ပြီးခဲ့တဲ့ ညက ဘလော့ဂါဘော်ဒါကြီးတို့ရဲ့ညစာစားပွဲတစ်ခုကို မန်းတလေးမြို့ရဲ့ အောင်တော်မူ ဘုရားနားက Cafe Blue မှာ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီ ညစာစားပွဲမှာ ပါဝင်ခဲ့တာကတော့ ဘလော့ဂါနတ်ဆိုးလေး၊ ကိုကိုးအိမ် နဲ့ ဘလော့ဂါနန်းလေပြေနု တို့ပါပဲ။ ၀ိုင်းကိုဦးဆောင်သူကတော့ အဟဲ.... ဒေါ်နန်းနုဗျို့.... အဲဒီမှာ ကိုးတို့ကို ဒေါ်နန်းနု က ဒင်းဆမ်လိုက်ကျွေးပါတယ်။ ပထမဆုံး ဒင်ဆမ် ၁၃ဆင့်ရောက် လာပါတယ်။ အဲရောက် လာတော့ မောင်ကိုးတို့ နတ်နတ်တို့က နှစ်ဆင့်လောက်ကို မနည်းငုံ့စားနေတဲ့အချိန် ခေါင်းလည်း မော့လိုက် ရောဗျို့ .. ခုနက ဒင်းဆမ်၁၃ ဆင့်စလုံးဟာ တက်တက်ကိုပြောင်တာပဲကော... အဲဒီပွဲလေးမှာ ပါဝင်အားပေး ကြတာက ငါးယောက်ပါ။ ပါရဂူဘလော့ဂါမမရဲ့ ညီမလေးတစ်ယောက်ရယ် ပါရဂူ ကိုကိုကြီး တစ်ယောက်ရယ် ကိုးရယ် နတ်ဆိုးလေးရယ်ပါ။ အဲဒါနဲ့ အားကျမခံ ထပ်မှာလိုက်တာ နောက်ထပ်ခြောက်ပေါင်းထပ်ရောက်လာပါ ရော။ အဲ.. ဒီတစ်ခါတော့ နတ်ဆိုးလေးရယ် ကိုးရယ်လဲအားကျမခံ ထပ်တွယ်လိုက်ကြတာ နောက်ထပ်ခြောက် ပေါင်းကုန်ပါ လေရောဗျို့။ ဒါနဲ့ ဒေါ်နန်းလဲ အားကျမခံ နောက်ထပ်မှာ လိုက်တာ ဆယ့်သုံးဆင့် ထပ်ရောက်လာပြန်ရောဗျို့...။ အဲ နောက်ထပ်ဆယ့်သုံးဆင့်လဲ ဖြုတ်ခနဲ ပါပဲ။ ဒါပေမယ့်ဗျာ ကိုးတို့ နတ်နတ်တို့ ဒေါ်နန်း တို့ပဲ ဘယ်လက်နက်ချကြလိမ့်မလဲ။ အဟဲ. နောက်ထပ် ခြောက်ဆင့် ထပ်မှာလိုက်ပြန်ရော။ အားလုံးပေါင်း သုံးဆယ့်ရှစ်ဆင့်ကို အ၀တုတ်ပြီးတဲ့ နောက်တော့ စကားထိုင် ပြောကြပါတယ်။ ပြောကြတာကတော့ စုံလို့ ပေါ့ဗျာ။ ဘလော့လေးတွေအကြောင်း.. ဘလော့ဂါများအကြောင်း.. သူများမကောင်းကြောင်း ကိုယ့်ကောင်း ကြောင်း တွေစုံလို့ပေါ့... ဘယ်ဘလော့ဂါကိုကိုကဖြင့် ဘယ်လိုဖြစ်တယ် ဘယ်ဘလော့ဂါမမကဖြင့် ဘယ်လို လေး.. အဟီး မစားရ၀ခမန်းအတင်းတုတ်ကြတာပေါ့... (လူစည်ကြောင်း ပြောပါတယ်။)
ဘလောဂါ မနန်းက အရမ်းသဘောကောင်းပါတယ်။ အရမ်းလည်းခင်ဖို့ကောင်းပါတယ်။ နတ်ဆိုးလေးနဲ့က တော့ဘော်ဒါတွေ ဆိုတော့ မပြောတော့ပါဘူး။ သူလည်း ကောင်းပါတယ်(သဘော.. သဘော)။ အဲဒီမှာ မနန်းက အရမ်းပျော်တတ်ပါတယ်။ မနန်းကိုပဲကြည့်ပြီး ကျွန်တော်တို့ တချိန်လုံး သဘောကျနေရတာပါပဲ (ရယ်စရာတွေ ပြောတတ် လို့)။ အဲလိုနဲ့ စားလို့သောက်လို့ ၀တဲ့အခါမှာ ကိုးတို့ငါးယောက် သီချင်းဆိုဖို့ ကာရာအိုကေ ဆိုင်ကို သွားကြပါတယ်။ အဲဒီမှာ အပေါက်မှာ ရေးထားတာက အမျိုးသမီးအဆိုရှင်မထားပါ တဲ့။ အဲဒါနဲ့ ကိုးကလည်း ရုပ်ကခပ်ပြောင်ပြောင်ရယ် (သနပ်ခါးမှလိမ်း မသွားတာနော့) အမျိုးသားအဆိုရှင် တော့ထားတယ် ပေါ့။ အလုပ်လျှောက်ချင်လို့ပါပေါ့။ အဲတော့မှ ဆိုင်ပိုင်ရှင် ကိုကိုနဲ့ မမခမျာ အီလည်လည်ကြီးနဲ့ ရယ်ပြနေရပါတယ်။ ဒါနဲ့ သီချင်းဆိုဖို့ စကြတော့ ည၈နာရီထိုးနေပါပြီ။ ပထမဆုံး မနန်းက စဖွင့်ပါတယ်။ ချမ်းချမ်းရဲ့ ဘ၀ချင်းခြားတောင်ချစ်မှာ ။ အိုး... မုဒ်အပြည့်နဲ့ဆိုနေလိုက်တာ ချမ်းချမ်းကိုတောင် အားနာမိပါရဲ့။ အဲဒီနောက် နတ်နတ်ကဆက်ဆိုပါတယ်။ အိုး.. သူဆိုတဲ့သီချင်းကလည်း အလန်းစားနော်... မျိုးကြီးရဲ့ အဆိပ်ခွက်.. (ဒဏ်ရာတွေအပြည့်နဲ့ စိမ့်ဝင်ကာစီးခဲ့... ) နားထဲကို ဒဏ်ရာတွေအပြည့်နဲ့ စိမ့်ဝင်သွားသလိုပါပဲ.. အင်းနတ်နတ်တွေ့ရင်တော့ ဆဲမလားမသိ။ အဟဲ အဲဒီနောက်တော့ ကိုးပဲဟဲတာပေါ့.. ချစ်လူမိုက်ထဲက စမင်းသိုက်ဆိုထားတဲ့ မောင့်မျက်ရည်ဝိုင်း.. သီချင်းလေးပါ။ နောက်တော့ တစ်ယောက်ဆီဆက်ဆိုကြ ပါတယ်။ မနန်းကလည်း ဖြူဖြူကျော်သိန်းရဲ့ ဇာတ်ဆရာအလိုကျ သီချင်းလေးပါ။ အရမ်းမိုက်ပါတယ်။ ဒါနဲ့ ကြုံတုန်းရင် ဖွင့်လိုက်ပါဦးမယ်။ ကိုးဘယ် ကာရာအိုကေဆိုင်ပဲရောက်ရောက် ပါးစပ်ရှောင်တဲ့သီချင်းလေး ရှိပါတယ်။ အဲဒီသီ ချင်းလေးကတော့ ရှမ်းရိုးရာ လက်တီးသီချင်းလေးပါ။ အဲဒီသီချင်းလေးနဲ့ပတ်သက်လို့ ကိုးမှာ ခံစားချက်တွေ အများကြီးရှိခဲ့ ပါတယ်။ အဲဒီခံစားချက်လေးကလည်း အခုဆိုရင် အဆုံးသတ်သွားပါပြီ။ ဒါပေမယ့် အဲဒီသီချင်းလေး ကို ဆိုမိရင် ကြားမိရင် အရင်ကခံစားချက်တွေက အသစ်ပြန်ဖြစ်လာသလိုပဲ ခံစားရပါတယ်။ ဒါကြောင့် ဘယ်အချိန်ပဲဖြစ်ဖြစ် အဲဒီသီချင်းလေးကိုတော့ လက်ရှောင်ပါတယ်။ အဲလိုနဲ့ ခပ်ပေါပေါဘလော့ဂါ သုံးယောက်ရဲ့ ပျော်စရာညလေးကို သူတို့ချစ်သော သီချင်းတွေနဲ့ အလှဆင်ခဲ့ကြပါတယ်။ ကိုးဆိုရင် တစ်နေကုန် အသံဝင်နေတာပါ။ ဒါပေမယ့် သီချင်းဆိုမယ်လည်းလုပ်ရော ဘယ်ကဘယ်လို အသံက ထွက်လာ တယ်မသိပါဘူး။ ငါးပုဒ်လောက်ကိုပစ်ဟဲလိုက်တာဗျို့ ။ မနန်းကလည်း ခေသူမဟုတ်..။
တကယ့် စပါယ်ရှယ် သီချင်း နေနေရဲ့ မညီမျှခြင်း သီချင်းကိုတောင် အဆက်မပြတ်ဆွဲဆိုသွားတာဗျာ။ တကယ့် ပါရဂူပါပဲ။ နောက်ပြီး နတ်နတ်ကလည်း စပါယ်ရှယ်နော်။ ပျော်တော်ဆက် အသဲကွဲမြို့တော် တွေပါပဲ။ နောက် မနန်းကလည်း အိမ်သာကို ကျော်ပြီး စင်တဲ့ အိန္ဒြာကျော်ဇင်ရဲ့ မိုင်ပေါင်းထောင့်ငါးရာကိုလည်း ဟဲသွားသေးသဗျ။ အဲလိုဆိုလာရင်းကနေ ရွေးထားတဲ့ သီချင်းတွေအားလုံးကုန်သွားတဲ့အခါ သီချင်းလက်ကျန် မရှိတော့ပါ ဆိုတဲ့ စာသားလေးပေါ်လာသဗျ။ အဲမှာတော့ ဆက်ဆိုစရာမရှိတော့ဘူး ဆက်ရွေးပေါ့။ ဒါပေမယ့် ကိုးတို့ အဆောင်က ညဆယ်နာရီဆိုပိတ်တာ ဖြစ်တဲ့အတွက် ဆိုစရာသီချင်းလက်ကျန်လည်းမရှိတော့ပါဘူး။ အဲဒါနဲ့ မနန်းတို့ကို နှုတ်ဆက်ပြီး ပြန်လာခဲ့ပါကြောင်း။...... သီချင်းလက်ကျန်မရှိတော့ သလို ကိုးလည်း ဘာဆက်ရေရမှန်းမသိ တော့ပါဘူး။။ ဒါပေမယ့် ဆိုင်မှာ ဒင်းဆမ်လက်ကျန်မရှိတော့တဲ့ည၊ ဆိုစရာ သီချင်း လက်ကျန်မရှိတော့တဲ့ ညလေးကတော့ ရေးစရာ လက်ကျန်မရှိတော့တဲ့ ကိုးကို ပျော်ရွှင်စေခဲ့တာတော့ အမှန်ပါ။ နောက်ဆုံး မှတ်ချက် ချလိုက်မိတာကတော့ အင်း စာရေးကောင်းတဲ့ မနန်းနဲ့ နတ်နတ်တို့ နှစ်ယောက်လုံး သီချင်းဆိုရော တယ်ကောင်းကြပါလားပေါ့။ နောက်တစ်ခါမှ နတ်နတ်ကိုလိုက်ကျွေးခိုင်းမလို့ ခုကလည်းက မြှောက် ထား ရတာ အဟိ..။ အခုလိုမျိုးပျော်စရာ ညလေးကိုဖန်တီးပေးတဲ့ မနန်းလည်း ဒီ့ထက်ပိုဝ.. အဲ.. ဒီ့ထက်ပို လှပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
စာရေးသူ...ကိုကိုးအိမ်(မန္တလေး)(29.9.2010)

11 ယောက်ကစာမူခပေးသွားပါတယ်:
ငါတော့ မေ့လို့ မရတော့ဘူး
...
ငါတော့မေ့လို့ မရတော့ဘူး...
အဟက်ဟက်ဟက်...
နတ်ကိုများ အသံကောင်းတယ်တဲ့
ဘာမှန်းလဲတိဘူး
ဒီလူတော်တော် နောက်တာပဲ... ခွိ
ပျော်စရာကြီး.....
နောက်တခါ မြန်မာပြည် ပြန်လာရင် ဝေးဝေးကရှောင်..
အဲ..မှားလို့..
တပွဲလောက် တွေ့မယ်လေ...
း)..း)..
ပျော်စရာကြီးပဲ..
မေ့လို့မရတော့ပါဘူးဆိုတာ.. ဘယ်သူက ဆက်ဆိုခိုင်းနေတာလဲဟေ့
သိပြီ။
အော်...နောက်တစ်ယောက်ကို ဒီရောက်မှသိသဗျို့...။
အဆိပ်ခွက်ရယ်....၊ဇာတ်ဆရာအလိုကျရယ်က အကြိုက်
ဆုံးသီချင်းတွေ..။နာလိုဘူးဗျို့...။
အဟီး သားတို့က အဲလိုကဲတာ.... ဗြဲ..... :)
ဖတ်ရင်းနဲ့ပျော်ရွှင်မိပါတယ်.
နောက်လည်း ပျော်နိုင်ကြပါစေး))
ကောင်းမကောင်းတော့ မသိဘူး ကိုးကိုးအိမ် ရေ ဖတ်ရင်း ဖတ်ရင်း နဲ့ ဘိုက်ဆာ လာတယ်
ခင်မင်စွာဖြင့်
ရွှေစင်ဦး
ဖြစ်မှ ဖြစ်ရတယ် ဘကျောက်ရယ်
ဘကျောက်တို့ ဖြစ်လိုက်မှဖြင့် အဆန်းချည်းပဲ...
နောက်လဲ ဘာတွေ ဆန်းဦးမလဲ မသိဘူး..
လောလောဆယ်တော့ အူနှိပ်နေရတယ်
ကျွန်တော်က wordpress မှာဆိုတော့ update အသစ်တွေကို အချိန်မီမသိနိုင်ဘူးဗျ..
နောက်ကျ သွားတယ် ဆောဒီး...
ကာယကံရှင်တွေတော့မသိ..ဖတ်ရင်းကိုယ်တိုင်တောင် ပျော်လာမိတယ်။
Post a Comment