ဆောင်းသက်လေမှီ

|

နေခြည်နွေးနု၊ ဆောင်းရတုမှာ
လွမ်းလှကြာခြည်၊ ဘယ်ဆီမျှော်မှန်း
စိတ်ဝယ်တမ်းခဲ့။

မှိုင်းပျဝေမှုန်၊ ချစ်ခြင်းသုန်သည်
ကုန်မငြီးဖွယ်၊ လွမ်းသက်လှယ်မှာ
တမ်းခွင့်သာခဲ့။

ရောက်ပြန်သည်ဆောင်း၊ ချိန်ကြာညောင်းလဲ
ကြည်ဘဝင်ငွေ့၊ ဘယ်မမေ့သည်
လွမ်းသူ့သက်လျာ၊ မောင့်သည်းညှာ။

ကိုကိုးအိမ်(မန္တလေး)

8 ယောက်ကစာမူခပေးသွားပါတယ်:

mstint said...

နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့ ကဗျာလေး အားပေးသွားတယ် ကိုကိုးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

သူကြီးမင်း (တုံးဖလား) said...

မစ်စတာနိုင်းဟောက်စ်
အခုတလော ပိုပိုနုနုလာသလိုဘဲ။း)

သူကြီးမင်း (တုံးဖလား) said...

မစ်စတာနိုင်းဟောက်စ်
အခုတလော ပိုပိုနုနုလာသလိုဘဲ။း)

သူကြီးမင်း (တုံးဖလား) said...

မစ်စတာနိုင်းဟောက်စ်
အခုတလော ပိုပိုနုနုလာသလိုဘဲ။း)

blackroze said...

ကဗျာလေးကနုချက်..

နွေလ said...

ဆောင်းသက်လေမှီ
ခေါင်းစဉ်လေးကအစ
ကဗျအဆုံးအထိ နူးညံ့မှုတွေ
ပါဝင်ပေါင်းစပ်နေ

မိုးသက် said...

နုထှာအေ..

အင်းတော်ရှမ်း said...

ဆောင်းရနံ့တွေသင်းပျံစေတဲ့ ကဗျာလေးကို အေးချမ်းလွမ်းဆွတ်စွာ ခံစားသွားပါတယ်

 

©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB