တစ်ပတ်အတွင်း အတင်းစုံသတင်းစုံ

|

အဟဲ ဒီတစ်ရက်တော့ အက်ဖ်အန်တွေမှာသတင်းကြေငြာသလို ပုံစံလေးလုပ်သွားမှာပါ။ အဓိကကတော့ တခြားဘလော့ဂါတွေ  လည်းရေးနေကြတာကို အားကျတာလည်းပါတာပေါ့ဗျာ။

ဘလော့ပရိတ်သတ်များအားလုံးမင်္ဂလာပါခင်ဗျာ။
ပရိတ်သတ်ကြီးအားလုံး အေးချမ်းသောဘ၀တွေကိုပိုင်ဆိုင်နိုင်ကြပါစေဗျာ။
ကျွန်တော်ကတော့ အစီအစဉ်ကြေငြာသူ မောင်ကိုးဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ ၁၆ရက်နေ့နေ့လည်တွင် ဘယ်လောက်ရစ်ခ်ျတာစကေးရှိမှန်းမသိ၊ ဘယ်ကလာတဲ့မှန်းမသိ တဲ့ ငလျှင်တစ်ခုလှုပ်ခတ်ခဲ့ရာ မန်းတလေးမြို့ကြီးနေ ဘလော့ကာ နတ်ဆိုးလေး ခမျာ ငလျှင်ဂျက်မိပြီး ဘလော့ ပို့စ်များမရေးနိုင်မကိုင်နိုင်ဖြစ်နေခြင်း

ဒုတိယအတင်းတစ်ခုအနေနဲ့ လိမ်းနေကျပရုပ်ဆီလေးများ ကြွက်ချီသွားခြင်းနှင့်ပတ်သက်၍ ရွှေဒေါတော်ပွ နေသော ဘလော့ကာ ကိုမိုးကောင်းကင် က ပရုပ်ဆီဘူးအသစ်များကို သေပြေးရှင်ပြေးရှာဖွေနေခြင်း၊

တတိယအတင်းအနေနဲ့ ငလျင်ဂျက်မိထားသော  နတ်ဆိုးလေး အဆောင်သို့ ယခုအတင်းပြောသူ ကိုကိုးအိမ်တစ်ယောက် အုန်းရည်သွားတိုက် အုန်းဆီသွားလူးပေးရာ အုန်းဆီ နဲ့မရဘဲ ပရုပ်ဆီဘူးအသစ်ပေးမှဟု ငိုယိုပြောသဖြင့် ပရုပ်ဆီလူးပေးခဲ့ခြင်း၊

ဘလော့ကာ ကိုဇော် တစ်ယောက် ရေးစရာမရှိသောနေ့ ဟုဆိုကာ ပို့စ်အရှည်ကြီးတက်လာခြင်း၊

နော်ေ​ဝးမှ ဘွားဗေ တစ်ယောက် အမတ်ရွေးပွဲဝင်ရန်ကြိုးစားရင်း ပို့စ်များ ပိုးစိုးပက်စက်ကျဲနေခြင်း

ကိုကိုးတစ်ယောက် တစ်ညလုံးရွာသောမန်းတလေးမိုးကြောင့် အဆောင်ရေ၀င်နေသဖြင့် အင်တာနက်ဆိုင် တွင် တစ်နေကုန်ထိုင်သုံးဖြစ်နေခြင်း(ကိုယ့်ဟာကိုယ် ကျူချင်တာမပြောဘဲ မိုးကိုလွဲချလိုက်တာ.အဟီး)

ဘလော့ဂါဇေတာရာ တစ်ယောက် တမလွန်မှ ဦးအောင်ဆန်းကို စာပို့၍ စာပို့သမားမှာ လိပ်စာရှာမတွေ့ခြင်း၊

အာဇာနည်နေ့တွင် ကျရောက်သော မလင်းပြာခေါ် မနုငယ် တစ်ယောက် (၂၇)နှစ်ပြည့်မွေးနေ့ပွဲတွင် မုန့်မပါ ဘာမပါ ခြိမ့်ခြိမ့်သဲသဲ ကျင်းပခြင်း၊

အင်း ပြောချင်တဲ့အတင်းလည်းစုံအောင်ပြောပြီးပြီဆိုတော့ ကိုကိုးတို့ကို လွတ်လပ်ခြင်းတွေပေးခဲ့တဲ့ လွတ်လပ်ခြင်းဖခင်ကြီးအပါအ၀င် အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုလိုက်ကြရအောင်ဗျာ။

ဒီပုံလေးကို ပူးတေရဲ့ဘလော့လေးမှ ကူးယူဖော်ပြပါသည်။
အင်းဒီပုံလေးကို အလေးပြုရင်းပဲ အဆိုတော်ခင်ညွန့်ရီရဲ့သီချင်းကလေးကိုပြေးပြီးသတိရမိသေးဗျာ။
ငါတို့မြန်မာပြည်မိဘတိုင်းကရယ် ကိုအောင်ဆန်းလိုသူရဲကောင်းတွေမွေးရမယ်၊
ငါတို့မြန်မာပြည်မိဘတိုင်းကရယ် သခင်အောင်ဆန်းလိုသူရဲကောင်းတွေမွေးရမယ် ဆိုတဲ့သီချင်းလေးပါ။ 
သတိရလို့ပြောလိုက်တာပါခင်ဗျာ။။ 
အားလုံး ကိုနှုတ်ခွန်းဆက်ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ အစီအစဉ်တင်ဆက်သူ မောင်ကိုးပါ။ 
အားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ။ 
စိတ်ထဲရှိတဲ့အတိုင်း ရေးချင်ရာရေးတာကို စိတ်ရှည်ဖတ်ပေးကြသူတွေကိုလည်းကျေးဇူး။ 
အတင်းပြောခံရတဲ့ ဘလော့ကာ ဘော်ဒါကြီးတွေလည်း ချစ်လို့စတာပါ။ စိတ်မဆိုးကြပါနဲ့လို့ တောင်းပန်ရင် ကဲ.........ဒီကနေ့တော့ တော်ကြဦးစို့...........................။.
စာရေးသူ...ကိုကိုးအိမ်

8 ယောက်ကစာမူခပေးသွားပါတယ်:

Anonymous said...

သေချာဖတ်ဖြစ်တရ်ဗျ၊ အိုင်ဒီယာလေးကြိုက်လို့၊ အတင်းလေးပြောလိုက်ဦးမရ်၊ မမပေါ့ သူ့မွေးနေ့တာပြောတာ၊ အမြင်လေးနဲ့စားရမရ့် မုန့်လေး၊ အအေးလေးတောင် မကျွေးဘူး၊ အပြီပြင်သွားတာ တော်သေး၊ ဖိနပ်မပျောက်ခဲ့တာ၊
. . . စစ်မင်းညို

ဇော်သိင်္ခ said...

ုကိုကိုးအိမ်က အာဇာနည်နေ့မှာ. အာနည်အကြောင်းတွေ လိုက်ဖတ်ပြီးတော့ ဘလော့ သတင်းတွေ ရေးသွားတာကိုစုံနေတာပဲနော်.....
ဒါနဲ့ ကိုကိုးအိမ်ရေ..အကို့ဘလော့ နာမည် ဇော်သိင်္ခ လို့ ရေးထားတာ သိတယ်နော်.. တူအရီးအချင်းချင်း မနောက်ပါနဲ့.. ဇောတိက ဆိုတဲ့နာမည်ကိုလည်း.. မသုံးစေချင်ပါဘူး။. ပြီးတော့ ဘလော့မှာ. နာမည်အရင်းတွေ သိပ်မသုံးပါနဲ့... ဒါဟာ. ဘလော့ဂါ အချင်းချင်း လေးစားစေလိုတဲ့ သဘောနဲ့ ပြောတာပါနော်.... စာရေးတယ်ဆိုတာတော့ ဘာအကြောင်းပဲ ရေးရေး... ရေးလို့ရပါတယ်...

SHWE ZIN U said...

ကိုကိုးအိမ် ရေ

ဘလောဂ် အတင်း တွေ ကိုစုံသွားတာဘဲ

ခင်မင်တဲ့
ရွှေစင်ဦး

ကိုဇော် said...

ဟိုက်. . . .ရေးစရာ မရှိလို့ ရေးစရာ မရှိဘူးဆိုတဲ့ ပို့စ်ကို ရေးစရာ မရှိအောင် ရေးလိုက်တာကို သူက တဆင့် ထပ်ပြီး ရေးစရာ မရှိလို့ ဆိုပြီး ရေးစရာ မရှိ လုပ်သွားပြန်တယ် . .( အာ ..ရှုပ်နေတာပဲ )

နောက်လည်း လုပ်ပါဦး။
ထူးထူးခြားခြား နေရာသစ်လေးတွေ သိရတာပေါ့။

လသာည said...

ကိုကိုးအိမ်ရဲ့ သတင်းဌာနမှာ သတင်းစုံ လာနားထောင်သွားပါတယ်..

သဒ္ဓါလှိုင်း said...

သတင်းအစုံအလက်ကိုဖတ်သွားပါတယ်.ကိုကိုအိမ်..


ခင်မင်စွာ
သဒ္ဓါ

ခိုင်နုငယ် said...

ကိုကိုးအိမ်ရေ..သတင်းတွေ
လာဖတ်သွားပါတယ်။
ဟိုတစ်နေ့က..
ခိုင်နုအလုပ်ထဲရောက်နေလို့ပါနှော်။
နုတ်ဆက်တာတွေ့လိုက်ပေမယ့်..
ခိုင်နုအလုပ်အေးဆေးလို့...ကြည့်လိုက်တော့
ကိုကိုးအိမ်ကမရှိတော့ဘူး။
ပျော်ရွှင်ပါစေနှော်။


ခင်မင်စွာဖြင့်
ခိုင်နုငယ်

မဗေဒါ ( ၂၀၁၀ အမတ်လောင်း ) said...

မောင်ကိုးအိမ်

လာတာ အင်မတိ အင်မတန်နောက်ကျတဲ့အတွက် ခွင့်လွတ်ပါလို့ တောင်းပန်ပါတယ်... အဆိုတော်ကြီးရှင်..။

သိတဲ့အတိုင်းပါပဲ ပြန်လာတာနဲ့ မော.. ပိုက်ဆံမရတဲ့ အိမ်အလုပ်.. ဝင်ငွေရတဲ့ လူအရာဝင်တဲ့ အိမ်အလုပ်တွေနဲ့ ယောက်ယပ်ခတ်နေတာပါပဲ...။ ဒေါသလေးတောင် နဲနဲထွက်သလို ဖြစ်လို့ စိတ်ထိမ်းနေရပသေးကွယ်..။ အဲလိုပဲ .. လူများ ကိုယ်ပျော်တာ ကြိုက်တာကို မလုပ်ရရင် ဒေါသက အလိုလိုပေါ်လာစေတာပါပဲ..။ သနားစရာ ဗေဗေပါကွယ်..။ အခုက စာလည်း မဖတ်ရ.. ရေးဖို့ဆိုတာကဝေး.. ဒါပေမယ့် အရင်ရေးထားတာလေးတွေ စိတ်ကြိုက်ဖြစ်ရင် တင်မယ်.. အမတ်လောင်း နဲနဲ ပင်ပန်းနေပါသေးတယ်..။

မောင်ကိုးအိမ်ရော အဆင်ပြေပါစ..။

ခင်တဲ့
မဗေဒါ (၈၈)

 

©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB