ပုလဲလုံးညီ ကြိုးနှင့်သီ

|


ဒီနေ့တော့ ကိုးရေးမှာက ပုလဲရတနာအကြောင်းဖြစ်ပါတယ်ခင်ဗျာ။ ပုလဲဆိုတာကတော့ ကျောက်မျက် ရတနာစာရင်းဝင်အဖြစ် သတ်မှတ်ခံထားရတဲ့ အမြုတေတစ်မျိုးပဲဖြစ်ပါတယ်ခင်ဗျာ။ အမြုတေဆိုတာက တော့ သက္ကတဘာသာစကားကနေဆင်းသက်လာတာပါ။ အမြိတဆိုတဲ့စကားလုံးကနေဆင်းသက်လာတာ ဖြစ်ပြီး သတ္တ၀ါတွေ၊ အပင်တွေကနေရတဲ့ အဆီဓာတ်အစုတွေကို စွဲပြီးဖြစ်တဲ့ မကျေပျက်နိုင်တဲ့ အနှစ်အခဲတစ်မျိုးဖြစ်တယ်လို့ အဓိပ္ပါယ်ရှိကြောင်းသိရပါတယ်။ ပုလဲဟာလည်း န၀ရတ်ကိုးပါးစာရင်းဝင် ရတနာတစ်ပါးဖြစ်ပါတယ်။ န၀ရတ်ကိုးသွယ်ရတနာကိုခတ်လုပ်တဲ့အခါမှာ ပုလဲကို အရှေ့တောင် အဂါင်္ထောင့်မှာထားပြီး ခတ်လုပ်လေ့ရှိကြပါတယ်။ တနင်္လာသားသမီးတွေအတွက် အဆောင်အဖြစ်ဝတ်ဆင် မယ်ဆိုရင် ကံကောင်းခြင်းတွေ၊ လာဘ်လာဘတွေဝင်စေပြီး စုတ်ကိုလည်းတက်စေပါတယ်တဲ့ခင်ဗျာ။ ပုလဲရတနာကိုသီးသန့်ဝတ်ဆင်မယ်ဆိုရင်တော့ ဘယ်ဘက်မှာပဲဖြစ်ဖြစ် ညာဘက်မှာပဲဖြစ်ဖြစ် ၀တ်လို့ရပါသတဲ့လေ။ နောက်ထပ်ကောင်းတာတစ်ခုဟာ ပုလဲဟာ မတည့်သူမရှိသလောက်ကို ရှားပါးပါတယ်ခင်ဗျာ။

ပုလဲရတနာဟာ အသက်ဓာတ်စီးဆင်းမှူ့နဲ့ဆက်နွယ်နေတဲ့ရတနာတစ်ပါး ဖြစ်တယ်လို့လည်း သိရပါတယ်။ ပုလဲရတနာကို ၀တ်ဆင်ထားမယ်ဆိုရင် ၀တ်ဆင်သူဟာ တည်ကြည်ငြိမ်သက်ခြင်းနဲ့၊ အာရုံစူးစိုက်နိုင်ခြင်းကို အားကောင်းစေပါတယ်။ သန့်စင်ကြည်လင်မှူ့ကိုပေးစွမ်းနိုင်ပြီး ယုံကြည်မှူ့၊ သဒ္ဒါတရား၊ အမှန်တရား နဲ့ သစ္စာတရားကိုလည်း အမွန်မြတ်ဆုံးဖော်ဆောင်ပေးနိုင်တယ်လို့ ယုံကြည်ကြပါတယ်ခင်ဗျာ။ ကျန်းမာရေး အတွက်ကတော့ အစာခြေစနစ်ပျက်ယွင်းမှူ့တွေ၊ ကြွက်သားစနစ်ပျက်ယွင်းမှူ့တွေအတွက် ပုလဲကိုဝတ် ဆင်ထားမယ်ဆိုရင် အမြန်ဆုံးသက်သာစေနိုင်ပါတယ်တဲ့ခင်ဗျာ။ အစွမ်းထက်ဆုံးဆေးတစ်ပါးပေါ့။ နောက်ပြီး စိတ်ကြောင့်ဖြစ်တဲ့ စိတ်ကျရောဂါ၊ နှလုံးခုန်နှုန်းမြန်ဆန်ခြင်းတွေနဲ့ စိတ်ဖိစီးမှူ့တွေကိုလည်း ကာကွယ်ပေး နိုင်စွမ်းလည်းရှိပါတယ်။

အဖြူရောင်ပုလဲရဲ့ အဓိပ္ပါယ်ကိုဖွင့်ဆိုမယ်ဆိုရင် သန့်စင်ခြင်း၊ အပြစ်ကင်းစင်ခြင်းနဲ့ ယုံကြည်မှူ့ကို ဖြစ်စေနိုင်စွမ်းပါတယ်။ အနက်ရောင်ပုလဲနဲ့ ရွှေရောင်ပုလဲရဲ့အဓိပ္ပါယ်ကတော့ ပြည့်စုံအောင်မြင်ခြင်း၊ ဂုဏ်သိက္ခာကြီးမားခြင်း တို့ဖြစ်ပြီး ပန်းရောင်ပုလဲကတော့ နှလုံးချက်ကရအတွက် သီးသန့်အဓိပ္ပါယ်ဖော် ဆောင်ချက်ပါ။ ပုလဲကိုဝတ်ဆင်ထားသူတွေဟာ တော်ရုံမကောင်းမှူ့ကိစ္စတွေကို ဆောင်ရွက်လေ့မရှိကြပါ ဘူး။ သူတို့ရဲ့စိတ်ကို အသန့်ရှင်းဆုံးဖြစ်အောင် ပုလဲရဲ့အစွမ်းက ထိန်းချုပ်ထားလို့ပါတဲ့။ အဲဒီတော့ ပုလဲဟာ သိက္ခာတရားနဲ့ စိတ်ဓါတ်ကိုပါ မြှင့်တင်ပေးနိုင်တဲ့ ရတနာတစ်ပါးဖြစ်ပါတယ်ခင်ဗျာ။

ကိုးတို့ငယ်စဉ်ကသီချင်းလေးတစ်ပုဒ်ကို ကောင်းကောင်းကြီးမှတ်မိနေခဲ့ပါတယ်။ ငိုရင်ပုလဲ၊ရယ်ရင်ရွဲဆိုတာ လေ။ ကိုယ့်ချစ်သူရဲ့ အလှအပကိုဖွဲ့ဆိုထားတာလေးပါ။ အဲဒါနဲ့ပတ်သက်လို့ပုံပြင်လေးလဲရှိပါတယ်။ ကိုယ့်ချစ်သူလေးဟာ ငိုလိုက်ရင်တောင် ကျလာတဲ့မျက်ရည်တွေဟာ ပုလဲလုံးလေးတွေလိုပဲ ၊ ရယ်လိုက်ရင်တော့ ရွဲလေးတွေ(ရွဲ့တာဟုတ်ဘူးနော်....) ထွက်ကျလာသလိုပါပဲလို အထူးတလည်တင်စား ထားတာပါ။ အဲလိုပဲ ပုလဲဟာ ပျိုပျိုမေတို့ရဲ့အကြိုက်ရတနာတွေထဲမှာ ထိပ်ဆုံးနားကပါပါတယ်။ နောက်ပြီး ပုလဲကို ၀တ်ဆင်ထားတဲ့သူဟာ အရမ်းကျက်သရေရှိပါတယ်။ ကိုတို့ရဲ့ မြန်မာမလေးတွေမျာ မြန်မာဝတ်စုံဝတ်ပြီး ပုလဲပုတီးလေးကိုသာဝတ်ထားလိုက်လို့ကတော့ ရှူ့တိုင်းယဉ်မမလေးတွေအဖြစ် မြင်တွေ့ရမှာပါ။ နောက်ပြီး တစ်ခုထူးခြားတာက ပုလဲဟာ ၀တ်တတ်ရင် လူတိုင်းနဲ့လိုက်တယ်ဆိုတာပါပဲ။ အခုနောက်ပိုင်း အနောက်တိုင်းက၀င်ဝင်လာတဲ့ ဖန်စီပစ္စည်းလေးတွေမှာလဲ ပုလဲပုံစံပုတီးလေးတွေပါလာ တာတွေ့ရပါတယ်။ ပုလဲကို အရှေ့တိုင်းသားတွေတင်မကပါဘူး။ အနောက်တိုင်းသားတွေကလည်း အလေးအမြတ်ထားဝတ်ဆင်ကြပါတယ်။  နောက်ပြီး ပုလဲဟာ လွယ်လွယ်ကူကူနဲ့ရခဲ့တာမဟုတ်ပါဘူး။ မုတ်ကောင်တွေရဲ့ ရင်တွင်းဖြစ်၊ မုတ်ကောင်တွေရဲ့ရင်တွင်းအသက် တွေပဲဖြစ်ပါတယ်။ ပုလဲတစ်လုံးရဖို့ မုတ်ကောင်ရဲ့ရင်ကိုခွဲပြီးမှ ထုတ်ယူရပါတယ်။ အဲဒီတော့ ပုလဲရတနာကို တန်ဖိုးထားတတ်ကြစေချင်ပါတယ် ခင်ဗျာ။...............။


စာရေးသူ...ကိုကိုးအိမ်

10 ယောက်ကစာမူခပေးသွားပါတယ်:

အဖြူရောင်နတ်သမီး said...

ပုလဲကို စိန်ပတ်ထားတဲ့ လက်ဝတ်ရတနာကိုတော့ သဘောအကျဆုံးနဲ့ ကျက်သရေအရှိဆုံးရတနာအဖြစ် သတ်မှတ်ပါတယ်..။

မဗေဒါ (၈၈) said...

မောင်ကိုးအိမ်

အန်တီ ဘွားဗေ ဗာဟုးးးးးးးးးးးးသုတတွေ ရသွားပါတယ်.. အင်မတန်မှ ပုလဲကို ကြိုက်ပါတယ်... အများကြီးလည်း ရှိတယ်.. ရန်ကုန်သား ကြွားတာဟုတ်ဘူး.. အမှန်တိုင်းပြောတာ.. ။ အခုဖတ်သွားတာတွေကတော့ အချက်အလက် အများစုက ဟုတ်တယ်လို့ လက်ခံပါတယ် (ကိုယ်တွေ့နဲ ယှဉ်ပြီးတော့ပေါ့..။)

တခုမေးချင်တယ်.. တကယ့်ပုလဲ အစစ် ဟုတ်မဟုတ်ကို ကိုက်လိုက်ရင် သဲလိုမျိုးရှတတ ဆိုတာ ဟုတ်ပါသလား.. (အိမ်က ပုလဲတွေ ကို စစ်ဆေးမလို့)..။

ဘွားဗေ

SHWE ZIN U said...

ကိုကိုးအိမ် ရေ

ပုလဲ အလှတွေ ကိုတော့ ကြိုက်တယ်

ခင်မင်တဲ့
ရွှေစင်ဦး

ကိုဇော် said...

ပုလဲကတော့ နဂိုကြိုက်ပဲ။

မောင်သီဟ said...

ပုလဲတွေထွက်တဲ့ တနင်္သာရီဒေသမှာမွေးခဲ့ပေမယ့် ပုလဲကို တန်ဖိုးထားရမှန်းသိခဲ့ဖူး ငယ်ငယ်တုန်းက ပေါချက်က ပုလဲလုံးလေးတွေပုလင်းလေးထဲထည့်ဆော့ တယ် သိပ်အလုံးမကြီးမလှတဲ့ ပုလဲလေးတွေပါ အခုတော့ ရှားချက်က မလှမကြီးလဲဈေးကကြီးဗျို့
မိန်းကလေးတွေဆိုရင်တော့ ကြိုက်မှာပါ ပုလဲကို သီချင်းတွေစာတွေထဲသာ ပုလဲမျက်ရည် ပုလဲဘာညာကြားရဖတ်ရတာ အပြင်မှာတော့ ယောင်္ကျားလေးမို့ထင်ပါရဲ့ ကြိုက်ဝူးးး)း) ဘီယာပဲ ကြိုက်တယ်
ကျန်းမာရေးနဲ့ စိတ်အတွက်အကျိုးပြုတယ်ဆိုတော့ ဆောင်ထားရတော့မယ်ထင်တယ်

nyaalinkarr said...

ပုလဲတွေဆိုတာ ကမာကောင်ကလေးတွေရဲ့မျက်ရည်လို့ တင်စားထားသေးတာပဲလေ
မဟေသီက လိုချင်ရင်တော့ ရှိတာလေးနဲ့သွားဝယ်ပေးမှာပါ

Dream said...

အူးအူးတိုတိုအိန်းးးးးးးးးးးးးးးးချားဒွေဖတ်တွားဒယ်....မီးနာမည်ရဲ ပရဲပါဒယ်....ပရဲဂိုကျိုက်ပေမယ့် ၊နေ့နံအရ မ၀တ်ရဲဖစ်နေယို့....... ခစ်ခစ်

(ဗဟုသုတတွေ ရသွားပါတယ်။ အိမ်လေးက သန့်သွားတယ်နော်။ အပြင်အဆင်တွေ ရေလည်မိုက်သွားတယ်။ မလာတာတောင်ကြာပြီ မျက်စိလည်သွားတယ်...ဒီဇိုင်းတွေက လန်းးနေတယ်။။။))

သုခုမလေဒီ said...

ဟုတ်တယ် ပုလဲတော့ crazy ပဲ။ ကျောင်းသူဘ၀ကဆို ပုလဲနားစွဲတွေ ၀ယ်လွန်းလို့ ညီမကတောင်ပြောရတယ်။ ခုထိ ပုလဲလက်စွပ်လေး ပုလဲလော့ကတ်လေးတွေကို လည်း ကြိုက်တုန်းး)))

ပုလဲအကြောင်းလေးပြည့်ပြည့်စုံစုံဖော်ပြပေးတာကျေးဇူးး

မိုးစက်အိမ် said...

ကျောက်မျက်ပို့ စ်တွေက တော့ အစ်ကို ညီလေး
တွေတိုင်ပတ်မဲ့ ကိစ္စဘဲ ဟီးးးးးးး

Anonymous said...

ကိုးကိုးရေ..ဘယ်သူတွေကတော့ပုလဲနဲ့ တည့်တယ်ပြောပြောရှားရှားပါးပါးပုလဲနဲ့ မတဲ့တာဒီကအီဖေကို ပါ။ပုလဲဆိုတော့ကြာသပတေးနံပါတယ်ပေါ ပဖဗဘမ ပေါ့။ဒီတော့အမေက ပုလဲနားကပ်ရယ်လက်စွတ်ရယ်ဆွဲကြိုးရယ်(ကြုံတုန်းကြွှားလိုက်တာ)လုပ်ပေးတယ်..၀တ်ပြီးနောက်နေ့ ဖျားတာမှရက်ရက်စက်စက် တပတ်တိတိ ကို ၁၀၄ ကမကျဘူး....ဆရာဝန်တွေလည်းတိုင်ပတ်နေရော...ဟိုဆေးပြောင်းပေးဒီဆေးပြောင်းပေးနဲ့ ...နေမကောင်းတော့ဘာမှစိတ်ရှုတ်ခံပြီးမ၀တ်ထားချင်တာနဲ့ ချွှတ်လိုက်တော့ အလဲ့ချက်ချင်းကိုနေကောင်းသွားတယ်...ထူးဆန်းတယ်ကိုယ်တိုင်မကြုံရင်ယုံမှာဟုတ်ဘူး...ခုဆိုဝတ်ချင်ရင်တောင်funncy လေးတွေကိုအချိန်ပိုင်းပဲဝတ်တယ်
မြ နဲ့ တော့တည့် တယ်
အဲဒီတော့ပုလဲနဲ့ မတည့်တဲ့ ၁ရာခိုင်နူန်းမှာဒီကခင်နှမပါပါတယ်လို့ 
:P

 

©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB