အဖြူရောင်နတ်သမီး

|




ကိုကိုးတစ်ယောက်ကဗျာရေးခဲပါသည်။ တော်ရုံတန်ရုံလည်း သိပ်မရေးဖြစ်ပါ။ အားလုံးပေါင်းမှ သုံးပုဒ်လောက်ပဲ ရေးဖူးခဲ့သည်။ ဒီတစ်ခါတော့ ဘလော့ဂါမောင်နှမတွေဖြစ်သည့် မနမ်းမဝ(အဖြူရောင်နတ်သမီး) အတွက် ဘလော့တစ်နှစ်ပြည့်မွေးနေ့လက်ဆောင်အဖြစ် မရေးတတ်ရေးတတ် ရေးလိုက်ဖြစ်တာပါ။ မုန့်ကိုတော့ မနက်ဖြန်မှ မနမ်းဆီသွားစားရမှာပေါ့ဗျာ။ ဆိုက်ပရပ်စ် ဟိုတယ်ကြီးက နာမည်ကြီးဟင်းလျာတွေနဲ့ ဧည့်ခံမှာကိုးနော့။ အဟဲ…. ။ အဲဒီတော့ ကိုကိုးကလည်း ဆုတောင်းပေးပါတယ် အဖြူရောင်နတ်သမီးဘလော့လေး ဒီ့ထက်မက အောင်မြင်ပါစေ။ နောင်နှစ်ပေါင်းများစွာ ဆက်လက်တည်တံ့ပါစေလို့ တစ်နှစ်ပြည့်မွေးနေ့ဆုတောင်းပေးလိုက်ပါတယ်။ ကဗျာလေးဖတ်ပြီးရင် မနမ်းဆီမုန့်သွားစားကြနော်။


အဖြူရောင်နတ်သမီး

သန့်ရှင်းမှူ့တွေအတိ
ဖြူစင်မှူ့တွေအတိနဲ့ အဖြူရောင်
စင်ကြယ်လွန်းလှတဲ့ သူ့ဘ၀မှာ လျှို့ဝှက်မှူ့တွေအပြည့်နဲ့ အဖြူရောင်
ပန်းချီဆရာရဲ့ ရောင်စုံစုတ်ချက်တွေကို အပြုံးမပျက်ခံယူတတ်တဲ့ အဖြူရောင်
လာလည်သမျှလူတိုင်းကို မမောနိုင် မပန်းနိုင် အားဆေးတွေပေးခဲ့တဲ့ အဖြူရောင်
သြော်… ရသပေါင်းစုံပေးစွမ်းနိုင်ခဲ့တဲ့ သူမကို ခေါ်ကြတာကတော့ “ White ” တဲ့လေ။

အားငယ်သူကို အားပေး
ပျော်နေသူကို မျှဝေခံစားပေးတတ်ခဲ့တဲ့ နတ်သမီး
ကြုံလာသမျှ အခက်အခဲ မငြီးငြူဘဲ ဖြေရှင်းပေးတတ်ခဲ့တဲ့ နတ်သမီး
တစ်သက်တာ အတွေ့အကြုံတွေကို အားဆေးအဖြစ် ပြန်လည်ဝေမျှ
စေတနာ ပရပွနဲ့ နတ်သမီး……
လောကကိုရောက် မောသမျှအကုန်ပျောက်အောင် စွမ်းလည်းစွမ်းပါပေ့ နတ်သမီးရယ်..
အင်း….. လူသားတို့ရဲ့ မျှော်လင့်ခြင်း။ ပျော်ရွှင်ခြင်း၊ ပူဆွေးခြင်း ရသပေါင်းစုံကို
ပေးနိုင်စွမ်းတဲ့သူမကို ခေါ်ကြတာကတော့ “ Angel “တဲ့လေ။

ခုတော့လည်း ဖြူရှင်းသန့်စင်တဲ့ စေတနာနဲ့
လူသားတွေကို အမောတွေပြေပျောက်စေဖို့
နတ်သမီးတစ်ယောက် နတ်ရေစင်တွေဝေမျှခဲ့တာ
တစ်နှစ်ပြည့်မြောက် နှစ်လည်ရောက်ခဲ့ပေါ့။

သူမကိုလည်း ခေါ်ကြပြန်သေးသတဲ့ “ White Angel “ တဲ့လေ။

အဖြူရောင်နတ်သမီးအတွက် ဘလော့တစ်နှစ်ပြည့် ကဗျာလက်ဆောင်

စာရေးသူ…ကိုကိုးအိမ်(29.7.2010)

 

8 ယောက်ကစာမူခပေးသွားပါတယ်:

ခိုင်နုငယ် said...

ကဗျာလေးလာဖတ်သွားပါတယ်။
ကိုကိုးအိမ်ရေ..ဘလောပ့်ရှင်အတွက်
ပျော်ရွှင်ကြည်နူးစရာ..ကဗျာလေးပါပဲ။


ခင်မင်စွာဖြင့်
ခိုင်နုငယ်

မဗေဒါ (၈၈) said...

ဟိုင်း.... မစ္စတာ မောင်ကိုး

ဒါမျိုးလည်း ရဒါပဲလား.. ဟဲ.. လုပ်စမ်းပါအုံး.. ဗေ့မွေးနေ့ကျရင် တပုတ် (ဒ်)လောက် ဟဲ..။ ဗေကတော့ နာမည်မကျော်ကြား လူချစ်နဲတဲ့ သူမို့ အားငယ်မိပသေး..။

သူငယ်ချင်းကို ချစ်တဲ့စိတ်နဲ့ စာစပ်ပေးတဲ့ မောင်ကိုးရော.. အဖြူနတ်သမီးရော ပျော်ရွင်ကြပါစေလို့..။

ဗေ (၈၈)

အဖြူရောင်နတ်သမီး said...
This comment has been removed by the author.
အဖြူရောင်နတ်သမီး said...

း)
အဟမ်း...(အကယ်ဒမီပေးပွဲမှာပြောတဲ့လေသံနဲ့)
ပထမဦးဆုံးပြောချင်တာကတော့..
ကဗျာလေးရေးပေးတဲ့
ကိုကိုးအိမ်ကို အရမ်းကျေးဇူးတင်ပါတယ် ..ဆိုတဲ့အကြောင်းပါပဲ။


ဒုတိယပြောချင်တာကတော့ ကျမရေးခဲ့တဲ့ post တွေကို အမြဲတန်းလေးလေးနက်နက်နဲ့ စိတ်ဝင်တစား အချိန်ပေးပြီးဖတ်တတ်တဲ့ ကိုကိုးအိမ်၊ တခါတလေ post ထဲက အကြောင်းအရာတွေကို ကျမနဲ့ အပြန်အလှန် ဆွေးနွေးတတ်တဲ့ ကိုကိုးအိမ်ကို ကျမလေးစားမိတယ်ဆိုတာပါပဲ..။

နောက်ဆုံးတခုကတော့ မနက်ဖြန်မှာ အကျွေးမွေးမထည့်တော့ဘူးလို့ထားတာ..
ကိုကိုးအိမ်ကြောင့် အခုတော့ ထည့်ရတော့မယ်..။း)း)



ကဲ..အိမ်ပြန်ပြီး မနက်ဖြန်အတွက် ဟင်းချက်လိုက်အုံးမယ်...
မနက်ဖြန်လာခဲ့အုံးနော်....။

Junction Point said...

ကိုကို ကိုး ရေ
ဘလော့တစ်နှစ်ပြည့်ကဗျာလေးကို
လာရောက်ဖတ်ရှုသွားပါတယ်
ဘလော့မွေးနေ့ရှင်နဲ့အတူ အားလုံးအတူပျော်ရွင်ကြလိုက်အောင်

SHWE ZIN U said...

ကိုးကိုးအိမ် ရေ

ဘလော့ဂ် တနှစ်ပြည့် ကိုသွားသွားချောင်းတာ အခု ထိ အကျွေးအမွေးမစသေးဘူး

ကဗျာလေး ဖတ်သွားတယ်နော်

နေ၀သန် said...

မုန့်လည်းမစားရပါဘူး... :D:D...

မွေးနေ့အတွက်ရေးထားတဲ့ ကဗျာလေး ကြည်နူးဖို့ကောင်းတယ်......

ခင်မင်တဲ့
နေ၀သန်

သုခုမလေဒီ said...

ဘလော့ဂါ အဖြူရောင်နတ်သမီးအတွက် ကျေနပ်စရာ ကောင်းတဲ့ ကဗျာလေးပါပဲ။
ဘလော့ဂါရော ရေးစပ်သူပါ ပျော်ရွှင်ပါစေ...။

 

©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB