ရိုးရာယဉ်ကျေးမှူ့ ဆိုကရေးတီးပြိုင်ပွဲအတွေ့အကြုံအပိုင်း(၃)

|

ပြိုင်ပွဲကလည်းဆုံးကိုမဆုံးနိုင်တော့ဘူးလို့ပြောကြမယ်ထင်ပါရဲ့။ အဟဲ ကြုံခဲ့ရတာလေးလောက်ကို ဘော်ဒါကြီးတို့ကို မျှဝေချင်လွန်းလို့ မနေနိုင်မထိုင်နိုင်ရေးဖြစ်လိုက်တာပါ။

ဒီပုံလေးကတော့ နေပြည်တော်ရေပန်းဥယျာဉ်ကြီးမှာ ရိုက်ခဲ့တဲ့ပုံလေးပါ။ နောက်က ပန်းရောင်းအဆောက်အအုံကြီးကတော့ အကယ်ဒီမီပေးတဲ့ အဆောက်အအုံကြီးပါ။

ဒီပုံလေးကတော့ နေပြည်တော်တိရိစ္ဆာန်ဥယျာဉ်ထဲမှာ မောင်ကိုးတစ်ယောက် ချင်းဝတ်စုံနဲ့ ရိုက်ထားတဲ့ ပုံပါ။ နေပြည်တော်တိရိစ္ဆာန်ဥယျာဉ်ဖွင့်ပြီး ခြောက်လလောက်ပေါ့။ နေရာကတော ဆင်စခန်းမှာပါ။

ဒီလိုနဲ့ တိုင်းအဆင့်ပြိုင်ပွဲနေ့ကိုရောက်လာခဲ့ရောဆိုပါတော့ဗျာ။ ပြိုင်ပွဲကို  မန်းတလေးတက္ကသိုလ်ဘွဲ့နှင်းသဘင် အဟောင်းကြီးမှာ ကျင်းပတာပါ။ 2008 ခုနှစ် သြဂုတ်လကုန်ပိုင်းလောက်မှာ စတာပါ။ အရမ်းလည်းပျော်စရာကောင်းပါတယ်။ တက္ကသိုလ်ပေါင်းစုံက ညီကိုမောင်နှမတွေနဲ့ဆုံစည်းရတာ။ တက္ကသိုလ်ပေါင်း ခြောက်ခု ခုနှစ်ခုလောက်ရှိပါတယ်။. အဲမှာ မြန်မာရှူ့ခင်း သီချင်းလေးကိုပြိုင်ပွဲတွေမစခင်မှာ ဖွင့်ထားတာ အရမ်းကြည်နူးစရာကောင်းပါတယ်။ မန်းတလေး တက္ကသိုလ်နယ်မြေလည်းဖြစ်တဲ့အတွက် မိန်းထဲမှာ စိမ်းစိမ်းစိုစိုနဲ့အရမ်းကြည်နူးရပါတယ်။ မနက်ကိုးနာရီထိုးပြီဆိုတာနဲ့ အနောင်ဇာက အခမ်းအနားစတင်ကြောင်းကြေငြာပါတယ်။ အဲဒီနောက် တိုင်းမှူးတွေနဲ့ လူကြီးတွေပြောစရာရှိတာပြောပြီး အကပြိုင်ပွဲဝင်ကြပါတယ်။ သူတိုအကပြိုင်ပွဲဝင်နေတဲ့အချိန် ကိုကိုးတို့က စာမေးပွဲခန်းဝင်ပြီး အရေးပြိုင်ကြရပါတယ်။ ရေးတယ်ဆိုတာ နိုင်ငံတော်အကျိုးပြုတေးတွေရေးရ တာပါ.။ တိုင်းအဆင့်မှာဆို သုံနာရီနဲ့ အပြီးရေးရပါတယ်။ သီချင်းရေး သံစဉ်ထည့် နုတ်စ်ထုတ်ပြီး အခန်းစောင့် ဆရာကို အပ်ခဲ့ရတာပါ။ အပြင်ရောက်မှ ကိုယ့်ကို တီးပေးမယ့်စန္ဒရားဆရာနဲ့ သီချင်းဆိုပေးမယ့် အဆိုဆရာတွေကို ကိုယ်ဖြစ်စေချင်တဲ့ သံစဉ်နဲ့ ကိုယ်ဆိုစေချင်တဲ့ပုံစံကိုပြောပြပြီး တိုက်ရတာပါ။ 

ပြိုင်ပွဲကိုနှစ်ရက်ခွဲလုပ်တာဆိုတော့ ပထမ၇က်မှာရေးပြီး နောက်တစ်ရက်မှာပြိုင်ရတာပါ။ အဲတော့ တစ်၇က်တိုက်ချိန်ပေးထားလိုက်တာပါပဲ။ မနက်ပိုင်း ၁၂နာရီထိုးတာနဲ့ မန်းတလေးတက္ကသိုလ်ထဲမှာရှိတဲ့ မြတမာဆောင် က ဟောလ်ကြီး ထဲမှာ ကြက်သားဟင်းတုံးကြီးတွေနဲ့ ရှယ်ကျွေးတော့တာဗျို့ ။ စားလို့ကလည်းကောင်းလိုက်တာ။ အဟီး။...ဂလု....။ အင်း ကျေွးမွေးပြီးတော့ နေ့လည်ပိုင်းပြိုင်ပွဲကို နေ့လည်၁ နာရီမှာပြန်စပါတယ်။ အဆိုပြိုင်ပွဲတွေစ ပြီလေ။ ကိုကိုတစ်ယောက်လည်း ပုဆိုးကြိးတဖားဖား တိုက်ပုံကြီးတကားကားနဲ့ ဟိုပြေးဒီလွှားဖြစ်နေပြီပေါ့ဗျာ။ 

ပြိုင်ပွဲတွေမှာအထာတစ်ခုရှိတာက ဘယ်တော့ပဲနေနေ မဟာဂီတ ကိုအရင်ပြိုင်တာဗျ။ ကိုယ့်မှာ ပတ္တလားဆရာကို လိုက်ရှာရတာနဲ့ သီချင်းကြိးဆိုတော့ မေ့မှာစိုးလို့ တတွတ်တွတ်ရွတ်ကြည့်နေရတာနဲ့ ဇောချွေးတွေပြန်လာပါသကော။ ပြိုင်ရင် အမျိုးသားမဟာဂီတက စပြိုင်ရတာဆိုတော့ ကိုကိုးက အရင်ကျတာပေါ့ဗျာ။ အဲမှာ မဲနှိုက်ပြီး အမှတ်စဉ်ရွေးရသေးတယ်ဗျ။ ပြီးမှပြိုင်ရမဲ့သီချင်းကို မဲနှိုက်ရွေးတာလေ။ မဲနှိုက်လိုက်တော့ ကံကောင်းတာလား ကံဆိုးတာလားမသိ။ ကိုကိုးက နံပါတ်တစ်ဖြစ်ပြီး အရင်ဆုံးဆိုရတယ်။ ဒါနဲ့ စင်ပေါ်တက်ပြီး ဟိုကန့်တော့ ဒီကန်တော့ပေါ့ဗျာ။ ကန်တော့မှလည်း အမှတ်များများရမှာကိုး။ အဆိုပြိုင်ပွဲမှာတော့ အမေရီရီသန့်ုတို့ မန်းတလေးက အမေဒေါ်ဝေေ၀ခင်တို့က ဒိုင်လုပ်ပါတယ်။ နောက် စည်းဝါးကိုင်ပြီး စဆိုတော့တာပေါ့။ အဲဒီနှစ်က တိုင်းအဆင့်မှာ လျှပ်ပန်းခွေနွဲ့ ယိုးဒယား မဲပေါက်ပါတယ်။  ကိုကိုးအကြိုက်ပေါ့ဗျာ။ အပီဟဲတော့တာ့ပေါ့(သီချင်းကြီးကိုဆိုတာပါ.. ဟဲတယ်ဆိုလို့ အာဇာနည်လိုပြေးမြင်နေမှာစိုးလို့..အဟီး) သီချင်းကြီးဆိုတာမျိုးက နားထောင်ရတဲံသူသာ အိပ်ချင်တာ ဆိုရတဲ့သူကတော့ အရမ်းဖီးလ်ရှိတာဗျာ။ တစ်ခါတစ်လေဆို စင်ပေါ်ကတောင်မဆင်ချင်ဘူး... မိုက်ခဲကိုကိုပေါ့ဗျာ။ ပြိုင်ပွဲပြီးတာနဲ့ ဟိုကန်တော့ ဒီကန်တော့ (ဆုရအောင်လို့..အဟီး) ပြိးတော့မှ ပုဆိုးလေးခါပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှူ့ရှိတဲ့ ခြေလှမ်းတွေနဲ့ ဆင်းလာတာပေါ့။နောက်လူတွေဆို တော့လည်း မှားဆိုပါစေ မှားဆိုပါစေနဲ့ဆုတောင်းတာ ဆုတောင်းပြည့်လို့လားမသိဘူး ၁၄ ယောက်ပြိုင်တာ ၇ယေက်လောက်က မှားဆိုကြတယ် အဟီး။ ဒါနဲ့ပဲ စွတ်ရွတ်ပြီး မဟာဂီတမှာ တိုင်းအဆင့်ပထမရသွားကောဆိုပါတော့။

အပိုင်း(၄)ဆက်ရေးပါဦးမည်။
စာရေးသူ...ကိုကိုးအိမ်




4 ယောက်ကစာမူခပေးသွားပါတယ်:

SHWE ZIN U said...

တိုင်းအဆင့်မှာ ပထမ ဆိုတာ နဲတဲ့ အဆင့် မဟုတ်ပါ အတော် တော်တဲ့ ကိုးကိုးအိမ် ဘဲ

အားလုံးဖတ်ပြီး နားလည် သွားပါပြီ ဒါပေမဲ့ ပုဆိုးလေးခါပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှူ့ရှိတဲ့ ခြေလှမ်းတွေနဲ့ ဆင်းလာတာပေါ့ ဆိုတာ ဘာကို ဆိုလိုတာလည်းဟင် ဒါလည်း ဆုရအောင် လို့ဘဲလား

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ဗေဗေ said...

မောင်ကိုးအိမ်

ရင်ထဲက စိတ်ထားကောင်းလေး (မှားပါစေ)လို့ ဆုတောင်းတာက အလုပ်ဖြစ်သွားတယ်နော်..။

အဟဲ.. အမှန်တွေ နေရတိုင်း ပြောရဘူး..။

ခင်တဲ့

မဗေဒါ

ကိုဇော် said...

မိုက်သဟ. .
ပထမ ရသွားသတဲ့။
ဆက်ပါဦး။

blackroze said...

ဆိုကရေးတီးပြိုင်ပွဲကိုတော့
ရန်ကုန်မှာနေတုန်းကမြဝတီတို့
မြန်မာ့အသံကတို့ကနေပြတာကြည့်ဖူးတယ်
ဆုတောင်ရဖူးတယ်ဆိုတော့
တော်တာပေါ့...

 

©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB