ပတ္တမြား

|

                       ဒီပုံလေးကတော့ ပတ္တမြားအရိုင်းတုံးလေးပဲဖြစ်ပါတယ်ခင်ဗျာ.........။
                  ဒီပုံလေးကတော့ ပတ္တမြားကို အကွက်လည်အောင်သွေးထားပုံပဲဖြစ်ပါတယ်။
                     ဒီပုံလေးကတော့ ပတ္တမြားလက်စွပ်ကလေးပါ။

                    ဒီပုံလေးကတော့ ကိုကိုမမတို့အကြိုက် ပတ္တမြားလက်စွပ်ကြီးပါ။
န၀ရတ်ကိုးသွယ်ရှိတဲ့ထဲက စွမ်းအားအကြီးဆုံးလို့ဆိုလို့ရမယ့် ပတ္တမြားအကြောင်းကို အရင်ဆုံးပြောပြမယ် ဗျာ။ ကိုးတို့မြန်မာနိုင်ငံကြီးဟာ ရေမြေသယံဇာတတွေ သုံးတိုင်းမကုန်ဖြုန်းတိုင်းမကုန်တဲ့ အရင်းအမြစ်ကြီးဆို တာ ဘော်ဒါကြီးတို့သိကြပြီးသားပါ။ မသမာသူတွေဘယ်လိုပဲခိုးထုတ်ထုတ် မကုန်နိုင် မခမ်းနိုင် သုံးစွဲလို့လည်း မကုန်နိုင်ပါဘူး။ မြေပေါ်မြေအောက်သယံဇာတတွေရှိတဲ့ထဲကမှ မြေအောက်သယံဇာတဖြစ်တဲ့ ပတ္တမြားဟာလည်း ကိုးတို့နိုင်ငံကြီးရဲ့ အထင်ကရ ကျောက်မျက်ပါပဲ။ ဒါကြောင့်လည်း သီချင်းတွေနဲ့တောင် တင်စားခဲ့ကြပါသကောလေ။ မြန်မာပြည် အဖိုးတန်ပတ္တ္တမြားနယ်မြေ မြန်မာပြည်တိုးတက်ခေတ်မှီနေ ဆိုတဲ့ အဆိုတော် ဒေါ်နွဲ့ယဉ်ဝင်းရဲ့ အဆိုကလေးဟာဖြင့် ကိုးတို့မြေကြီး ဘယ်လောက်အဖိုးတန်တယ်ဆိုတာ လှစ်ဟပြနေသလိုပါပဲဗျာ။ ကိုးတို့မြေကြီးရဲ့ ပတ္တမြားထွက်တဲ့ အထင်ကရနေရာကတော့ မိုးကုတ်မြို့ကြီးပေါ့ဗျာ...။
   ပတ္တမြားဟာဆိုရင်ဖြင့် ဇူလိုင်လဖွားတွေရဲ့ ကံကောင်းခြင်းလက်ဆောင်ဖြစ်ပါတယ်တဲ့ဗျာ။ တနင်္ဂနွေသားသမီးတွေအတွက်လည်း အဆောင်ကျောက်ဖြစ်ပါသေးတယ်ခင်ဗျ။ နောက်ပြီး ပတ္တမြားဟာ မာခြင်းသတ္တိအဆင့်(၉) ရှိပြီး များသောအားဖြင့်တော့ အနီရောင်ရှိပါတယ်။  မြန်မာတို့ရဲ့ထုံးတမ်းစဉ်လာ အရတော့ ညာဘက်လက်ရဲ့ လက်သူကြွယ်မှာ ၀တ်ဆင်သင့်တယ်လို့အယူရှိပါတယ်။ အနောက်တိုင်းအယူ အဆကတော့ ဘယ်ဘက်လက်မှာ ၀တ်ဆင်သင့်တယ်လို့ အယူရှိပါသတဲ့ဗျ။ အဲဒါမှသာ အသက်ဓာတ်ကိုရရှိစေနိုင်ပြီး အသက်ရှည်ကျန်းမာစေပါတယ်တဲ့ခင်ဗျာ။ န၀ရတ်ကိုးသွယ်ရတနာတွေလုပ် မယ်ဆိုရင်တော့ ပတ္တမြားကို အလယ်ခေါင်ကိတ်ဂြိုလ် ကနေ ထားပြီး ဆင်ယင်လေ့ရှိကြပါတယ်။ န၀ရတ်ကိုးသွယ်အကြောင်းပို့စ်ကပုံမှာလည်းကြည့်လိုက်ရင် ပတ္တမြားရဲရဲလေးဟာ အလယ်ခေါင်မှာ ၀င့်ထည်စွာ ရှိနေတာကို တွေ့နိုင်ပါတယ်။
      အဲသလိုဝတ်ဆင်ကြပေမယ့် ၀တ်ချင်တိုင်းတော့ဝတ်လို့မရပါဘူး။ အခိုက်အနာအဆာရှိတဲ့ ပတ္တမြားကို ၀တ်ဆင်မိရင်တော့ သားသမီးနဲ့တကွသော မိသားစုတွေ လုပ်ငန်းတွေ နဲ့အစစအရာရာ မှာ ပျက်စီးစေတတ်တဲ့ ဥာဉ်ဆိုးကလေးလည်းရှိပါသကော..။ နောက်ပြီး ပတ္တမြားဟာ သိဒ္ဓိဝင်ကျောက်တစ်မျိုးလည်းဖြစ်ပါတယ်။ ဘုရင်များခေတ်ကတော့ ရှင်ဘုရင်တွေ အကြီးအကဲတွေ ဘာသာရေးလိုက်စားတဲ့ ပုဂ္ဂိုလ်တွေဟာ ပတ္တမြားကို ဆောင်ထားလေ့ရှိကြပါတယ်။ အသိဥာဏ်ပွင့်လင်းမှူ့ ကိုရစေပြီး အရေးကြီးဆုံးဖြတ်ချက်တွေချရာမှာလည်း အမှားအယွင်း ကင်းစင်စေတယ်လို့ အယူရှိကြလို့ ဖြစ်ပါတယ်။ ပတ္တမြားတွေဟာ နှလုံးရဲ့ချက်ကရကို  လှုံ့ဆော်နိုင်စွမ်းရည်ရှိပြီး အလိုရှိတိုင်းပြီးမြောက်စေနိုင် တဲ့ က္ကစာသယကျောက်မျက်လို့လည်း ခေါ်တွင်ခဲ့ကြပါတယ်ခင်ဗျာ။ အဖျားကြီးပြီး ကိုယ်အပူချိန် အလွန်အမင်းတက်သူတွေအနေနဲ့ကတော့ ပတ္တမြားကို လက်နဲ့ ထိတွေ့ကိုင်တွယ်ပြီး ဆောင်ထားလိုက်မယ် ဆိုရင် အဖျားကျစေပြီး ကိုယ်တွင်းက အဆိပ်အတောက်ပေါင်းစုံကို ဖယ်ရှားစေနိုင်စွမ်းလည်းရှိပါတယ်။
   ပတ္တမြားဟာ န၀ရတ်ကိုးပါးထဲမှာ အစွမ်းအထက်ဆုံးလို့လည်း ယုံကြည်ကြပါတယ်။ ပတ္တမြားတစ်လုံး ပိုင်ဆိုင်လိုက်ပြီဆိုရင် ကိုယ်စိတ်နှလုံးအေးချမ်းမှူ့ကို ရစေပြီး ခေါင်းအုံးအောက် ထားအိပ်မယ်ဆိုရင်လည်း အိပ်မက်ဆိုးတွေကနေ လွန်မြောက်စေနိုင်ပါတယ်။ ဒါကြောင့်အနောက်နိုင်ငံတွေမှာ ချစ်ခြင်းရဲ့သင်္ကေတ အဖြစ် ချစ်သူက အချစ်ကို ဦးခေါင်းထက်ပိုပြီးတန်ဖိုးထားပါတယ်ဆိုတဲ့ အထိမ်းအမှတ်နဲ့ မွေးနေ့လက်ဆောင် အစရှိသဖြင့် ပေးကြတဲ့အခါမှာ ပတ္တမြားသရဖူလေးတွေကို ပေးကြလေ့ရှိပါတယ်။ ပတ္တမြားဟာ ချစ်ခြင်းနဲ့ ခင်မင်မှူ့ကို ဖော်ဆောင်ပြီး အသက်ဓာတ်နဲ့ သစ္စာရှိခြင်းလို့ အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါ ကြောင်းတင်ပြရင် ပတ္တမြားအကြောင်းကို နိဂုံးသတ်လိုက်ပါတယ်ခင်ဗျား.............။

နောက်ထပ်ပို့စ်မှာတော့ စိန်အကြောင်းကို ရေးသားတင်ပြပါ့မယ်ခင်ဗျာ။

စာရေးသူ....ကိုကိုးအိမ်

5 ယောက်ကစာမူခပေးသွားပါတယ်:

ကိုဇော် said...

ကောင်းတယ် ဗဟုသုတလေးလေးတွေ ရပါတယ်။
ဆက်ပါဦး..

ချစ်ကြည်အေး said...

ပုံတွေလည်း မတွေ့ရဘူး...အမက စိန်နဲ့ တဲ့တယ် ဆောင်ရမယ်လို့ ပြောတယ်၊ စိန်အကြောင်း စောင့်ဖတ်မယ်နော်...

blackroze said...

ရတနာတွေထဲမှာ..ပတ္တမြားကတန်ဘိုး
အကြီးဆုံးဘဲထင်ပါတယ်
ပြည်တန်တဲ့ပတ္တမြားငမောက်..ဆိုတာကြားဖူးတယ်
ပြည်တန်စိန်တို့..ပြည်တန်ပုလဲတို့မကြားဖူးဘူး..
တခြားရတနာတွေအကြောင်းလဲတင်ပေးပါဦး..

Zay Tar Yar said...

ယူက ကျောက်သမားလား

အဖြူရောင်နတ်သမီး said...

ပတ္တမြား..ကတော့
တနင်္ဂနွေသမီးအတွက်
အဆောင်လို့ပြောလို့ ဆောင်ထားတယ်...

 

©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB