{နှမ်းတစ်ဆုပ်ကိုင်လို့
ပတ်တုပ်မရအောင်ရယ်...}
{နွားတွေလာဝှေ့လို့
လေနီကြမ်းမှာမျော.....}
{ဝေါကနဲ ဝေါကနဲ.. ရွာလိုက်တဲ့
မိုးရေတွေအောက်မှာ..
အိုး.... လူတွေ လူတွေ မြင်မကောင်းပါလား..}
{ပျော်ပါစေရယ် အားခဲလို့ပေးလိုက်မဟဲ့..
အင်.. ဘာကိုပေးရပါ့...
ငါတို့ လက်တွေထဲမှာ ဘာမှရှိတာမှမဟုတ်တာ..}
စာရေးသူ...ကိုကိုးအိမ်(မန္တလေး) 13-10-2010

5 ယောက်ကစာမူခပေးသွားပါတယ်:
မောင်ကိုးအိမ်
လက်ထဲမှာ ဘာမှ မရှိတာတော့ မဖြစ်နိုင်ဘူး... ထမင်းတထုပ်တော့ ပေးနိုင်လောက်ပါရဲ့..။
မန္တလေးမှာလည်း မိုးတွေရွာမယ်.. တခြား ဒေသတွေလည်း မိုးကောင်းတယ်လို့ ကြားရတယ်.. အင်း.. မဖြစ်သင့်တာတွေ မဖြစ်ပါစေနဲ့လို့.. ဆုတောင်းပါတယ်..။
မအားလို့ မရောက်တာပါနော်.. အခုလည်း အပြေးအလွားပေါ့..
ဘွားဗေ..
ဝေါကနဲ့ရွာလိုက်တဲ့မိုးအောက်မှာ မြင်မကောင်းအောင်
ဖြစ်နေတဲ့လူတွေအတွက်.........
ငါတို့လက်တွေထဲမှာ ဘာမှရှိတာမှမဟုတ်ပေမဲ့
ငါတို့တက်နိုင်တာပဲ ကူညီကြတာပေါ့
ဟီး အဲ့လိုလား ကိုကိုကိုးရေ
ခင်မင်စွာဖြင့်
ညအလင်္ကာ
ကဲ...ကိုကိုးးးရေ...
ရေးထားလိုက်တာများနော်....
အားပေးမယ်ရယ်လို့ ....အားခဲလို့ ရေးလိုက်မဟဲ့..
အင်းးးးဘာကိုရေးရပါ့....ငါ့စိတ်ထဲမှာ ရှိနေခဲ့တာက
...ပျော်ရွှင်ပါစေ...ကိုကိုးအိမ်ရေ...:)
...ခင်မင်လျှက်...ခင်မာလာအောင်...:)
ကဗျာ ဆိုတာမျိုးက ကဗျာရေးတဲ့ သူရဲ့ ခံစားချက်ကို လိုက်ရှာနေဖို့မဟုတ်ဘူး ကဗျာထဲက စကားလုံးတွေနဲ့ ကိုယ့် စိတ်ထဲမှာ ထင်ဟပ်လာတာတွေကို match ဖြစ်အောင် တွဲပေးနိုင်ရင် ရပြီ
ဆြာသမား ကဗျာကို ကျုပ်လိုက်တွဲနေတာ
အဓိပ္ပါယ် သုံးမျိုး ထွက်သွားပြီ..

Post a Comment