တောမောင်နှံ

|

တိမ်မင်းငယ်ဆန်
လွမ်းဟန်ဟန် ပေါ်လေ့သမို့
မျက်ရှူတော် မူလင့်ပါနဲ့
တိမ်မာန်ဖွဲ့ နွဲ့ကာသိမ်းတော့
ယိမ်းပါပေ့ ကိုရွှေမောင်ရယ်
မျောချေတော့မယ်..

လွမ်းရေးငယ်ဖန်
တေးမာန်တွေသွယ်သွယ်ကြွလို့ရယ်
ဟစ်အော်ကာလာခဲ့စမ်းပါနဲ့
ကျုပ်ရှင်ရယ် သမီးကိုချစ်ရင်ဖြင့်
အဖေကိုပီအောင်ပေါင်း
ကြောင်းလေလှည့်ကွယ်.....

ချစ်ခြင်းငယ်ထန်
တောသူမေ ပျိုဖြူချောကိုလ
ယောအလှ ယောဟန်
တောမာန်ဟုန်ဝင့်ကြွား
အလှတွင်အယဉ်ဆင့်ပေမို့
မောင့်ပျိုဖြူ ခင်ခင်နှမရယ်...
ရွှေနားတော်လွှတ်ကာသွင်းလို့
ယွန်းချေစို့ကွယ်....

ကိုကိုးအိမ်(မန္တလေး)

4 ယောက်ကစာမူခပေးသွားပါတယ်:

မင်းဧရာ said...

ကောင်းလိုက်တာဗျာ
ယခုခေတ်ကာလမှာ အဲသလိုမျိုး လေးတွေရေးဖွဲ့နေတာကိုတွေ့နေရတော့ ချီးကျူးမိတယ်ဗျို့။

mstint said...

ဒီလိုလေးတွေလည်း ရတယ်ပေါ့။ တော်ပါပေ့ ကိုကိုးရေ။
စကားမစပ် အရပ်ပိုမြင့်တဲ့တစ်ယောက်က ကိုကိုးလား?
ကဗျာလေးနဲ့ သရုပ်ဖော်ပုံလေး ကွက်တိပဲး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

သူကြီးမင်း (တုံးဖလား) said...

မစ်စတာ နိုင်း ဟောက်စ်ရေ။
ဒီကဗျာလေး အတော်ကြိုက်သွားပြီ။ မန်းဟန် နန်းဟန်နဲ့ ယဉ်တလေ့လေ့ ရှိလှတယ်။ ဖတ်လို့ကောင်း ရွတ်လို့ကောင်းဗျ။

ကိုကိုးအိမ်(မန္တလေး) said...

တီတင့်ရေ... အဲဒါ ကိုကိုးငယ်ငယ်တုန်းကပေါ့.... :D.....

ဦးကိုကိုမောင်ရေ.....
ဘိလပ်သားတွေကိုရွတ်ပြပေးပါ.... :D

ကျေးဇူးတင်ခင်မင်စွာဖြင့်

 

©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB