န၀ရတ်ကိုးသွယ်မှာပါဝင်တဲ့ နောက်ထပ်ကျောက်မျက်တစ်မျိုးကတော့ မြပဲဖြစ်ပါတယ်ခင်ဗျာ။ မြဟာဆိုရင်မာခြင်း အဆင့်၇.၅ ပဲရှိပါတယ်။ နောက်ပြီးတော့ ကျွတ်ဆတ်ဆတ်လည်းရှိပါတယ်။ မြဟာ အထူးအားဖြင့်တော့ အစိမ်းရောင်ရှိပါတယ်။ မြစိမ်းရောင်ဆိုပြီးတော့ တော်တော်များများက သုံးနှုန်းကြပါတယ်။ အရင်ခေတ်ကမိန်းကလေးတွေဆိုရင် မမြစိမ်းတို့ဘာတို့ဆိုတာတွေကို ကြားဖူးခဲ့ကြမှာပါ။ မြဟာဆိုရင် မေလဖွားတွေအတွက် ကံကောင်းစေတဲ့အဆောင်ဖြစ်ပါတယ်။ ဗုဒ္ဓဟူးသားသမီးတွေဝတ်ဆင်မယ်ဆိုရင်လည်း ကောင်းမွန်ခြင်း၊ လာဘ်ပွင့်ခြင်းအစရှိတဲ့ ကံကောင်းခြင်းအမျိုးမျိုးကိုလည်းရရှိစေပါတယ်။ န၀ရတ်ကိုးပါးရတနာကိုပြုလုပ် တဲ့အခါမှာ မြကို အနောက်ဘက် ကြာသာပတေးထောင့်မှာထားပြီး ခတ်လေ့ရှိကြပါတယ်ခင်ဗျာ။
မြကျောက်ဟာဆိုရင် သင့်ရဲ့အပြောင်းအလဲ ကာလတွေအတွက် အထူးအဆင်ပြေချောမွေ့မှူ့ကိုရရှိစေမှာမလွဲပါ။ မြဟာဆိုရင် စိတ်ခံစားချက်ပြင်းထန်မှူ့တွေနဲ့ ၀မ်းနည်းနာကျင်မှူ့ တွေကိုသက်သာစေနိုင်စွမ်းပြီး ပြောင်းလဲမှူ့တွေကို နားလည်နေသားတကျ ဖြစ်စေပါတယ်။ လမ်းကြောင်းသစ်တွေနဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းတွေပေါင်းစပ်ပြီး ဘယ်လမ်းကိုဘယ်လိုရွေးချယ်ရမယ်ဆိုတဲ့ လမ်းညွှန်မှူ့တွေ ကိုအကောင်းဆုံးရွေးချယ် ပေးနိုင်စွမ်းတယ်လို့ ယုံကြည်ကြပါတယ်။
မကောင်းတဲ့စွမ်းအင်တွေကို သန့်ရှင်းစင်ကြယ်အောင် ပြုလုပ်ပေးနိုင်တဲ့အပြင် မိမိရဲ့ ပင်ကိုယ်အရည်အသွေး တွေနဲ့ တိုးတက်အောင်လုပ်နိုင် စွမ်းရည်တွေကို မြှင့်တင်ပေးနိုင်စွမ်းတဲ့ ကျောက်မျက်တစ်မျိုးလို့လည်း ဆိုကြပြန်သေးသတဲ့ဗျာ။ ဦးနှောက်ရဲ့အလုပ်လုပ်နိုင်မှူ့ကို အားပေးနိုင်ပြီး ကောင်းမွန်စွာအိပ်ပျော် နိုင်မှူ့ကိုအားပေး ပါတယ်။ မှတ်ဥာဏ်ကိုလည်း ဆထက်ထမ်းပိုးရှင်သန်စေနိုင်ပါ သေးတယ်ခင်ဗျာ။ မြဟာဆိုရင် မျှော်လင့်ခြင်းရဲ့ သင်္ကေတအဖြစ် မှတ်ယူထားကြပါတယ်။ မြရဲ့ စွမ်းအင်အထက်မြက်ဆုံး အချိန်ဟာ နွေဦးရာသီဖြစ်ပြီး ကိုယ့်ချစ်သူကို ကိုယ့်အပေါ်သစ္စာရှိစေ ချင်တယ်ဆိုရင် မြကျောက်ကို လက်ဆောင်ပေးခြင်းအားဖြင့် အဆင်ပြေနိုင်တယ်လို့လည်း အနောက်တိုင်းသားတို့က ယုံကြည်ကြပါသေးရဲ့ဗျာ။ မြကို အဓိပ္ပါယ်ဖွင့်မယ်ဆိုရင်တော့ ချစ်ခြင်းမေတ္တာအနေနဲ့ ကံကောင်းခြင်းတွေကို ပေးနိုင်စွမ်းပြီး သစ္စာတရားကို အခြေပြုပါတယ်တဲ့ခင်ဗျာ။
ကဲ... ချစ်ချစ်ကလေးက ကိုယ့်ပေါ် နှစ်နှစ်ကာကာနဲ့ သစ္စာရှိစေဖို့ မြကိုဆင်ကြစို့.. ပေါ့ဗျာ။ ဒါပေမယ့် ကိုး ဆီတော့ ပိုက်ပိုက်လာမချေးနဲ့အုံးနော်။ ကိုးတောင် ဆီဆမ်းဆားဖြူးနဲ့ နှစ်ပါးသွားနေရတယ်.. ဟီး။ ကိုကိုတို့ ဖတ်တယ်ဆိုရင်လည်း အိမ်သူတို့မသိအောင် ဖတ်ပေါ့ဗျာ။ တော်ကြာ အိမ်သူသက်ထား ဇနီးလှကညာက ကိုကိုရေ၀ယ်ပေးဆိုမှ ကိုးရဲ့အပြစ်ဖြစ်နေပါဦးမယ်ဗျာ။
စာရေးသူ...ကိုကိုးအိမ်


























7 ယောက်ကစာမူခပေးသွားပါတယ်:
မြ နဲ့တော့ တည့်ဘူး..
မြလော့ကက်သီးလေးဝတ်တဲ့နေ့ဆိုရင်
ပြဿနာ တခုမဟုတ် တခု တက်တော့တာပဲ...
အဲလိုလည်းရှိတယ်နော်..။
ပြောဖို့ကျန်ခဲ့လို့...
တချို့အိမ်တွေမှာ မြဘုရား တောင်ပူဇော်လို့မရဘူး..
နေ့နံနဲ့မတည့်ရင် ခိုက်တယ်လို့ကြားဖူးတယ်..။
ဟုတ်တယ် မနမ်းရေ မြကတည့်တဲ့လူအတွက် အရမ်းကောင်းပေမယ့် ဘေးထွက်ဆိုးကျိုးတွေလည်းရှိ တတ်ပါတယ်။ မတည့်တဲ့သူတွေဆိုရင်လည်း ခိုက်တာတွေ ဘေးရန်တွေ အရမ်းများပါတယ်။ အဲဒီတော့ ဒီထဲမှာပါတဲ့ တည့်တဲ့နေ့နံကလွဲရင် ကျန်တဲ့သူတွေကတော့ သတိထားပြီး သုံးကြစေချင်ပါတယ်။ နောက်ပြီး မြက လူကြိုက်နည်းတယ်ဗျ.. ဘာလို့မှန်းမသိနော်..
ကိုကိုးအိမ်
့မြ..မြ...မြ
ဝတ်ဆင်ချင်သော်လည်း ငွေကမတတ်နိုင်
တတ်နိုင်ပြန်ရင်လည်း လူနဲ့မတည့်တော့
ဒီ "မြ" ဆိုတဲ့ရတနာကို လုံးလုံးလျားလျား
အပြီးပိုင်ပယ်လိုက်တော့မယ်
(အမှန်တော့မ၀ယ်နိုင်လို့ပါ...ဟီး)
ရတနာတွေအကြောင်းဗဟုသုတရရှိစေတဲ့အတွက် ကျေးဇူးဗျို့
ခင်မင်စွာဖြင့်
ညအလင်္ကာ
လှတာပါပဲ မြလည်း။
ဆက်ပါဦး...
ကိုကိုးအိမ်ရေ
မြလေးတွေ ကြည့်သွားတယ် ဖတ်သွားတယ် အင်း ကျောက်နဲ့ တူတာဆိုလို့ ချက်ကျောက်တောင် မရှိတာ ခက်တယ်
ခင်မင်တဲ့
ရွှေစင်ဦး
မြမတဲ့သော သူတွေ ရှိသလို၊ မြနဲ့တဲ့သောသူလေးကလည်း မန့်ခဲ့ပါရစေနော်။ မြဘုရား (နွေ၊ မိုး၊ ဆောင်း) ကိုးကွယ်တာ စီးပွါးတွေ တက်ပြီး ကျန်းမာရေးကိုလည်း ကောင်းစေတာ ကိုယ်တွေ့ ဖြစ်ပါတယ်။ ကျမက မြသား အရောင်ကိုလည်း နှစ်သက်ပါတယ်။ အဓိကတော့ ဗုဒ္ဓဟူးတွေနဲ့ တဲ့တယ်လို့တော့ ကြားဖူးပါတယ်။ ပိုစ့်လေးအတွက် ကျေးဇူးနော်။
Post a Comment