ဒီဇင်ဘာဆိုတာ ကျွန်တော့်ဘ၀အတွက် အရေးပါဆုံးလတစ်လပါ... ကျွန်တော့်ကို မွေးဖွားသန့်စင်ခဲ့တဲ့ လတစ်လလည်း ဖြစ်သေးသည်လေ॥ အဲဒီအရေးပါတဲ့လမှာပဲ.... နောက်ထပ် ကျွန်တော်ချစ်ရ၊ခင်ရ၊ လေးစား ရတဲ့ အကိုကြီးတစ်ယောက်ရဲ့ မွေးနေ့လည်း ရှိသေးတယ်လေ... သူကတော့ ဒီဒီးတဲ့... ဘ၀အတွက် ရေခြား မြေခြားမှာ ဆေးပညာသင်ယူနေတဲ့ ကြိုးစားတဲ့ အကိုကြီးတစ်ယောက်ပါ.... သူ့မွေးနေ့က (၂၆।၁၂।၂၀၁၁) မှာ ၂၄နှစ်ပြည့်ပါပြီ... သူ့ရဲ့ မွေးနေ့လေးမှာ ကျွန်တော့်ရဲ့ ချစ်စွာသော ဘလော့ဂါအပေါင်းအသင်း များနဲ့ မွေးနေ့ပွဲလေးတစ်ခု ကျင်းပပေးချင်ပါတယ်... ဒါက ရပ်ဝေးကိုရောက်နေတဲ့ သူ့အတွက် ကျွန်တော် အကောင်းဆုံးလုပ်ပေးနိုင်သော မွေးနေ့ပွဲလေးပါ..... ယနေ့မှစ၍ ကိုဒီးတစ်ယောက် ပျော်ရွှင်ခြင်းအပေါင်း ပိုင်ဆိုင်နိုင်ပါစေခင်ဗျာ.... တစ်ခါတည်းဖိတ်လိုက်ပါတယ်॥ (၃၁।၁၂।၂၀၁၁)မှာလည်း မွေးနေ့တစ်ပွဲရှိပါတယ်॥ လာရောက်အားပေးကြပါဦးနော်...

ဒီဇင်ဘာ
သူမရဲ့ လက်တွေနဲ့
အေးစက်တဲ့ နှင်းမှုန်တွေကို
ကိုင်ဆုပ်လို့ လူသားတစ်ယောက်ကို ဖန်ဆင်း
ငါတို့မြေကို နင်းစေခဲ့တယ်.....
ဒီဇင်ဘာ
ရွက်ကြွေတောထဲမှာ တောင်လေတရှိုက်ကို
မက်မောစွာရှူရှိုက်လို့
လယ်ကန်သင်းရိုးတွေနောက်
တကောက်ကောက် ပြေးလိုက်ခဲ့မိပေါ့
ထင်းရူးနံ့လည်း သင်းပျံ့စွာ.....
ဒီဇင်ဘာ
အေးစက်စက်နှင်းမှုန်တွေအောက်မှာ
လမ်းတစ်ခုကိုဖောက် ဘ၀တစ်ခုကို
မြေတောင်မြှောက်ပေးခဲ့ပေါ့....
ကျေးဇူးပါ ဒီဇင်ဘာ....
သူမရဲ့ လက်တွေနဲ့
အေးစက်တဲ့ နှင်းမှုန်တွေကို
ကိုင်ဆုပ်လို့ လူသားတစ်ယောက်ကို ဖန်ဆင်း
ငါတို့မြေကို နင်းစေခဲ့တယ်.....
ဒီဇင်ဘာ
ရွက်ကြွေတောထဲမှာ တောင်လေတရှိုက်ကို
မက်မောစွာရှူရှိုက်လို့
လယ်ကန်သင်းရိုးတွေနောက်
တကောက်ကောက် ပြေးလိုက်ခဲ့မိပေါ့
ထင်းရူးနံ့လည်း သင်းပျံ့စွာ.....
ဒီဇင်ဘာ
အေးစက်စက်နှင်းမှုန်တွေအောက်မှာ
လမ်းတစ်ခုကိုဖောက် ဘ၀တစ်ခုကို
မြေတောင်မြှောက်ပေးခဲ့ပေါ့....
ကျေးဇူးပါ ဒီဇင်ဘာ....

ဒီဇင်ဘာ
အေးချမ်းတဲ့ တောင်လမ်းတလျှောက်
မီးခိုးမှိုင်းမှိုင်း အရိုးပြိုင်းပြိုင်းအပင်တွေနဲ့
ဆီးနှင်းတွေ ဖမ်းဆုပ်ရင်း
မရေရာတဲ့ဘ၀အတွက်
အတွေးတွေ နယ်ချဲ့ခဲ့မိတယ်....
ဒီဇင်ဘာ
လွမ်းပေမယ့်မလွမ်းရက်ပါ
ရှည်လျားတဲ့ဆောင်းညတွေမှာ
ငါတစ်ယောက်တည်း အထီးကျန်ဖြတ်သန်းဆဲပါ.....
ဒီဇင်ဘာ
အထီးကျန်ငါ့ဘ၀မှာ လမ်းပြပေးမယ့်
ကြယ်တစ်စင်းလောက်များရှိရင်
အေးစက်စက်ငါ့ရင်ခွင်ကို
ကြယ်ရောင်နဲ့ဖမ်းစားခွင့်ပြုပါ....

ဒီဇင်ဘာ
မွေးမြတဲ့ တောင်ဇလပ်တွေပွင့်ချိန်
နေကြာရိုင်းတို့ အစွမ်းကုန် ကြွားဝံ့ချိန်မှာ
ချယ်ရီတစ်ပွင့်နဲ့အတူ အချစ်ကို မြည်းစမ်းခွင့်ပြုပါ.....
မွေးမြတဲ့ တောင်ဇလပ်တွေပွင့်ချိန်
နေကြာရိုင်းတို့ အစွမ်းကုန် ကြွားဝံ့ချိန်မှာ
ချယ်ရီတစ်ပွင့်နဲ့အတူ အချစ်ကို မြည်းစမ်းခွင့်ပြုပါ.....

ဒီဇင်ဘာ
ဝိုင်ချိုချိုတွေမလိုအပ်ပါ
နွေးထွေးတဲ့လက်တစ်စုံနဲ့ အေးစက်စက်မြူနှင်းတွေကို
ငါ့ရင်ခွင်ထဲ အပြည့်သွတ်သွင်းပေးပါ
စောင့်စားလျက်ပါ ဒီဇင်ဘာ......
ဝိုင်ချိုချိုတွေမလိုအပ်ပါ
နွေးထွေးတဲ့လက်တစ်စုံနဲ့ အေးစက်စက်မြူနှင်းတွေကို
ငါ့ရင်ခွင်ထဲ အပြည့်သွတ်သွင်းပေးပါ
စောင့်စားလျက်ပါ ဒီဇင်ဘာ......

ဒီဇင်ဘာ
ငါ့ရဲ့အောင်လံ ငါ့အတွက်မဟုတ်
မင်းရဲ့ မြူနှင်းတွေလည်း မင်းအတွက်မဟုတ်
သာယာချိုမြိန်တဲ့ နေ့ရက်တွေမှာ
ချစ်သူရဲ့ လက်တစ်စုံကို ကိုင်စွဲကာ
အချစ်ကိုဂုဏ်ပြုဖို့သာ...
ငါ့ရဲ့အောင်လံ ငါ့အတွက်မဟုတ်
မင်းရဲ့ မြူနှင်းတွေလည်း မင်းအတွက်မဟုတ်
သာယာချိုမြိန်တဲ့ နေ့ရက်တွေမှာ
ချစ်သူရဲ့ လက်တစ်စုံကို ကိုင်စွဲကာ
အချစ်ကိုဂုဏ်ပြုဖို့သာ...

ဒီဇင်ဘာ
ကြမ်းရှတဲ့ငါ့ရဲ့ဘ၀ထဲမှာ
ထိရှလွယ်တဲ့ နှလုံးသားတစ်စုံကို
လက်ဆောင်ပေးခဲ့တာမင်းလား
ငါချစ်တဲ့ဆီးနှင်းတွေနဲ့အတူ
ငါ့နှလုံးသားကို နူးညံ့စွာ သိမ်းယူဆန်းသစ်ပါတော့....
ကြမ်းရှတဲ့ငါ့ရဲ့ဘ၀ထဲမှာ
ထိရှလွယ်တဲ့ နှလုံးသားတစ်စုံကို
လက်ဆောင်ပေးခဲ့တာမင်းလား
ငါချစ်တဲ့ဆီးနှင်းတွေနဲ့အတူ
ငါ့နှလုံးသားကို နူးညံ့စွာ သိမ်းယူဆန်းသစ်ပါတော့....

ဒီဇင်ဘာ
မင်းရဲ့ ကြည်နူးဖွယ်ကောင်းတဲ့
လက်အစုံကိုဖမ်းဆွဲလို့
အေးချမ်းစွာအိပ်စက်တော့မယ်
ငါ့ဘ၀အတွက် ဘာမှမလိုတော့ပါ
အချစ်တစ်ခုသာ လက်ဆောင်ပေးပါ ဒီဇင်ဘာ...
မင်းရဲ့ ကြည်နူးဖွယ်ကောင်းတဲ့
လက်အစုံကိုဖမ်းဆွဲလို့
အေးချမ်းစွာအိပ်စက်တော့မယ်
ငါ့ဘ၀အတွက် ဘာမှမလိုတော့ပါ
အချစ်တစ်ခုသာ လက်ဆောင်ပေးပါ ဒီဇင်ဘာ...
ခံစားချက်တွေ နင့်သီးစွာခံစားခဲ့ဖူးတဲ့ ကိုဒီး.... ရိုးသားစွာ ရင်ဖွင့်ပြောပြတတ်တဲ့ ကိုဒီး..... ကိုဒီးရဲ့ မွေးနေ့အတွက် ကျွန်တော့်ရဲ့ မွေးနေ့လက်ဆောင်လေးကို ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်ဗျာ॥ ဓာတ်ပုံတွေကတော့ ကိုဒီးတင်ပြီးသားပုံတွေ မတင်ချင်တာနဲ့ ကြုံတုန်းရိုက်လိုက်တဲ့ လွတ်လပ်ပေါ့ပါးတဲ့ ပုံနှစ်ပုံ ရယ်... တစ်ခုသောညမှာ ကိုဒီးစိတ်ကူးပေါက် တဲ့ချိန်ရိုက်ထားတဲ့ မိနစ်ဝက်ကြာ တင်လိုက်တဲ့ ပုံလေးကို ကိုဒီးမဖျက်ခင်လေးမှာ အမှီဒေါင်းလုပ်ဆွဲထားတဲ့ အိကျီင်္အနီနဲ့ပုံလေးကိုပါ တွဲတင်ပေးလိုက်ပါတယ်... မွေးနေ့ ကဒ်လေးနဲ့အတူ လာရောက်ကြသော သူငယ်ချင်းများအတွက် မစားရ၀ခမန်း ကိတ်မုန့်ကြီးကိုလည်း တင်ပေး လိုက်ပါတယ်ခင်ဗျာ॥ ကျေနပ်နိုင်ကြပါစေ........
ကျွန်တော့်စိတ်ထဲမှာ ဒီကဗျာကိုရေးရင်း ရင်တွင်းခံစားချက် တစ်ခုကို နက်နဲစွာ ခံစားလာရလို့ မရပ်မနားရေးလိုက်မိတာ တော်တော် ရှည်သွားမယ်ထင်ပါတယ်॥ သို့တစေ ကျွန်တော်လေးစားရသော အကိုကြီးအတွက် ကျွန်တော့်ရင်ထဲက စကားလုံးတစ်ချို့ကို စာဖတ်သူများက စိတ်ကြိုက်တွေ့တဲ့ ကဗျာအဖြစ် တစ်စုံတရာသော နှလုံးသားဖြင့် ခံစားလိုက်နိုင်မယ် ဆိုရင် စာရေးသူ ကျွန်တော့်မှာ အတိုင်းမသိဝမ်းသာ မိမည်အမှန်ပါ.... သူငယ်ချင်း အပေါင်းအသင်း ရှားပါးခဲ့တဲ့ ကျွန်တော့်ဘ၀မှာ တိုင်းတပါး ကနေ ငွေကုန်ကျေးကျခံကာ ဂရုတစိုက် ဖုန်းလှမ်းဆက်ပြီး စကားပြောပေးခဲ့တဲ့ အကိုကြီး ကိုဒီးကို လည်း ကျေးဇူးအထူး တင်ပါတယ်...
စာရေးသူ... ကိုကိုးအိမ်(မန္တလေး)
(၂၅।၁၂।၂၀၁၁) ခရစ်စမတ်နေ့မှာ ရေးလို့ပြီးစီးပါတယ်....
စာရေးသူ... ကိုကိုးအိမ်(မန္တလေး)
(၂၅।၁၂।၂၀၁၁) ခရစ်စမတ်နေ့မှာ ရေးလို့ပြီးစီးပါတယ်....
7 ယောက်ကစာမူခပေးသွားပါတယ်:
ကိုကိုးအိမ် ရေ
ဒီဇင်ဘာ မှာ မွေးတဲ့ သူငယ်ချင်း အတွက် happy birthday ပါ
ကိုကိုးရေ ကောင်းလိုက်တာ ကြိုက်တယ် .. ကဒီးတစ်ယောက်လည်း ကျေနပ်နေမှာပဲ ...
MM_BZ
ဟက်ပီးဘတ်ဒေးပါဗျာ
ချမ်းလှတဲ့ ဒီဇင်ဘာာာ
မန်းမှာ ပိုချမ်းမှာပဲနော် ညီ
ဒီဇင်ဘာ မှာ မွေးတဲ့ သူငယ်ချင်း အတွက် happy birthday ဗျို့ ...း)
မွေးနေ့ရှင်တော့ မသိဘူး အားပေးသူတော့ တော်တော်လေးကို သဘောကျမိတယ်... ဒီဇင်ဘာမှာ မွေးတဲ့ ဆောင်းနတ်သားလေးပေါ့နော်...:P ပျော်ရွင်ဖွယ် မွေးနေ့မင်္ဂလာ ရက်မြတ်လေး ဖြစ်ပါစေရှင်... ခင်မင်လေးစားစွာဖြင့်....
မဆိုး ပါဘူး !
ဓါတ်ပုံ ထဲက ဟာလေးက လှတော့ လှ သလိုလို ပါပဲ။
ဖာသည်မလေး လိုကို လှနေတာလေ။
:-|
မွေးနေ့မှာ ပျော်ရွှင်ပါစေ ကိုဒီးရေ...
အဲ့လိုမွေးနေ့လက်ဆောင်လေး လိုချင်လိုက်တာ.. :P
ကဗျာလေးက ချစ်စရာလေးဗျာ..
ခင်မင်လျက်
Post a Comment