အမေ့ကို ကျွန်တော်နဲ့အတူ မြို့မှာလိုက်နေဖို့
ခေါ်ခဲ့တယ်။ ဆူညံတဲ့ မြို့ပြလူနေမှုစရိုက်မှာ အမေကျင့်သားမရဘူး ရွာမှာပဲ အေးအေးလူလူ
နေပါရစေလို့ အမေငြင်းဆန်တော့ နေရပ်ကို အမေမခွဲနိုင်မှန်း
ကျွန်တော်ရိပ်စားလိုက်မိတယ်။
"အရင်က ကျွန်တော် ငွေပြန်ပို့တာကို အမေလက်မခံခဲ့ပေမယ့် ဒီတစ်ခါတော့
လက်ခံပေးပါနော်အမေ။ တစ်လကို ၂ထောင် သားအမြဲပို့ပါရစေ"
"ရွာမှာနေတော့ ငွေသိပ်မကုန်ဘူး သား... တစ်လကို ၁ထောင်ဆိုရင် လောက်ပါပြီ"
အမေနေတဲ့ရွာက ခေါင်လွန်းတယ်။ စာပို့သမား တစ်လနေမှ တစ်ခါရောက်တဲ့ နေရာဖြစ်တယ်။
မြို့တက်ပြီး အလုပ်လုပ်တဲ့ လူငယ်တွေကများတော့ ရွာမှာကျန်ခဲ့တဲ့ လူကြီးတွေက
တစ်နေ့တစ်နေ့ ကိုယ်သားသမီး ဆွေမျိုးတွေရဲ့စာကို သယ်လာမယ့်
စာပို့သမားရဲ့အလာကိုပဲ စောင့်မျှော်နေတတ်ကြတယ်။
စာပို့သမားလာတဲ့နေ့ဆိုရင် ရွာသူရွာသားတွေ အရမ်းပျော်ကြတယ်။ စာပို့သမား
ရွာထဲစဝင်ပြီဆိုတာနဲ့ ရွာက ဦးကြီးတို့၊ ကြီးဒေါ်တို့၊ အဘိုးအဘွား၊ အဖေအမေတို့က
စာပို့သမားရဲ့ ဘေးပတ်လည်မှာ ဝိုင်းဖွဲ့ပြီး ကိုယ့်စာ၊ သူ့စာပါလားလို့ အလုအယက်
မေးမြန်းတတ်ကြတယ်။ အဲဒီနောက် ပါလာတဲ့ စာတွေကို စုပေါင်းဝိုင်းဖတ်ကြရင်း
အပျော်တွေကို ဝေမျှကြတယ်။
စာပို့သမား လာတဲ့နေ့က နောက်ဖေးစိုက်ခင်းမှာ အမေအလုပ်ရှုပ်နေခဲ့တယ်။ ဘေးအိမ်က
ဒေါ်ကြီး သုံးလေးခွန်း လှမ်းခေါ်လိုက်မှ ပျာယီးပျာယာနဲ့ အမေထွက်လာပြီး
စာပို့သမားဆီက ဖြတ်ပိုင်းလေးတစ်ခုကို လက်ခံလိုက်တယ်။ ငွေလွှဲဖြတ်ပိုင်းကို
မြင်တော့ "သား ငွေလွှဲလာတာ" ဆိုပြီး အမေ့မျက်နှာ အပျော်ရိပ်သန်းသွားခဲ့တယ်။
ပို့လာတဲ့ ငွေက ၂သောင်း ၄ထောင်ကြီးများတောင် ဆိုတော့ ဆွေမျိုးတွေက
ငွေလွှဲဖြတ်ပိုင်းလေးကို တန်ဖိုးကြီးတဲ့ အရာတစ်ခုလို တယုတယ ကိုင်တွယ်ရင်း
တစ်ယောက်တစ်လှည့် လက်ဆင့်ကမ်းကြည့်ကြပြီး အမေ့ကို အားကျနေခဲ့ကြတယ်။
သားပထမဆုံးအကြိမ် ပို့လိုက်တဲ့ ငွေကြေးတွေကြောင့် အမေတစ်ညလုံး
အိပ်မပျော်ခဲ့ဘူး။ ညသန်းခေါင်မှာ ထပြီး သားအတွက် အမေစာရေးခဲ့တယ်။ အမေ
စာများများ မတတ်ပါဘူး။ ဒါပေမယ့် ရွာကမူလတန်းကျောင်းမှာ ဆရာလုပ်ခဲ့ဖူးတဲ့
အဖေ့ကြောင့် အမေ အနည်းအကျဉ်း ရေးတတ်ဖတ်တတ်ခဲ့တယ်။ အမေရေးတဲ့စာက
သုံးလေးကြောင်းပဲရှိတယ်။ စာထဲမှာ ဘာဖြစ်လို့ တစ်လကို ငွေ
၁ထောင်ထည့်လာမယ်ဆိုပြီး ဒီလောက်များတဲ့ ငွေတွေထည့်ခဲ့ရသလဲ ဆိုတာပဲဖြစ်တယ်။
အမေ့စာကို ကျွန်တော်ဖတ်ပြီး စာပို့သမားက တစ်လမှတစ်ခါ ရွာရောက်တာကြောင့်
အမေအသုံးစရိတ် ပြတ်သွားမှာစိုးလို့ တစ်ကြိမ်တည်းနဲ့ တစ်နှစ်စာ ပို့လိုက်ကြောင်း
အမေ့ကို စာပြန်ခဲ့တယ်။ ကျွန်တော်စာကိုဖတ်ပြီး အမေ သဘောကျ ပြုံးရီနေခဲ့မယ်
ထင်ပါတယ်။
လအနည်းငယ်ကြာတော့ အမေ့ဆီက နောက်စာတစ်စောင်ကို ကျွန်တော်ရလိုက်ပြန်တယ်။
အမေ့စာတိုတိုထဲမှာ နောက်နှစ်တွေမှာ အမေ့အတွက် အသုံးစရိတ်ကို တစ်ကြိမ်တည်း
မပို့ဖို့၊ တစ်လတစ်ကြိမ် ခွဲပြီး ပို့ဖို့ ရေးထားတယ်။
ဒီလိုနဲ့ တစ်နှစ်လွန်မြှောက် သွားခဲ့ပြန်တယ်။ အင်ဂျင်နီယာ ကျွန်တော့်မှာ
ရွာကအမေ့ကို ပြန်ကြည့်ဖို့ အချိန်ပို မရှိခဲ့ဘူး။ အမေမှာထားသလို တစ်လတစ်ကြိမ်
ငွေတွေခွဲပြီး ပို့ဖို့ အားလပ်ရက် မရခဲ့ဘူး။ လကျန်ပြီး မပို့မိမှာလည်း
စိုးတာကြောင့် မအားတဲ့ကြားထဲက အမေ့ကို တစ်နှစ်စာ ငွေ ၂သောင်း ၄ထောင် ကျွန်တော်
ထည့်လိုက်ပြန်တယ်။
ငွေထည့်ပြီး နောက်တစ်လမှာ အမေ့ဆီက ငွေ၂သောင်း၂ထောင် ပြန်လွှဲလာတဲ့ ဖြတ်ပိုင်းကို
ကျွန်တော်ရလိုက်တယ်။ ကျွန်တော် စဉ်းစားမရနိုင်ဖြစ်ပြီး အရမ်းအံ့သြသွားမိတယ်။
အမေ ဘာကြောင့် ငွေတွေပြန်လွှဲခဲ့ရသလဲ? အမေ့ဆီစာရေးပြီး အကျိုးအကြောင်း
မေးမြန်းမယ်ကြံတုန်းမှာ အမေ့ဆီက နောက်စာတစ်စောင်ကို ကျွန်တော်ရလိုက်ပြန်တယ်။
စာထဲမှာ ငွေတွေကို တစ်လတစ်ကြိမ် ခွဲပို့ပါ၊ ခွဲမပို့ရင် လုံးဝ
မပို့ခဲ့ပါနဲ့လို့ ရေးထားတယ်။ ကျွန်တော် လုံးဝ နားမလည်ခဲ့ဘူး...
တစ်နေ့ ကျွန်တော်အလုပ်ကအပြန် မြို့ပေါ်တက်ပြီး အလုပ်လာရှာတဲ့ ရွာက
မိတ်ဆွေတစ်ယောက်နဲ့ တိုးခဲ့တယ်။ အမေ့အကြောင်းကို မေးကြည့်တော့
ပြုစုစောင့်ရှောက်သူ မရှိဘဲ အမေတစ်ယောက်တည်း နေပေမယ့် အမေပျော်ရွှင်တဲ့အကြောင်း၊
အထူးသဖြင့် စာပို့သမား လာတဲ့နေ့ဆိုရင် အမေပိုပျော်ရွှင်ကြောင်း၊ ကျွန်တော့်ဆီက
ငွေလွှဲစာရရင် ရက်အတော်ကြာ အမေပျော်နေတတ်ကြောင်း ပြောပြခဲ့တယ်။
အဲဒီစကားတွေကြားတော့ ကျွန်တော့်ရင်ထဲ ဆို့နင့်လာခဲ့မိတယ်။
ကျွန်တော်နားလည်လိုက်ပါပြီ။ အမေဘာကြောင့် တစ်လတစ်ကြိမ် ငွေခွဲလွှဲဖို့
ကျွန်တော့်ကို ထပ်သလဲလဲ မှာခဲ့သလဲဆိုတာကို ကျွန်တော်နားလည်လိုက်ပါပြီ အမေ။
တစ်နှစ်မှာ တစ်ကြိမ်ပဲ အမေပျော်ချင်တာ မဟုတ်ဘဲ တစ်နှစ်မှာ ၁၂ကြိမ်
အမေပျော်ချင်မှန်း သား နားလည်လိုက်ပါတယ်။ အမေလိုချင်ခဲ့တာက သားပို့တဲ့
ငွေကြေးတွေ မဟုတ်ဘဲ သားရဲ့ သတိရခြင်းတွေ၊ လွမ်းဆွတ်ခြင်းတွေ ဆိုတာကို
သားနားလည်လိုက်ပါတယ် အမေ...
ိဘိုးဘိုးပြောဖူးတဲ့ အိပ်ယာဝင်ပုံပြင်တွေထဲကတစ်ပုဒ်ပါ(နားလည်ပေးနိုင်ကြပါစေ)
စာရေးသူ--ဆီဇာညီညီ (၁၄.၉.၀၉) နေ့လည် နှစ်နာရီ ဆယ့်ငါးမိနစ်
ပျော်နိုင်ပါစေမေမေ
အမျိုးအစား ခံစားချက်များ | author: ကိုကိုးအိမ်(မန္တလေး)ဆုငွေ သိန်း၁၅၀၀ ရမယ့်ဥာဏ်စမ်းလေးပါ
အမျိုးအစား ဥာဏ်စမ်း | author: ကိုကိုးအိမ်(မန္တလေး)အဟမ်း ဥာဏ်စမ်းပုစ္ဆာကို မမေးခင်မှာ ဆုငွေ နဲ့ ဖြေပုံဖြေနည်းနဲ့ ပတ်သက်ပြီး အမှာစကားလေးနည်းနည်းလောက် ပြောပါရစေ ခင်ဗျ။ ပထမဆုံးပြောချင်တာ က ဆုငွေကို သိန်း ၁၅၀၀ တောင်ကြေငြာထားတော့ တကယ်ရောပေးပါ့မလားလို့ သံသယ မရှိကြ ပါနဲ့။အမှန် တကယ်ပေးမှာ ဖြစ်ကြောင်းပါ။
ကဲ ဥာဏ်စမ်း ပုစ္ဆာလေးက ဂလိုခင်ဗျ၊ လွယ်ခက်လေးပါ။
တစ်ခါတုန်းက နယ်ကတက္ကသိုလ်ကျောင်းသားလေးသုံးယောက်ဟာ ရန်ကုန်မှာ အဆောင်တစ်ခုကို တစ်လ သုံးဆယ်ကျပ် နဲ့ ငှားပြီးကျောင်းတက်ကြပါတယ်။ လကုန်တဲ့အခါ တစ်ယောက်တစ်ဆယ်စီစုပြီး အိမ်နားက ကောင်လေးတစ်ယောက်နဲ့ အဆောင် ပိုင်ရှင် မိန်းမကြီးဆီကို လခ သုံးဆယ်ကျပ်ကို ပေးခိုင်းလိုက်ပါတယ်။ ကောင်လေးက သွားပေးတဲ့အခါ အဆောင်ပိုင်ရှင်မိန်းမကြီး ကလည်း ကျောင်းသားလေးတွေပဲ လို့ တွေးပြီး လခ သုံးဆယ်မှာ ငါးကျပ်လျှော့ပြီး ၂၅ ကျပ်ပဲယူလိုက်ပါတယ်။ ငါးကျပ်ကိုတော့ လာပေးတဲ့ ကောင်လေးက တဆင့်ပဲ ကျောင်းသားတွေကို ပြန်ပေးခိုင်းလိုက်ပါတယ်။ အဲ့ဒီမှာ ကောင်လေးက ဒီလို စဉ်းစားတယ်။ ပြန်ပေးလိုက်တဲ့ ငါးကျပ်ကို ကျောင်းသားသုံးယောက်ကို ပြန်ပေးတဲ့အခါ အဝေမတည့်ဖြစ်မယ်ပေါ့။ ဒါနဲ့ သူက ငါးကျပ်ထဲက နှစ် ကျပ်ဖိုး မုန့်ဝယ်စားလိုက်ပြီး ကျန်တဲ့သုံးကျပ်ကို ကျောင်းသားတွေကိုပြန်ပေးလိုက်တယ်။ သူမုန့်နှစ်ကျပ်ဖိုးဝယ်စားခဲ့တဲ့အကြောင်း လည်း သူက ပြောပြပါတယ်။ ကျောင်းသားသုံးယောက်လည်း ကျန်တဲ့ သုံးကျပ်ကိုပဲ တစ်ယောက်တစ်ကျပ်စီ ခွဲယူလိုက်ကြပါတယ်။
ဒီ အထိကို ရှင်းရောရှင်းရဲ့လားမသိဘူးခင်ဗျ။ ဟုတ်ကဲ့ အဖြစ်အပျက်ကတော့ အဲ့ဒီမှာ ပြီးပါပြီ။
အဲဒီနောက်မှာ ကျောင်းသားတွေက စဉ်းစားပါတယ်။ ငါတို့ သုံးယောက်ပေးလိုက်တာက တစ်ယောက်ကို တစ်ဆယ်၊ ဒါပေမယ့် တစ်ကျပ်စီပြန်ရတော့ တကယ်ပေးလိုက်ရတာက ကိုးကျပ်စီပေါ့။ အဲဒီတော့ တစ်ယောက် ကိုးကျပ်နဲ့ သုံးယောက်ကို ၂၇ ကျပ်၊ ဟို ကောင်ကလေး မုန့်ဝယ်စားလိုက်တာက နှစ်ကျပ် ဆိုတော့ အားလုံးပေါင်းနှစ်ဆယ့်ကိုးကျပ်။ ပထမ ပေးလိုက်တာက ၃၀ ။ အဲဒီမှာ တစ်ကျပ်ဘယ်ရောက်သွားလဲ။ အဟမ်း ဟုတ်ကဲ့ ၊ အဲဒါကတော့ အခုဖြေရမယ့် ပုစ္ဆာပါပဲ။
မေးခွန်းကို ဖြေဆိုရာမှာတော့ စည်းကမ်းတစ်ခုတည်းရှိပါတယ်။ အဲဒါကတော့ သင်္ချာဥာဏ်စမ်းဖြစ်လို့ အဖြေအပြင် စဉ်းစားပုံ စဥ်းစားနည်းကို ပါဖြေရမှာဖြစ်ပြီး စဉ်းစားပုံ ပါမှန်မှ ဆုငွေရမှာဖြစ်ပါတယ်။ အဖြေတွေကို Comment ရေးပြီးတော့ဖြေရမှာပါ။
ကျန်တာကတော့ အကုန်လွတ်လွတ်လပ်လပ်ပါပဲ။ ဘယ်သူမဆို အရေအတွက် အကန့်အသတ်မရှိကြိုက်သလောက်ဖြေနိုင်ပါတယ်။ အဖြေမှန်သူမပေါ်မချင်း အချိန်အကန့်အသတ်မရှိဖြေနိုင်ပါတယ်။ ပထမဆုံး အဖြေမှန်သူတစ်ဦးတည်းကို ပဲ ဆုပေးမှာဖြစ်ပါတယ်။
ပထမဆုံး အဖြေမှန်ကို ဖြေဆိုနိုင်သူအား
ဆုငွေ သိန်း-၁၅၀၀/-(ကျပ်သိန်းတစ်ထောင့်ငါးရာတိတိ)
ကို ကံကောင်းပါက ရရှိနိုင်မည့် နှစ်ရာကျပ်တန် အောင်ဘာလေထီလက်မှတ်တစ်စောင်ကို ပဟေဋ္ဌိ စီစဉ်သူက ရက်ရောစွာ ချီးမြှင့်မည် ဖြစ်ပါကြောင်း။
ဆရာမေးဖူးတဲ့ ဥာဏ်ပုစ္ဆာလေးတစ်ပုဒ်ပါ စဉ်းစားလိုက်ရအောင်နော်
စာရေးသူ...ကိုကိုးအိမ်(၁၇.၉.၀၉) ညနေ ၅နာရီ
အရည်အချင်းနှင့် လက်တွေ (သတိထားမိကြပါစေ)
အမျိုးအစား မျှဝေခြင်း | author: ကိုကိုးအိမ်(မန္တလေး)လူငယ်တစ်ဦးသည် ကုမ္ပဏီတစ်ခုတွင် အလုပ်စ၀င်လေသည်။ လုပ်ဖော်ကိုင်ဖက်ထဲတွင် သူသည် ပညာအရည်အချင်း အမြင့်ဆုံးဖြစ်သည်။
တစ်နေ့တွင် သူသည် နားခိုရာ အဆောင်နောက်ရှိ ငါးကန်တွင် ငါးသွားမျှားလေသည်။ သူ၏ လက်ယာနှင့် လက်ဝဲဘက်တွင် လုပ်ဖော်ကိုင်ဖက်နှစ်ဦးက သူ့ထက် ရောက်နှင့်နေသည်။ သူတို့နှစ်ဦးကို ခေါင်းညိတ်ပြုံးပြပြီး စိတ်ထဲတွင် "ရိုးရိုးဘွဲ့ရထားတဲ့ လူတွေနဲ့ ငါ့မှာ ဆွေးနွေးစရာအကြောင်းမရှိ" ဟု စဉ်းစားမိသည်။
တအောင့်ကြာသော် လက်ယာဖက်လူက ခါးကြောဆန့်ရင်း ငါးမျှားတံကို ချကာ ရေပေါ်လမ်းလျှောက်ပြီး မျက်နှာချင်းဆိုင်ရှိ စည်းရိုးခြားထားသော နားနေဆောင်သို့ အပေါ့အပါးသွားလေသည်။ ထိုလူ ရေပေါ်လျှောက်သွားသည်ကို ကြည့်ပြီး လူငယ်မှာ ကိုယ့်မျက်စိကိုယ် မယုံနိုင်အောင် ဖြစ်မိသည်။ အပြန်တွင် သူသည် ထိုနည်းအတိုင်း ရေပေါ်လမ်းလျှောက်ပြီး ပြန်လာသည်။ လူငယ်မှာ ဘာကြောင့် ရေပေါ်လမ်းလျှောက်နိုင်သည်ကို မေးချင်သော်လည်း "ငါကသူတို့ထက် ပညာတတ်တယ်" ဆိုပြီး ပညာမာန်နှင့် သွားမမေးခဲ့ချေ။
တအောင့်အကြာတွင် လက်ဝဲဘက်လူကလည်း ထိုနည်းအတိုင်း ရေပေါ်လမ်းလျှောက်ပြီး အပေါ့အပါး သွားလေသည်။ "သိုင်းတတ်တဲ့ ကုမ္ပဏီထဲ ငါရောက်နေပါလား.. မဖြစ်နိုင်ပါဘူးလေ" လူငယ်မှာ မူးမေ့မတတ် အံ့သြမိသည်။
ခဏအကြာတွင် လူငယ်မှာ အပေါ့အပါးသွားချင်လာသည်။ ငါးကန်ကိုပတ်ပြီး နားနေဆောင်သို့ (၁၀)မိနစ်ခန့် လမ်းလျှောက်ရဦးမည်။ ထိုသူနှစ်ဦးကိုလည်း မမေးချင်။ အောင့်နိုင်သမျှ အောင့်ပြီး မအောင့်နိုင်သည့်အဆုံး လူငယ်သည် "သူတို့တောင် လုပ်နိုင်သေးရင် ငါက ဘာလို့ မလုပ်နိုင်ရမလဲ" ဟု တွေးပြီး ရေပေါ်သို့ ခြေလှမ်း လှမ်းလိုက်သည်။ လှမ်းလိုက်သည်နှင့် ရေထဲသို့ ပြုတ်ကျသွားလေသည်။ ဘေးက လူနှစ်ယောက်က အမြန်ဆယ်ပြီး ဘယ်လို့ ရေထဲခုန်ချရသလဲဟု မေးလေသည်။
"ခင်ဗျားတို့ကျတော့ ရေပေါ် လမ်းလျှောက်နိုင်တယ် ဘာလို့လဲဟင်" လူငယ်နှစ်ဦးမှာ ရယ်ရင်း "ငါးကန်ထဲမှာ တံတားတစ်ခုရှိတယ်။ ရှေ့နှစ်ရက်က မိုးရွာလို့ တံတားမြုပ်သွားခဲ့တယ်။ ကျွန်တော်တို့က တံတားနေရာကို သိလို့ အခုလို လျှောက်သွားနိုင်တာပါ။ ဘာဖြစ်လို့ ကျွန်တော်တို့ကို မမေးတာလဲဗျာ" ဟု ပြန်ဖြေလေသည်။
ကျောင်းပြီးလို့ ပြင်ပအလုပ် စ၀င်ပြီချိန်တွင် ဘာနှင့်ပဲ ကျောင်းပြီးခဲ့ပြီးခဲ့ အလုပ်အတွေ့အကြုံ၏ စိန်ခေါ်ခြင်းကို ရင်ဆိုင်ရစမြဲပင်။ ထိုအတွေ့အကြုံများသည် ကျောင်းသင်္ခန်းစာထဲတွင် သင်ယူလို့ မရနိုင်ပေ။ ထိုအတွေ့အကြုံများသည် အမြဲမပြတ် သင်ယူလေ့လာခြင်း၏ ရလဒ်ပင်ဖြစ်သည်။
"သူတို့ထက်ငါ ရာထူးပိုကြီးတယ်။ သူတို့ထက် ငါဘွဲ့ဘယ်နှစ်ခု ရထားတယ်။ သူတို့ထက် ငါစာပိုဖတ်တယ်။ ပိုတော်တယ်။ ........" စသည်ဖြင့် ပညာမာန် တက်နေရာမလိုပေ။ အတွေ့အကြုံရှိသူကို လေးစားပြီး ပညာရှိသူကို ချည်းကပ်ရမည်ပင်။
မျှဝေသူ...ကိုကိုးအိမ်
ပြောဖို့ခက်ပါတယ်
အမျိုးအစား သတင်းလေးတွေ | author: ကိုကိုးအိမ်(မန္တလေး)တစ်နေ့တော့ ရှင်ဘုရင် မွေးထားတဲ့ ခွေးဟာ ဘုရင်ကြီးရဲ့ လက်ညိုးကို ကိုက်လိုက်သတဲ့။ နောက်နေ့တွေတော့ လက်ညိုးဟာ ရောင်ကိုင်းပြီး အနာလည်း အတော်လေး ရင်းလာတယ်။ ဘုရင်ကြီးက သူ့ အပါးတော်မြဲကိုမေးတယ်။
" မောင်မင်း၊ ငါကိုယ်တော်မြတ် မွေးတဲ့ခွေးက ငါ့ကို ပြန်ကိုက်တယ်ဆိုတော့ ဒါ မကောင်းတဲ့ အတိတ်နိမိတ်ပဲ မဟုတ်လား" တဲ့။
"ကောင်းသလား၊ ဆိုးသလား ဆိုတာ ပြောဖို့ခက်ပါတယ် အရှင်မင်းကြီး" လို့ အပါးတော်မြဲက ပြန်ဖြေတယ်။
နောက်တော့ လက်ညိုးရဲ့ အနာက အခြေအနေ အတော်လေးဆိုးလာတော့ ဘုရင်ကြီးဟာ သူ့ရဲ့ လက်ညိုးကို ဖြတ်ပစ်လိုက်ရတယ်။
"ဟယ် ငါ့ကိုယ်တော်ရဲ့ လက်ညိုးတော် ဖြတ်ပစ်လိုက်ရပြီ။ ဒါ မကောင်းတဲ့ လက္ခဏာပဲ၊ မောင်မင်း။ ဘယ်လို အဆိုးတွေများ ကြုံလာဦးမလဲ မသိဘူး။ လျှောက်စမ်းပါဦး" လို့ ဘုရင်ကြီးက သူ့ အပါးတော်မြဲကို အကြံဉာဏ်တောင်းသတဲ့။
"ကောင်းသလား၊ ဆိုးသလား ဆိုတာ ပြောဖို့ခက်ပါတယ် အရှင်မင်းကြီး" လို့ပဲ အပါးတော်မြဲက ထပ်ဖြေလိုက်တယ်။ လက်ညိုးတော် ပြတ်လို့ စိတ်တိုနေရတဲ့ကြားထဲ ဒီကောင်က အခုထိ စကားအကောင်းမပြောဘူးဆိုပြီး ဘုရင်ကြီးက အတော်လေးတင်းသွားတယ်။ ဒါနဲ့ အဲ့ဒီ အပါးတော်မြဲကို ထောင်ချပစ်လိုက်တယ်။
တစ်နေ့တော့ ဘုရင်ကြီးဟာ တောထဲကို အမဲလိုက်ထွက်သတဲ့။ စာစကားနဲ့ဆို တောကစားထွက်တာပေါ့ဗျာ။ သမင်ကို သဲကြီးမဲကြီး လိုက်ဖို့ပဲ အားသန်နေတော့ တစ်ယောက်တည်း လိုက်ရင်းလိုက်ရင်းနဲ့ပဲ တောဖွက်ခံလိုက်ရတယ်။ တောထဲမှာ လမ်းပျောက်သွားတယ်။ ဆက်သွားလေ တောနက်လေ ဖြစ်နေတယ်။ ကံများ ဆိုးချင်တော့ တောထဲမှာ နေကြတဲ့ လူရိုင်းတွေဟာ သူ့ကို တွေ့ပြီး ဖမ်းသွားတယ်။
သူတို့ကတော့ ဘုရင်မှန်း ဘယ်သိမှာလဲ။ လူရိုင်းဆိုတော့လည်း ဘုရင်ဆိုတာ ဘာကောင်မှန်းတောင် သိမှာ မဟုတ်ဘူး။ သူတို့ရဲ့ ဓလေ့က လူတစ်ယောက်ယောက် ဖမ်းပြီး နတ်ဘုရားကို ယဇ်ပူဇော်ရတယ်။ ယဇ်ပူဇော်ဖို့ သတ်မယ်လို့ ကြံရွယ်နေတုန်းမှာပဲ သူတို့ရဲ့ အကြီးအကဲ သတိထားမိသွားတာက ဘုရင်ကြီးမှာ လက်ညိုးတစ်ချောင်းမပါဘူး ဆိုတာပဲ။ အင်္ဂါမစုံတဲ့ လူတစ်ယောက်ကို ယဇ်ပူဇော်ရင် နတ်ဘုရားက စိတ်တိုလိမ့်မယ်ဆိုပြီး ဘုရင်ကြီးကို ပြန်လွှတ်ပေးလိုက်တယ်။ ဘုရင်ကြီး နန်းတော်ကို ပြန်ရောက်တော့ သူ့ အပါးတော်မြဲ ပြောတဲ့ "ကောင်းသလား၊ ဆိုသလား ပြောဖို့ခက်ပါတယ်" ဆိုတဲ့ စကားကို သွားသတိရတယ်။ အကယ်၍သာ သူ လက်ညိုး မပြတ်ခဲ့ဘူးဆိုရင် တောထဲမှာ ယဇ်ပူဇော်ခံရလို့ သေပြီလေ။
ဒါနဲ့ ပညာရှိလေး အပါးတော်မြဲကို ပြန်လွှတ်ပေးဖို့ အမိန့်ပေးလိုက်တယ်။ နောက်ပြီး ဘုရင်ကြီးက စိတ်လိုက်မာန်ပါ လုပ်မိတဲ့အတွက် သူ့ကို တောင်းပန်စကား ပြောတော့တယ်။ စိတ်မကောင်းတဲ့ မျက်နှာနဲ့ တောင်းပန်စကားပြောနေတဲ့ ဘုရင်ကြီးကို စိတ်တစ်ချက်မကွက်ဘဲ "အရှင်မင်းကြီး အခုလို ဖမ်းထားတာ ကျွန်တော်မျိုးအတွက် အကျိုးယုတ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး ဘုရား" လို့ လျှောက်တင်လိုက်တယ်။
ဒီစကားကို ကြားရတော့ ဘုရင်ကြီး အတော်လေး အံ့အားသင့်သွားတယ်။ ဘာကြောင့်ပါလိမ့်လို့လဲ အတော်လေး စဉ်းစားရခက်သွားတယ်။ အပါးတော်မြဲက သူ အဖမ်းခံထားရတာ အဆိုးချည်း မဟုတ်ပါဘူးလို့ ဘာလို့ ပြောတာလဲ။
ဒီလိုလေ။ အကယ်၍သာ ဘုရင်ကြီးက အပါးတော်မြဲကို ချုပ်နှောင်မထားဘူးဆိုရင် အခုလို တောကစားထွက်တော့ သူလည်း ဘုရင်ကြီးနဲ့အတူ ထပ်ကြပ်မကွာ လိုက်ပါရမှာပေါ့။ ဘုရင်ကြီးကို ယဇ်ပူဇော်ဖို့ မသင့်လျော်ဘူးလို့ လူရိုင်းတွေက ဆုံးဖြတ်လိုက်တာနဲ့ နောက်တစ်ယောက်ခေါ်ပြီး သတ်မှာပဲ။ ဒါဆို အပါးတော်မြဲ အလှည့်လေ။ သူသာ ဘုရင်ကြီးနဲ့ လိုက်သွားခဲ့ရင် အသက်ခံရမှာတော့ မုချမသွေပါပဲ။
ပုံပြင်လေးကတော့ ဒါပါပဲ ခင်ဗျာ။
ပုံပြင်လေးရဲ့ အနှစ်သာရ
ကံကောင်းတာတွေ ကြုံလာတိုင်းမှာ ကျေကျေနပ်နပ်ကြီး ခံစားလိုက်ပါ။ ဒါပေမယ့် အတင်းအကျပ်ကြီး ဖက်တွယ် မထားပါနဲ့။ အသက်ရှင်နေတုန်းမှာ ကြုံကြိုက်ခွင့်ရတဲ့ ဆုလဒ်တစ်ခုအနေနဲ့ ခံယူလိုက်ပါ။
အဆိုးတွေ ကြုံလာခဲ့ရင်ကော။ သိပ်ဝမ်းနည်း ပူဆွေးမနေပါနဲ့။ အပြစ်ဒဏ် ချမှတ်ခံနေရတယ်လို့ ယူဆနေမယ့်အစား လောကဓံကို ခံနိုင်ဖို့ စခန်းသွင်း လေ့ကျင့်နေတယ်လို့ မှတ်ယူလိုက်ပါ။ တကယ်တမ်းတော့ အဲ့ဒီလောက်ကြီး မဆိုးရွားဘူးဆိုတာ သိလာပါလိမ့်မယ်။
အဲဒီလို ခံယူနိုင်တဲ့ လူတစ်ယောက်ရဲ့ ဘ၀ဟာ အများကြီး ပေါ့ပါးလွတ်လပ်နေပါလိမ့်မယ်။
လူတစ်ယောက်ဟာ ပြီးပြည့်စုံဖို့ဆိုရင် မိတ်ဆွေစစ်၊ မိတ်ဆွေမှန် တကယ် လိုအပ်ပါတယ်။ ကိုယ့်ကို နားလည်ပေးမယ်။ ချစ်ခြင်းမေတ္တာတွေ မျှဝေခံစားမယ်။ ၀မ်းနည်းမှုတွေကို အတူတကွ ကျော်လွှားမယ်။ ဘ၀တစ်လျှောက်လုံး ကိုယ့်ဘက်က ရပ်တည်ပေးမယ်ဆိုတဲ့ မိတ်ဆွေစစ်တွေ တကယ့်ကို လိုအပ်တာပေါ့။ မိတ်ဆွေစစ်ဆိုတဲ့ အထဲမှာ မိဘ၊ ဆရာသမား၊ သူငယ်ချင်း၊ ချစ်သူ နဲ့ ဘ၀လက်တွဲဖော် တွေ ပါပါတယ်။
မိတ်ဆွေစစ်တွေဟာ အမြဲ မှန်လိမ့်မယ်လို့တော့ သင် မမျှော်လင့်လိုက်ပါနဲ့။ အမှားလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် သေချာတာကတော့ မှားပါစေတော့လို့ သူတို့ ရည်ရွယ်ခဲ့မှာ မဟုတ်ဘူး။
ငယ်ငယ်တုန်းကဘိုးဘိုးပြောပြဖူးတဲ့အိပ်ယာဝင်ပုံပြင်လေးတစ်ပုဒ်ပါ
စာရေးသူ--ဆီဇာညီညီ ( ၃၁.၈.၂၀၀၈) ၁၉နှစ်ပြည့်အမှတ်တရ
အဆင်ပြေအောင်ဘာသာပြန်ပေးမဲ့အဘိဓာန်လေးများပါ
အမျိုးအစား ဘာသာပြန် | author: ကိုကိုးအိမ်(မန္တလေး)Bots တွေကို အသုံးချနည်းကတော့ Gtalk ကနေ အဲဒီ bots တွေကို invite လုပ်ပါ။ ဆိုလိုတာက ကိုယ်က အင်္ဂလိပ်ကနေ စပိန်ပြောင်းချင်တယ်ဆိုရင် en2es@bot.talk.google.com ကို invite လုပ်ပါ။ ပြီးရင် အဲဒီ bots ဆီကို ကိုယ်ဘာသာပြန်ချင်တဲ့ စာတွေကို ရိုက်ထည့်ပြီး ပြောလိုက်ပါ။ သူက ချက်ချင်း ဘာသာပြန်ပေးပါလိမ့်မယ်။ ဥပမာ- en2es bots နဲ့ဆိုရင် ကိုယ်က Hello လို့ ရိုက်လိုက်ရင် သူက Hello ကို စပိန်လို Hola လို့ ပြန်ပြောပါလိမ့်မယ်။
အောက်မှာပါတဲ့ bots တွေကို Chat လုပ်ပြီး ဘာသာပြန်ခိုင်းနိုင်ပါပြီ။
Arabic – English ar2en en2ar
Bulgarian - English bg2en en2bg
Czech - English cs2en en2cs
Danish - English da2en en2da
German - English de2en en2de
German - French de2fr fr2de
Greek - English el2en en2el
Spanish - English es2en en2es
Finnish - English fi2en en2fi
French - English fr2en en2fr
Hindi - English hi2en en2hi
Croatian - English hr2en en2hr
Italian - English it2en en2it
Japanese - English ja2en en2ja
Korean - English ko2en en2ko
Dutch - English nl2en en2nl
Norwegian - English no2en en2no
Polish - English pl2en en2pl
Portuguese - English pt2en en2pt
Romanian - English ro2en en2ro
Russian - English ru2en en2ru
Swedish - English sv2en en2sv
Chinese - English zh2en en2zh
Traditional Chinese -
Englishzh-hant2en en2zh-hant
Traditional Chinese -Chinesezh-hant2zh zh2zh-hant
Bots နာမည်တွေရဲ့ နောက်မှာ @bot.talk.google.com ထည့်ပြီး invite လုပ်ပါ။
မြန်မာလိုပြန်နိုင်တဲ့ bot တော့ မရှိသေးပါခင်ဗျာ
စာရေးသူ...ကိုကိုးအိမ် ( ၃၁.၂.၀၉ )
တူရကီမြို့တော် အီစတန်ဘူလ်တွင် ရေလွှမ်းမိုးမှု ဆိုးရွားစွာဖြစ်ပွား
အမျိုးအစား ထူးထူးဆန်းဆန်း | author: ကိုကိုးအိမ်(မန္တလေး)
နှစ်ပေါင်း(၈၀)အတွင်း မကြုံစဖူး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တူရကီနိုင်ငံ၊ မြို့တော်အီစတန်ဘူလ်နှင့် ပတ်ဝန်းကျင်တွင် ရေလွှမ်းမိုးမှုများ ဖြစ်ပွားခဲ့ရာ လူပေါင်း(၃၁)ဦး သေဆုံးခဲ့ကြောင်း သိရသည်။ အီစတန်ဘူလ် အခြေစိုက် သတင်းဌာနများက မြို့တော်တွင် သေဆုံးသူ (၂၆)ဦးနှင့် တက္ကာဒက်ဒေသတွင် သေဆုံးသူ (၅)ဦးရှိကြောင်း ကြေညာသည်။
တူရကီ ၀န်ကြီးချုပ် ရီဆပ်တေရစ်ပ် အာဒိုဂန်ကလည်း သေဆုံးသူ အရေအတွက်ကို အတည်ပြုခဲ့ပြီး (၉)ဦးမှာ ယခုတိုင် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အစိုးရ၊ ပုဂ္ဂလိက ဖက်စပ်သတင်းဌာနဖြစ်သည့် အနာတိုလီယာသို့ ပြောကြားသွားသည်။ စက်တင်ဘာ (၉)ရက်နေ့က ဖြစ်ပွားခဲ့သော ရေလွှမ်းမိုးမှုများကြောင့် ၀န်ကြီးချုပ် အာဒိုဂန်မှာ အီစတန်ဘူလ်မြို့တော် သဘာဝဘေးအန္တရာယ် တားဆီးရေးစခန်းသို့ ချက်ချင်းရောက်လာခဲ့သည်။
အာဒိုဂန်သည် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်လာပြီးနောက် တူရကီလီယာငွေ (၂)သန်း [အမေရိကန်ဒေါ်လာ (၁.၃)သန်း]ကို ချက်ချင်းထုတ်သုံးရန် ခွင့်ပြုခဲ့သည်။ ကယ်ဆယ်ရေး တပ်ဖွဲ့များကမူ ရေစီးနှင့်အတူ မျောပါသွားပြီဟု ယူဆရသော ပျောက်ဆုံးနေသူများကို လိုက်လံရှာဖွေနေပြီး လှေပေါင်း(၃၅)စင်းနှင့် ရဟတ်ယာဉ် (၆)စင်းတို့က ရှာဖွေရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ခဲ့ကြသည်။
အီစတန်ဘူလ်ရှိ ဆီလစ်ဗ်ရီနှင့် ဆီလင်မ်ပါဆာ ဒေသများမှ ဈေးဆိုင်၊ စီးပွားရေးလုပ်ငန်း အမျိုးမျိုးနှင့် နေအိမ်ပေါင်း (၁၆၀၀)ကျော်တို့မှာ ရေကြီးမှုကြောင့် အကြီးအကျယ် ပျက်စီးမှုများ ကြုံခဲ့ရကြောင်း သိရသည်။ ယခုရွာသွန်းသောမိုးသည် အီစတန်ဘူလ် မြို့တော်သမိုင်းတွင် နှစ်ပေါင်း(၈၀)အတွင်း အသည်းထန်ဆုံး ပမာဏဖြစ်ပြီး ရေလျံမှုများကြောင့် အီစတန်ဘူလ်၏ မြေမျက်နှာသွင်ပြင်နှင့် ရာသီဥတု အခြေအနေတို့ကို ပြောင်းလဲသွားစေမည်ဟု ယူဆရကြောင်း ပညာရှင်များက သုံးသပ်ထားပါသည်ခင်ဗျား
စာရေးသူ...ကိုကိုးအိမ် ( ၁၀.၉.၀၉ ) ညဆယ်နာရီခွဲ
မိတ်ဆွေဖြစ်နေကြတဲ့ ဆန့်ကျင်ဘက်တရိစ္ဆာန်နှစ်ကောင်
အမျိုးအစား ထူးထူးဆန်းဆန်း | author: ကိုကိုးအိမ်(မန္တလေး)
သဘာဝမတူတဲ့ တိရစ္ဆာန်တွေ ရင်းရင်းနှီးနှီး နေကြတာကို တွေ့ဖူးမြင်ဖူးကြမှာပါ။ ဒါပေမယ့် ဗြိတိန်နိုင်ငံ၊ ဟမ့်ပ်ရှိုင်းယားမှာရှိတဲ့ မာဝဲလ်တိရစ္ဆာန်ရုံက ကမ္ဘာ့အမြန်ဆုံး သားစားသတ္တ၀ါ ချီတာကျားသစ်လေးကတော့ သူ့ရဲ့အစာနဲ့မှ မိတ်ဆွေဖြစ်နေတာ အံ့ဩစရာပါ ဒါမာမျိုးနွယ် ချေကလေးနဲ့ ချီတာလေးဟာ ခြံစည်းရိုး ခြားထားပေမယ့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြပါတယ်။ ချေကလေးကလည်း ကျားသစ်ကို ကြောက်စရာလို့ မထင်တာ အံ့ဩစရာပါ။ သူတို့နှစ်ကောင် ခြံစည်းရိုးခြားပေမယ့် တွေ့ဆုံပြီး မြူးထူးနေကြတာဟာ ဒီတိရစ္ဆာန်ရုံရဲ့ ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်နိုင်ခဲ့တဲ့ အကောင်းဆုံး မြင်ကွင်းတစ်ခုဆိုလည်း မမှားပါဘူး။
သူတို့နှစ်ကောင် ခြံစည်းရိုးကြားကနေ နှာခေါင်းချင်းပွတ်ပြီး ကျီစယ်နေကြတာကို ဓာတ်ပုံရိုက်နိုင်ခဲ့တဲ့ ITပညာရှင် ပက်ထရက် ကော့စတယ်လိုက “တကယ်ချစ်စရာကောင်းတဲ့ မြင်ကွင်းပါ။ လူတိုင်းလည်း အံ့ဩကြပါတယ်။ ကျွန်တော်တို့တွေဟာ တိရစ္ဆာန်ရုံထဲ နေရာအနှံ့ လျှောက်သွားခဲ့တာပါ။ ဒါပေမယ့် ဒီလိုတွေ့ရတာကတော့ အထူးဆန်းဆုံးပါပဲ”လို့ ပြောပြခဲ့ပါတယ်။ အသက်(၄၅)နှစ် ရှိပြီဖြစ်တဲ့ ပက်ထရစ်ဟာ ခုသီတင်းပါတ် အစောပိုင်းက ပို့စ်မောက်သ်ကနေပြီး ဇနီးနဲ့အတူ ရောက်လာတုန်း ခုမြင်ကွင်းကို ဓာတ်ပုံရိုက်ဖြစ်ခဲ့တာပါ။ ပက်ထရစ်ဟာ ဇနီးနဲ့အတူ တိရစ္ဆာန်ရုံတွေကို မကြာခဏ သွားကြည့်ပြီး အပမ်းဖြေတတ်သူပါ။ “သူတို့နှစ်ကောင် တဖြည်းဖြည်း ကပ်လာတာကို စသတိထားမိတယ်။ နှစ်ကောင်လုံးက မျက်လုံးချင်း မခွာကြဘူးဗျ။ ပြီးတော့ တစ်ကောင်နဲ့တစ်ကောင် စကားပြောသလို အသံပေးနေသေးတယ်။ ပထမတော့ ဒီချေကလေးဟာ တော်တော်အတင့်ရဲတာပဲလို့ ထင်မိသေးတယ်။ ဒါပေမယ့် ကျားသစ်ကလည်း ရန်ပြုချင်ပုံမရဘဲ ခင်ခင်မင်မင် ဖြစ်နေတော့ တော်တော်အံ့ဩရပါတယ်”လို့ ဆိုပါတယ်။ တိရစ္ဆာန်ရုံက သတင်းဖြန့်ချီရေး တာဝန်ခံ ဘီလ်ဟေးကလည်း “ချေတွေဟာ အသည်းငယ်တတ်တဲ့ သတ္တ၀ါတွေပါ။ သူတို့ကို ညစာအနေနဲ့ပဲ စိတ်ဝင်စားတတ်တဲ့ ချီတာတွေကိုမြင်တိုင်း ထွက်ပြေးတတ်ကြပါတယ်။ ခုကိစ္စကတော့ ဘယ်လိုဖြစ်မှန်း မသိဘူး။ ကျားသစ်ကလည်း အစာဝနေပြီး စိတ်ကျေနပ်နေလို့များ ခုလိုမျိုး ခင်ခင်မင်မင် ရှိနေသလား ကျွန်တော်စဉ်းစားကြည့်မိတယ်။ နောက်ပြီးတော့ ချေကလည်း သူ့တစ်သက်မှာ ချီတာကျားသစ် မျက်နှာကို ခုလောက်နီးနီး မမြင်ဖူးလို့ အခွင့်အရေးတုန်း သွားစပ်စုလိုက်တာပဲဖြစ်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီနေ့လယ်က နှစ်ကောင်စလုံး ပျော်နေကြတာ အမှန်ပါပဲ”လို့ ပြောသွားခဲ့ပါတယ်။
စာရေးသူ--ကိုကိုးအိမ်(၉.၉.၀၉) ညတစ်နာရီဆယ့်ငါးမိနစ်
မျိုးသုဉ်းပျောက်ကွယ်နေသည့် လိပ်မျိုးစိတ် မြန်မာနိုင်ငံတွင် ပြန်လည်တွေ့ရှိရ
အမျိုးအစား သတင်းလေးတွေ | author: ကိုကိုးအိမ်(မန္တလေး)
အာရာကန် တောလိပ်တွေဟာ ကမ္ဘာပေါ်ကနေ အပြီးပျောက်ကွယ်ခဲ့ပြီလို့ သိပ္ပံပညာရှင်တွေက ယုံကြည်နေကြတာပါ။ ဒါပေမယ့် အမေရိကန်ကနေ မြန်မာနိုင်ငံထိ သုတေသနပြုဖို့ ရောက်လာတဲ့ ပညာရှင်အဖွဲ့ တစ်ခုကတော့ အဲဒီအယူအဆ မှားနေတယ်ဆိုတာ သက်သေပြလိုက်နိုင်ပါပြီ။ တက္ကဆက်စ်နယ်သား စတီဗန်ပလတ်ဦးဆောင်တဲ့ နယူးယော့ခ်အခြေစိုက် တောရိုင်းတိရစ္ဆာန် လေ့လာရေး သုတေသီ အဖွဲ့တစ်ခုဟာ ရခိုင်ရိုးမမှာရှိတဲ့ ဆင်စခန်းတစ်ခုနားမှာ ဒီလိပ်ကလေးတွေကို ပြန်တွေခဲ့ပါတယ်။ ဆင်စခန်းနားမှာရှိတဲ့ ၀ါးတောတွေထဲမှာ အာရာကန်တောလိပ်လေးတစ်ကောင်ကို မေလ(၃၁)ရက်နေ့မှာ ပထမဆုံး တွေ့ခဲ့ပါတယ်လို့ ခုအခါ တက္ကဆက်စ်မှာရှိတဲ့ ဆူးလ်ရော့စ်တက္ကသိုလ်ကို ပြန်ရောက်နေပြီဖြစ်တဲ့ ပလတ်က ပြောပြခဲ့ပါတယ်။ သူတို့ဟာ ဆင်စခန်းရဲ့ သဘာဝကို လေ့လာဖို့အတွက် ရေစီးသန်တဲ့မြစ်တွေကို လှေငယ်နဲ့ဖြတ်ပြီး ခြင်၊ ယင်၊ မှက်တွေအပြင် မျှော့တွေရဲ့ ကိုက်ခဲမှုကိုပါခံရပြီး ရခိုင်ရိုးမကို လာခဲ့ကြတာပါ။ လိပ်ကလေးကို ပထမဆုံး တွေ့လိုက်တဲ့ အတွေ့အကြုံနဲ့ ပတ်သတ်ပြီး “အဲဒီအချိန်မှာ ကျွန်တော်တို့အားလုံး မယုံနိုင်လောက်အောင် ဖြစ်သွားရပါတယ်။ ကျွန်တော်တို့ဟာ လိပ်ကိုတွေ့တော့ လာခဲ့တဲ့ခရီးရဲ့ ရည်ရွယ်ချက်ကိုတောင် မေ့သွားတယ်”လို့ ပလတ်က ပြောပြခဲ့ပါတယ်။
မြန်မာနိုင်ငံ အနောက်ပိုင်းမှာရှိတဲ့ အာရာကန်တောင်နားမှာ စပြီးပေါက်ဖွားလာတယ်လို့ ပညာရှင်တွေက ယူဆထားတဲ့ အဲဒီကုန်းလိပ်လေးတွေဟာ (၁၉၉၀)ပြည့်လွန်နှစ်တွေမှာ အာရှရဲ့ အစားအသောက် ဈေးကွက်မှာ နာမည်ရလာပြီးတဲ့နောက် လူတွေကဖမ်းပြီး ဈေးကွက်တင်ကြတဲ့အတွက် မျိုးသုဉ်းသွားပြီလို့ ပညာရှင်တွေက ယုံကြည်ထားပါတယ်။ အဲဒီတုန်းက သိပ္ပံပညာရှင်တွေဟာ ဒီလိပ်ကလေးတွေ ကမ္ဘာပေါ်က ပျောက်ကွယ်သွားတာဟာ ပြောင်းလဲလာတဲ့ အာရှဒေသ စားသောက်ပုံကြောင့်လို့ ပြစ်တင်ခဲ့ပြီး လိပ်ကလေးတွေခမျာ ဟင်းလျာအဖြစ်ရော၊ ဆေးဝါးထုတ်လုပ်ရေးမှာပါ အသုံးချ ခံခဲ့ရတာပါ။ သိပ္ပံနာမည် Heosemys depressaလို့ခေါ်တဲ့ လိပ်ကလေးတွေဟာ မျိုးပွားနှုန်းနှေးတဲ့ သတ္တ၀ါလေးတွေလည်း ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ပလတ်နဲ့အဖွဲ့ရဲ့ ရှာဖွေတွေ့ရှိမှုဟာ သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး ပညာရှင်တွေအတွက် မျှော်လင့်ချက်ရောင်ခြည် အသစ်ကို ထွန်းလင်းစေခဲ့ပါတယ်။ “အာရှတလွှားမှာ လိပ်တွေကို မှောင်ခိုတင်သွားတာတွေ မရပ်သ၍ ဒုက္ခကြီးနေဦးမှာပါ။ ခုလိုမျိုး မြန်မာနိုင်ငံထဲမှာ မျိုးသုဉ်းပြီလို့ ထင်ထားတဲ့ လိပ်ကလေးတွေကို ပြန်တွေ့ရတာ အရမ်းဝမ်းသာစရာ ကောင်းပါတယ်။ တကယ့်ကို ရှားပါးမျိုးစိတ် ဖြစ်နေတဲ့ အဲဒီလိပ်တွေကို ကာကွယ်ဖို့နဲ့ သူတို့ရဲ့ အရေအတွက် ပြန်များလာဖို့ ကျွန်တော်တို့ အစွမ်းရှိသလောက် လုပ်သွားပါ့မယ်လို့ သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးဌာနက ကောလင်းပိုးလ်က ဆိုပါတယ်။ ပလတ်ရဲ့ သုတေသနအဖွဲ့မှာ မပါခဲ့တဲ့ ရေချိုလိပ်ပညာရှင် ဒေါက်ဂလက်စ်ဘီ ဟန်ဒရီကတော့ အရင်တုန်းက မြန်မာနိုင်ငံ အနောက်ဘက်ကို ရောက်ခဲ့ဖူးသူတွေနဲ့ Tourist Guideတွေက ဒီလိပ်လေးတွေကို တွေ့တွေ့နေတယ်လို့ ပြောထားတာကြောင့် ခုလိုမျိုး ပလတ်တို့က ပြန်တွေ့တယ်လို့ ကြေညာတာကို မအံ့ဩလှပါဘူးလို့ ဆိုပါတယ်။ ဒေသခံတွေကတော့ ခုလိပ်ကလေးတွေကို ပြောင်ချေးစားလိပ်လို့ ခေါ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ရခိုင်ရိုးမမှာ ခုထိအောင် ရှိနေသေးတဲ့ မျိုးသုဉ်းလုနီးပါး ဂျာဗားကြံ့တွေရဲ့ အညစ်အကြေးတွေကို အဓိကစားသောက်တတ်တဲ့ လိပ်ကလေးတွေဟာ တခြားတိရစ္ဆာန်တွေရဲ့ အညစ်အကြေးတွေကိုလည်း အစာအဖြစ် မှီဝဲတတ်လို့ပါပဲ။
စာရေးသူ--ဆီဇာညီညီ ( ၉.၉.၀၉ ညဆယ့်နှစ်နာရီသုံးဆယ်မိနစ်)
လွတ်လပ်ကောင်းကင်ရဲ့မိုးတိမ်
အမျိုးအစား မျှဝေခြင်း | author: ကိုကိုးအိမ်(မန္တလေး)နေကျွန်တော့်ဆီကိုဗြုန်းစားကြီးရောက်လာတော့ကျွန်တော်အံ့သြမိသည် ။
''နေ ..မောင့်ဆီလာတာလား..''
"အင်းလေမောင်ရဲ့..မလာရဘူးလား"
''ရပါတယ်နေရ ..မောင်ကအံ့သြနေလို့ပါ''
"နေကမောင့်ဘေးမှာအမြဲနေမှာလေ''
''အင်းပါ တစ်သက်လုံးနော်''
''တစ်သက်လုံးပါမောင်ရယ်''
''နေ့ကိုမောင်သိပ်ချစ်တယ် ..''
''မောင့်ကိုနေလည်းအရမ်းချစ်တယ်လေ..''
နေကကျွန်တော့်ကိုသိပ်ချစ်ပြီးနားလည်မှုအပြည့်ရှိသောချစ်သူတစ်ေ ယာက်။ကျွန်တော့်အပေါ်တခါမှနေဆိုး ခဲ့တာမရှိ။နေကကျွန်တော့်ကျောကို နောက်ကသိုင်းဖက်ရင်းစကားတွေပြော နေသည်။
''မောင်ရယ် ..နေသိပ်လွမ်းတာပဲ''
''နေ့ကိုလည်းမောင်နေ့တိုင်းလွမ်းပါတယ်....နေ့ကိုမောင့်ဘေးမှာအြ မဲရှိနေစေချင်တယ်..နေ
မောင်ပြောတာကြားလား...''....နေ .... နေ .... နေ''
'' ဟေ့ကောင်ရောင်နီ..မိုးလင်းနေပြီကွ..နေ ...နေ..နဲ့ ဘာတွေယောင်နေတာလဲ..''
''ဟင် ..အမ် ..ငါအိပ်မက်မက်နေတာလား..အိပ်မက်ထဲမှာနေ့ကိုတွေ့တယ်..ပြီးတော့ငါ စကားပြောနေရင်းနဲ့နေပျောက်သွား တယ်..နေငါ့ကိုသတိရနေတယ်ထင်တယ်ကွာ''
''မင်းစိတ်မှာမင်းဘာသာထင်နေတာတွေလျှောက်ပြောနေတယ်..''
''မဟုတ်ဘူး ..ငါနေနဲ့မတွေ့တာလဲကြာပြီမင်းယံ....နေတစ်ယောက်နေမှကောင်းရဲ့လား မသိဘူး''
''အေး...မင်းတို့ပဲချစ်ကြပါကွာ..ချစ်နိုင်ကြတယ်...ကဲ..မင်းသတိ ရတာကိုနောက်မှရ...ဒီနေ့ကျောင်း စောစောသွားရမယ်လေကွာ''
''အေးပါ ..ငါသိပါတယ်''
မောင်ကျောင်းကရောက်မှ
နေ့ဆီဖုန်းဆက်လိုက်တော့မယ်နေ။ကျောင်းသွားဖို့ပြင်ဆင်လိုက်ဦး မယ်။။
(၂)
ဒီနေ့စာသင်ရတာဘယ်လိုဖြစ်နေသည်မသိ။စိတ်တွေလေးနေသည်။ဒီတစ်ချိန် ပြီးရင်ကျောင်းဆင်းရတော့မည်။ကျောင်းကအပြန်ဈေးဝင်ဝယ်ရမည်။ဒီနေ့ သူစားဖိုမှုးအလှည့်ကျသည်။ပြီး ရင်နေ့ဆီဖုန်းဆက်ရမည်။ဟော...ကျောင်းဆင်းပြီ။
"ရောင်နီ''
''အေး..ပြော''
''မင်းဈေးဝယ်ဝင်ဝယ်မှာလား''
''မင်းတို့ကဘယ်လဲ''
''
ငါနဲ့ဖြိုးသာ..ခိုင်မြဲတို့အဆောင်ခဏသွားမလို့..မင်းအရင်ပြန်နှ င့်
လိုက်တော့ကွာ'' ဟုမင်းယံကပြောသည်။။
''ငါတို့ပြန်လာရင်ထမင်းအဆင်သင့်နော်စားဖိုမှုး''လို့ ဖြိုးသာက အော်
သွားသည်။။ကျောင်းကအပြန်ဈေးအနည်းငယ်ဝယ်သည်။အိမ်ရှေ့ရောက်တော့ကျွန်တော်နည်းနည်းအံ့သြသွားသည်။
မနက်တုန်းက ကျွန်တော်သေချာပိတ်သွားခဲ့သောတံခါးက
အခုဖွင့်လျက်သား။အခန်းဝတွင်မိန်းကလေးဖိနပ်တစ်ရံတွေ့ရသည်။။ နေများလား။
နေများလား။။
''မောင်''
''ဟာ ..နေ ..လန့်လိုက်တာကွာ..မောင်ကအခန်းပွင့်နေတော့တော်တော်လန့်သွားတာ. ''
'' အင်း..ဆောရီး..ဆောရီးမောင်''
''နေကလည်းမောင့်ကိုကြိုမပြောဘူးရောက်လာတယ်...မောင်လာကြိုမှာေ ပါ့ကွာ''
''မောင်ကျောင်းသွားနေရတာနေသိတယ်လေ ..မောင်ကျောင်းပျက်မှာစိုးလို့ေ နမပြောတာ''
''နေ ပိန်သွားတယ်နော်..နေရောကောင်းလား''
''အင်း ကောင်းပါတယ်မောင်ရဲ့...မောင့်ကိုလွမ်းလို့နေမှာပေါ့''
''ဒေါ်နေနေတို့ကတော့စကားကတတ်ပဗျာ....ညတုန်းကတောင်
နေမောင့်ဆီလာတယ်လို့အိပ်မက်မက်တယ်..မောင်တို့ကစိတ်ချင်းဆက်ေ နတာများလားမသိဘူးနော်နေ''
''ဟုတ်တာပေါ့မောင်..နေ့စိတ်ကမောင့်စိတ်လေ...ကဲ..ခဏနားလိုက်ဦး..မောင်ဘာမှချက်စရာမလိုတော့ဘူး ..နေချက်ထားတာအားလုံးကျက်နေပြီ. .မောင်ရေချိုးပြီးထမင်းစားရုံပဲ ..အော်
..မောင့်အခန်းဖော်တွေရော...''
''လာကြလိမ့်မယ်နေ ..လောလောဆယ် နေ မောင့်အခန်းမှာနေလိုက် ..မောင်
မင်းယံအခန်းမှာနေလိုက်မယ် ''
''အင်းပါမောင်ရယ်..ပြီးမှစီစဉ်ပါ...မမောဘူးလား..နားပါဦး''
''နေကောင်းတာဟုတ်ရဲ့လားနေ ..နေ့ကြည့်ရတာမလန်းသလိုပဲ.''
''နေကခရီးဝေးကလာတာမို့လို့ပါ..နားလိုက်ရင်ကောင်းသွားမှာပါမော င်ရယ်
..စိတ်မပူနဲ့နော်''
မောင်ရေမိုးချိုးပြီးတော့မောင့်အခန်းဖော်တွေပြန်ရောက်လာပါသည်။ လူချင်းသာမတွေ့ဖူးတာနေ့ကိုသူတို့ ကသိနှင့်ပြီးဖြစ်နေသည်။
" နေ ..ဒါမောင့်သူငယ်ချင်းမင်းယံဇော်...သူကဖြိုးသာဇံ..သူငယ်ချင်း
ဒါငါပြောနေတဲ့ငါ့ချစ်သူ နေ..။။။နေနေမောင်တဲ့..အော်
..မင်းယံ...မင်းအခန်းမှာဒီနေ့ငါလာအိပ်မှာနော်..နေ့ကိုငါ့အခန်း မှာသိပ်မလို့''
''အေးပါ ရောင်နီရာ..ရပါတယ်..ဒီကောင်ကညတုန်းကတောင်
နေနေ့ကိုအိပ်မက်ပြီးထအော်နေသေးတယ်..သူများတွေချစ်တတ်ကြပုံများ ကွာ..ဖြိုးသာတို့နဲ့ကွာပ''
''မင်းကငါ့ကိုပြောရအောင် မင်းရော ''
''အေး ..ငါလည်းအတူတူပဲ..ဟား ဟား ''
နေကပြုံးနေပါသည်။နေ့မျက်နှာလေးသည်အနည်းငယ်ချောင်သွားရုံမှ
အပချစ်စရာကောင်းနေပါသည်။နေ့ကိုချစ်သူတော်ခွင့်ရခြင်းသည်ကျွန်ေ တ်ာကံကောင်းတယ်လို့သူငယ်ချင်းများကပြောဖူးသည်။
''ရောင်နီထွဋ်ရေ ..မင်းကတော့ငါတို့ထက်ကံကောင်းပါတယ်ကွာ''
(၃)
ထိုနေ့ကနေချက်ကြွေးသောထမင်းဟင်းတွေကိုကျွန်တော်တို့စားသောက်ပြီးမင်းယံနှင့်ဖြိုးသာကမင်းတို့ေ အးဆေးစကားပြောကြပါဟုဆိုကာအပြင် ထွက်သွားလေသည်။
'' နေ ''
''အင်း ပြောလေမောင် ''
''နေ့ကိုလည်းမောင်သတိရပါတယ်မောင်လည်းစာမေးပွဲရှိတာနဲ့ဖုန်း လည်းမဆက်ဖြစ်တာ..မေးလ်လည်းမပို့ ဖြစ်တာပါ..''
''နေသိပါတယ်မောင်ရဲ့ ..နေနားလည်တယ်နော်
..နေလိုက်လာတော့လည်းတွေ့ရတာပဲလေ..မောင့်ကိုလည်းနေသတိတွေရနေတာ. .လွမ်းလည်းလွမ်းတယ်..ပြီးတော့ချ စ်တယ်''
''နေလည်းကျန်းမာရေးကိုဂရုစိုက်နော် မောင်စိတ်ပူတယ်''
''မောင်လည်းဂရုစိုက်နော်..နေက မောင့်ဘေးမှာအချိန်တိုင်းရှိနေနိုင်တာမဟုတ်ဘူးလေ''
နေကကျွန်တော့်ပခုံးပေါ်တွင်ခေါင်းလေးမှီကာပြောသည်။နေ့လက်ချောင်း လေးတွေကိုဆုပ်ကိုင်လိုက်သည်။အေး စက်နေသောနေ့လက်တွေ။
'' နေ..ချမ်းနေတာလား...လက်တွေအေးနေတယ်နော်"
'' ဟင့်အင်းနေကောင်းတယ်မောင်..နည်းနည်းအေးလို့နေမှာပါ''
''ရော့ ..မောင့်အနွေးထည်လေးဝတ်ထားလိုက်''
''အင်းရပါတယ်မောင်ရယ်''
''နေ ..မောင်လေ
လွတ်လွတ်လပ်လပ်မိုးကောင်းကင်ဖြစ်ချင်တယ်..စိတ်ထဲမှာမွန်းကြပ် တာတွေမခံစားချင်ဘူး..နေကရောဘြာ ဖစ်ချင်လဲ..''
''နေက အဲဒီကောင်းကင်ရင်ခွင်ထဲကမိုးတိမ်တွေဖြစ်ချင်တယ်မောင်..ဒါမှ
မောင့်ရင်ခွင်မှာနေလို့ရမှာလေ''
ကျွန်တော်နေ့ကိုအထိတ်တလန့်ကြည့်မိသည်။ နေငိုနေတယ်။။
'' နေဘာလို့ငိုတာလဲ''
''မောင့်ကိုခွဲရမှာကြောက်လို့''
''မဟုတ်တာနေရယ် ..မောင်ကနေ့ကိုမခွဲပါဘူး..နေဘာတွေပြောနေတာလဲကွာ..''
''မောင့်ကိုနေယုံတယ်...မောင့်ကိုနေချစ်လို့ပါ..အကယ်လို့နေေ သသွားရင်လေ
မောင့်နားမှာနေခွင့်ပြုနော်''
''နေကဘာလို့သေရမှာလဲနေရာ..နေကမောင့်ဘေးမှာတစ်သက်လုံးရှိနေရမယ် နော်''
''အင်း..နေလေ ..မောင့်ဘေးမှာနေချင်တယ် ..''
''အင်း မောင်ကျောင်းဆင်းပြီးရင်လက်ထပ်ကြမယ်လေ''
နေ့ရင်တွေဆို့နင့်နေတယ်မောင်။ဘာလို့လည်းဆိုတော့မောင့်ကိုမခွဲနိုင်လို့ပါ။
မောင့်ရင်ထဲမှာနေရှိသလို
နေ့ရင်ထဲမှာလည်းမောင်ရှိနေတယ်လေ။တစ်သက်လုံးအတွက်ပါမောင်ရယ်။
'' နေ စောစောနားလိုက်လေ.''
''နေမအိပ်ချင်သေးဘူးမောင်စကားတွေပြောချင်သေးတယ်''
''နေ ပင်ပန်းနေမှာစိုးလို့ပါ''
'' မောင်''
''အင်း ..နေ ပြောလေ''
''တစ်သက်လုံးအတွက်မိုးတိမ်နော်..မမေ့ပါနဲ့''
''မောင်လည်းမိုးတိမ်အတွက်ကောင်းကင်ပါ''
မောင့်မျက်နှာညိုညိုလေးကိုနေကြည့်နေမိသည်။မောင့်ကိုနေမပြော တတ်အောင်ချစ်ခဲ့တာပါ။မောင်ခွဲ မသွားပါနဲ့နော်။
(၄)
'' ဖြိုးသာ ..ဖြိုးသာ ..မင်းယံ ထပါဦးကွာ''
''ဘာလဲရောင်နီ ဘာဖြစ်တာလဲ''
''နေ ရော ..နေမရှိတော့ဘူး..နေ့ကိုတွေ့လိုက်လား''
''မတွေ့ဘူးလေ ငါတို့လည်းခုမှ နိုးတာလေ''
''ဟာ ..နေငါ့ကိုမပြောဘဲပြန်သွားတာတော့မဖြစ်နိုင်ဘူး''
ညတုန်းကစကားတွေပြောရင်းနေအိပ်ပျော်သွားခဲ့သည်။ဒီမနက်ကျွန်တော် နိုးတော့
အခန်းမှာနေ့ကိုသွားကြည့်တော့ နေမရှိတော့။
ကျွန်တော်တစ်ခုခုကိုသတိရလိုက်သည်။
ကွန်ပျူတာကောက်ဖွင့်လိုက်သည်။မေးလ်ကိုဖွင့်လိုက်ချိန်မှာအရေး တကြီးမေးလ်တစ်စောင်ဝင်နေခဲ့သည်။
နေ့သူငယ်ချင်းမေမြတ်ပို့သောမေးလ်။
ကိုရောင်နီ
စိတ်မကောင်းပါဘူး..နေဆုံးသွားပါပြီ။
ကိုရောင်နီ့ကိုသူ့ရောဂါအခြေအနေကို
မပြေပြဖို့မြတ်ကိုကတိတောင်းထားပါတယ်... နေ့မှာနှလုံးသွေးပေါက်ကျယ်တဲ့ေ ရာဂါရှိတယ်
သူသွေးတွေအန်ပြီးဆုံးသွားခဲ့တယ်..သူဆုံးခါနီးအထိ
ကိုရောင်နီ့အနားမှာနေချင်တယ်လို့ရေရွတ်နေခဲ့တယ်။
မြတ်လည်းဝမ်းနည်းနေရပါတယ်။။ကိုရောင်နီသိအောင်မေးလ်ပို့ပေးလိုက် ရတာပါ။
မြတ်
ကျွန်တော်တစ်ကိုယ်လုံးလစ်ဟာသွားသည်။မေးလ်Date ကိုကြည့်လိုက်တော့
လွန်ခဲ့တဲ့၃ ရက်လောက်ကပို့ခဲ့တာဖြစ်သည်။ဒါဆို မနေ့က နေ က ....မနေ့က နေ က
။။
မောင့်ကိုကျွန်မမြင်နေရသည်.။မောင်ငိုနေတယ်။။နေဆုံးသွားတယ်ဆိုတာ မောင်သိပြီပေါ့နော်။ဒါပေမယ့်
နေ မောင့်ဘေးမှာရှိနေတယ်နော်..မောင့်ဘေးမှာထာဝရရှိနေမှာပါမောင်။ေ မာင်လွတ်လပ်ကောင်းကင်ဖြစ်လာမဲ့ေ န့ကိုမိုးတိမ်တွေဖြစ်ချင်တဲ့ကျွ န်မမောင့်ဘေးမှာထာဝရစောင့်နေမှာ ပါ..ဘာလို့လဲဆိုတော့
..မောင့်ကိုအချစ်ဆုံးမို့ပါမောင်။
နေကြာ
၂၅.၃.၀၉ (အင်္ဂါနေ့ည) ၁း၀၀
သူငယ်ချင်းတစ်ယောက်ရေးပေးတဲ့စာစုလေးပါ
အင်တာနက်သုံးသူတိုင်းသတိထားဖို့ပါ
အမျိုးအစား မျှဝေခြင်း | author: ကိုကိုးအိမ်(မန္တလေး)အင်တာနက် ကဖီးတွေမှာ သွားသုံးတဲ့အခါ အထူးသတိထားရမယ့် အရေးကြီး အချက်တစ်ချက် ရှိပါတယ်။ အဲဒါကတော့ ကိုယ်သုံးမယ့် KeyBoard ကြိုးနဲ့ ကွန်ပျူတာ System Unit နဲ့ ချိတ်မယ့် ပလပ်ပေါက်မှာ အနက်ရောင် Device လေးတစ်ခု ခံထားပြီဆိုရင် အဲဒီကွန်ပျူတာမှာ မသုံးတော့နဲ့။ အဲဒီBlack Device က ကိုယ်ရိုက်သမျှ အက္ခရာ ဂဏန်းတွေ အားလုံးကို သိုမှတ် သိမ်းဆည်းလိုက်တဲ့အတွက် သုံးတဲ့သူKeyboard မှာ ရိုက်သမျှ အားလုံးမှတ်ထားလိုက်ရော။ ကိုယ့်ရဲ့ E-mail Password အပါအဝင် အဲဒီနေ့ သုံးသမျှ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ အားလုံး ခိုးယူထားခံရပြီသာ မှတ်။ ခရက်ဒစ်ကတ်တို့၊ ဘဏ်စာရင်းတို့သုံးပြီး Online ပေါ်မှာ ဝယ်ချင်တာ ဝယ်လို့ရတဲ့ နိုင်ငံတွေမှာတော့ ပိုဆိုးတာပေါ့။ ခရက်ဒစ်ကတ်နံပါတ်တို့၊ ဘဏ်စာရင်းနံပါတ်တို့ ရိုက်ထည့်လိုက်တာနဲ့ ခိုးပြီးသားပဲ။ နေ့မကူးခင် အင်တာနက်ကဖီးတွေမှာသုံးရင် သတိထား။ ဘဏ်ထဲကရှိတဲ့ ကိုယ်ပိုင်ငွေ ပြောင်ဖို့သာပြင်။ ဒီBlack Device ကို နိုင်ငံအချို့မှာတော့ ဟိုတယ်တွေ၊ ကုန်စည်ြပပွဲတွေ၊ လေဆိပ်တွေနဲ့ အင်တာနက်ကဖီးတွေမှာ အများအားဖြင့် သုံးကြတယ်။ မြန်မာနိုင်ငံမှာတော့ အင်တာနက်ကဖီးတွေမှာ သုံးဖို့များတယ်။ သေချာစစ်ကြည့်ပြီးမှ သုံးပေါ့။ သေချာအောင် ပုံပါထည့်ပေး လိုက်တယ်။
တင်ပြသူ...ကိုကိုးအိမ်