ညတစ်ခုရဲကအလှ
“မ” အပြုံးနဲ့မှ ပြည့်စုံမှာလား
လွမ်းမောမှူ့အပြည့်နဲ့ ချစ်ခဲ့တဲ့ငါ...
မှားပြီ.........
ခံစားနေရတဲ့ ရင်ခွင်ဗလာ
မဆုံနိုင်တော့မှ ပြန်အောက်မေ့ချင်
အနှစ်မရှိတဲ့ အကာတစ်ဝက်
အချစ်မရှိတဲ့ ကမ္ဘာပျက်သုဉ်း
အမုန်းနံရံတွေ ခြားနားခဲ့ပြီ...
ချစ်မဆုံးတဲ့ အမုန်းဧကရီ
ပုန်ကုန်ခြားနားမယ့် အချစ်နယ်စားလေး..
ခံတပ်တွေ လုံခြုံခဲ့တော့..
ငါ....
ရင်ခွင်တစ်ခုလုံးတုန်ခါခဲ့တယ်
လေညှင်းလေးက ကူညီပေးနေတယ်
လမင်းကြီးကတော့ ပြုံးလျှက်
ကြယ်လေးတွေက ဟားလျှက်
သရော်သလို မှော်ဆန်ဆန်နဲ့
ကန်ချင်စရာ မုန်းချင်စရာ
မြင်ကာမှ ပိုလို့ဆိုး
ဝေဒနာကို ဝေဒနာလို့ကြည့်မိမှ
ငါဟာ လူတစ်ယောက်ကို လေးစားလာခဲ့မိတယ်..
ခံစားရေးသားသူ... ကိုကိုးအိမ်(မန္တလေး)
“မ” အပြုံးနဲ့မှ ပြည့်စုံမှာလား
လွမ်းမောမှူ့အပြည့်နဲ့ ချစ်ခဲ့တဲ့ငါ...
မှားပြီ.........
ခံစားနေရတဲ့ ရင်ခွင်ဗလာ
မဆုံနိုင်တော့မှ ပြန်အောက်မေ့ချင်
အနှစ်မရှိတဲ့ အကာတစ်ဝက်
အချစ်မရှိတဲ့ ကမ္ဘာပျက်သုဉ်း
အမုန်းနံရံတွေ ခြားနားခဲ့ပြီ...
ချစ်မဆုံးတဲ့ အမုန်းဧကရီ
ပုန်ကုန်ခြားနားမယ့် အချစ်နယ်စားလေး..
ခံတပ်တွေ လုံခြုံခဲ့တော့..
ငါ....
ရင်ခွင်တစ်ခုလုံးတုန်ခါခဲ့တယ်
လေညှင်းလေးက ကူညီပေးနေတယ်
လမင်းကြီးကတော့ ပြုံးလျှက်
ကြယ်လေးတွေက ဟားလျှက်
သရော်သလို မှော်ဆန်ဆန်နဲ့
ကန်ချင်စရာ မုန်းချင်စရာ
မြင်ကာမှ ပိုလို့ဆိုး
ဝေဒနာကို ဝေဒနာလို့ကြည့်မိမှ
ငါဟာ လူတစ်ယောက်ကို လေးစားလာခဲ့မိတယ်..
ခံစားရေးသားသူ... ကိုကိုးအိမ်(မန္တလေး)
6 ယောက်ကစာမူခပေးသွားပါတယ်:
ကဗျာလေး လာဖတ်သွားတယ်..
"..ခံစားနေရတဲ့ ရင်ခွင်ဗလာ
မဆုံနိုင်တော့မှ ပြန်အောက်မေ့ချင်
အနှစ်မရှိတဲ့ အကာတစ်ဝက်
အချစ်မရှိတဲ့ ကမ္ဘာပျက်သုဉ်း
အမုန်းနံရံတွေ ခြားနားခဲ့ပြီ..."
သြော် ..ဝေးမှပြန်ခံစား ကျွန်တော့်လိုပဲလားဗျာ
ကဗျာလေးတွေ တယ်လှသကိုး။
ကိုးကိုးရေ...ဒီနေ့ တော့ဝင်လည်တဲ့အိမ်တိုင်းကကဗျာတွေကြီးပဲတင်ထားတယ်ကိုယ်တောင်ကဗျာရေးရင်ကောင်းမလားပဲ...အချစ်ကဗျာထက်ဘ၀ကဗျာတွေပိုကြိုက်တယ် အကိုတော်
ကိုကိုးအိမ် လေးစားတဲ့ လူတယောက် ကို သိချင်ပါတယ်
ခင်မင်စွာဖြင့်
ရွှေစင်ဦး
အလိုတော်
ကျုပ်လည်း မရွှေစင်လိုပဲ
သိချင်ပါဘိ :P :P
Post a Comment