညနေပိုင်းရောက်တော့ အရေးပြိုင်ပွဲတွေစပါတယ်။

သီချင်းရေးတာကိုတော့ ရေးနည်းတွေကော စာသားထည့်ပုံတွေကော သံစဉ်ထည့်ပုံတွေကော နောက်ပြီး ကိုကိုးက မြန်မာသံတွေနားထောင်တဲ့ အတွက်အခက်အခဲမရှိခဲ့ပါဘူး။ ညနေပိုင်း အရေးပြိုင်ပွဲစတော့ စင်ပေါ်ကို ငါးယောက်တက်ရပါတယ်။ ကိုကိုးကတော့ ကိုယ်သီချင်းရေးထားတဲ့စာရွက်ကို ကိုင်၊ ဆိုပေးမယ့် ဆရာကတော့ မိုက်ခရိုဖုန်းရှေ့မှာ သီချင်းစာရွက်ကိုင်ပြီး၊ စန္ဒယားဆရာနဲ့ဗျောတီးတဲ့ဆရာက သပ်သပ် နုတ်စ် စာရွက်တွေကိုင်ပြီး စင်ပေါ်တက်ဂါရ၀ပြုပြီးပြင်ဆင်ရပါတယ်။ သီချင်းအရေးပြိုင်တဲ့အခါမှာ အစမ်းကျင့်တာကတစ်ခေါက် ၊တကယ်ဆိုတာကတစ်ခေါက်ဆိုပြီးတော့ နှစ်ခေါက်ဆိုရပါတယ်။ ဆိုပေးတာက တော့ ဂန္တ၀င်မေမေသီချင်းဆိုတဲ့ ဆရာဦးအောင်ကျော်ဆန်းပါ၊ ဗျောခေါက်ပေးတာက ဆရာဦးစိုးဝေပါ၊ စန္ဒယားကတော့ ဆရာဦးအောင်သက်ထွန်းပါ။ အားလုံး ပန်တျာကျောင်းကဆရာတွေချည်းပါပဲ။ 


ပြိုင်ပွဲမှာ ဒိုင်လုပ်တာကတော့ အကယ်ဒမီ ဦးစိန်မွတ္တားနဲ့ နောက်ထပ် ဆိုင်းဆရာကြီးနှစ်ယောက် ပေါင်းသုံးယောက်ပါ။ ဆရာကြီးက မောင်းတီးလိုက်တာနဲ့ အစမ်းတစ်ခေါက်စဆိုပါတယ်။ ဆိုတုန်းက ဆရာ့အသံက တစ်မျိုးဖြစ်နေလို့ လန့်နေတာ။ နောက်မှသိရတာက အစမ်းဆိုတာဖြစ်တဲ့အတွက် အတည်ဆိုတဲ့အခါအသံမကုန်အောင် လျှော့ဆိုတာလို့ ဆရာကပြောပါတယ်။ ကိုကိုးကတော့ ရင်တုန်ပန်းတုန်ပေါ့လေ။ အဲဒါနဲ့ အစမ်းတစ်ခေါက်ပြီးလို့ ဒိုင်ကိုလှမ်းကြည့်လိုက်တော့ ဒိုင်က မောင်းထုပါတယ်။ သီချင်းတစ်ပုဒ်လုံး လျှောလျှောရှူရှူ ပြီးသွားလို့ တော်သေးတာပေါ့့ဗျာ။ အဲဒီနောက်ဒိုင်တွေအမှတ်ပေါင်းနေတဲ့အချိန်ကိုယ်က ပြင်စရာရှိတာပြင်ရပါတယ်။ အရေးကိုတော့သိပ်လည်း မျှော်မှန်းမထားခဲ့ပါဘူး။ ပြိုင်ပွဲဝင်တာကလည်း ဆယ်ယောက်ဆိုတော့ ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှူ့နည်း တာလည်းပါတာပေါ့လေ။ ဒီလိုနဲ့ ဆုကြေငြာတဲ့အခါ ပထမဆုဆိုတော့ လူတစ်ကိုယ်လုံးမြောက်တက်သွားသ လိုပါပဲ။ မျက်စိရှေ့မှာ ရှိသမျှဘာမှကိုမမြင်တော့တာ.။ ရင်ထဲမှာလည်း တစ်ဒိန်းဒိန်းနဲ့ မျက်ရည်တောင်ဝိုင်း ချင်လာပါတယ်။. ဆရာကတော့ ကျွန်တော့်ကိုပဲကြည့်ပြီးရယ်နေတာ။ တကယ်တမ်းပြောရမယ်ဆိုရင် ရလိမ့်မယ်လို့ကိုမထင်ခဲ့တာပါ။ ဆိုကရေးတီးနတ်ကြီးတယ်ဆိုတာအဲတော့မှယုံတော့တာ။ ဘာလို့လည်းဆိုတော့ ပြိုင်တုန်းက ကိုယ့်ထက်ကောင်းတာတွေနည်းတာမှမဟုတ်တာကိုးဗျာ။ အဲဒီလိုနဲ့ ဆုပေးပွဲကိုရောက်လာပါတယ်။ အဲဒီညနေမှာပဲဆုက တစ်ခါတည်းပေးတာပါ။ ကိုကိုးက ဆုသုံးဆုတက်ယူရပါ တယ်။ ရင်ကော့လို့ပေါ့။ အဟဲ ဆရာမရွှေစင်ဦးပြောသလို ဆုပေးတဲ့သူတွေကျေနပ်အောင် ပုဆိုးလေးဖုတ် ဖက်ခါပြီး တက်ယူတာပေါ့။ ဒါပေမယ့် နေပြည်တော်မှာပြိုင်ခွင့်ရခဲ့တာကတော့ နှစ်မျိုးတည်းပါ။ ဒါနဲ့ ဆုတွေပိုက် အိမ်ပြန်ပြီး အဝေးမှာရှိတဲ့အဖေတို့ အမေတို့ကိုလည်းလှမ်းကြွားရတာပေါ့။ အဲဒီညမှာပဲ မြန်မာ့အသံက လွှင့်တဲ့အစီအစဉ်မှာ ကိုယ့်ရုပ်ကြိးကိုယ်ပြန်မြင်ရတော့တာပေါ့။ အဖေတို့အမေတို့ကလည်း လှမ်းဖုန်းဆက်တယ်။ တီဗွီမှာတွေ့တယ်ပေါ့လေ။ အဲတုန်းကပျော်တာမျိုး ဘယ်တော့မှပြန်ရ တော့မယ်မထင်ပါဘူးဗျာ။ ဒါကြောင့်ကိုကိုးရဲ့ မှတ်ကျောက်တင်ခဲ့တဲ့ ကိုယ်တိုင်ရေးသီချင်းလေးကို ပြန်လည်မျှဝေလိုက်ပါတယ်။


ရွှေမြန်မာပြည်........ ရွှေမြန်မာပြည်
အေးချမ်းသာယာသည့် တို့ရဲ့ရွှေပြည် လှမ်းပြိုင်တူတူညီ
ပန်းတိုင်ခရီးသို့ချီ.............

မျှော်ရည်တွေးဆ အေးမြတဲ့ တို့ရဲ့မြန်မာပြည်
တောင်တန်းကြီးတွေ ၀န်းရံလို့တလီ သံလွင်ချင်းတွင်း ဧရာဝတီ
အမှန်ပင်စီးဆင်းနေပါသည်။ ကျောက်သံပတ္တမြား၊ ကောက်နှံစပါး......
ဆပွားတို့လို့ တိုးတက်ဝေစည်....... ကမ္ဘာကိုရင်ပေါင်တန်း လှမ်းပြိုင်ဖို့ရည်
ထွန်းတက်နေပမာညီ.. ရွှန်းလက်ဝေဖြာသည်..
အေးချမ်းသာယာသည့် ပန်းတိုင်ခရီးသို့ချီ။

တူညီစိတ်ထား တစ်သွေးတစ်သားတည်းညီ
အရေးကြီးက သွေးနီးကြဆိုစကားသည် ၊ တိုင်းရင်းသားတို့ ပေါင်းစုအားနဲ့
အနာဂတ်ရဲ့ပန်းတိုင်လှမ်းပြိုင်ဖို့ရည်။
ဥမကွဲ သိုက်မပျက်နေထိုင်မည်၊ တို့သွေးရင်းတို့ရွှေမြန်မာပြည်
အေးအတူပူအမျှ ဖေးကူမတဲ့ နှလုံးသားတွေသည်
ကမ္ဘာကိုရင်ပေါင်တန်း လှမ်းပြိုင်ဖို့ရည်
ထွန်းတက်နေပမာညီ.. ရွှန်းလက်ဝေဖြာသည်..
အေးချမ်းသာယာသည့် ပန်းတိုင်ခရီးသို့ချီ။

တက်ညီလက်ညီ လှော်ခတ်ကြမည် တက်စုံရွက်စုံလှော်ခတ်စို့သံပြိုင်ညီ
မုန်တိုင်းကြောင့်တလီ လေထန်တစ်မျိုးကြုံတွေ့ရလေပြီ................
တူပြိုင်မနားလှော်ခတ်ကြမည် မုန်တိုင်းထန်လည်းတို့မမှူ့ပြီ
လေထန်သော်လည်း တို့မကြောက်ပြီ အေးချမ်းသာယာသည့်ပန်းတိုင်ခရီးသို့ချီ။

သီချင်းလေးကို အမှတ်တရ ထည့်သွင်းရေးသားလိုက်ပါတယ်။

နေပြည်တော်ပြိုင်ပွဲအကြောင်းဆက်လက်ဖော်ပြပါဦးမည် ။


စာရေးသူ...ကိုကိုးအိမ်


4 ယောက်ကစာမူခပေးသွားပါတယ်:

SHWE ZIN U said...

တော်တော် တော် တဲ့ တလေးလုံး ကိုးကိုးအိမ်ဘဲ
ချီးကျူးပါတယ်ဗျာ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Zay Tar Yar said...

စောင့်ဖက်နေတယ်နော် ၊ သီချင်းတွေလဲမှတ်မှိတယ်နော်
ဒီလိုလူတွေမြန်မာမှာနဲသွားလို့ စိတ်မကောင်းမှိဘူးဗျ ဘာ မဆိုင်ညာမဆိုင်ပေါ့လေ ၊ ဇေပီယာနိုသင်တော့သင်ပေး တဲ့လူက တရုပ်ကြီးဗျ ၊ ထံတျာတေရှင် လေ သူကပြော တယ် မြန်မာ့ယဉ်ကျေးမှုကို ငါတို့ကပါထိန်းပေးနေရပြီ တဲ့ တော်တော်ခံပျင်းတယ်ဗျ ............

နတ်ဆိုးလေး said...

ဆြာ ကိုကိုး အပိုင်းက ဘယ်နှစ်ပိုင်းတင်မှာတုန်းဗျ
ပုံက နေပြည်တော်မှာ ဒီတစ်ပုံပဲ ရိုက်လာတာလား
အဟီး .
နောက်တာနော် ဆြာသမား

မနုငယ် said...

သင်ပေး..အမလဲတီးတတ်ဆိုတတ်ချင်တယ်.အသံပြာ
နေတာလေးတစ်ခုပဲ.လေးစားပါတယ်..မြန်မာသံရလို့

မနုငယ်

 

©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB