နိုဝင်ဘာလ ၇ရက်နေ့တွင် ပါတီစုံအထွေထွေရွေးကောက်ပွဲ ကျင်းပမည်

|

               (ရွေးကောက်ပွဲဝင်မည့် ပါတီအချို့၏ မူဝါဒသဘောထား စာအုပ်စာစောင်များ) (Photo: 7Day News Journal)


မြန်မာနိုင်ငံ၏ ၂၀၁၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်(တနင်္ဂနွေနေ့)တွင် ကျင်းပပြုလုပ်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာလိုက်ပြီ ဖြစ်သည်။ ရွေးကောက်ပွဲကော်မရှင်က အတည်ပြု ထုတ်ပြန်ချက်အရ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခွင့် လျှောက်ထားသည့် နိုင်ငံရေးပါတီ ၄၇ ခုအနက် ပါတီ ၄၀ ကို ပါဝင်ခွင့် အတည်ပြုပေးထားပြီးဖြစ်ကြောင်း သိရသည်။

ကျန်ပါတီများမှာမူ ခွင့်ပြုချက်အတွက် စောင့်ဆိုင်းနေဆဲ ဖြစ်သည်။ လက်ရှိ ပါဝင်ယှဉ်ပြိုင်ခွင့် ရထားသည့် ပါတီပေါင်း ၄၀ အနက် ၅ ခုသည် ၁၉၉၀ ရွေးကောက်ပွဲကာလက ပါဝင်ဖူးသော ပါတီဟောင်းများဖြစ်ပြီး ကျန် ၃၅ ခုမှာ အသစ်ဖွဲ့စည်းထားခြင်းဖြစ်သည်။ ပါလီမန်က လွှတ်တော်အမတ်လောင်းနေရာ လျှောက်ထားမှုများအတွက် စာရင်းပေးမှုကို ဩဂုတ်လ ၁၆ ရက်နေ့မှ ၃၀ ရက်နေ့ထိ ခွင့်ပြုထားကြောင်းလည်း ကြေညာထားသည်။ ကော်မရှင်သည် လွှတ်တော်အမတ်နေရာ ၃၃၀ကို ရွေးချယ်ခန့်အပ်မည်ဟု ကြိုတင်ကြေညာထားပြီး ဖြစ်သည်။ ယခုရွေးကောက်ပွဲတွင် မြန်မာနိုင်ငံ ဒေသအသီးသီးကို ကိုယ်စားပြုသည့် နိုင်ငံရေး ပါတီစုံ ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

ကော်မရှင်၏ ကြေညာချက်တွင် လွှတ်တော်အမတ်လောင်းနေရာမှ နှုတ်ထွက်လိုသူများသည် စက်တင်ဘာ ၃ ရက်နေ့ နောက်ဆုံးထားပြီး နှုတ်ထွက်နိုင်ကြောင်းလည်း ကြေညာထားသည်။ မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကို ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မကွေး၊ ဧရာဝတီ၊ ရန်ကုန်နှင့် မန္တလေးတိုင်းတို့ရှိ မြို့နယ်အသီးသီးတွင် မဲဆန္ဒနယ်များ သတ်မှတ်ကျင်းပသွားမည် ဖြစ်သည်။ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များ စာရင်းကို ယနေ့(သြဂုတ် ၁၃ ရက်)ထုတ် နိုင်ငံပိုင် သတင်းစာများတွင် အချပ်ပို (၇)မျက်နှာဖြင့် ဖော်ပြထားကြောင်း သိရသည်။

ယနေ့နံက်ထုတ် သတင်းစာများတွင်လည်း နိုဝင်ဘာလ (၇)ရက်နေ့တွင်ပြုလုပ်မည်ဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရှရပါကြောင်း မျှဝေလိုက်ပါသည်ခင်ဗျား

Ref: Xinhua

1 Comentário:

SHWE ZIN U said...

ကိုကိုးအိမ် က အတော် စိတ်ဝင်စားတယ်ထင်တယ်

ခင်မင်တဲ့
ရွှေစင်ဦး

 

©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB