လတ်တလော ပြည်တွင်းသတင်းများ

|

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ မန္တလေးမြို့တော်၏ အချက်အချာကျရာ ဈေးချိုဟိုတယ်နှင့် မန်းမြန်မာ ပလာဇာအနီးတွင် ယနေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

မန္တလေးဈေးချိုတော်ရှေ့တွင် ရပ်ထားသော ကားတစ်စီးပေါ်၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု သတင်း ရရှိသည်။ မန္တလေးမြို့

ချမ်းအေးသာစံမြို့နယ်၊ ဈေးချိုတော် ၈၄ လမ်း၂၇ လမ်းနှင့် ၂၈ လမ်းကြား မန်းမြန်မာ ပလာဇာနှင့် မျက်နှာချင်းဆိုင်ရှိ ဈေးချိုဟိုတယ်

မြေညီထပ်ရှေ့တွင် ရပ်ထားသော ကားတစ်စီးပေါ်၌ ယနေ့ မွန်းတည့် ချိန် ၀န်းကျင်၌ ပေါက်ကွဲခြင်း ဖြစ်သည်ဟု

မျက်မြင်ကိုယ်တွေ့များထံမှ သိရှိရသည်။ လောလောဆယ်တွင်မူ အဆိုပါ ကားအနီး ကုန်ပစ္စည်း သယ်ပို့လုပ်သားတစ်ဦး ထိခိုက်ဒဏ်ရာ

ရရှိသွားကြောင်းနှင့် ပေါက်ကွဲမှုကြောင့် မျက်နှာချင်းဆိုင်ရှိ ဈေးချိုပလာဇာ အပေါ်ထပ်မှ မှန်အချို့ ကွဲကာ ပြုတ်ကျခဲ့ကြောင်း သိရှိရသည်။

ဂျစ်ကားမှာမူ ပျက်စီးသွားပြီး ထပ်မံ၍ အသေအပျောက်နှင့် ဒဏ်ရာရရှိမှု အခြေအနေကိုမူ စုံစမ်းနေကြောင်း သိရှိရသည်။ "၂၆

လမ်းကနေ ၂၈ လမ်းထိကို ယာယီ ကန့်သတ်လိုက်တယ် အခု သက်ဆိုင်ရာ တာဝန်ရှိသူတွေ အခင်းဖြစ်ပွားရာ နေရာမှာ လာရောက်

စစ်ဆေးလျက်ရှိတာကို တွေ့ရပါတယ်"ဟု အခင်းဖြစ်ပွားရာနေရာ အနီးသို့ သွားရောက် ကြည့်ရူနေသည့် မန္တလေးမြို့ခံ တစ်ဦးက မွန်းလွဲ

၁ နာရီခန့် တွင် ပြောကြားခဲ့သည်။

မန္တလေးတွင် မွန်းလွဲ ၃ နာရီ အချိန်၌ ပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့ကာ ၈၄လမ်း ၃၁၊ ၃၂ ကြား ရွှေနိုင်ငံ ရွှေဆိုင်နှင့်

ပရိယတ္တိသာသနဟိတအသင်း ဓမ္မသာလာအနီး ဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောကြားခဲ့သည်။ ဆက်လက် သိရှိရသော သတင်းများအရ

၈၄လမ်း ၃၁၊၃၂ ကြားတွင်ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုဖြစ်စဉ်မှာ အမှိုက်ပုံအနီး ပြစ်ထားသော အမှိုက်ပုံးတွင် ဆောနစ်ဗုံး ဟုရေးသားပြီး

ကပ်ထားသော အရာတစ်ခုကို တာဝန်ရှိသူများမှ တွေ့ရှိခဲ့ပြီးနောက် ပေါက်ကွဲစေပြီး ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း မြို့ခံများက

ပြောကြားခဲ့ပါသည်။


မန္တလေးဈေးချိုဟိုတယ်ရှေ့တွင် ရပ်ထားသော ကားတစ်စီးပေါ်၌ ပေါက်ကွဲမှုဖြစ်ပွားပြီး မိနစ်ပိုင်း အကြာ၌ နေပြည်တော် နှင့် ပြင်ဦးလွင် တို့၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိပါသည်။

နေပြည်တော် သပြေကုန်းရပ်ကွက် ငုဝါလမ်းရှိ အိမ်တစ်အိမ်၌ ၁၂ နာရီ ဝန်းကျင်ခန့်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် အိမ်မှာ လူမနေသည့်အိမ် ဖြစ်ကြောင်းနှင့် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ

မရှိခဲ့ကြောင်းသိရှိရပါသည်။

"ပေါက်ကွဲမှုက ပြင်းထန်တဲ့အတွက် အပျက်အစီးတွေက အနီးဝန်းကျင် ပေ ၈၀ ခန့်ထိ လွင့်စင်ခဲ့တာကို တွေ့ရပါတယ်၊

အခု အခင်းဖြစ်ပွားရာ နေရာမှာ တာဝန်ရှိသူတွေ လာရောက် စစ်ဆေးနေတာကို တွေ့ရပြီး မိုင်းရှာတဲ့ခွေး ပါလာတာကိုလည်း

တွေ့ရပါတယ်"ဟု အခင်းဖြစ်ပွားရာ နေရာ အနီးသို့ သွားရောက် ကြည့်ရူနေသည့် နေပြည်တော် သပြေကုန်းရပ်ကွက်တွင်

နေထိုင်သူတစ်ဦးက ပြောကြားခဲ့သည်။


ထို့ပြင် ပြင်ဦးလွင်၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည် နေရာမှာ ရပ်ကွက်ကြီး ၃ အကွက်အမှတ် ၄ တွင်ဖြစ်ကြောင်း၊

လူမနေသည့်အိမ်တွင်ပင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းနှင့် ပေါက်ကွဲမှုမှာ မွန်းတည့် ၁၂ နာရီဝန်းကျင်က ပေါက်ကွဲခဲ့ခြင်း

ဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။

မန္တလေးခရိုင်၊ ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး ၃ ၊အကွက်အမှတ် ၄ ရှိ လူမနေထိုင်သော နေအိမ်တစ်ခုတွင် ဇွန်လ ၂၄

ရက်နေ နေ့လယ်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ပြင်ဦးလွင်မြို့ရှိ တပ်မတော်အုပ်ချုပ်မှုကျောင်းအနီး

အဆိုပါပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရပြီး ယင်းနေအိမ်မှာ ပြိုပျက်သွားခဲ့ကြောင်း သိရသည်။

"ရပ်ကွက်ကြီး ၃ ၊အကွက်လေးကွက်က အိမ်တစ်ခုမှာ နေ့လယ် ၁၂ နာရီဝန်းကျင်လောက် ပေါက်ကွဲခဲ့တာ။ နေရာက

ငြိမ်းငြိမ်းစံ စားသောက်ဆိုင် မျက်စောင်းထိုးလောက်နဲ့ ရွှေနှင်းဆီရေဆေးဆီလိုက် မျက်နှာချင်ဆိုင်ကျပါတယ်။ အဲဒီအိမ်ရှေ့မှာ

ဘိလိယက်ခုံဖွင့်ထားတာ။ နောက်ပြီး အဲဒီအိမ်က လူမနေဘူးလို့ သိရတယ်" ဟု ပြင်ဦးလွင်မြို့ခံတစ်ဦးက ပြောပြပါသည်။

"ပေါက်ကွဲတဲ့အိမ်ကတော့ ပြိုကျသွားတယ်။ ဘေးကပ်လျက်က အိမ်တွေတော့ ထိခိုက်မှုမရှိပါဘူး။ ပြင်ဦးလွင်က

ခြံတွေက ကျယ်ဝန်းတဲ့အတွက် ဘေးအိမ်တွေမှာ ဗုံးပေါက်ကွဲတဲ့အရှိန်ကြောင့် အုတ်တံတိုင်းတွေလောက်ပဲ ပျက်စီးမှုအနည်းငယ်ရှိတာ

တွေ့ရတယ်။ ထိခိုက်ဒဏ်ရာဖြစ်တာတော့ မကြားဘူး" ဟု ကိုးမြို့ရှင်နတ်နန်းအနီး နေထိုင်သူတစ်ဦးကလည်း ဆိုသည်။

( သတင်းများ ဓါတ်ပုံများ အားလုံးကို ပြည်တွင်း မီဒီယာများ နှင့် အင်တာနက် စာမျက်နှာ များပေါ်မှ

ပြန်လည် ဖော်ပြပေးပါသည်။ )


ပြန်လည်မျှဝေသူ== ကိုကိုးအိမ်(မန္တလေး)

0 ယောက်ကစာမူခပေးသွားပါတယ်:

 

©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB