
နှစ်ပေါင်း(၈၀)အတွင်း မကြုံစဖူး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တူရကီနိုင်ငံ၊ မြို့တော်အီစတန်ဘူလ်နှင့် ပတ်ဝန်းကျင်တွင် ရေလွှမ်းမိုးမှုများ ဖြစ်ပွားခဲ့ရာ လူပေါင်း(၃၁)ဦး သေဆုံးခဲ့ကြောင်း သိရသည်။ အီစတန်ဘူလ် အခြေစိုက် သတင်းဌာနများက မြို့တော်တွင် သေဆုံးသူ (၂၆)ဦးနှင့် တက္ကာဒက်ဒေသတွင် သေဆုံးသူ (၅)ဦးရှိကြောင်း ကြေညာသည်။
တူရကီ ၀န်ကြီးချုပ် ရီဆပ်တေရစ်ပ် အာဒိုဂန်ကလည်း သေဆုံးသူ အရေအတွက်ကို အတည်ပြုခဲ့ပြီး (၉)ဦးမှာ ယခုတိုင် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အစိုးရ၊ ပုဂ္ဂလိက ဖက်စပ်သတင်းဌာနဖြစ်သည့် အနာတိုလီယာသို့ ပြောကြားသွားသည်။ စက်တင်ဘာ (၉)ရက်နေ့က ဖြစ်ပွားခဲ့သော ရေလွှမ်းမိုးမှုများကြောင့် ၀န်ကြီးချုပ် အာဒိုဂန်မှာ အီစတန်ဘူလ်မြို့တော် သဘာဝဘေးအန္တရာယ် တားဆီးရေးစခန်းသို့ ချက်ချင်းရောက်လာခဲ့သည်။
အာဒိုဂန်သည် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်လာပြီးနောက် တူရကီလီယာငွေ (၂)သန်း [အမေရိကန်ဒေါ်လာ (၁.၃)သန်း]ကို ချက်ချင်းထုတ်သုံးရန် ခွင့်ပြုခဲ့သည်။ ကယ်ဆယ်ရေး တပ်ဖွဲ့များကမူ ရေစီးနှင့်အတူ မျောပါသွားပြီဟု ယူဆရသော ပျောက်ဆုံးနေသူများကို လိုက်လံရှာဖွေနေပြီး လှေပေါင်း(၃၅)စင်းနှင့် ရဟတ်ယာဉ် (၆)စင်းတို့က ရှာဖွေရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ခဲ့ကြသည်။
အီစတန်ဘူလ်ရှိ ဆီလစ်ဗ်ရီနှင့် ဆီလင်မ်ပါဆာ ဒေသများမှ ဈေးဆိုင်၊ စီးပွားရေးလုပ်ငန်း အမျိုးမျိုးနှင့် နေအိမ်ပေါင်း (၁၆၀၀)ကျော်တို့မှာ ရေကြီးမှုကြောင့် အကြီးအကျယ် ပျက်စီးမှုများ ကြုံခဲ့ရကြောင်း သိရသည်။ ယခုရွာသွန်းသောမိုးသည် အီစတန်ဘူလ် မြို့တော်သမိုင်းတွင် နှစ်ပေါင်း(၈၀)အတွင်း အသည်းထန်ဆုံး ပမာဏဖြစ်ပြီး ရေလျံမှုများကြောင့် အီစတန်ဘူလ်၏ မြေမျက်နှာသွင်ပြင်နှင့် ရာသီဥတု အခြေအနေတို့ကို ပြောင်းလဲသွားစေမည်ဟု ယူဆရကြောင်း ပညာရှင်များက သုံးသပ်ထားပါသည်ခင်ဗျား
စာရေးသူ...ကိုကိုးအိမ် ( ၁၀.၉.၀၉ ) ညဆယ်နာရီခွဲ
0 ယောက်ကစာမူခပေးသွားပါတယ်:
Post a Comment