Prince of Persia

|

အင်း.... ဒီနေ့တော့ တနင်္ဂနွေဆိုတော့ ပျင်းပျင်းရှိတာနဲ့ရုပ်ရှင်ကြည့်မလားစဉ်းစားမိပါတယ်။ အဖော်စပ် စရာကလည်းမရှိတာမို့ ကိုးရဲ့ထုံးစံအတိုင်းတစ်ယောက်တည်းပဲ သွားကြည့်ဖြစ်ပါတယ်။ ရုပ်ရှင်နာမည် လေးကတော့ ခပ်ဆန်းဆန်း Prince of Persia တဲ့။ နာမည်လေးကလည်း ဟိုတစ်ခါ သတင်းစာထဲမှာတွေ့လိုက်တော့ စိတ်ဝင်စားတာနဲ့ သွားကြည့်ဖြစ်ပါတယ်။ မင်းသားမင်းသမီးလည်း အကြိုက်ဆိုတော့ ကွက်တိပေါ့ဗျာ။ အပေါ်ကပုံလေးကတော့ ရုပ်ရှင်ကြော်ငြာစာရွက်လေးပါ။ ဒါနဲ့ ရုပ်ရှင်ကြည့်ဖို့ ငွေအရင်းအနှီးလေး ထောင့်နှစ်ရာလောက်စိုက်ထုတ် ပြီးသကာလ (ဆိုင်ကယ်အပ်ခ နှစ်ရာနဲ့ လက်မှတ်ခတစ်ထောင်.. ဟိဟိ) ရုပ်ရှင်ကြည့်ရောဆိုပါတော့ဗျာ။..။

 မင်းသားကလည်း တော်တော်အသက်ပြင်းတာဗျ။ သဲတောင်တွေပြိုကျ သဲကန္တာရကြီးထဲမှာ သေလောက်တာကိုလည်း မသေနိုင်ဘူး။ သိုင်းကလည်းအရမ်းတော်၊ အသက်ကလည်းပြင်းမှပြင်းဗျာ။ ဇာတ်ကားလေးက အလန်းစားဗျ...။ မင်းသားက ပါရှားကိုဝင်သိမ်းတဲ့အခါမှာ မင်းသမီးလေးကတော့ ပါရှားမင်းသမီးလေးပေါ့။ အဲဒီမှာ မင်းသားရဲ့အဖေက နန်းတက်ေ၇ာဆိုပါတော့ဗျာ။ နန်းတက်တော့ ပါရှားမင်းသမီးလေးကို သိမ်းမယ်လုပ်တာပေါ့။ ပါရှားမင်းသမီးလေးက ပြန်ပြောလိုက်ပါတယ်။ ငါက အသက်ကြီးကြီးတွေဆိုကြိုက်ဘူး... နုနုငယ်ငယ်လေးတွေပဲကြိုက်တယ်ပေါ့(အဟီး နောက်တာနော်) အဲဒီအချိန်မှာပဲ မင်းသားတို့နဲ့ပတ်သက်ရာပတ်သက်ကြောင်းထဲက တစ်ခေါင်းလုံးပြောင်နေတဲ့ နာမည်မသိဘိုးတော်ကြီးက ဘုရင်နန်းတက်ဖို့ဝတ်ရုံကိုယူလာပါတယ်။ ဘုရင်က၀တ်ရုံကိုဝတ်ပြီးစကားပြော နေခဲ့တာပေါ့။ အဲဒီချိန်မှာပဲ ၀တ်ရုံထဲက အခိုးတွေအများကြီးထွက်လာပြီး ဘုရင်ကြီးရုတ်တရက်သေသွားပါ တယ်။ ၀တ်ရုံကိုခေါင်းပြောင်ဘိုးတော်ကြိးသယ်လာပေမယ့် ၀တ်ရုံဆက်တာက မင်းသားဖြစ်နေတော့ မင်းသားကိုပဲ အဖေကိုသတ်တယ်ဆိုပြီး စွပ်စွဲကာ ၀ိုင်းလိုက်ကြပါတယ်။ မင်းသားကလည်း မင်းသမီးလေးကိုခေါ်ပြိးထွက်ပြေးတာပေါ့။ ဘုရင်ကြီးကသဘောတူပြီးသားကိုး။ အဲဒီမှာ ဇာတ်လမ်းကစတော့ တာပါပဲဗျာ။ မင်းသမီးလေးနဲ့မင်းသားလေး နေရာတကာကိုလျှောက်သွားပြီး လူဆိုးတွေနဲ့တိုက်ခိုက်ကြနဲ့ အရမ်းကြည့်လို့ကောင်းပါတယ်။ နောက်ပြီး ဒီရုပ်ရှင်မှာ မပါမဖြစ်က ဓားလေးတစ်ချောင်းပါသေးတယ်ဗျ။ အဲဒီဓားလေးဟာ ကိုင်လိုက်ပြီးရင် အနာဂတ်ကိုကြိုသိနိုင်တဲ့အထိစွမ်းတယ်လေ။ အဲဒီဓားလေးကိုလိုချင်လို့ လိုက်နေတဲ့သူထဲမှာ ခေါင်းပြောင်ကြီးလည်းပါတယ်လေ။ ဘိုးတော်ကြီးက ပါရှားရဲ့ ရှေးဟောင်းပစ္စည်းတွေ ကိုလိုချင်လို့ အသေအလဲလိုက်နေတာပေါ့။ အဲဒီချိန်မှာပဲ မင်းသားရဲ့အကိုက သူ့ညီကိုယုံကြည်သွားပါတယ်။ အဖြစ်ဆိုးတာကတော့ သိပြီးမကြာခင်ပဲ မင်းသားအကိုသေသွားပါတယ်။ နောက်ပြီးဇာတ်ကားထဲမှာ မြွေနှာဘူးလည်းပါသေးသဗျ။ ယောကျားလေးတွေဆိုပေါက်သတ်တယ်။ မင်းသမီးလေးကိုတော့ အပေါ်ကကျော်သွားပီ မပေါက်သတ်ဘူးဗျာ။ ဘယ်လောက်နှာပူးတဲ့မြွေလည်းဆိုတာ။ဒါပေမယ့် အရမ်းတော့ကြည့်ကောင်းတယ်နော်။ ရိုက်ထားတဲ့ ရိုက်ကွက်တွေကလည်း အရမ်းလန်း၊ အသံထွက်စနစ်ကလည်း ဖလန်းဖလန်းထနေတော့ ကိုးမှာ ရုပ်ရှင်ရုံထဲ မို့ခြင်မရှိလို့သာမ၀င်တယ်၊ ပါးစပ်ဟောင်းလောင်းကမပိတ်တော့ဘူးဗျို့။ မြန်မာကားတွေထဲမှာ ဒီလောက်ကောင်းတဲ့ကားလည်းမကြည့် ဖူးတာလည်းပါတာပေါ့။ 3D Effect တွေနဲ့ စပါယ်ရှယ် ကလန်းထားတာဗျာ။ ရှူ့ခင်းတွေကလည်း သဲကန္တာရထဲမှာဆိုတော့ အရမ်းမိုက်တယ်။ အဟဲ မင်းသမီးလေးချောတာကတော့ အဓိကပေါ့ဗျာ။ အဲဒီတော့ ကိုကိုတို့မမတို့လည်း ဒီကားလေးကိုမလွတ်စေနဲ့နော်။ ရုပ်ရှင်ရုံထဲဆိုပိုကောင်းမယ်ဗျ။ အသံတွေက အလန်းဆိုတော့လေ။  မြန်မာတွေများ ဒါမျိုးကားလေးတစ်ကားလောက်ရိုက်နိုင်ရင် ဘယ်လောက်ကောင်းလိုက်မလည်းဗျာ။ ကိုးကတော့ ကြည့်ရတာအရမ်းတန်တာပဲ။ ကိုကိုတို့မမတို့လည်း ကိုးနဲ့တူတူကြည့်ရ သလိုခံစားရအောင် ပုံလေးတွေပါထည့်ပေးလိုက်ပါတယ်ခင်ဗျာ။ အမုန်းကြည့်ကြနော်။ ဇာတ်ကားလေးကြည့်ဖို့ လည်းမမေ့နဲ့ နော်။ ကိုယ်ကြည့်သလိုကြည့်စေချင်လို့မျှဝေလိုက်တာပါခင်ဗျာ။

စာရေးသူ...ကိုကိုးအိမ် (၁၅.၈.၂၀၁၀)


1 Comentário:

ကိုဇော် said...

ရုံမှာတော့ မကြည့်ရသေးဘူး။ ထွက်ထွက်ချင်းတော့ နက်ကနေပြီး ကြည့်ပြီး သွားပြီ တော်တော် ကြိုက်ပါတယ်။

 

©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB