ဒီနေ့တော့ မြန်မာနိုင်ငံမှာ ပြဌာန်းခဲ့တဲ့ မူပိုင်ခွင့်ဆိုင်ရာဥပဒေတွေ၊ ပြဌာန်းထားဆဲ မူပိုင်ခွင့်ဆိုင်ရာဥပဒေတွေ၊ ဖျက်သိမ်းခဲ့ပြီးဖြစ်တဲ့ဥပဒေတွေနဲ့ မူပိုင်ခွင့်နဲ့ သက်ဆိုင်သမျှ မြန်မာနိုင်ငံရဲ့ ပြဌာန်းဥပဒေတွေအားလုံးကို ကျွန်တော် ကိုကိုးအိမ်(မန္တလေး)မှ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ အားလုံးကို သေချာစွာ လေ့လာပြီး ပြန်လည်ရေးသားပေးထားခြင်းဖြစ်ပါတယ်။ အမှားအယွင်းတစ်စုံတစ်ရာ ပါဝင်ခဲ့ပါက စာရေးသူ၏တာဝန်သာ ဖြစ်ပြီး အပြည့်အ၀တာဝန်ယူပါသည်။ ထို့အတွက်ကြောင့် အခြားနေရာများတွင် ဖော်ပြမည်ဆိုပါကလည်း စာရေးသူအမည်နှင့် စာမူလင့်ခ်အား ဖော်ပြပေးပါရန် မေတ္တာခံပါသည်။
မြန်မာနိုင်ငံ မူပိုင်ခွင့်အက်ဥပဒေ (Copyright Act) ကို (၁၉၉၁)ခုနှစ်တွင် စတင်၍ အတည်ပြုပြဌာန်းပေးခဲ့ပါသည်။ (၁၉၁၄) ခုနှစ်အရောက်တွင် မြန်မာနိုင်ငံမူပိုင်ခွင့်အက်ဥပဒေကို ထပ်မံဖြည့်စွက်၍ ပြဌာန်းအတည်ပြုခဲ့ပါသည်။ ၁၉၁၄ခုနှစ် မူပိုင်ခွင့်အက်ဥပဒေတွင် ၁၉၁၁ခုနှစ် မူပိုင်ခွင့်ဥပဒေလည်း ပတ်သက်အကျုံးဝင်ကြောင်း အတိအလင်း ဖော်ပြခဲ့ပါသည်။
မူပိုင်ခွင့်အက်ဥပဒေပုဒ်မ (၉)အရ ဗိသုကာလုပ်ငန်းနှင့်သက်ဆိုင်သော တီထွင်ဖန်တီးမှူ့များနှင့် လုံးဝမသက် ဆိုင်ပါ။ မူပိုင်ခွင့်ကို ဖောက်ဖျက်ကျူးလွန်ခဲ့လျှင် မူပိုင်ခွင့်ရရှိထားသူက ဖောက်ဖျက်သူအပေါ် တရားမကြောင်းအရ တရားစွဲဆို လျော်ကြေးတောင်းပိုင်ခွင့် ရရှိပါသည်။
မြန်မာနိုင်ငံအတွက် မူပိုင်ခွင့်တည်မြဲသော သက်တမ်းမှာ လက်ရှိအခြေအနေအရ အနှစ်ငါးဆယ်ဖြစ်ပါသည်။ ဥပမာပြရမယ်ဆိုရင် ဆရာမြို့မငြိမ်းရေးခဲ့သော သီချင်းတစ်ပုဒ်သည် ဆရာမြို့မငြိမ်းဆုံးပါးပြီးနောက် နှစ်ပေါင်း ငါးဆယ်တိုင်အောင် ဆရာမြို့မငြိမ်းအတွက် မူပိုင်ခွင့်ရရှိပါသည်။ နှစ်ပေါင်းငါးဆယ်ကျော်ပါက မူပိုင်ခွင့်ပိုင်ဆိုင် ခြင်းမရှိတော့ဘဲ ပြည်သူပိုင်အဖြစ်သတ်မှတ်ပါသည်။ သို့သော် နိုင်ငံတော်သီချင်းလိုမျိုး ဆိုရင်တော့ ဘယ်သူပဲ ရေးခဲ့ရေးခဲ့ စတင်ဖြန့်ဝေသည့်အချိန်မှ စ၍ပြည်သူပိုင်အဖြစ်သတ်မှတ်ပါသည်။ အနှစ်ငါးဆယ်စောင့်ရန် မလိုတော့ပါ။ မူပိုင်ခွင့်တောင်းရန်မလိုတော့ပါခင်ဗျာ...
မိမိတို့၏ ကိုယ်ပိုင်ဥာဏ်ကိုအသုံးပြု၍ ဖန်တီးထားသော ဥာဏပစ္စည်းများကို ကာကွယ်စောင့်ရှောက်ပေးရန် မြန်မာနိုင်ငံတွင် အခြားပြဌာန်းဥပဒေများလည်း ရှိပါသည်။ ၁၈၈၉ ခုနှစ်က မြန်မာနိုင်ငံကုန်စည်ကူးသန်း ရောင်းဝယ်ရေးဆိုင်ရာ မူပိုင်ခွင့်ဥပဒေ (Myanmar Merchandise Act) ကို ပြဌာန်းပေးခဲ့ပါသည်။ ၁၉၄၅ ခုနှစ်က ပြဌာန်းပေးထားခဲ့သော (Myanmar Patents and Design Act) ကို ၁၉၉၃ခုနှစ် အက်ဥပဒေများ ဖျက်သိမ်းသည့် ဥပဒေအမှတ် (၄)အရ ပယ်ဖျက်ခဲ့ပါသည်။ အဲဒီတွေအပြင်
(i) Myanmar Registration Act (1908),
(ii) Penal Code (1860),
(iii)Myanmar Merchandise Marks Act (1889),
(iv)The Specific Relief Act,
(v)Myanmar Patents and Designs (Emergency Provisions) Act 1945, (abolished),
(vi)Myanmar Copyright Act (1914),( I think will enacted 2013,) ၂၀၁၃မှာတော့ အသစ်ပြဌာန်းမယ်လို့သိရပါတယ်။
(vii)State-Owned Economic Enterprises Law 1989;
(viii)Electronic Transaction Law (2004,)
(ix)Sea Customs Act, 1878;
(x)Control of Money Laundering Law 2002;
(xi)Television and Video Law (1996,)
(xii)Motion Picture Law 1996;
(xiii)Computer Science Development Law 1996;
အခုနောက်ပိုင်းမြန်မာနိုင်ငံမှာ ပြဌာန်းခဲ့တဲ့ ဥပဒေတွေထဲမှာအဓိကအခန်းကဏ္ဍကနေပါ ၀င်လာတာတွေလည်း ရှိပါတယ်ခင်ဗျာ॥ အဲဒါတွေကတော့
(i)Trademark Law,
(ii)Copyright Law,
(iii)Patent Law,
(iv)Industrial Design Law, တွေပဲဖြစ်ပါတယ်။
မူပိုင်ခွင့်ဆိုတာ ကိုယ်ပိုင်ဖန်တီးတီထွင်ထားတဲ့ အရာတစ်ခုအတွက် ဖန်တီးသူကိုယ်ပိုင်ရရှိသင့်တဲ့ အခွင့်အရေး တွေပါ။ မူပိုင်ခွင့်ရှိသူရဲ့ ခွင့်ပြုချက်မပါဘဲ တုပသုံးစွဲ၊ ထုတ်လုပ်ဖြန့်ချိ၊ ရောင်းချပြီး ကိုယ်ကျိုးသုံးစွဲမယ်ဆိုရင် မူပိုင်အခွင့်အရေးချိုးဖောက်တာပါပဲ။
မြန်မာနိုင်ငံ တီထွင်မှူ့နှင့် ဒီဇိုင်းအက်ဥပဒေ ( Myanmar Patent and Design Act 1945)ကို ၁၉၄၅ခုနှစ် မြန်မာနိုင်ငံအက်ဥပဒေအမှတ် (၅)အဖြစ် ကြေညာခဲ့ပါတယ်။ ဒီအက်ဥပဒေကို ၃।၈।၁၉၄၅ ရက်နေ့မှာ ကြေညာ ခဲ့ပြီး မြန်မာနိုင်ငံတော် ပြန်တမ်းမှာ ၁၉၄၆ခုနှစ် ၊ အပိုင်း(၁) စာမျက်နှာ(၁၃၆)မှာ ထပ်ပြီးတော့ ကြေညာခဲ့ပေမယ့် အခုထိ အတည်မပြုရသေးပါဘူး။ ဒီအက်ဥပဒေကို နိုင်ငံတော်သမ္မတကိုယ်တိုင် အမိန့်ကြေညာစာထုတ်ပြီး အတည်ပြုတဲ့နေ့မှာမှ အာဏာတည်မှာဖြစ်ပြီး ဥပဒေက စပြီး အကျိုးသက်ရောက်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှူ့တည်ဆောက်ရေးအဖွဲ့ (န၀တ) ရဲ့ ဥပဒေတွေကို ရုပ်သိမ်းသည့် ၄/၁၉၉၇ အရ မြန်မာနိုင်ငံတီထွင်မှူ့နှင့် ဒီဇိုင်းအက်ဥပဒေ ( Myanmar Patent and Design Act 1945)ကို Abolished လုပ်ခဲ့ပါသည်။
ဒီနေ့အဖို့တော့ ဒီလောက်ဆိုရင် စာဖတ်သူတို့ ကျေနပ်နိုင်လိမ့်မည်ထင်ပါသည်ခင်ဗျာ....
ကျွန်တော်ရေးသော စာများအာဖတ်၍ မူပိုင်ခွင့်ဆိုင်ရာ ဗဟုသုတများရရှိပြီး အခြားသူများအား ပြန်လည်မျှဝေပေးမည်ဆိုပါက ကျွန်တော်အားထုတ်ရကျိုးနပ်ပါသည်။
စာရေးသူ... ကိုကိုးအိမ်(မန္တလေး)
www.kokoeaimmdy.info

2 ယောက်ကစာမူခပေးသွားပါတယ်:
မြန်မာပြည်မှာရှိခဲ့ ၊ ရှိနေတဲ့ မူပိုင်ခွင့်ဆိုင်ရာ ဥပဒေတွေကို စုစည်းတင်ပြပေးတာ အင်မတန်ကောင်းတယ်လို့ မြင်ပါတယ် ၊ ဒါတွေဟာ တားဆီးလို့မရနိုင်တဲ့ globalization ရဲ့ကျေးဇူးနဲ့ မကြာတော့တဲ့ကာလတွေမှ မလွဲမသွေ ရင်ဆိုင်လာကြရမှာတွေပါ ။
ပို့စ်ထဲမှာ မရှင်းတာတွေတော့ ရှိပါတယ် ။
- ဒုတိယအပိုဒ်မှာ ၁၉၉၁ မှာ ပြဌာန်းခဲ့တဲ့ ဥပဒေကို ၁၉၁၄ မှာ ဖြည့်စွက် အတည်ပြုတယ်ဆိုတော့ တစ်ခုခုတော့ လွဲနေတယ်ထင်ပါတယ် ။
- နောက်တစ်ခုက အင်္ဂလိပ်ခေတ်က ဥပဒေတွေ ရှိသလို ဒီဖက် ၈၈ နောက်ပိုင်းမှာလည်း ဥပဒေတွေရှိပြီး ၊ အင်္ဂလိပ်ခေတ်က ဥပဒေ အချို့ကို ဖျက်သိမ်းခဲ့တယ်လို့ ဆိုချင်တာလား ၊ ဒါမှမဟုတ် အားလုံးကို ဖျက်သိမ်းခဲ့တယ်လို့ ညွှန်းချင်တာလား ။
- စုစည်းပြထားတဲ့ ဥပဒေစာရင်း (၁၃ မျိုး) မှာ လက်ရှိနဲ့ ဖျက်သိမ်းပြီးသားတွေ အားလုံးကို စာရင်းအတူ ပြုစုပြထားတာလား သိပ်တော့ မရှင်းပါ ။
- ၁၉၈၈ မတိုင်ခင်က ပြဌာန်းခဲ့တဲ့ ဥပဒေတွေအားလုံး Burma ဆိုတာနဲ့ သုံးထားတယ်လို့ ထင်ပါတယ် ။ (Burma နဲ့ Myanmar ဘယ်ဟာက မှန်တယ် မှားတယ် ငြင်းတာတော့ မဟုတ်ပါ ၊ တိကျတဲ့ အသုံးအနှုန်းကို ပြောတာပါ) ။
ဒုတိယအပိုဒ်မှာ ဖြည့်စွက်အတည်ပြုတယ်ဆိုတာ ၁၉၉၁ခုနှစ်ဥပဒေရဲ့လိုအပ်ချက်တွေကို ဖြည့်စွက်ပြီး အတည်ပြုတာကိုပြောတာပါ...
အင်္ဂလိပ်ခေတ်က ဥပဒေတွေ ရှိသလို ဒီဖက် ၈၈ နောက်ပိုင်းမှာလည်း ဥပဒေတွေရှိပြီး ၊ အင်္ဂလိပ်ခေတ်က ဥပဒေ အချို့ကို ဖျက်သိမ်းခဲ့တယ်လို့ ဆိုချင်တာပါ
ဟုတ်ပါတယ် ဖျက်သိမ်ပြီးသားတွေရော တည်ဆဲဥပဒေတွေရော မြန်မာနိုင်ငံမှာရှိခဲ့တဲ့ မူပိုင်ခွင့်နဲ့ ပတ်သက်တဲ့ ဥပဒေတွေအားလုံးကို ရေးပြထားတာပါ..
- ၁၉၈၈ မတိုင်ခင်က ပြဌာန်းခဲ့တဲ့ ဥပဒေတွေအားလုံး Burma ဆိုတာနဲ့ သုံးထားတယ်ဆိုတာ မှန်ပါတယ်ခင်ဗျာ.. အဲဒါက ကျွန်တော့်အလွဲပါ...
ခင်မင်စွာဖြင့်
ကိုကိုးအိမ်(မန္တလေး)
Post a Comment