ကိုကိုးအိမ်(မန္တလေး)နဲ့ မိုးကုတ်သား

|

ကိုးတစ်ယောက် ဒီဘလော့လေးကို စတည်ထောင်ဖြစ်တုန်းက ကိုးတစ်ယောက် တည်းမဟုတ်ပါဘူး။ မိုးကုတ်သားဆိုတဲ့ သူငယ်ချင်းတစ်ယောက်လည်းပါပါတယ်။ သူ့နာမည်က ဆီဇာညီညီပါ။ သူနဲ့နှစ်ယောက်ပေါင်းပြီး လုပ်ဖြစ်ကြတယ်ဆိုပါတော့ဗျာ။ ပြီးခဲ့တဲ့နှစ်က ကိုသက်တန့်ချို မန်းတလေးကိုလာတော့ ကိုးကို ဘလော့စပေါ့လေး စလုပ်ပေးသွားတာပါ။ အဲဒီအချိန်မတိုင်ခင် က ကိုသက်တန့်နဲ့ ကိုးနဲ့က Ning ဆိုရှယ်ဆိုက်မှာ အလည်သွားကြရင်း ခင်ခဲ့ပါတယ်။ အဲဒီမှာ သူမန်းတလေးလာတော့ ကိုးနဲ့ နှစ်ယောက်တွေဖြစ်တော့ သူလည်း အိမ်ပြောင်းထားတယ်။ ညီလေးလည်းပြောင်း ပါ့လားဆိုတာနဲ့ ပြောင်းကြည့်ရင်း ကြိုက်တာနဲ့ အခြေ ချခဲ့တာပါ။ ပြောင်းဖြစ်တော့ လည်း အီးမေးလ်လိပ်စာ က မိုးကုတ်သားဆိုတာ ပါနေတဲ့အတွက် စိတ်ထဲမှာ သိပ်မစဉ်းစား ဖြစ်ဘဲ  www.moegokethar.blogspot.com ဆိုပြီးတော့ပဲ လုပ်ဖြစ်လိုက်တာပါ။ အဲဒီအချိန်ကတော့ နာမည်ကို သိပ်ကြီး အလေးအနက်မထားဖြစ်ခဲ့ပါဘူး။ အခုနောက်ပိုင်းမှာမှ ကိုးကို မိုးကုတ်သား မိုးကုတ်သား နဲ့လာလာခေါ် မှ ရှင်းပြရခက် ဖွင့်ပြောရခက်ဖြစ်နေတော့ တာပါ။ အခုတော့ မနေနိုင်လို့ ဖွင့်ပြောဖြစ်လိုက်ပါပြီ။  အဲဒီနာမည်မှာ ပြဿနာကစတာ ပါပဲ။ ကိုးကလည်း စာစရေးစဆိုတော့ ခေါင်းကလည်းမထွက် လက်ကလည်းမသွက်ပါဘူး။ မိုးကုတ်သားဆိုတာလည်း သူကအွန်လိုင်းစသုံး နေတဲ့သူဖြစ်တဲ့အတွက် စာသိပ်မရေးတတ်ပါဘူးတဲ့။ ၀ါသနာပါတာနဲ့ လုပ်ကြည့်တာပါလို့ပြောပါတယ်။ ဒါပေမယ့် လုပ်ဖြစ်တဲ့ ဘလော့နိမ်းက မိုးကုတ်သားဆိုတဲ့ နာမည်နဲ့ဖြစ်နေတဲ့ အတွက် ခေါင်းစဉ်တပ်တဲ့အခါမှာ မိုးကုတ်သားလည်းပါအောင် ကိုကိုးအိမ်လည်းပါအောင် မိုးကုတ်သား  ကိုကိုးအိမ်ဆိုပြီးတပ် ခဲ့တာပါ။ မိုးကုတ်သားလေးကိုကိုးအိမ် ဆိုပြီး တစ်ပေါင်းတည်း တပ်ခဲ့တာ မဟုတ်ပါဘူး။ မိုးကုတ်သား ကိုကိုးအိမ်ဆိုပြီးတပ်ခဲ့တာပါ။ သူရေးထားတာတွေက မနည်းဘူးဆိုတော့ တင်ဖြစ်တာလည်း တော်တော်များပါတယ်။ အဲဒီပို့စ်တွေမှာ လည်း ဆီဇာညီညီဆိုတဲ့နာမည် ပဲတပ်ခဲ့ပါတယ်။ သူက မိုးကုတ်သားလို့နာမည်တပ်တာနည်းပါတယ်။ ဘာလို့လည်း ဆိုတော့ မိုးကုတ်သား ဆိုတဲ့ နာမည်က ရှိပြီးသားမို့လို့ပါတဲ့။ နောက်ပြီး ကိုးကလည်း အဲဒီချိန်က ဘလော့ဖတ်တာအရမ်း အားနည်းခဲ့ပါတယ်။ နောက်ပြီး အလုပ်တွေရှိလို့ အိမ်ပြန်သွားတဲ့အချိန်မျာ အိမ်မှာကိုပဲ သုံးလလောက်ကြာသွားပါတယ်။ အဲဒီတော့ အဲဒီအချိန်လောက်က ဆီဇာ(မိုးကုတ်သား) တစ်ယောက်တည်းပဲ ရေးသလိုဖြစ်နေပါတယ်။ ကိုးကတော့ နောက်ထွက်မင်းသား ပေါ့။ ကိုးဘလော့ကိုပြန်ရေး ဖြစ်တာ ဒီနှစ် ဇန်န၀ါရီ မှပါ။ ဒါပေမယ့် ခုချိန်ထိ မိုးကုတ်သားနဲ့ ကိုကိုးအိမ်ကို တစ်ယောက်တည်းပဲထင်နေကြပါသေးတယ်။ ဘလော့ စလုပ်ခါစ အချိန်ပိုင်း လောက်က လာလည်ဖူး ကြသူတွေလောက်ပဲ သတိထားမိကြမှာပါ။

နောက်တစ်ချက်က ကိုးရဲ့ အီးမေးလ်အကောင့်မှာလည်း မိုးကုတ်သားဆိုပြီး ပါနေတဲ့အတွက် တော်တော်များများက မိုးကုတ်သားနဲ့ ကိုကိုးအိမ်ဆိုတာ တစ်ယောက်တည်းပဲလို့ထင်ခဲ့ကြပါတယ်။  ကိုကိုးအိမ်ရဲ့ ကလောင်အပြည့်အစုံဟာ ကိုကိုးအိမ်(မန္တလေး) ဖြစ်ပါတယ်။ ဒါပေမယ့် အပျင်းကြီးတဲ့ ကိုကိုးဟာ ဘယ်ဘလော့ကို လည်လည် ကိုကိုးအိမ်ဆိုတဲ့ နာမည်ကိုပဲ ထည့်ခဲ့ပါတယ်။ တကယ်တမ်းက အီးမေးလ်အကောင့် လုပ်စဉ်မှာ တူတူလုပ်ခဲ့တာ ဖြစ်တဲ့အတွက် မိုးကုတ်သားကပဲ နှစ်ယောက်လုံးရဲ့ အီးမေးလ်ကို မိုးကုတ်သားဆိုတဲ့နာမည်ပါအောင် ဖွင့်ခဲ့တာပါ။ အဲဒီမှာ အထင်မှားစရာ တွေဖြစ်လာတာပါ။ ကိုးအိမ်ကနေ ပြန်ရောက် လာပြီးနောက်ပိုင်းမှာ မိုးကုတ်သားလည်း ဘလော့ပေါ်ကို မရောက်တော့ပါဘူး။  စာလည်းမရေး ဖြစ်တော့ပါဘူး။ အခုဘလော့ လေးမှာ စာေ၇းသူဟာ ကိုကိုးအိမ် တစ်ယောက်ပဲရှိ ပါတော့တယ်။ ဒါကြောင့် အခုနောက်ပိုင်း ကိုးတစ်ယောက်တည်းပဲ ရေးတော့ မှားကြမှာစိုးလို့ မိုးကုတ်သားကို လှမ်းခွင့်တောင်းပြီး Blog Title ကို ကိုကိုးအိမ်(မန္တလေး) ဆိုတဲ့နာမည် တစ်ခုတည်းကို ပဲတင်ခဲ့ပါတော့တယ်။ အခုဆိုရင် ဆီဇာ(မိုးကုတ်သား) တစ်ယောက် မြန်မာနိုင်ငံ မှာတောင်မရှိ တော့ပါဘူး။ ကိုးတစ်ယောက်သာ သံယောဇဉ်မပြတ် စွာနဲ့ ဆက်ရေးနေဖြစ်ခဲ့တာပါ။ ကိုးနဲ့ မိုးကုတ်သားနဲ့ အရမ်းချစ်ခဲ့ကြတာကလည်း အကြောင်းရှိပါတယ်။ ကိုးနဲ့ မိုးကုတ်သားဟာ တစ်ရက်တည်း တစ်လတည်း၊ တစ်နှစ်တည်း မှာပဲ မွေးခဲ့ကြတာပါ။ မနက်ပိုင်းနဲ့ ညနေပိုင်းပဲကွာပါတယ်။ အဲဒါတွေကြောင့်လည်း ပိုပြီး ခင်ခဲ့ကြပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ မိုးကုတ်သားတစ်ယောက် သူ့ရဲ့ ဘ၀တိုးတက်ရာ တိုးတက်ကြောင်းအတွက် အမိမြေကို စွန့်ခွာပြီး ရပ်ဝေးမြေခြားကို ထွက်ခွာသွားတာ ငါးလကျော်သွားပါပြီ။ ကိုကိုးအိမ်လည်း ၀ါသနာပါရာ စာရေးခြင်းအတွက် ကိုကိုးအိမ်(မန္တလေး)အမည်ဖြင့် ဟိုတစ ဒီတစ ကလောင် သွေးနေပါတယ်။ နောက်ပြီး ကိုးဟာ အရမ်းသွေးအေးပါတယ်။ ဒါပေမယ့် သွေးဆူစရာတစ်ခု ကိုတော့ စိတ်မထိန်းနိုင်ခဲ့ပဲ မကြာသေးခင်လောက်က လူတစ်ယောက်ကို အထင်အမြင်လွဲပြီး ကိစ္စတစ်ခုဖြစ်ခဲ့ ပါတယ်။ တကယ်တမ်းက ကိုးရဲ့ စိတ်အလိုလိုက်မှူ့တွေပါပဲ။ အဲဒီကိစ္စအတွက်လည်း တစ်ဖက်မှာ အရမ်းစိတ် ထိခိုက်သွားလိမ့်မယ်ထင်ပါတယ်။ အဲဒီလိုမျိုး ကိုးရဲ့မဆင်ခြင်မှူ့တွေကြောင့် ဖြစ်ခဲ့ရတာကိုလည်း စိတ်မကောင်း ပါဘူး။ ဒါပေမယ့် ကိုးရဲကတစ်သက်မှာ သူတစ်ပါးနစ်နာအောင်လည်း စတင်ကြံဆောင်ခဲ့ တာလည်းမရှိပါဘူး။ ကိုးအပေါ် လာပြီး နစ်နာအောင်လုပ်တာလည်း အဲဒီတစ်ခါပဲကြုံခဲ့ဖူးတာပါ။ အဲဒါကြောင့် လည်း စိတ်မထိန်းနိုင်ဖြစ်သွားခဲ့တာပါ။ အဲလိုမျိုးကိုးရဲ့ မသိတတ်မှူ့တွေကြောင့် စိတ်ထိခိုက်ခဲ့ရသူ အပေါင်း ကိုလည်း ကိုး အများကြီးတောင်းပန်ပါတယ်။ ချစ်သူတစ်ရာ နည်းသေး၏၊ မုန်းသူတစ်ယောက်များသေး၏ ဆိုတဲ့ စကားကို ခတ္တခဏတော့ ကိုးမေ့သွားခဲ့ပါတယ်။ အဲဒီကိစ္စတွေကို အရင်နေ့က ဆီဇာ(မိုးကုတ်သား) ကိုပြောပြတော့ သူလည်း စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။ တော်တော်ဆိုးတဲ့ ကိုကိုးအိမ်ပဲနော်။

အဲတော့ ဘော်ဒါတို့ကို နောက်ဆုံးပြော ချင်တာကတော့ ကိုကိုးအိမ် (မန္တလေး)ဆိုတာနဲ့ ဆီဇာညီညီ (မိုးကုတ်သား)  ဆိုတာ တစ်ယောက်တည်းမဟုတ်ကြောင်းပါ။ ဘလော့လေးကို မိုးကုတ်သားက ကိုးတစ်ယောက်တည်းနဲ့ စိတ်ချလက်ချပစ်ထားပြီး အခုလက်ရှိ ရေးသားတင်သွင်းနေသူကတော့ ကိုကိုးအိမ်(မန္တလေး) သာဖြစ်ပါကြောင်း.................... အခုတော့ ရှင်းရှင်းလင်းလင်းဖြစ်အောင် နောက်က ၀ိသေသ ထည့်ပြီးတော့ သာ ရေးတော့ကြောင်း။...။


စာရေးသူ...ကိုကိုးအိမ်(မန္တလေး)

1 Comentário:

Zay Tar Yar said...

ယုတ်မာ ဆိုးတောင်း ၊ကျင့်မကောင်းကို ၊ မှားကြောင်းတစိ ၊သိလျှင် သိခြင်း ၊ စွန့်ပယ်လျှင်းလော့ ၊ အမြဲမှတ်သို ၊ မစွန့်လိုက ၊ ဤကိုယ် သုခ နောင်မရဘူး ၊ မဃဒေ၀ လကာင်္ လေးလက်ဆောင်ပေးပါတယ် ၊ သတိထားပြီး ဒေါသထွက်ပါ ၊ ဒေါသထွက်တာလွယ်တယ် ဒေါသ နောက်က ပြဿနာတွေ ဟာ ရှင်းရတာခတ်တယ် ၊ မှားပြီးမှ တောင်းပန်တာ မိအေးနှစ်ခါ နာဘဲ ၊ ဇေကတော့ တခါဘဲအနာခံတယ် ၊ ဒေါသထွက်လွယ်တဲ့ လူတွေဟာ လူ့မှု့ရေး အဆင်မပြေတတ်ဘူး ၊ ဒေါသကြောင့် လူမှု့ရေး ဆုံးရှုံးတတ်တယ် ၊ ဟိုနေ့က ကိုးရဲ့ ပိုစ့်လေးကို ဖက်လိုက် ရတယ် ၊ ဇေက ကိုးကိုအဲလိုလူလို့ မထင်ထားပါဘူး ၊ အကြံပေးမလို့ လာကြည့်တော့ ဖြုတ်လိုက်တော့ မပေးလိုက်ရဘူး ညီကိုယ်ချင်းမို့ သိတာလေး မျှဝေပေးတာလို့ သဘောထားပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ် .။

 

©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB