ဒီကနေ့ အလုပ်ကိစ္စတစ်ခုနဲ့ အမိတက္ကသိုလ် ရတနာပုံကို တစ်ခါတစ်ခေါက် ရောက်ခဲ့ပြန်ပါပကော... ကျောင်းသားဘ၀ကသိပ်မထူး ခြားခဲ့ပေမယ့် အခုတစ်ခါ ပြန်ရောက်တဲ့အခါမှာတော့ အလို.. လွမ်းစရာတွေနဲ့ ပြည့်နေပါပကော.. စာသင်ပေးခဲ့ကြတဲ့ ဆရာမဟောင်းတွေ ဆရာဟောင်းတွေ၊ ကျောင်း ကန်တင်းက အဒေါ်ကြီး၊ ဦးလေးကြီးတွေ၊ ရေခဲရေသည်တွေ၊ မိတ္တူဆိုင်တွေ လွမ်းစရာတွေနည်းတာမှ မဟုတ်ပဲကော.. ကျောင်းထဲမှာတုန်းကတော့ ဆရာမတွေ တခြားပီအိပ်ခ်ျဒီတက်နေကြတဲ့ သူငယ်ချင်းတွေနဲ့ တွေ့ပြီး စကားတွေဖောင်နေတာနဲ့ လွမ်းစရာရယ်လို့ မမြင်မိပေဘူးကိုး.. အဲ.. ကျောင်းက ပြန်လာတော့မှ လွမ်းစိတ်ပေါ်လာတာနဲ့ ကျောင်းကြီးကတော့ ကျန်ခဲ့ပြီ.. ရောက်တဲ့နေရာ ရိုက်ဦးမှဆိုပြီး အပြန်လမ်းက တမာတန်းကို ရောက်မှပဲ ရိုက်ဖြစ်ခဲ့ပါတယ်.. အခု တင်ပေးလိုက်တာကတော့ အလွမ်းတွေနဲ့ တမာတန်းကြီးပါ.. နောက်ပြီး နှလုံးသားတစ်ခု ခတ္တခဏပျောက်ဆုံး နေတဲ့အချိန်မှာ လွမ်းတတ်ကြတာ လူသားဆန်ခြင်းပဲလေ.. ခုလည်း ကျွန်တော် လူသားဆန်တဲ့ နှလုံးသားလေ ခတ္တပျောက်ဆုံးချိန်မှာ အလွမ်းများစွာနဲ့ တင်ဖြစ်လိုက်တဲ့ ဒီပို့စ်လေးပါ... အားလုံး လွမ်းမောခြင်းနှလုံးသားလေးကို ခံစားကြည့်ကြပါခင်ဗျာ...
ဒီပုံလေးကတော့ တမာတန်းအောက်က ရေအိုးစင်လေးပါ သွားတိုက်ဆေးကြော်ငြာမဟုတ်ပါ.. တော်ကြာ ရှိုင်းသွားတိုက်ဆေးက ကြော်ငြာခ လာပေးရင်တော့ မငြင်းပါ.. ဟိဟိ
ဒီပုံလေးကတော့ ရန်ကုန်၊မန္တလေး အမြန်လမ်းမကြီးပေါ်မှာပါ...
--
ဒီအိမ်လေးကတော့ ကြိုက်လွန်းလို့ကိုရိုက်ယူလာတာ.. အိမ်ဆောက်ရင် ဒါမျိုးလေးဆောက်မယ်.. (အိမ်ရှင်က အလန့်တကြားနဲ့ကြည့်နေတယ်.. ဟိဟိ ဆိုးသူလုပ်လာတာ)
ဒီပုံကတော့ ခွဲခွာနေရတဲံ နှလုံးသားလေးအတွက် စိတ်ဖြေရာပေါ့..မန္တလေးက ၈၂လမ်း၊ ၃၈x၃၉ကြား၊ ရွှေဝါထိုင်းစားဥယျာဉ် အပေါ်ဆုံးထပ် ကော်ဖီဂါးဒင်းပါ.. အတွဲလေးတွေနဲ့ အရမ်းထိုင်လို့ကောင်းတဲ့နေရာလေးပါ.. အပင်စိမ်းစိမ်းလေးတွေကြားမှာ ကိုယ့်ချစ်သူလေးတွေ ကိုယ်စီနဲ့ ကာပူချီနို ကော်ဖီလေး သောက်ရင်း ပြင်းရှရှ အချစ်ရဲ့အရသာကို အပြည့်အ၀ခံစားနိုင်မယ့် နေရာလေးပါ.. ကိုယ်တွေ့ ကိုယ်တွေ့ (အဟီး... ကြော်ငြာခတွေ ဘယ်လောက်ပေးချင် နေမှန်းမသိ.. )
ဒီပုံလေးကတော့ ချစ်သူတို့အတွက် ထိုင်ခုံပုံဆန်းဆန်းလေးတွေပါ.. အလွမ်းပြေကော်ဖီသောက်ရင်းပေါ့
ဒီလိုမျိုး ခုံတွဲလေးတွေလည်းရှိတယ်လေ.. ရိုမန်းတစ်ဆန်ဆန်လေးပေါ့.. ဆွဲဆောင့်နေပြီ.. ပါလာတော့မယ်.. ဟိဟိ
ဒါကတော့ အပေါ်စီးကရိုက်ထားတာပါ.. တွေ့တယ်မဟုတ်လား .. အပင်လေးတွေကွယ်နေတော့လေ.. ချစ်သူကို လွတ်လွတ်လပ်လပ် မွှေးမွှေးပေးလို့ ရတာပေါ့....
ချစ်သူလေးနဲ့ ကော်ဖီသောက်ရင်း၊ ချစ်စကားလေးတွေ နှောရင်း အဝေးဆီငေးလို့ ရှူ့ခင်းလေးတွေလည်း ကြည့်နိုင်သေးတယ်နော်.... အင်း ပြောနေရင်းတောင် အလွမ်းက ပိုပြီးပီပြင်လာသလိုပဲ... အဟင့်.. ရွှတ်.. ဘတ်(သတိ-နှပ်ချေးညှစ်သံ)
ရေးစရာမရှိတော့လည်း အလွမ်းတစ်ခုတောင် စာတစ်ပုဒ်ဖြစ်သေးတယ်နော်...
ခံစားတင်ပြသူ.... ကိုကိုးအိမ်(မန္တလေး)
စာတစ်ပုဒ်ဖြစ်သွားသော အလွမ်းတစ်ရက်စာ
| author: ကိုကိုးအိမ်(မန္တလေး)Posts Relacionados:
Subscribe to:
Post Comments (Atom)
5 ယောက်ကစာမူခပေးသွားပါတယ်:
မျှဝေပေးတာ ကျေးဇူးပါပဲ ရောက်ရင်သာံးကြည့်လိုက်မယ်၊
ကော်ဖီဆိုင်လေးတော့ ကြိုက်သကွယ်
ထိုင်စရာလူ ရှာပြီး လာထိုင်ဦးမှး)
တဂ်ပိုစ့်လေးကို အချိန်နည်းနည်းပေးပါဦးနော်
ဖြေးဖြေးမှ ရေးမယ်လေ
ရတယ်ဟုတ် ..
ကိုကိုးအိမ်လည်း အတွဲလေးနဲ့ ကော်ဖီဆိုင်မှာ အမြဲထိုင်ပြီး စာထဲမှာပါတဲ့အတိုင်း ဆန္ဒပြည့်ပါစေး)
မောင်ကိုးအိမ်ရေ
ဓါတ်ပုံလေးတွေ ကြည့်နေတယ် မောင်ကိုးရေ..ဒီလိုပဲ အဘိုးကြီးဖြစ်ရင် ပိုလွမ်းလိမ့်မယ်..အလုပ်သွားတော့မယ်..ဘိုင်ပါ..
မရောက်ဖူးပေမဲ့ ကြည်နှူးစရာဓါတ်ပုံတွေလို့ ဆိုပါရစေ..
စိန်ပန်းဗေဒါ (၈၈)
သြော် ..လက်စသတ်တော့
သူ့ အသည်းလေးကို ခေါ်ခေါ်လာတာ ဒီဆိုင်ကိုး ..
အပင်တွေ ကွယ်နေတော့ အရိပ်ရတယ်ဆိုပြီး ..:)
ခင်မင်လေးစားလျှက်
အုပ်ကြီး
အတွဲတွေထိုင်တဲ့နေရာလေးလုပ်ထားပေးတာမိုက်တယ်ဗျာ။ လာခံစားသွားပါတယ်။
Post a Comment