လွန်ခဲ့တဲ့၂၁နှစ်လောက်က ဟောဒီမြန်မာပြည်ကြီးရဲ့ တစ်နေရာမှာ လူသားမိန်းမတစ်ယောက်ဟာ လူသားလေးတစ်ယောက်ကို သတ္တိတွေပြည့်ဝစွာဖြင့်၊ မိခင်စိတ်ပြည့်ဝစွာဖြင့် မွေးထုတ်ခဲ့ဖူးပါတယ်။ အဲဒီမိခင်ကတော့ ကိုကိုးအိမ်ရဲ့ မိခင်ဖြစ်ပြီး လူသားကလေးလေးကတော့ ကိုကိုးအိမ်ပေါ့ဗျာ။ အဲဒီတော့ ဒီ၈လပိုင်းလကုန် ၃၁ ရက်နေ့ဟာ ကိုးရဲ့မေမေက ကိုးကို အသက်နဲ့ရင်းပြီးမွေးခဲ့တာ ၂၁ နှစ်ပြည့်ပြီပေါ့ဗျာ။ အဲဒီမွေးနေ့ပွဲဟာ ကိုးရဲ့မေမေကို ဂုဏ်ပြုတဲ့ပွဲဆိုလည်း အမှန်ပေါ့ဗျာ။ အဲသည်နေ့မှာ ကိုးကို အသက်နဲ့ရင်းပြီးမွေးခဲ့တဲ့မေမေ့ အတွက်ရည်ရွယ်တဲ့ ပွဲကလေးပေါ့ဗျာ။ ဒါနဲ့ ဘော်ဒါကြီးတို့အတွက်လည်း အကျွေးအမွေးအစီအစဉ်လေးလည်းပါသေးသဗျ။ တကယ်တော့ မွေးနေ့ပွဲဆိုတာ ကမ္ဘာကိုကိုင်လှုပ်ခဲ့တဲ့ သူရဲကောင်းအမေတွေကို ဂုဏ်ပြုချီးမြှောက်တဲ့ ပွဲတွေပဲဖြစ်ပါတယ်။ အဲတော့ မွေးနေ့မှာ ပထမဆုံးသတိရသင့်တာ မေမေ့ကိုပါ။ ပထမဦးဆုံးကန်တော့သင့်တာလည်း မေမေ့ကိုပါ။ အမေဆိုတာ တခြားလူတွေအတွက်တော့ အမျိုးမျိုးဖြစ်နိုင်ကောင်းပေမယ့် သားတွေအတွက်တော့ ရှေ့ဆောင်သူရဲကောင်း တစ်ယောက်ပါပဲ။ ကျွန်တော်ကတော့ အမေပေးတဲ့အမေ့ရဲ့လက်ဆင့်ကမ်းအမွေကိုမြတ်နိုးတယ်။ မိခင်စိတ်ဆိုတာကိုလေးစားတယ်။ အဲဒီတော့ မေမေ့အတွက်ဂုဏ်ပြုပွဲ ကိုးရဲ့ မွေးနေ့မွေးနေ့ ပွဲလေးကိုလာလည် ကြဖို့ဖိတ်ခေါ်ပါရစေခင်ဗျာ။ အော်... မမေ့နဲ့ဦးနော်... (၃၁.၈.၂၀၁၀) နော့်..
ဖိတ်ကြားသူ.... ကိုကိုးအိမ်
9 ယောက်ကစာမူခပေးသွားပါတယ်:
အကျွေးအမွေးအစီအစဉ်ရှိတယ်ဆိုလို့စိတ်ဝင်စားပါတယ်..
လာခဲ့မယ်နော်...မမေ့ဘူး...
ခင်တဲ့
သဒ္ဓါ
လာမယ်ဗျ ဘလော့ကိုပဲလာမယ်နော်း)း)
ရော်...တယ်နီးစပ်ပါလား...
မေပယ်လ်ရဲ့ မွေးနေ့က
25.8.2010 လေ..ငါးရက်စောမွေးတာ
ပေါ့နော့..အကြီးကို ရိုသေနော် ဟဲ
ဘလော့ကိုပဲ အခုတော့ လာနိုင်ဦးမယ် ညီကိုးရေ။
နောက်တော့လည်း အပြင်မှာ ဆုံကြတာပေါ့နော့။
မွေးနေ့ကို အမေကို ချီးမြှောက်တဲ့ နေ့လို့ တင်စားထားတာ အကိုနဲ့ ထပ်တူပဲမို့ သဘောကျမိတယ်။
ပျော်ရွှင်ပါစေ။
ကိုဇော်
အမေ့ကျေးဇူးရည် မွေးနေ့လေးအတွက် ကြည်နူးဂုဏ်ယူမိပါတယ်။
စကားမစပ် အစ်မblog က စာတွေဖတ်မရဘူးလို့ ပြောသွားလို့ အထူးကျေးဇူးတင်ပါတယ်။ ဘယ်လိုပြောင်းရမလဲ ဆိုတာ အစ်မမသိပါဘူး။ စေတနာထားပြီး ညွန်ပြပေးနိုင်ရင် အထူးကျေးဇူးတင်ပါတယ်။
နောက်များတော့မှ လာဖြစ်တော့မယ် ကိုးကိုးရေ...
ြ့ပီးတော့ ကိုးကိုးရဲ့ မွေးနေ့လေးကို မှတ်ထားလိုက်မယ်...
ပြန်ရောက်တဲ့ အခါ မွေးနေ့ပွဲ လုပ်တဲ့ နေ့ကို လာလည်မယ်နော်...
အခုတော့ ဘလော့ လေးကို ပဲလာလည် နိုင်ပါသေးတယ်ကွယ်...
အိုး မွေးလတူတွေပါလား။ အမှန်ဆို Aug လဖွားတွေ စုလုပ်ဖို့ကောင်းတယ်နော်း)))
လာမယ် လာမယ် အဲနေ့ကမမေ့ဘူး။ တူမလေးမွေးနေ့နဲ့ တူနေလို့..း))
မွေးနေ့အနှစ်တရာကျော်အောင် ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းရပါစေ။ အလိုရှိအပ်၊ တမ်းတအပ် ရည်မှန်းအပ်တဲ့ ကောင်းကျိုးလိုရာဆန္ဒမှန်သမျှ ပြီးပြည့်စုံစွာ အောင်မြင်ပါစေ။
ကိုတိုးအိမ်ရေ အခုမှ သိရလို့ မွေးနေ့တုန်းက Happy Birthday မပြောလိုက်ရတာ ဆောရီးပဲနော့်။
မောင်ကိုးအိမ်
မှတ်ထားပါတယ်... ။ ဒီလို သားလိမ်မာမျိုးက ဘယ်တော့မှ စိတ်မဆင်းရဲရဘူး လို့ မှတ်ယူပါတယ်..။ မိဘပေါ် သိတက်တဲ့ သား.. အဖြစ် ရာသက်ပန် ရပ်တည်ရင်း ကောင်းသော မွေးနေ့ ကျရောက်ပါစေလို့ ဘွားဗေ ဆုတောင်းပါတယ်..။
ဘွားဗေ
Post a Comment