ဘော်ဒါကြီးတို့ရေ ကိုကိုးအိမ်မှာ အခုလက်ရှိဘာရေးရမယ်မှန်းမသိလို့ လွန်ခဲ့တဲ့နှစ်နှစ်လောက်က နေပြည်တော်မှာ ဆိုကရေးတီးသွားပြိုင်ခဲ့စဉ်က အတွေ့အကြုံလေးကို ရေးလိုက်ရပါတယ်။
လွန်ခဲ့တဲ့တစ်နှစ်ကျော်ကျော် ၂၀၀၈ ခုနှစ် အောက်တိုဘာလမှာ ပြိုင်ပွဲဝင်ခဲ့တဲ့ ၁၇ ကြိမ်မြောက် ဆိုကရေးတီးပြိုင်ပွဲကြီးဟာ ကိုကိုးအိမ်ရဲ့ ဘ၀မှာ မမေ့နိုင်စေရာ အတွေ့အကြုံတွေကို ရရှိခဲ့ပါတယ်။ ကျွန်တော်က အဆိုဘာသာနဲ့ အရေးဘာသာကို ပြိုင်ပွဲဝင်ခဲ့တာပါ။ အဆင်မြင့်ပညာအဆင့်မှာ ပါဝင်ခဲ့တာပေါ့။ ပြိုင်ပွဲဝင်ဖြစ်ခဲ့တာက မြန်မာ့ရိုးရာသီချင်းကြီးတွေကို ချစ်တာလည်းပါတာပေါ့။ ကိုကိုးတို့ကို ပထမဆုံးအနေနဲ့ မန္တလေးတိုင်းမှာရှိတဲ့ တက္ကသိုလ်ပေါင်းစုံပြိုင်ပွဲဝင်ဖို့ တက္ကသိုလ်အတွင်းအသံစစ်ဆေးမှူ့တွေကိုပြုလုပ်ပါတယ်။ အဲဒီနောက်တော့ သြဂုတ်လကုန်ပိုင်းမှာ ပြိုင်ပွဲတွေကိုစပါတယ်။ ပြိုင်ပွဲမ၀င်ခင် တစ်ပတ်လောက်အလိုမှာတော့ ကျောင်းကနေ မန်းတလေးပန်တျာကျောင်းကို အဆိုပညာသွားသင်ရပါတယ်။ အဲဒီမှာ သင်ပေးတဲ့ဆရာတွေကတော့ စန္ဒယား ဦးအောင်သက်ထွန်း၊ ဂန္တ၀င်မေးမေသီချင်းဆိုတဲ့ ဆရာဦးအောင်ကျော်ဆန်း၊ ဦးစီးမှူး ဦးဆန်းလွင်၊ ပတ္တလားဆရာ ဦးစိုးဝေတို့ပါ။ ကိုကိုးက အဆိုမှာ ခေတ်ဟောင်းကာလပေါ်တေး နဲ့ မဟာဂီတ ကိုအဆင့်မြင့်ပညာအဆင့်မှာပြိင် တာပါ။ အဲတော့ ခေတ်ဟောင်းကာလပေါ်တေးကို စန္ဒယားဦးအောင်သက်ထွန်း က ပံ့ပိုးတီးပေးပြီး မဟာဂီတကိုတော့ ပတ္တလားဆရာ ဦးစိုးဝေတို့က တီးပေးတာပါ။ အဆိုကိုတော့ ဆရာဦးအောင်ကျော်ဆန်းက ပဲသင်ပေးခဲ့တာပေါ့။ ဆရာတွေရဲ့ စေတနာထားသင်ပြပေးခဲ့မှူ့ကြောင့်လည်း အခက်အခဲမရှိပြိုင် နိုင်ခဲ့တာပါ။ ကိုကိုးတို့ ပြိုင်တဲ့အဆင့်မှာ မဟာဂီတက လေးပုဒ် ခေတ်ဟောင်း ကာလပေါ်တေးက လေးပုဒ် ပေါင်းရှစ်ပုဒ်ကျင့်ရပါတယ်။...။
အဲဒီတုန်းကပြိုင်ရတဲ့သီချင်းတွေကတော့ မဟာဂီတမှာ (၁) ကောင်းချီးသခါင်္(မွန်) (၂) လျှပ်ပန်းခွေနွဲ့(ယိုးဒယား) (၃) မြိုင်ခြေစုံသာ(ပတ်ပျိုး) (၄)ဆဒ္ဒန်အိုင်သာ(သီချင်းခံ) တွေကို ပြိုင်ရပါတယ်။ အဲဒီနှစ်က အမျိုးသားတွေက ကောင်းချီးသခါင်္ မဲပေါက်ပြီး အမျိုးသမီးတွေက လျှပ်ပန်းခွေနွဲ့ သီချင်းမဲပေါက်ပါတယ်။ နေပြည်တော်မှာ မဟာဂီတကို စောင်းနဲ့ဆိုရပါတယ်။ စောင်းတီးပေးတဲ့သူကတော့ အဆိုတော် အမေရီရီသန့်ရဲ့ မောင် စောင်းဦးဇော်ဝင်မောင်ပါ။ နေပြည်တော်ကို မသွားခင် ကျွန်တော်တို့ကို စခန်းသွင်းလေ့ကျင့်ပေးပါတယ်။ အဲဒီမှာ လာသင်ပေးတဲ့ ဆရာတွေကတော့ မဟာဂီတကို အမေရီရီသန့် ၊ ခေတ်ဟောင်းကာလပေါ်ကို အမေဒေါ်တင်တင်မြတို့ပါ။ အဲဒီမှာ ကိုကိုးအိမ်ဘယ်လောက်အသလည်းဆို ကိုယ့်ကို အမေရီရီသန့်က မဟာဂီတသင်ပေးနေတာ ဘယ်သူမှန်းကိုမသိခဲ့တာ။ သီချင်းနှစ်ပုဒ်လောက်ဆုံးမှ အမေရီရီသန့်မှန်းသိခဲ့တာ.။ အဲဒါလေးက အမှတ်တရလေးပါ။ ပြန်စဉ်းစားမိတိုင်းရယ်ခဲ့၇တာလေ။
နောက်တစ်ခုက ကိုကိုးအိမ်အကျင့်မကောင်းတာပါ။ ဘာလည်းဆို အဆိုပြိုင်ပွဲဝင်ဖို့ စာရင်းပေးလိုက်ပြီဆိုတာနဲ့ အသံကနာလာတော့တာပါ။ ဘယ်လိုအကျင့်မှန်း ကိုမသိတာပါ။ အဲဒီချိန်ဆို ၀ဋ်ကလည်းကြီးသလားမမေးနဲ့ အဆီပါတာဆိုမစားရ။ ဟိုဟာမစားရ ဒီဟာမစားရ။ တေးသံရှင်တွေတော်တော်သနားစရာပါ။ အစားမက်တဲ့ ကိုကိုးလည်း အဲဒီကျမှ ဒုက္ခရောက်တော့တာလေ။
နောက်ပြီး အဆိုပြိုင်ပွဲမှာဆိုလည်း ကိုယ်က ယဉ်ကျေးမှူ့တက္ကသိုလ်ကလူတွေနဲ့ ပြိုင်ရမှာဆိုတော့ နည်းနည်းလန့်ရတာလည်းပါတာပေါ့။ သူတို့က သေချာ သီအိုရီတွေ ဆိုနည်းတွေနဲ့ ထံတျာတေရှင် ကအစ သင်ထားရတာလေ။ ကိုယ်က ပြိုင်ပွဲနီးပြီဆိုမှ ဖုတ်ပူမီးတိုက်သင်ရတာကိုး။ တော်တော်လည်းကသိကအောင့် ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ဆုမရလောက်ဘူးထင်ထားတာ ကံချွတ်ချော်ပီး ရသွားတော့လည်း ဘယ်တတ်နိုင်မလည်းပေါ့လေ...နော့။
အဲလိုနဲ့ တိုင်းအဆင့်ပြိုင်ပွဲရက်က နီးလာပါလေရော လူကလည်း ခြေတုန်လက်တုန်ပေါ့။ သီချင်းကလည်း လေးပုဒ်ကျင့်ရမှာ သုံးပုဒ်လောက်စီပဲရသေးတာလေ။ မဲနှိုက်ရမှာဆိုတော့ လေးပုဒ်လုံးရမှဖြစ်မှာ လေ။ အဲဒီမှာ ဒုက္ခပေးတာက ကောင်းချီးသခါင်္ပေါ့ဗျာ။ ကောင်းချီးသခါင်္က လွယ်မလိုနဲ့ခက်တာဗျို့။ အစမှာတော့ ဟုတ်တုတ်တုတ်။ နောက်ပိုင်းရောက်ရင် ရပ်ရပ်သွားတာ။ ကောင်းချီးသခါင်္ ၊ ရွှေနေဇာ၊ ဘုန်းမိုးစွေကာ၊ သွန်းဖြိုးဇေယျာ၊ ဟင်္သာဗွေ အောင်မြေရွှေဘုံဦး၊ သြဘာတော်သာ၊ ကျူရင့်ကျွေးကြော်ငြာ။ ပိုင်စိုး........... ဆိုပြီး လုပ်တော့တာပေါ့။ အောက်ဆုံးအပိုဒ်လည်းရောက်ရော....အဟဲ... သွားရော။ အဲလိုနဲ့ ကောင်းချီးသခါင်္တစ်ပုဒ်ထဲကို သုံးရက်လောက်အသေ အလဲ ကျင့်လိုက်ရတယ်။ တိုင်းအဆင့်မဲပေါက်တော့ လျှပ်ပန်းခွေနွဲ့မို့ တော်သေး တာပေါ့။ ကံကောင်းချက်.....။ ဒီလိုနဲ့ မဟာဂီတပြီးတော့ ခေတ်ဟောင်းကာလပေါ်တေးဘက် လှည့်ရတာပေါ့။ အဲမှာတော့....
အပိုင်း(၂)ဆက်ရေးပါဦးမည်။
စာရေးသူ...ကိုကိုးအိမ်
အပိုင်း(၂)ဆက်ရေးပါဦးမည်။
စာရေးသူ...ကိုကိုးအိမ်
3 ယောက်ကစာမူခပေးသွားပါတယ်:
ဟာ....ဆိုကရေးတီး တောင်မှ ဝင်ပြိုင်ဖူးတယ် ဆိုပါလား။ တော်ချက်ပဲ။
အော် ကိုကိုးအိမ်က မြန်မာသံတွေပါ ဆိုတတ်တာကိုး
ကောင်းလိုက်တာ လေးစားပါတယ်..
ဆက်လက် အောင်မြင်နိုင်ပါစေ..
အမယ် အမယ် လက်စသတ်တော့ အဆိုတော် လူထွက်ကြီးကိုး
ကိုးကိုးအိမ် ရေ အဆင်ပြေသွားပြီ ကျေးဇူးနော်
ခင်မင်စွာဖြင့်
ရွှေစင်ဦး
Post a Comment