ဘ၀မှာဆက်လက်ရပ်တည်ဖို့ အားအင်တွေယုတ်လျော့နေခဲ့ပါလား.. ဒီအချိန်မှာ ငါ့အတွက်ဘာတွေလိုအပ်နေခဲ့ပါလိမ့်..
တစ်စုံတစ်ရာကို ဘာမှန်းမသိပဲ တောင့်တနေခဲ့မိတယ်.. ငါ့အတွက် ကျယ်ပြန့်တဲ့ ပခုံးတစ်စုံလောက်တော့ လိုအပ်လိမ့်မယ်... ငါငိုဖို့ပေါ့...
ငါဟာ ရင်ခွင်ပျောက်သူတစ်ယောက် ဖြစ်မှန်းမသိဖြစ်နေခဲ့ပါလား.. လေနှင်ရာလွင့်နေတဲ့ ဘ၀တစ်ခုကို ဆက်လက်ရပ်တည်ဖို့ ထောက်ကန်ထားရတာ ၀န်ထုပ်ဝန်ပိုးကြီးတစ်ခု ငါ့ပခုံးပေါ်ပိနေသလိုပဲ...
ငါ.. ငိုနေတယ် ငါ့ဘေးမှာဘယ်သူရှိသေးလည်း.. ဟာ.. တစ်ယောက်မှမရှိပါလား ဒါဆို ငါတစ်ယောက်တည်းပေါ့.. ငါ့အတွက် ပခုံးလည်းမရှိ.. ရင်ခွင်တစ်စုံလည်းမရှိ... အား... ဘာမှကိုမရှိပါလား
ခံစားရခက်လိုက်တာနော်.. ဒါဆို ရင်ခွင်ပျောက်သူပေါ့..... ဒါပေမယ့် ဘယ်လောက်ပဲ ခံစားနေရပါစေ ငါ့မျက်ရည်တွေကိုတော့ ငါချစ်တဲ့သူကလွဲလို့ ဘယ်သူမှမမြင်စေရဘူး..
ငါဟာ အထီးကျန်သော ရင်ခွင်ပျောက်သော အားကိုးရာမဲ့သော ခံစားလွယ်တတ်သော ခပ်ညံ့ညံ့ကောင်တစ်ကောင် ဖြစ်မှန်းမသိဖြစ်နေခဲ့ပါလား...
စာရေးသူ...ကိုကိုးအိမ်(မန္တလေး)
ဘယ်လိုမှမခံစားနိုင်တော့တဲ့အချိန်မှာ တိတ်ဆိတ်တဲ့ညသန်းခေါင်ယံမှာ အိပ်ပျက်ညတွေများစွာထဲက တစ်ညမှာ မျက်ရည်များနဲ့ရေးခဲ့တဲ့ ကဗျာလေးပါ.. မိုးလင်းသွားခဲ့ပေမယ့် မျက်ရည်မိုးမလင်းနိုင်သေးတဲ့ ခံစားချက်တွေ တနင့်တပိုးနဲ့ပေါ့... ထိုအချိန်မှာတော့ တစ်စုံတစ်ယောက်ကို အပြင်းအထန် သတိရနေခဲ့ပါသည်။

7 ယောက်ကစာမူခပေးသွားပါတယ်:
ဒဿနတွေ လှ၏...
ချစ်သူနဲ့ အဆင်ပြေပါစေ...
အကိုတို့ အဝေးရောက်တွေ ဆွေးဖို့ ချန်ထားပါဦး...ညီရ..။
အထီးကျန်ဘဝကို တနင့်တပိုး ခံစားနေရချိန်မှာ ညီ့ စာကို
ဖတ်ရတာ ငိုတောင်ငိုချင်လာပြီ...။
ခုတစ်လော ခံစားချက်တွေ အတော်ပြင်းထန်နေပါလား။
အချိန်လေးတစ်ခု ပေးလိုက်ရင် ခံစားရတာတွေ သက်သာသွားမှာပါ။
အမြန်ဆုံး သက်သာပျောက်ကင်းပါစေ မောင်လေး..
စိတ်ကို စိတ်နဲ့ဖြေပါလို့ ပြောချင်ပါတယ် ခင်ဗျာ။
အချိန်က ကုစားပေးသွားမှာပါ။
ရင်ခွင်ပျောက်တာ ဘလော့ဂ် ထဲ ရှာလို့ မရဘူး ဆရာသမား ရေ
နဲနဲ အားစိုက်ပြိး ရှာလိုက် တနေရာ မှာ ရှိနေလိမ့်မယ်
ခင်တဲ့
ရွှေစင်ဦး
အင်း...စာရေးသူ...သေချာတယ်..
စာဖတ်သူတိုင်းကတော့ စာရေးသူရဲ့
မျက်ရည်တွေ ကိုမြင်သွားလောက်တယ် ဆိုတာလေ...
ဘာပဲဖြစ်ဖြစ်ပေါ့.. CHEER!!! :)
...ခင်မင်မှုများနှင့်...ခင်မာလာအောင်...:)
Post a Comment