မုန်းတီးခြင်းစစ်ပွဲ

|

အသည်းကြေညာစာတမ်း တစ်ပိုဒ်ကို
ငါဖတ်မိချိန်
ဝေးနေခဲ့တဲ့ နေ့ရက်တွေ
အပိုဖြစ်ခဲ့တယ်...

အမုန်းတွေပိုင်ဆိုင်ထားလို့
အချစ်ဆိုတာ ခံစားလို့ရတယ်...
ကြုံကြိုက်ဆုံမှတ်ခဲ့တဲ့ မင်းအကြည့်
မင်းအပြုံးမှာ မျောလွင့်လို့
ကြုံလေရာမှာ အားသစ်ကိုမွေးလို့
မဆုံဖြစ်အောင် ဆုတွေတောင်း
ခြွေချခဲ့တဲ့ ပန်းတစ်ခိုင်ကို
လှုပ်ရမ်းချင်မိပြီ...

အလွမ်းဆိုတဲ့ဒဏ်ရာကို
မြေခစေဖို့
အဆိပ်တွေပြည့်နေတဲ့
ခရောင်းလမ်းကိုငါ
ရေလောင်းခဲ့တယ်..

မြင့်မြတ်လှတဲ့ ပန်းသဇင်တောင်
မြေခလို့ အသေအသပ်
လှပအောင် ဝေဆလှတဲ့
အပြုံးကိုဖန်ဆင်း
အမုန်းရထားကိုစီးလျှက်
ဒဏ်ရာဆိုတဲ့ လက်နက်ကိုကိုင်စွဲ
တတိယကမ္ဘာစစ်ကို မျှော်လင့်ရင်း
အလွမ်းမီးတွေ တောက်လောင်စေခဲ့ပြန်တယ်...


ခံစားရေးသားသူ... ကိုကိုးအိမ်(မန္တလေး)

4 ယောက်ကစာမူခပေးသွားပါတယ်:

ချော(အစိမ်းရောင်လွင်ပြင်) said...

အား
တတိယကမ္ဘာစစ်တော့ မလုပ်ပါနဲ့
အမုန်းစစ်ပွဲတွေ အကုန်ငြိမ်းပါစေပေါ့နော

Anonymous said...

အင်းးးးးးးးးးးးးးးးးး
စစ်..စစ်.....
မုန်းလွန်းလို့ ပါ။

.....................
အလွမ်းဆိုတဲ့ဒဏ်ရာကို
မြေခစေဖို့ 
အဆိပ်တွေပြည့်နေတဲ့
ခရောင်းလမ်းကိုငါ
ရေလောင်းခဲ့တယ်............

အင်း...ခရောင်းလမ်းမှာပဲ
အဲဒီအလွမ်းတွေ အဆုံးသတ်ပါစေတော့။
....ခင်မင်လျှက်...ခင်မာလာအောင်..:)

SHWE ZIN U said...

ကိုကိုးအိမ် ရေ

တတိယ ကမ္ဘာစစ်ကိုတော့ မမျှော်ပါနဲ့ နော် ကျေးဇူးပြုပြီး စစ်ဆို ကြောက်လွန်းလို့

ခင်မင်စွာဖြင့်
ရွှေစင်ဦး

သုခုမလေဒီ said...

အလွမ်းမီးများမြန်မြန်ငြိမ်းပါစေ..
အမုန်းစစ်ပွဲတွေလည်း ရပ်တန့်ပါစေ ကိုတိုးရေ..

 

©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB