စိန် စိန် စိန်

|


          
န၀ရတ်ကိုးသွယ်အကြောင်းရေးလာဖြစ်တာ ခုဆို ပတ္တမြားအကြောင်းပြီးလို့ စိန်အကြောင်းကိုရောက်လာခဲ့ပါပြီ။ စိန်ဆိုတာ ကမ္ဘာပေါ်မှာ မာခြင်းအဆင့်အမြင့်ဆုံးကျောက်တစ်မျိုးအဖြစ်သတ်မှတ်ထားကြပါတယ်။ စိန်မှာဆိုရင် မာခြင်းအဆင့် (10)ရှိပါတယ်။ ဧပြီလဖွားတွေအတွက်တော့ လပ်ကီးကျောက်ပေါ့ဗျာ။ နောက်ပြီး ကြာသာပတေးနေ့ဖွားတွေအတွက်လည်း ကံကောင်းခြင်းတွေကို ဆောင်ယူလာပေးပါတယ်တဲ့။ ဒါပေမယ့် ကိုးကတော့ စိန်လက်စွပ်ဝယ်မ၀တ်နိုင်သေးပါဘူးဗျာ.. အဟီး။  န၀ရတ်ကိုးသွယ်ရတနာတွေကို ခတ်လုပ်တဲ့အခါ စိန်ကို အရှေ့ဘက် တနင်္လာထောင့်ကနေထားပြီး ခတ်လေ့ရှိကြပါတယ်။



ဒါ့ပြင် စိန်ဟာ ချစ်ခြင်းမေတ္တာတွေကို တိုးပွားစေနိုင်ပြီး လူတစ်ဦးနဲ့တစ်ဦးကြားသံယောဇဉ် တွေကိုလည်း ခိုင်မာစေတယ်လို့ အယူရှိကြပါတယ်။ ဒါကြောင့်လည်း လက်ထပ်လက်စွပ်တွေမှာ ဆိုရင် စိန်ကို မပါမဖြစ်ထည့်သွင်းပြုလုပ်ကြတာကို တွေ့ရပါတယ်။ အနောက်တိုင်းမှာဆိုရင် လက်ထပ်လက်စွပ်တွေရဲ့ ၉၅ရာခိုင်နှုန်းဟာ စိန်ကိုအထူးပြုပြီး ပြုလုပ်ထားတဲ့ လက်စွပ်တွေဖြစ်ကြပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်တော့ စိန်ဝတ်တာဟာ ကြွားလို့အရမ်းကောင်းတာပေါ့ဗျာ။ ငါ့စိန်က ဘယ်နှစ်ရတီဆိုပြီး ကြွားကြတာ မြန်မာ့အမျိုးသမီး အသိုင်းအ၀ိုင်းမှာတော့ ရေးပန်းအစားဆုံးပေါ့။ ကိုးတို့ဆယ်တန်းတုန်းကသင်ခဲ့တဲ့ စိတ်ကူးအိပ်မက်တွေတစ်ကယ်ဖြစ်လာတယ်(Dream do come true) အပုဒ်မှာလည်း  စိန်ကို ရည်မှန်းချက်တစ်ခုအဖြစ်ထားပြီး ရေးသားထားတာကို တွေ့ရပါတယ်။ အဲဒီတော့ အရှေ့တိုင်းမှာတော့ စိန်ဟာ အမျိုးသမီးတို့ရဲ့ ဂုဏ်သိက္ခာကို အကောင်းဆုံးသက်သေပြနိုင်တဲ့ ကျောက်မျက်ရတနာတစ်ပါးဆိုရင်လည်း မှားမယ်လို့တော့ ကိုးမထင်။ နောက်ပြီး စိန်ဟာဆိုရင်ဝတ်ဆင်သူရဲ့ အတွေးကောင်းတွေကို ပံ့ပိုးပေးပြီး ခွန်အားကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ သတ္တိအားကောင်းစေပြီး မျှော်လင့်ခြင်းတွေကိုလည်း မွေးဖွားပေးနိုင်တယ်လို့ တစ်ချို့တွေကယုံကြည် ကြပါတယ်။



စိန်ဟာဆိုရင်ဖြင့် သရဖူချက်ကရနဲ့ဆက်သွယ်နေပြီး စိန်ကို အခြားအရောင်များနဲ့လည်း တွေ့နိုင်ပါတယ်။ စိန်ပြာဆိုတာလည်း ရှိပါတယ်။ နောက်ထပ်အခေါ်အဝေါ်တွေလည်း အများကြီးရှိပါတယ်။ အရောင်တွေလည်း အများကြီးရှိပါသေးတယ်။  ခုစိန်တွေကတော့ ကိုးလက်လှမ်းမှီသလောက် ပြန်လည် မျှဝေပေးခြင်းဖြစ်ပါတယ်။



စိန်ကို အနောက်တိုင်းမှာ ခေါ်ဝေါ်ကြတာကတော့ A Master of Healer လို့ခေါ်ကြပါတယ်။ သရဖူချက်ကရတစ်ဝိုက်ကိုပိတ် ဆို့မှူ့မှန်သမျှကို ဖယ်ရှားပေးနိုင်စွမ်းတဲ့ သတ္တိလညှ်းရှိပါတယ်။ ရောဂါဗေဒသမိုင်းတစ်လျှောက်မှာလည်း သိပ်ပြီး မပြင်းထန်တဲ့ ရောဂါဘယတွေအတော်များများကို စိန်မှုန့်တွေနဲ့ ကုသပျောက်ကင်းခဲ့တယ်လို့လည်းဆိုပါတယ်။ စိန်ရိုင်းတုံးတစ်တုံးကို ရေဖန်ခွက် တစ်လုံးထဲမှာ တစ်ညလုံးစိမ်ထားပြီး နောက်တစ်နေ့မနက်စောစောမှာ သောက်သုံးပေးမယ်ဆိုရင် စိတ်ဖိစီးမှူ့တွေကို လျော့ပါးစေတဲ့ အကောင်းဆုံးဆေးဝါးဓာတ်စာတစ်ပါးဖြစ်တယ်လို့လည်း ဆိုပါတယ်ခင်ဗျာ။ အထူးသဖြင့် စိတ်အရမ်းပင်ပန်းနေတဲ့ အချိန်တွေနဲ့ ဘက်ပေါင်းစုံက စိတ်ဖိစီးမှူ့တွေကို တွန်းလှန်ပေးနိုင်ပါတယ်။ ဒါပေမယ့် ဒီစိန်ရဲ့ အစွမ်းတစ်ခုတည်းနဲ့တော့မရဘူး ပေါ့ဗျာ။ ကိုယ့်စိတ်ကိုကိုယ် အကောင်းဆုံးဖြစ်အောင် ပျော်အောင်နေတတ်ဖို့က အရမ်းအရေးပါပါသေးတယ်။ အဲဒီတော့ စိန်ကိုလည်းအားကိုး ကိုယ့်အားလည်းကိုယ်ကိုးပေါ့ဗျာ။



နောက်ပြီး စိန်ဆွဲကြိုးတွေ စိန်လက်စွပ်တွေ စိန်လော့ကတ်တွေဝတ်ဆင်တဲ့အခါ စိန်ဟာ မကောင်းတဲ့အတွေးအကြံတွေကို ပိတ်ဆို့စေတတ်တဲ့အတွက် အဲဒီလို မကောင်းတဲ့အတွေးအကြံတွေကို တွေးမိကြံမိတဲ့အခါ ၀တ်ဆင်ထားသူအတွက် အန္တရာယ်ရှိပါတယ်။ ကောင်းသောအကြံတွေသာ တွေးမယ်ကြံမယ်ဆိုရင်တော့ စိန်ဟာ အကောင်းဆုံးလက်ဝတ်ရတနာတစ် ပါးဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှူ့တွေကို ပေးစွမ်းနိုင်တဲ့အပြင် အတွေးသတ္တိစွမ်းအားတွေကိုလည်း တိုးပွားစေပါတယ်။ တစ်နေကုန်အတွေးနဲ့အလုပ်လုပ်သူတွေအတွက်တော့ အကောင်းဆုံးပေါ့ဗျာ။  ကိုယ့်အားကိုယ်ကိုး ကိုယ်တစ်ယောက်တည်း ရပ်တည်နိင်စွမ်းစေပြီး တစ်ခြားသူတွေရဲ့ မနာလိုမကောင်းကြံတဲ့ အတိုက်အခိုက် အပြောအဆိုတွေကိုလည်း ဟန့်တားစေနိုင်စွမ်းရှိပါတယ်တဲ့။



ကဲ ရတနာတစ်ခုချင်းစီရဲ့အစွမ်းသတ္တိတွေကို သိပြီနော်။ ဒါဆို စိန်လက်စွပ်တွေ စိန်လက်ကောက်တွေ ပြေးဝယ်လိုက်ကြရအောင်ဗျာ။။



စာရေးသူ..ကိုကိုးအိမ်

10 ယောက်ကစာမူခပေးသွားပါတယ်:

Anonymous said...

အင်း ကိုကိုးအိမ် ပိုက်ပိုက်ချီး ရင်တော့ ဝယ်ချင်သား

ရွှေစင်ဦး

ကိုဇော် said...

ကျနော်ကလည်း ဧပြီဖွားဆိုတော့ တကယ်ကို စိန်ကြိုက်မိပါတယ်။ နားကပ်လေး တစ်ဘက်ကလွဲလို့ မဝယ်နိုင်သေးပေါင်. . .

ချစ်ကြည်အေး said...

မမရွှေစင် ပြောတာ ထောက်ခံပါတယ် X 3 ...!

khin oo may said...

ပိုက်ပိုက်ပေး

blackroze said...

အကြိုက်ဆုံးကတော့စိန်ပါဘဲ..
ခက်တာကမန်းနီးကမပေါဘူး
ကိုကိုးရေ...

Anonymous said...

မလုပ်ပါနဲ့ဂျာ ကိုကိုကိုးကလည်း။
လူတိုင်းကြိုက်နေတာ တော်ကြာအိမ်ကမဟေသီလည်း
အဆောင်အဖြစ်ဆိုပြီး စိန်ကိုလိုက်ဝယ်ခိုင်းရင်ဒုက္ခ

ခင်မင်စွာဖြင့်
ညအလင်္ကာ

အဖြူရောင်နတ်သမီး said...

အကြိုက်ဆုံးပဲ...
သူ့ကိုပူဆာလိုက်အုံးမယ်...

“ဒါလင်ရေ...ကာတီးယားစိန်တိုက်က
ခပ်ကြီးကြီး စိန်လေးတပွင့်လောက်
ဝယ်ပေးပါလားဟင်....နော်..နော်လို့...”

မိုးစက်အိမ် said...

ရှုးတိုးတိုး ကိုတိုးအိမ် စိန်အကြောင်းကို
အချစ်တော် သိတော်မူလို့ မဖြစ်ဘူးနော်
တော်ကြာ ပူဆာနေမှဖြင့်ဟုတ်ပေ့ဖြစ်နေ
အုံးမယ်ဟီး ကြိုပိတ်လို့ ရအောင်ကျွန်တော်က
ကြာသပတေးသား စိန်နဲ့ တဲ့တယ်လို့ တော့
ကြိုလေသံပစ်ထားလို့ ရသွားပြီ ဟိ ရတနာ
တစ်မျိုးစီအကြောင်းလေးတွေဖတ်ရတာဗဟု
သုတ တကယ်ရတယ်ဗျာ ကျေးဇူးပါဘဲ :)

ချော(အစိမ်းရောင်လွင်ပြင်) said...

စိန်ကိုကြိုက်တယ်..
ဖြစ်နိုင်ရင်တစ်ကိုယ်လုံးကိုစိန်စီပစ်ချင်တား)
ပိုက်ပိုက်မရှိလို့ ငြိမ်နေတာ

သဒ္ဓါလှိုင်း said...

စိန်ကိုအရမ်းကြိုက်တာပေါ့..။
မချောလိုပဲတကိုယ်လုံးကိုစိန်စီပစ်လိုက်ချင်တာလေ...

ခင်တဲ့
သဒ္ဓါ

 

©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB