ဒီပို့်စ်လေးကိုတင်ဖြစ်လိုက်တာက ဟိုတစ်လောက ဟိုးဟိုးကျော်ဖြစ်သွားတဲ့ အကယ်ဒမီ ထက်ထက်မိုးဦး ရဲ့ ကိစ္စလေးကို စိတ်ထဲမှာ စနိုးစနောင့်ဖြစ်နေမိလို့ပါ။ အဲဒီကိစ္စဖြစ်တဲ့အချိန်မှာ ကိုကိုးရဲ့ သူငယ်ချင်းတစ်ယောက် အနားမှာရှိနေပါတယ်။ ပထမဆုံးမှာ ပါပါရာဇ်ီမမက ထက်ထက်ကို ‘ထက်ထက်က ဘ၀ကို ခဏခဏပြန်ပြန်စတယ်နော်.. ဘာဖြစ်လို့ပါလည်း” လို့မေးပါတယ်။ ထက်ထက်က ယဉ်ယဉ်ကျေးကျေးပဲ “ ညီမရေ ပါစင်နယ်တွေမမေးပါနဲ့” လို့ပြန်ပြောပါတယ်တဲ့။ ဒါကိုပဲ သတင်းသမားဖြစ်ပြီး အလိုက်မသိတဲ့ ပါပါရာဇီမမက “ ထက်ထက်က ဘ၀ကိုအသစ်က ပြန်စတယ် ပြန်စတယ်နဲ့ ယောင်္ကျားတွေထပ်ထပ်ယူတယ်နော်။ နောက်ထပ် ဘယ်နှစ်ခါများ ဘ၀ကိုပြန်စဦးမှာလည်းလို့ မေးပါတယ်။”
ဘယ်လောက်မိုက်ရိုင်းလိုက်ပါသလည်း။ ဟိုက မမေးပါနဲ့လို့ ယဉ်ယဉ်ကျေးကျေးပြောတာကို သတင်းသမားတစ်ယောက်ဖြစ်တဲ့သူက အလိုက်ကန်းဆိုးမသိတာပါ။ လူတွေကလည်း ဘယ်လိုဖြစ်သလည်းဆိုတော့ ထက်ထက်မိုးဦးက ပါးရိုက်လိုက်တယ်ဆိုတာကိုပဲ မြင်ကြတာပါ။ နိုင်ငံကျော်မင်းသမီးတစ်ယောက်အနေနဲ့ ထက်ထက်မိုးဦးဟာ မစဉ်းစားနိုင်လောက်အောင် ဥာဏ်ရည်နုံနဲ့သူလည်းမဟုတ်ပါဘူး။ တုံ့ပြန်လောက်စရာ အကြောင်းရှိလို့ကိုပဲ အကျိုးဆိုတာမျိုးဟာပေါ်လာရတာပါ။ ကိုယ့်ဂုဏ်သိက္ခာကျဆင်းခံ ပြီးတော့တော့ ဘယ်သူမှ ဒီလိုမလုပ်ပါဘူး.။ နိုင်ငံကျော်မင်းသမီးတစ်ယောက် အနေနဲ့ ပိုပြီးတောင် ဂရုစိုက်ဦးမှာပါ။ နောက်ပြီး ထက်ထက်ဟာ အနုပညာသက်တမ်းတစ် လျှောက်လုံးမှာ အင်တာဗျူးပေါင်းမြောက်မြားစွာ ကိုဖြေဆိုခဲ့သူပါ။ ဒီလောက်ထိစိတ်မထိန်းနိုင် ဖြစ်စရာ အကြောင်းကိုမရှိ ပါဘူး.။ အဲဒီတော့ သူများအပြော သတင်းသမားအပြောကိုပဲမယုံဘဲ နောက်ခံဖြစ်နိုင်တဲ့ အကြောင်းအရာပေါ်မူတည်ပြီး စဉ်းစားရမှာပါ။ တစ်ဖက်ပြောတာကိုပဲယုံပြီး မစူးမစမ်း နားယောင်လိုက်တယ်ဆိုရင် ကျန်တစ်ဖက်ကို အနိုင်ကျင့်စော်ကားလိုက်သလိုပဲဖြစ်သွားမှာပါ။
သတင်းသမားတွေဘက်ကလည်း ထက်ထက်ကို ဒီလောက်ထိဘာလို့ဝိုင်းဆော် ကြလည်းဆိုတော့ တစ်ဖက်က သူတို့လူဖြစ်နေလို့ပါပဲ။ လူတိုင်းဟာ ကိုယ့်ခွေးနဲ့ သူ့ခွေးနဲ့ကိုက်ရင်တောင် ကိုယ့်ခွေးနိုင်စေချင်ကြတာ သဘာဝပါ။ ဘယ်သူကပဲမှားမှား ကိုယ့်ဘက်က အမှန်ဖြစ်အောင်တော့ ဘယ်နည်းပဲဖြစ်ဖြစ်သုံးကြမှာပါ။ အဲဒီတော့ သတင်းသမားများ စဉ်းစား ကြည့်ကြပါ။ ကိုယ့်လိပ်ပြာကိုယ်ရောလုံရဲ့လား။ သတင်းသမားမှရယ်မဟုတ်ပါဘူး လူတိုင်းလူတိုင်းဟာ ကိုယ်လုပ်လိုက်တဲ့ ကိစ္စတစ်ခု အပြစ်ကင်းရဲ့လားဆိုတာ သေချာစမ်းစစ် ကြည့်သင့်ပါတယ်။ ကျွန်တော်က တော့ ခုကိစ္စမှာ တစ်ဘက်တည်းအပြစ်လို့တော့ မဆိုလိုပါဘူး။ နှစ်ဖက်စလုံးမှာ အပြစ်ရှိကြပါတယ်။ ဒါပေမယ့် ဒီလိုကိစ္စမျိုးဖြစ်လာအောင် စတင်သူကတော့ ပိုလို့အပြစ်ရှိတယ်လို့ ထင်ပါတယ်။ အဲဒီတော့ သတင်းသမားဆိုတာမျိုးဟာ သတင်းသားကောင်ရဲ့ လူ့တန်ဖိုးနဲ့ အခွင့်အရေးကို အလေးအနက်ထားသင့်ပါတယ်။ သတင်း သမားတစ်ယောက်ဟာ သတင်းသားကောင်တစ်ယောက်ရဲ့ ပုဂ္ဂိုလ်ရေးထိခိုက်စေမဲ့ အကြောင်းအရာ အဖြစ်အပျက်တို့ကို စည်းတစ်ခုထားပြီး မေးမြန်းရေးသားရပါတယ်။ အဲလိုမှမဟုတ်ဘဲ မေးချင်ရာမေး ရေးချင်ရာရေး ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ စိတ်ဓာတ်မျိုးထားတဲ့ သတင်းသမားဟာ လူ့ကျင့်ဝတ်၊ သတင်းသမားကျင့်ဝတ်ကို ဖောက်ဖျက်လိုက်တာပါပဲ.။ နောက်ပြီး ကိုယ်ကျင့်စာရိတ္တပျက်ပြားခြင်းပါပဲ။ ဒီလိုပြောလို့လည်း ထက်ထက်မိုးဦးအကောင်းပဲပြောတာ မဟုတ်ပါဘူး။
ထက်ထက်ယောင်္ကျား ဘယ်နှစ်ယောက်ပဲယူယူ သူယူတာ တရားဝင်ယူတာချည်းပါ။ ကျွန်တော်ကတော့ တရားဝင်ယူလိုက်တာကိုပဲ သူ့ကိုချီးကျူးမိပါတယ်။ ဘာလို့လည်းဆိုတော့ ဒီခေတ်ကြီးမှာ အနုပညာရှင်တော်တော်များများဟာ တရားဝင်ယူကြတဲ့သူ ခပ်ရှားရှားပါ.။ ခိုးစားနေကြတာကများပါတယ်။ ထက်ထက်ရဲ့ စတိုင်လ်က တစ်ယောက်ယူလိုက်တယ်။ စိတ်သဘောမတိုက်ဆိုင်ရင် ကွာလိုက်တယ်။ နောက်တစ်ယောက်လာရင်လည်း တရားဝင်ယူလိုက်တယ်။ အဲဒီတော့ ခိုးစားနေတာထက်စာရင် အများကြီးသာပါတယ်။ အနုပညာရှင်တစ်ယောက်ရဲ့ ဇနီးတစ်ယောက်ပြောတာကို ကြားဖူးပါတယ်။ သူ့ယောင်္ကျား ဇာတ်ကားပဲရိုက်ရိုက် ကြော်ငြာပဲရိုက်ရိုက် ထက်ထက်နဲ့ဆိုရင်တော့ စိတ်ချပါတယ်တဲ့။ ယောင်္ကျားတွေအများကြိးယူတာ ဗုဒ္ဒဘာသာအရ မကောင်းဘူးဆိုပေမယ့် သူများယောင်္ကျား ကိုလုယူတာလည်းမဟုတ်ပါဘူး။ မယူဘဲ ဖြစ်ချင်တိုင်းဖြစ်နေတာလည်း မဟုတ်ပါဘူး။ အနုပညာလောကမှာလည်း ထက်ထက်မိုးဦးတော့ ဘယ်သူနဲ့ခြေပုန်းခုတ်နေတယ်လို့လည်း တစ်ရံတစ်ဆစ်မှ မကြားဖူးပါဘူး။ အဲဒီတော့ သတင်းသမားတွေအနေနဲ့ ကိုယ်သတင်းရဖို့ကိုပဲ ဦးစားမပေးဘဲ တစ်ဖက်လူကိုမထိခိုက်စေဖို့ ဂရုစိုက်သင့်ပါတယ်။ သတင်းလေးတစ်ပုဒ် မရတာနဲ့ပဲ ထမင်းတော့ငတ်မသွားပါဘူး ကိုရွှေသတင်းသမားတို့ရယ် လို့သာပြောလိုက် ချင်ပါတယ်။ အဲဒီတော့ သတင်းသမားတွေကိုပြောချင်တာက သတင်းသမားဆန်ဆန်တွေးကြ၊ မေးကြ၊ ရေးကြပါလို့…………………
စာရေးသူ….ကိုကိုးအိမ်
11 ယောက်ကစာမူခပေးသွားပါတယ်:
ဟလိုမောင်ကိုးအိမ်
ကောင်းပါတယ်တော်.. အဲလိုတွေးစမ်းပါ..။ လူငယ်ဆိုတာ ရဲရဲတွေး ရဲရဲမေး (ပညာရတာတွေ) ကို..။ အင်မတန်ကြိုက်ပါသည်..။ နာမည်ကျော် လူမှုရေးကိစ္စဆိုတာက သိပ်နက်ရိုင်းပါတယ်နော်..။ အထူးသဖြင့် ဗေဗေတို့ မိန်းမများဘဝပါ..။
အားပေးးပါတယ်.. တွေးပါ..ရေးပါဦး.. သတင်းထောက်ကလေး အဆိုကျော်ကလေး.. ဟဲ..။
ဘွားဗေ
like it
ထက်ထက်မိုးဦးဘဝကို ခဏခဏ ပြန်စနေရတယ်လို့ လူတွေ ပြောနေကြတယ်နော်။ အဲဒါနဲ့ ပတ်သက်လို့ ဘာပြောချင်လဲ ဆိုတာက စော်ကားရာ ရောက်သွားတာပဲ။
မမေးသင့် မစော်ကားသင့်တဲ့ မေးခွန်းကို မေးတာကို ငုံ့မခံနိုင်တာ လူ့သဘာဝပါ။ ငုံ့မခံရကောင်းလားဆိုပြီး ဝိုင်းရန်လုပ်နေတာတော့ အောက်တန်းကျလွန်းတယ်။ တစ်ယောက်နဲ့အများကို အုပ်စုဖွဲ့ အနိုင်ကျင့်နေသလိုပဲ။
လိုနေတာ ကိုယ်ချင်းစာစိတ်ကလေးပါဘဲ
ကိုယ့်ကို အဲလိုမေးရင်ရော ခံနိုင်ပါ့မလားဆိုတာ
သူ့နေရာလေးမှာ ၀င်ပြီး စဉ်းစားပေးလိုက်ရင်
နားလည်သွားမှာပါ..
ဒီလိုပဲလဲ တွေ့မိပါတယ်။
ကိုယ်သာဆိုရင် သူ့နေရာမှာဆို ဒီထက်မဆိုးဘူးလို့ ပြောနိုင်မလား။
ကျနော်ကတော့ ဒီထက် ပွဲကြမ်းမှာလို့ သေသေချာချာ ပြောသွားပါတယ်။ ဘာလို့လဲ ဆိုတော့ ကျနော်က ဟန်ဆောင်ပြုံးနေတဲ့ လူ့ယဉ်ကျေး မဖြစ်လိုသူပါ။ အပြင်မှာလည်း လူရိုင်း တစ်ယောက်ပါပဲ။
ဟယ်လို ကိုကိုးအိမ် ဦးဇင်းလည်း အပြည့်ထောက်ခံတယ်ဗျို့၊ ပါစင်နယ်ကို မထိပါနဲ့လို့ ကြိုကြိုတင်တင်ပြောထားတဲ့ဟာကို ထိလာတယ်ဆိုတော့ သူ့အကုသိုလ်ကံပေါ့၊ ထက်ထက်လုပ်ရပ်က သူ့ကိုထိခိုက်နေတာလည်း မဟုတ်ဘူးလေ၊ သူ့ကိုမှ မဟုတ်ပါဘူး၊ ဘယ်သူ့ကိုမှ မထိခိုက်တဲ့ဥစ္စာပဲ၊ သူတို့ပြဿနာကို ဖတ်လို့ရှိရင် “ထက်ထက်ဟာ ချစ်စရာကောင်းတဲ့ မင်းသမီးလေး”ဆိုတာကို ခဏဖြုတ်ထားလိုက်ပြီးတော့ ကြည့်ပါစေအုံးတော့ ထက်ထက်မှာ အပြစ်မရှိဘူးလို့ထင်ပါတယ်၊ ထက်ထက်ကိုချည်း အပြစ်မမြင်စေချင်ပါဘူး၊ ပြဿနာအရင်းအမြစ်ကို တိတိကျကျသိပြီးမှ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်ဆိုတာကို ဆုံးဖြတ်သင့်ပါတယ်။
စာနယ်ဇင်းကျင့်ဝတ်ကိုနားမလည်ဘဲ ၊ သတင်းရေးစားတာ တော့ဗျာ ၊ ရွံ့စရာသိပ်ကောင်းတာပေါ့ဗျာ၊ မြန်မာနိုင်ငံက အဲဒါဘဲဗျ ၊ မရောင်ရာစီလူးတာတို့ မဟုတ်တဲ့နေရာမှာ သွားသွားပြီး ပုံကြီးချဲ့တာ ၊ မြန်မာ့စာနယ်ဇင်းလောကက တော့ဗျာ ၊ စိတ်ပျက်စရာပါ ၊ အားလုံး ကျင့်ဝတ်ခလေးတွေနဲ့အညီဆိုရင်ကောင်းမယ် ၊ အခုကကျင့်ဝတ်ဆိုတာ စာအုပ်ထဲမှာထားပြီး ၊လက်တွေ့ဘ ၀မှာလုပ်ချင်တာလုပ်နေတာအလွန်စိတ်ပျက် ဘို့ကောင်းတယ် ၊ ဘယ်လိုဘဲဖြစ်ဖြစ်ထက်ထက်မှန်တယ်။
ကိုယ့်အကျိုးလည်းမကြည့်နဲံ့
အားလုံးမျှကြည့်ပေးရင် ဘယ်လောက်ကောင်းလိုက်မလဲနော်
ကောင်းမွန်တဲ့ အတွေးလေးတွေပါဘဲ..
ကိုယ်သာ ထက်ထက်ဆိုရင် ဒီလိုတောင် မကဘူး ထင်ပါတယ်..
ဒါနဲ့ စာနယ်ဇင်းဘက်က မှန်တယ်လို့ အော်နေသူတွေကို အံ့သြမိတယ်..
သူတို့ လူသာဆိုရင် ခုလိုပြောတာ ခံနိုင်ပါ့မလား
သဘောကျတယ်.. နဂိုကတည်းက ကျွန်တော်က သတင်းသမားကို သဘောမကျတာပါ... ဒီပို့စ်လေးမှာ အငြင်းအခုန်မရှိဘူးနော်... တခြားနေရာမှာဆို သတ်ပွဲဖြစ်နေလောက်ပြီ...း)))... ဒီလိုပွင့်ပွင့်လင်းလင်းရေးရဲတာကို ချီးကျူးပါတယ်ဗျို့....
ခင်မင်တဲ့
နေ၀သန်
ကာလံ ဒေသံ အဂ္ဂံ ဓနံ ဆိုတဲ့ အချိန်အခါ လေးမျိုးကိုမှ နားမလည်ဘဲ
မမေးသင့်တဲ့ မေးခွင့်ကို သွားမေးတာက မဖြစ်သင့်တဲ့ ကိစ္စပဲ
သတင်း နဲ့ ပုဂ္ဂိုလ်ရေး ခွဲခွဲခြားခြား မသိပဲနဲ့ သတင်းထောက်လုပ်နေတာကိုက
သတင်းသမားမပီသဘူး ပြောရမလား။
ပါစင်နယ်ကို မထိပါနဲ့လို့ ကြိုတင်ပြီးပြောထားတဲ့ဟာကို ထိလာတယ်ဆိုတာကတော့
စော်ကားမှု့ သက်သက်ပဲ ဖြစ်ပါလိမ့်မယ်။
စာနယ်ဇင်းသမားတွေက ပြောနေ ရေးနေကြတာတွေ့ပါတယ် စာနယ်ဇင်းဂုဏ်သိက္ခာအတွက်တဲ့
ကိုယ့်လူက သူများ ဂုဏ်သိက္ခာကို ထိခိုက်အောင် အရင်သွားပြီးစော်ကားတာတော့ မမြင်ကြဘူးထင်တယ်။
ကိုကိုးအိမ် ရှူမြင်သလိုပဲ မြင်မိတယ် ထက်ထက် ကိုချည်း အပြစ်ပုံချနေတာတော့ ဖြစ်ကိုမဖြစ်သင့်တဲ့ ကိစ္စပဲ.....
Post a Comment