ကိုးလည်း စာမရေးဖြစ်တာအတော်ကြာခဲ့ပေါ့။ ဒီနေ့တော့ န၀ရတ်ကိုးပါးထဲကသန္တာနဲ့ပတ်သက်တာ လေးရေးမလားစဉ်းစားမိပါတယ်။ မနက်ဖြန်အတွက်မွေးနေ့ပိုစ်လေးကလည်းရေးဦးမှာဆိုတော့ မရေးဖြစ် တာကြာတဲ့ န၀ရတ်ရတနာတွေထဲက သန္တာအကြောင်းလေးရေးဖို့စဉ်းစားမိတာပါ။ သန္တာဟာဆိုရင် ပင်လယ်အောက်မှာရှိတဲ့ ကျောက်ဆောင် ကျောက်လှိုဏ်ခေါင်းတွေထဲကထွက်လေ့ရှိတဲ့ ပယင်းကျောက်လို သဘာဝကျောက်တစ်မျိုးဖြစ်ပါတယ်။ ပယင်းလိုပဲ မီးတင်ရှို့ရင်လောင်ကျွမ်းတတ်ပါတယ်။ ငရဲမီးလိုမျိုးနဲ့တွေ ရင်လည်း စားသွားပစ်တတ်ပါတယ်။ သန္တာကျောက်ဟာ များသောအားဖြင့်ကတော့ အနီရောင်တွေရှိတတ်ပါ တယ်။ ဒါကြောင့်လည်း ကိုယ့်ချစ်သူရဲ့ နှုတ်ခမ်းနီနီလေးတွေကို သန္တာသွေးလိုပဲ နီရဲရဲလေးလို့ တင်စားတတ်ကြတာပါ။ နောက်ပြီးသန္တာဟာ အနီရောင်အပြင်ကျီးအာသီးရောင်၊ကြေးနီးရောင်ရှိတယ်ပြော ကြပေမယ့် သေချာစစ်ဆေးကြည့်လိုက်ရင်တော့ အနီရောင်တွေပဲ ဖြစ်နေတတ်ကြပါတယ်။ သန္တာမှာမှ သန္တာဖြူနဲ့ သန္တာနက်ဆိုပြီးရှိပါတယ်။ ကိုးတို့မြန်မာနိုင်ငံမှာတော့ သန္တာဝတ်တာ အရမ်းကိုနည်းပါသေးတယ် အနောက်တိုင်းသားတွေကတော့ သန္တာကို ဖက်ရှင်တစ်ခုအနေနဲ့ထွင်ပြီးတော့ကို ၀တ်လေ့ရှိကြပါတယ်။
န၀ရတ်ကိုးပါးထဲက သန္တာအနီရောင်ဟာ ချစ်ခြင်းမေတ္တာနဲ့ ပြိးပြည့်စုံမှူ့တွေကို သယ်ဆောင်လာပေးတတ် ကြတယ်လို့ ယူဆလေ့ရှိကြလို့ ရှေးယခင်ကတည်းက အဆောင်အဖြစ်ခတ်လုပ်ဝတ်ဆင်သူတွေရှိခဲ့ပါတယ်။ ဒါ့အပြင် ဖန်တီးနိုင်မှူ့စွမ်းအားနဲ့ အကောင်းမြင်မှူ့တွေကိုလည်း ဖြစ်ပေါ်စေနိုင်တယ်လို့ ဆိုကြပါတယ်။စိတ်ပိုင်းဆိုင်ရာအနေနဲ့ဆိုရင်တော့ သန္တာဟာ စိတ်ကိုတည်ငြိမ်စေပြီး အေးချမ်းမှူ့ကို ပေးနိုင် စွမ်းတယ်လို့ ဆိုပါတယ်ခင်ဗျာ...။ ဒါကြောင့်စိတ်ရောဂါအထူးကုဆရာဝန်များဟာ လူနာကို စိတ်ဝေဒနာကု သပေးပြီဆိုရင် သန္တာကျောက်ကို အားကိုးအားထားပြုပြီး ကုသတတ်ကြတာများပါတယ်။
နောက်တစ်ခုကောင်းတာက သန္တာကျောက်ဟာ သွေးနဲ့ပတ်သက်တဲ့ရောဂါ၊ သွေလှည့်ပတ်မှူ့နဲ့ဆိုင်တဲ့ နေရာတွေမှာ ကောင်းစေရုံသာမကပဲ Kidney, Pancarus, Liver,Heart, Bone,မျက်စိရောဂါ၊ အသက်ရှူ ကြပ်တာတွေတို့ ၀က်ရူးပြန်တာတွေတို့မှာပါ ကောင်းစေတယ်လို့သိရပါတယ်ခင်ဗျာ...။
န၀ရတ်ကိုးပါးထဲမှာ သန္တာကို ထည့်သွင်းခတ်လုပ်ပြီဆိုရင်တော့ အုပ်ချုပ်သူများအတွက်ဆိုပြီး ရည်ညွှန်းခတ် လုပ်ကြတယ်လို့ သိရပါတယ်ခင်ဗျာ။ ခတ်လုပ်တဲ့အခါမှာလည်း အရှေ့မြောက် တနင်္ဂနွေထောင့်မှာထားပြီး ခတ်လုပ်လေ့ရှိကြပါတယ်။ အင်္ဂါသားသမီးတွေရဲ့ အဆောင်ကျောက်လည်းဖြစ်တဲ့ သန္တာကျောက်ကို သူတစ်မျိုးတည်းခတ်လုပ်တဲ့အခါ ညာဘက်လက်မှာဝတ်ဆင်လေ့ရှိကြပါတယ်။
ရှေးဟောင်းအီဂျစ်တွေကတော့ သန္တာနီကို သူတို့ရဲ့ ပိရမစ်တွေထဲထည့်သွင်းလေ့ရှိပါတယ်။ ဟိုတစ်လောက တီဗွီမှာလွှင့်တဲ့ ပိရမစ်တွေကိုလေ့လာတဲ့နေရာမှာ သန္တာကျောက်တွေကိုပါတွေ့ရှိရတယ်ဆိုတာ ကိုကြားလိုက်ရပါတယ်။ သန္တာကျောက်ဟာ မကောင်းဆိုးဝါးတွေနဲ့ မကောင်းတဲ့ဝိဥာဉ်တွေကိုမကပ်နိုင် အောင် နှိမ်နှင်းနိုင်စွမ်းရှိပါသတဲ့ခင်ဗျာ...။ အချက်အချာအနေနဲ့ကတော့ သန္တာကျောက်ရဲ့ အစိတ်အပိုင်း တိုင်းမှာ နတ်ကောင်းနတ်မြတ်တွေရဲ့ သွေးတစ်စက်စီပါဝင်နေတာမို့ မကောင်းဆိုးဝါးတွေမကပ်နိုင်တာလို့ ယုံကြည်ကြပါတယ်တဲ့လေ။ ဟိုတစ်လောကတောင် မနမ်းမ၀အဆောင်မှာ မကောင်းဆိုးဝါးကပ်တယ်ဆို တော့ သန္တာကျောက်လေးဆောင်ခိုင်းရင်ကောင်းမယ်လို့စဉ်းစားမိပါတယ်။
သန္တာကျောက်ရဲ့ အဓိပ္ပါယ်ကတော့ ပျော်ရွှင်ခြင်းနဲ့ဝမ်းမြောက်ခြင်းတွေကိုဖော်ဆောင်ပေးပြီး ၀တ်ဆင်သူကို တစ်သက်တာပတ်လုံး စိတ်အေးချမ်မှူ့တွေကိုပေးနိုင်စွမ်းရှိတာမို့ ကိုယ်ချစ်တဲ့သူတွေကိုလက်ဆောင်ပေး သင့်တဲ့ကျောက်အဖြစ် ကိုးအနေနဲ့ တိုက်တွန်းလိုပါတယ်။ အဟဲ.. ဒါနဲ့ မဟေသီရှိတဲ့ ကိုကိုတို့ကတော့ ကိုးရဲ့အကြံပေးချက်ကို ကြောက်လန့်နေကြမယ်ထင်ပါတယ်။ မကြောက်ပါနဲ့လို့... ဈေးသိပ်မကြီးပါဘူး... ဟီးဟီး.... တာ့တာ
အော်.......... မမေ့အောင်မှာလိုက်ဦးမယ် မနက်ဖြန်ကိုးမွေးနေ့နော် မေ့နဲ့ဦးဗျ သိလား........... :)
စာရေးသူ....ကိုကိုးအိမ်
1 Comentário:
သူကလည်း ဒါပဲ လိုက်ကြေညာနေတာပဲ..
မုန့်မကျွေးလို့ကတော့ သိမယ်...
Post a Comment