ဆုငွေ သိန်း၁၅၀၀ ရမယ့်ဥာဏ်စမ်းလေးပါ

|

အဟမ်း ဥာဏ်စမ်းပုစ္ဆာကို မမေးခင်မှာ ဆုငွေ နဲ့ ဖြေပုံဖြေနည်းနဲ့ ပတ်သက်ပြီး အမှာစကားလေးနည်းနည်းလောက် ပြောပါရစေ ခင်ဗျ။ ပထမဆုံးပြောချင်တာ က ဆုငွေကို သိန်း ၁၅၀၀ တောင်ကြေငြာထားတော့ တကယ်ရောပေးပါ့မလားလို့ သံသယ မရှိကြ ပါနဲ့။အမှန် တကယ်ပေးမှာ ဖြစ်ကြောင်းပါ။

ကဲ ဥာဏ်စမ်း ပုစ္ဆာလေးက ဂလိုခင်ဗျ၊ လွယ်ခက်လေးပါ။

တစ်ခါတုန်းက နယ်ကတက္ကသိုလ်ကျောင်းသားလေးသုံးယောက်ဟာ ရန်ကုန်မှာ အဆောင်တစ်ခုကို တစ်လ သုံးဆယ်ကျပ် နဲ့ ငှားပြီးကျောင်းတက်ကြပါတယ်။ လကုန်တဲ့အခါ တစ်ယောက်တစ်ဆယ်စီစုပြီး အိမ်နားက ကောင်လေးတစ်ယောက်နဲ့ အဆောင် ပိုင်ရှင် မိန်းမကြီးဆီကို လခ သုံးဆယ်ကျပ်ကို ပေးခိုင်းလိုက်ပါတယ်။ ကောင်လေးက သွားပေးတဲ့အခါ အဆောင်ပိုင်ရှင်မိန်းမကြီး ကလည်း ကျောင်းသားလေးတွေပဲ လို့ တွေးပြီး လခ သုံးဆယ်မှာ ငါးကျပ်လျှော့ပြီး ၂၅ ကျပ်ပဲယူလိုက်ပါတယ်။ ငါးကျပ်ကိုတော့ လာပေးတဲ့ ကောင်လေးက တဆင့်ပဲ ကျောင်းသားတွေကို ပြန်ပေးခိုင်းလိုက်ပါတယ်။ အဲ့ဒီမှာ ကောင်လေးက ဒီလို စဉ်းစားတယ်။ ပြန်ပေးလိုက်တဲ့ ငါးကျပ်ကို ကျောင်းသားသုံးယောက်ကို ပြန်ပေးတဲ့အခါ အဝေမတည့်ဖြစ်မယ်ပေါ့။ ဒါနဲ့ သူက ငါးကျပ်ထဲက နှစ် ကျပ်ဖိုး မုန့်ဝယ်စားလိုက်ပြီး ကျန်တဲ့သုံးကျပ်ကို ကျောင်းသားတွေကိုပြန်ပေးလိုက်တယ်။ သူမုန့်နှစ်ကျပ်ဖိုးဝယ်စားခဲ့တဲ့အကြောင်း လည်း သူက ပြောပြပါတယ်။ ကျောင်းသားသုံးယောက်လည်း ကျန်တဲ့ သုံးကျပ်ကိုပဲ တစ်ယောက်တစ်ကျပ်စီ ခွဲယူလိုက်ကြပါတယ်။

ဒီ အထိကို ရှင်းရောရှင်းရဲ့လားမသိဘူးခင်ဗျ။ ဟုတ်ကဲ့ အဖြစ်အပျက်ကတော့ အဲ့ဒီမှာ ပြီးပါပြီ။

အဲဒီနောက်မှာ ကျောင်းသားတွေက စဉ်းစားပါတယ်။ ငါတို့ သုံးယောက်ပေးလိုက်တာက တစ်ယောက်ကို တစ်ဆယ်၊ ဒါပေမယ့် တစ်ကျပ်စီပြန်ရတော့ တကယ်ပေးလိုက်ရတာက ကိုးကျပ်စီပေါ့။ အဲဒီတော့ တစ်ယောက် ကိုးကျပ်နဲ့ သုံးယောက်ကို ၂၇ ကျပ်၊ ဟို ကောင်ကလေး မုန့်ဝယ်စားလိုက်တာက နှစ်ကျပ် ဆိုတော့ အားလုံးပေါင်းနှစ်ဆယ့်ကိုးကျပ်။ ပထမ ပေးလိုက်တာက ၃၀ ။ အဲဒီမှာ တစ်ကျပ်ဘယ်ရောက်သွားလဲ။ အဟမ်း ဟုတ်ကဲ့ ၊ အဲဒါကတော့ အခုဖြေရမယ့် ပုစ္ဆာပါပဲ။

မေးခွန်းကို ဖြေဆိုရာမှာတော့ စည်းကမ်းတစ်ခုတည်းရှိပါတယ်။ အဲဒါကတော့ သင်္ချာဥာဏ်စမ်းဖြစ်လို့ အဖြေအပြင် စဉ်းစားပုံ စဥ်းစားနည်းကို ပါဖြေရမှာဖြစ်ပြီး စဉ်းစားပုံ ပါမှန်မှ ဆုငွေရမှာဖြစ်ပါတယ်။ အဖြေတွေကို Comment ရေးပြီးတော့ဖြေရမှာပါ။
ကျန်တာကတော့ အကုန်လွတ်လွတ်လပ်လပ်ပါပဲ။ ဘယ်သူမဆို အရေအတွက် အကန့်အသတ်မရှိကြိုက်သလောက်ဖြေနိုင်ပါတယ်။ အဖြေမှန်သူမပေါ်မချင်း အချိန်အကန့်အသတ်မရှိဖြေနိုင်ပါတယ်။ ပထမဆုံး အဖြေမှန်သူတစ်ဦးတည်းကို ပဲ ဆုပေးမှာဖြစ်ပါတယ်။

ပထမဆုံး အဖြေမှန်ကို ဖြေဆိုနိုင်သူအား
ဆုငွေ သိန်း-၁၅၀၀/-(ကျပ်သိန်းတစ်ထောင့်ငါးရာတိတိ)

ကို ကံကောင်းပါက ရရှိနိုင်မည့် နှစ်ရာကျပ်တန် အောင်ဘာလေထီလက်မှတ်တစ်စောင်ကို ပဟေဋ္ဌိ စီစဉ်သူက ရက်ရောစွာ ချီးမြှင့်မည် ဖြစ်ပါကြောင်း။

ဆရာမေးဖူးတဲ့ ဥာဏ်ပုစ္ဆာလေးတစ်ပုဒ်ပါ စဉ်းစားလိုက်ရအောင်နော်
စာရေးသူ...ကိုကိုးအိမ်(၁၇.၉.၀၉) ညနေ ၅နာရီ

5 ယောက်ကစာမူခပေးသွားပါတယ်:

သက်တန့်ချို said...

ပို့စ်လေးကကောင်းတယ်ညီ

SHWE ZIN U said...

အဟဲ သိသေးဘူးဗျ

moe kha said...

1 kyat ma lo par bu...bar phyit lo lae so tog..... tu do 3 york pay tar 27 kyat tae par , 30 ma hote to lo... home pain shin ca 25 kyat u tal...kg lay ca mote 2 kyat phoe will sar tal... r lone poung mha 27 kyat .. kwat ti par bae

အလင်းရောင် said...

အစပိုင်းသူတို့ ဟာ တစ်ယောက် ၁၀ နှုန်းနဲ့ စုပေးလိုက်ကြပေမယ့် တစ်ကျပ်ပြန်ရတဲ့နောက် သူတို့ ပေးလိုက်ရတဲ့ နှုန်းထားဟာ ၉×၃= ၂၇ ကျပ်ပဲ ဖြစ်ပါတယ်..။ အဲ့ ၂၇ ကျပ်ကို အဆောင်ရှင် အဒေါ်ကြီးက ၂၅ ကျပ် ယူပြီးတော့ အိမ်ဘေးက ပေးခိုင်းတဲ့ ကလေး က ၂ ကျပ်မှုန့် ဝယ်စားလိုက်တာ ပါ..။ သူတို့ ပေးခဲ့တာ ပထမ မှာ ၃၀ ဆိုပေမယ့် ၁ကျပ်ပြန်ရပြီးတ့နောက်မှာ ၉×၃= ၂၇ ကျပ်ပဲ ဖြစ်တာမို့  ၁ ကျပ်သည် ပျောက်ဆုံးခြင်းမရှိပါ...။

Anonymous said...
This comment has been removed by the author.
 

©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB