သတ္တိ……………….
သတ္တိဆိုတဲ့စကားကို လူတိုင်းကြားဖူးကြမှာပါ။ မိုက်တယ်ဆိုတဲ့စကားကိုလည်းကြားဖူးကြပါလိမ့်မယ်။ ဒီစကား
နှစ်ရပ်ဟာရှင်းရှင်းလေးနဲ့ ကပ်ရှုပ်တတ်တဲ့ စကားလေးနှစ်လုံးပါ။ လူတော်တော်များများက ကိုယ်မိုက်တာကို မိုက်မှန်းမသိဘဲ ငါတို့ကသတ္တိရှိတယ်ဟေ့ တို့ ငါလောက်သတ္တိရှိတဲ့လူဒီဇဗ္မူရှိသေးလား တို့ ပြောတတ်ကြပါတယ်။ တကယ်တော့ သတ္တိရှိတယ်ဆိုတာ လူအများလုပ်နိုင်ခဲ့တဲ့ အလုပ်ကို လုပ်နိုင်တာ လူအများကျင့်နိုင်ခဲတဲ့အကျင့်ကိုကျင့်နိုင်တာမှ တစ်ကယ်တမ်း သတ္တိရှိတယ်လို့ပြောလို့ရပါတယ်။ ဥပမာပြောရ ရင် လူတစ်ယောက်က ကိုယ့်ကို ရန်စလာပြီဆိုပါစို့။……။ ဒေါသတွေထွက်ပြီး စိတ်တွေဆိုးပြီဆိုကတည်းက ကိုယ့်ဘက်ကစပြီးရှုံးပါပြီ။ တကယ်တမ်းအဲဒီည ဒေါသထွက် စိတ်ဆိုးတဲ့အပြုအမူတွေဟာ သတ္တိမရှိတဲ့ အပြုအမူတွေပါပဲ။ အရင်းစစ်ကြည့်လိုက်စမ်းပါ။။……………..။
စိတ်ဆိုးအောင်ဘယ်သူလုပ်တာလည်း ကိုယ့်ကိုယ်တိုင်ပဲပြန်လုပ်နေတာပါ။ တစ်ဖက်လူက ကိုယ့်ကို ရန်စပြီဆို ကတည်းက ကိုယ့်ကိုထိခိုက်နစ်နာစေချင်တဲ့ ဆန္ဒကပါလာပြီးသားပါ။ အဲဒါကို ကိုယ်က ဒေါသထွက်မယ် စိတ်ဆိုးမယ်ဆို သူ့အလိုကျ လိုက်လုပ်ပေးလိုက်တာနဲ့တူတူပါပဲ။ အဲဒီအပြုအမူတွေဟာစိတ်အခြေအနေအား နည်းသူတွေရဲ့အပြုအမူတွေပါပဲ။ အရှင်းဆုံးဥပမာနဲ့ပြရရင်တော့ လူတစ်ယောက်က ကိုယ့်ကိုပစ္စည်းတစ်ခုပေးပြီ ဆိုပါစို့။ အဲဒီပစ္စည်းပေးတဲ့သူက ဘယ်လောက်ပဲဇွတ်ပေးပေး ယူချင်တဲ့သူက ယူမှရတာပါ။
အဲဒီလိုပဲ စိတ်မချမ်းသာစရာတစ်ခုခုကို လူတစ်ယောက်ယောက်က ကိုယ့်အပေါ်ကျူးလွန်လာလို့ ကိုယ့်စိတ်ထဲမှာခံစားနေရပြီိဆိုရင် အဲဒါကိုယ်ကိုယ်တိုင်လက်ခံ လိုက်လို့ပါပဲ ကိုယ်ကမယူဘူးဆိုရင်သူဘယ်လို ပေးပေးရမှာမဟုတ်ပါဘူး။ လူတိုင်းနည်းပါးဒေါသထွက် ဖူးကြမှာပါ။ ဒေါသထွက်လာပြီ ဆိုရင် ဘာကိုမှ မမြင်နိုင်ကြတော့ပါဘူး။ အဲဒီချိန်မှာ ဘာပဲလုပ်လုပ် အမှားတွေနဲ့ ရင်ဆိုင်ဖို့သေချာသလောက်ရှိနေပါပြီ။အမှား တွေဖြစ်ပြီဆိုကတည်းက ကိုယ့်ဘက်ကရှုံးဖို့သေချာသလောက်ရှိနေပါပြီ။အခြားလူတွေ ကိုယ့်အပေါ်ဘာတွေ ပဲလုပ်လာလုပ်လာ အပြုံးမပျက်ဘဲ သူတို့ကို ရင်ဆိုင်ကြည့်လိုက်စမ်းပါ။ အရမ်းအံ့သြစရာကောင်းတဲ့ အဖြစ်အပျက်တွေ ဖြစ်ပျက်သွားတတ်ကြတာကို စာဖတ်သူတို့ တွေ့မြင်ကြရမှာပါ။
ပထမဆုံးအနေနဲ့ ကိုယ့်အပေါ်ကျူးလွန်လာသူဟာ အရမ်းအံ့သြသွားပါလိမ့်မယ်။ နောက်ပြီး သူလုပ်တဲ့အလုပ် မအောင်မြင်လေခြင်းဆိုပြီး နောင်တတွေရပါလိမ့်မယ်။ မအောင်မြင်လေခြင်းဆိုပြီးနောင်တတွေ ရပါလိမ့်မယ်။ ပြီးရင် သူ့ကိုယ့်သူဒေါသတွေထွက်လာပါလိမ့်မယ်။ အဲဒီအအချိန်မှာ ကိုယ်ကတော့ ပြုံးပြုံးလေးပါပဲ။…………
နောက်တစ်ပိုင်းဆက်လက်ရေးသားပါဦးမည်။………..။
ပထမဆုံးအနေနဲ့ ကိုယ့်အပေါ်ကျူးလွန်လာသူဟာ အရမ်းအံ့သြသွားပါလိမ့်မယ်။ နောက်ပြီး သူလုပ်တဲ့အလုပ် မအောင်မြင်လေခြင်းဆိုပြီး နောင်တတွေရပါလိမ့်မယ်။ မအောင်မြင်လေခြင်းဆိုပြီးနောင်တတွေ ရပါလိမ့်မယ်။ ပြီးရင် သူ့ကိုယ့်သူဒေါသတွေထွက်လာပါလိမ့်မယ်။ အဲဒီအအချိန်မှာ ကိုယ်ကတော့ ပြုံးပြုံးလေးပါပဲ။…………
နောက်တစ်ပိုင်းဆက်လက်ရေးသားပါဦးမည်။………..။

4 ယောက်ကစာမူခပေးသွားပါတယ်:
စိတ်သတ္တိ၊ ဒေါသ အမှားတွေ ဖတ်သွားပါတယ်၊ ဆက်ရန်စောင့်ဖတ်ပါမယ်၊
ကိုကိုး ရေ..
မျှော်နေတယ်နော်..ဆက်ရန်ကို..။
အခုမှ အားတယ်။ ရောက်ရောက်ချင်း စိတ်ခွန်အားတွေ ပေးနေတာတွေ့ရလို့ ၀မ်းသာသွားတယ်။ မျှော်နေတယ်။
အဲဒီဒေါသကထိန်းမရသေးဘူး ကိုကိုးအိမ်ရေ ကြိုးစားရအုန်းမယ်
Post a Comment