အခုတလောမှာ ကိုကိုးအိမ်တစ်ယောက် www.grou.ps/kokoeaim အမည်ဖြင့် အွန်လိုင်းမြို့တော်လေး တစ်ခုကိုပြုလုပ်နေပါတယ်။ ပြုလုပ်ရခြင်းရည် ရွုယ်ချက်ကတော့ ကိုးတို့မြန်မာနိုင်ငံမှာနေတဲ့ သူတွေဟာ ဘလော့စပေါ့ကို ဘယ်လိုမှဖွင့်လို့မရပါဘူး။ ဖွင့်မယ် ဆိုလည်း ဟိုကျော်ဒီခွနဲ့ ထမီတွေ ပုဆိုးတွေပြဲမှာတောင်စိုးရပါတယ်။ အဲဒီတော့ ကိုးတစ်ခုစဉ်းစားမိ တာက ဘလော့ဂါတွေအားလုံးရဲ့ စာတွေကို မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေအားလုံး ဖတ်ရပါစေတော့ဆိုတဲ့ စိတ်ကူးလေးပါ။ အဲဒါနဲ့ ဘယ်မှာလုပ်ရင်အဆင်ပြေမလဲကြည့်တော့ အခုလက်ရှိလုပ်လို့အဆင်ပြေနေတဲ့ Hosting က groups မှာ အဆင်ပြေနေပါတယ်။ အဲဒါနဲ့ ၀င်စမ်းကြည့်တော့ အဆင်ပြေတာနဲ့ Social Network တစ်ခုလုပ်ဖြစ်လိုက်ပါတယ်။
အဲဒီမှာ လုပ်တဲ့အခါ နာမည်ကိုစဉ်းစားတော့ မြို့တော်လေးဆိုကောင်းမယ်ပေါ့။ အဲဒါနဲ့ပဲ ကိုကိုးအိမ်မြို့တော်ဆိုပြီး လုပ်ဖြစ်ခဲ့တာပါ။ အဲလိုလုပ်တဲ့အခါမှာတော့ ကိုးတစ်ယောက်တည်းအဆင် မပြေမှာဆိုးလို့ ဘလော့ဂါနတ်ဆိုးလေးကို မြို့တော်ဝန်အဖြစ်ခန့်အပ်ခဲ့ပြီး ကဗျာဆရာမ ရွာသူကိုတော့ မှတ်ပုံတင်ဦးစီးအဖြစ် ခန့်အပ်ခဲ့ပါတယ်။ အဲဒီမြို့တော်လေးကိုဝင်မယ်ဆိုရင် ပထမဆုံး မြို့တော်သားအဖြစ် စာရင်းဝင်ဖို့ မှတ်ပုံတင်ဦးစီးဆီမှာ အရင်ဆုံး မြို့တော်သားအဖြစ်မှတ်ပုံ တင်ရပါတယ်။ အဲလိုမှတ်ပုံတင်မှသာ မြို့တော်သားအဖြစ်သတ်မှတ်မှာဖြစ်ပါတယ်။ အဲဒီထဲမှာ ရေးတဲ့အခါ မှာ ညစ်ညမ်းစာသားတွေမရေးရအောင် မြို့တော်ဝန်နတ်ဆိုးလေးနဲ့ ကိုကိုးအိမ်တို့က မော်ဒရိတ်လုပ်ပြီး မှတင်ပေးမှာဖြစ်ပါတယ်။ မြို့တော်လေးကို ပိုစုံလင်အောင် အခန်းကဏ္ဍတွေအများကြီးခွဲထားပါတယ်။ ခွဲထားတဲ့ကဏ္ဍတွေကတော့
မြို့တော်တရားရုံး
မြို့တော်စည်ပင်သာယာရုံး
မြို့တော်မှတ်ပုံတင်ရုံး
မြို့တော်ရဲစခန်း
မြို့တော်ပြန်ကြားရေးရာဌာန
မြို့တော်ပြန်ကြားရေးရာဌာန
မြို့တော်စာကြည့်တိုက်
မြို့တော်စာမူဆုပေးပွဲ(ကဗျာ၊ ဆောင်းပါး၊ ၀တ္တုတို)
ဟာသမြို့တော်
ကြော်ငြာကဏ္ဍ
နည်းပညာရပ်ဝန်း တို့ပဲဖြစ်ပါတယ်ခင်ဗျာ။ အခြားကဏ္ဍကြီးတွေအနေနဲ့က မြို့တော်ရပ်ဝန်း၊ ကိုယ့်မြေကွက်၊ အိမ်နီးနားချင်း၊ ဘလော့ဂါမဂ္ဂဇင်း၊ ဓာတ်ပုံတိုက်၊ ရုပ်ရှင်ရုံ၊ မြို့တော်ကဏ္ဍစုံ၊ မြို့ကိုဖိတ်မယ် တို့ပဲဖြစ်ပါတယ်။
ဒီဆိုက်လေးမှာ ၀င်ရေးသူတွေအတွက်လည်း ကဗျာဆုပေးပွဲများ၊ ၀တ္တုတိုဆုပေးပွဲများ၊ ဆောင်းပါးဆု ပေးပွဲများ၊ အစရှိသဖြင့် နှစ်လတစ်ခါကျင်းပပေးသွားမှာဖြစ်ပါတယ်။ ၀င်ရေးမဲ့ မြို့တော်သူ၊ မြို့တော်သားတွေရဲ့ အရည်အချင်းကိုယုံကြည်စွာဖြင့် ဆုများကို အရေအတွက်ဖြင့် ချီးမြှင့်သွားမှာ မဟုတ်ပဲ စာမူတစ်ခုချင်းစီ၏ အရည်အသွေးပြည့်ဝမှူ့အပေါ်မူတည်၍ ပေးသွားမှာဖြစ်ပါတယ်။ ကဗျာများ ကိုတော့ မြို့တော်ဝန်နတ်ဆိုးလေးနှင့် မှတ်ပုံတင်ဦးစီးရွာသူတို့က စိစစ်ရွေးချယ်ပေးမှာဖြစ်ပြီး ၀တ္တုတိုများကိုတော့ ကိုကိုးအိမ်က စိစစ်ရွေးချယ်ပေးမှာဖြစ်ပါတယ်။ အဲလိုမျိုးတင်တဲ့အခါမှာလည်း ကိုယ်ပိုင်ရေးများကိုသာ စိစစ်ရွေးချယ်ပေးမှာဖြစ်ပြီး ဖော်ဝပ်မေးလ်များမှ ဖော်ပြခြင်းများ၊ အခြားသူများ၏ရေးသားထားသောစာများ ကိုလုံးဝထည့်သွင်းစဉ်းစားမှာမဟုတ်ပါဘူး။ ထို့ပြင် ထိုဆိုက်တွင် အခြားသူများ၏စာများကို ထည့်သွင်းရေးသားမည်ဆိုပါက မူရင်းရေးသားသူ၏ အမည်နှင့်ဝိသေသ ကိုထည့်သွင်းဖော်ပြပေးရပါမည်။ ကျွန်တော်၏ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံရှိပြည်သူပြည်သားများအားလုံး အခက်အခဲအဆီးအတားမရှိ ၀င်ကြည့်လို့ရစေရေး၊ ဘလော့ဂါများ၏ စာပေများအားလည်း ဖတ်ရှူ့လေ့လာခွင့်ရစေရေးအတွက် ဖြစ်သောကြောင့် ဘလော့ဂါများအနေဖြင့်လည်း မိမိတို့ရေးသားထားသော ပို့စ်များကို အဟောင်းအသစ်မခွဲခြားပဲ ပြန်လည် ဖော်ပြပေးစေချင်ပါသည်။ ဘလော့ဂါများအားလုံး၏ အရည်အချင်းကို ယုံမှတ်စွာဖြင့် ကိုကိုးအိမ်မြို့တော်ကလေးမှာ ၀င်ရောက်ရေးသားကြဖို့ လေးစားစွာ ဖိတ်ကြားအပ်ပါသည် ခင်ဗျာ။ လိုအပ်ချက်များရှိပါကလည်း အကြံပေးဆွေးနွေးပေးကြပါခင်ဗျာ။
5 ယောက်ကစာမူခပေးသွားပါတယ်:
ဒီလို ပြိုင်ပွဲလေးတွေ သဘောကျတယ်။ စာတွေကိုလည်း သေချာ စီစစ်မှာ ဆိုတော့ ပိုကောင်းတယ်။ အောင်မြင်ပါစေ။
စိတ်ဝင်စား စရာဘဲဗျို့ ...
အွန်လိုင်း မြို့ တော်လေး ပြီးရင်လဲ အကြောင်းကြားပါဦးဗျို့ ....
ညီလေးရေ..ဆုကြေးပါရင်တော့
စိတ်ဝင်စားတယ်..၀င်ပြိုင်မယ်ဗျာ
ဟီးးးးးးးးးးးး(စတာ) အောင်မြင်ပါစေ
ကိုးကိုးအိမ် ရဲ့ မြို့တော်လေး ကို မအားသေးတာနဲ့ လာမလည် နိုင်သေးဘူး
ဒါနဲ့ လာလည်ရင် မုံရောကြွေးလား စတာပါ
အောင်မြင်ပါစေ
ခင်မင်စွာဖြင့်
ရွှေစင်ဦး
တို့လည်းလိုက်မယ် ချန်မထားနဲ့ ညီကိုးရေ။
အောင်မြင်ပါစေဗျာ။
ပျောက်ချက်သားကောင်းနေတာ ငါက ဘာများဖစ်လဲလို့
ညည်းက ကြိတ်ကြံနေတာကိုးအေ့ ငါ့လင် က အဲ ဟုတ်ပါဘူး ယောင်လို့ မြို့တော်သစ်လေး တည်ဆောက်ဖို့ကို
Post a Comment