ဘောင်ကျော်ခြင်း

|

အမုန်းမြို့ရိုးရဲ့ တစ်ဖက်
မင်းရဲ့စိတ်က ဂယောက်ဂယက်နဲ့
မို့မောက်တဲ့မင်းရဲ့နဖူး
ပွလွန်းတဲ့ မင်းရဲ့နှာခေါင်း
ချိုင့်လွန်းတဲ့ မင်းရဲ့ပါးပြင်
ထူလွန်းတဲ့ မင်းရဲ့နှုတ်ခမ်း
မင်းအသားက ခပ်ညိုညို
လူက ပုကွကွ
အနုအရွ အလှအပနဲ့
ငါ့ကိုလာဖမ်းစား
ခြေလှမ်းအမှားများနဲ့(ငါ)
ဝေခွဲမရဖြစ်နေမိပြီ....

ရှေ့တိုးလည်းမှား နောက်ဆုတ်လည်းလွဲ ပစ်မှတ်ကတခြား ရင်တွင်းမှစကား ပြောပြောနေတယ် ချစ်တယ်... ချစ်တယ်တဲ့..
ခုန်လိုက်တာလည်း မပြောနဲ့ Justin Bieber တောင် လက်မြှောက်တယ် Over Feel က ငါ့ရင်မှာအပြည့် ရင်ထဲကလျှံကျလို့ နတ်သမီးကတောင် ကောက်ကိုင်ကြည့်သေးတယ်. သွေးတွေကအစ ညစ်နေတာ တွေ့လေရာ စီးဆင်းနေပါပကော...

ခံစားရေးသားသူ... ကိုကိုးအိမ်(မန္တလေး)

6 ယောက်ကစာမူခပေးသွားပါတယ်:

ကိုဇော် said...

ကောင်းလှချည်လား..

SHWE ZIN U said...

ကိုကိုးအိမ် က အဖွဲ့အနွဲ့ ကောင်းတယ်
ကိုယ်တောင် ကြောက်လာပြီ
သူ့များ စောင်းရေးထားတာလည်း ဟင် ချောချက်တော့

ခင်တဲ့
ရွှေစင်ဦး

မန်းကိုကို said...

ဘော်ကျောင် (ဘောင်ကျော်) ခြင်း ဆိုလို့ လာကြည့်တာ။ “ဖွန်ကြောင်ခြင်း” အကြောင်း ဖြစ်နေတော့သကိုး။ :-)

မိုးစက်အိမ် said...

ကောင်းချက်ကတော့ရက်စက်တယ်ဗျို့ 
အဲတစ်ခုတော့ရှိတယ် အဲကောင်မလေးကိုတော့
သွားပေးမဖတ်နဲ့ ဗျို့  ဟိတက်သွားမှ ဒွတ်ခ :D

အင်္ဂါဟူး said...

ညီကိုးပြောတဲ့ ကောင်မလေးကို နာတိဒယ်

အဲဒါ မေဘရဏီ မဟုတ်လား ။

အုပ်ကြီး said...

အင်း ....
မဲမဲကြီးလဲယူမှာပဲ ..ရုပ်ဆိုးကြီးလဲယူမှာပဲ ...
သီချင်းဆိုတာဟုတ်ဘူးနော် .... :P

 

©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB