ကိုယ်ကပြုံးနိုင်လေ သူကဒေါသပိုထွက်လေပါပဲ။ တကယ်တမ်း ပြောရရင် ဒီနည်းလေးကို စာရေးသူကတော့ ပြုံးပြုံးလေးနဲ့ နိုင်တဲ့နည်းလို့ ရိုးရိုးလေး ကင်ပွန်းတပ်လိုက်ချင်ပါတယ်။ စာဖတ်သူအနေနဲ့ ဒီနည်းလေးကို အကြိမ်ရေများများ ကြိုးစားစရာမလို ပါဘူး။ တစ်ကြိမ်လောက်သာစမ်း လုပ်ကြည့်လိုက်စမ်းပါ။ ဒီနည်းလေးရဲ့အစွမ်းကို မျက်မြင်တွေ့ရမှာပါ။ တစ်ခါလောက်လုပ်ပြီးရင် နောက်တစ်ကြိမ် ကြုံလာပြီဆိုလည်း ဒီနည်းလေးနဲ့ပဲ အနိုင်ယူချင် လာလိမ့်မယ်ဆိုတာ စာရေးသူ အတပ်ပြောရဲပါတယ်။ ဒီနည်းလေး ဆိုလို့လည်း အထင်မသေးလိုက်ပါနဲ့ဦး။ ဒီနည်းလေးက ကိုယ့်ရန်သူကိုမှမဟုတ်ပါဘူး။ လောကကြီးကို တောင် ပြုံးပြုံးလေး အနိုင်ယူနိုင်တဲ့ နည်းလေးပါ။ ပျော်စရာ၊ ၀မ်းနည်းစရာ၊ ဘယ်လိုပဲ လောကကြီးကပေးတဲ့ လောကဓံကိုပဲကြုံ ကြုံ ဒီနည်းလေးသာရှိသာပိုင်ထားလို့ကတော့ နင်လားဟဲ့လောကဓံ ဆိုပြီး အံတုနိုင်မဲ့နည်းလေးပါ။
နောက်ဆုံးအနေနဲ့ စာဖတ်သူကို စာရေးသူလက်ကိုင်ထားတဲ့ ပြုံးပြုံးလေးနဲ့နိုင်တဲ့နည်း တစ်ခုလောက်လက်ဆောင်ပေး လိုက်ပါ့မယ်။ စာရေးသူကို ခွန်အားတွေပေးနိုင်တဲ့ စကားစုသေးသေးလေးပါ။ ဒီစာသားလေးကို ဆရာတော် အရှင်ရဝေနွယ်ရဲ့ မဂီလာအတွေးများမှာဖတ်ရပြီးကိုယ်ပိုင်ကျင့်သုံးခဲ့တာပါ။ အဲဒီစာသားလေးကတော့' This too will pass ' 'ဒါလည်းပြီးသွားမှာပါ'ဆိုတဲ့ စကားလေးပါ။ ဒီစကားလေးသာ လက်ကိုင်ထားပြီးကိုယ် ပိုင်လုပ်နိုင်လို့ကတော့ ကောင်းတာတွေကြုံလို့လည်း အရမ်းကြီးဝမ်းမသာ ဆိုးတာတွေဖြစ်လာလို့လည်း အရမ်းကြိးဝမ်းမနည်းတတ်တော့ပါဘူး။ စိတ်တွေအရမ်းညစ်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ်ပေါက်နေတဲ့လူအတွက် ဆိုရင်တောင် ဒီစကားလေးကို နှလုံးသွင်းလိုက်မယ် ဆိုရင် စိတ်ချမ်းသာရာရသွားမှာပါ။
လူတိုင်းမှားစိတ်ညစ်စရာ ၀မ်းနည်းစရာတွေကတော့ အနည်းနဲ့ အများရှိကြတာပါပဲ။ စာရေးသူမှာလည်းရှိတာပါပဲ။ အဲလိုစိတ်ညစ်စရာတွေကြုံလာတိုင်း စာရေးသူက 'ဒီစိတ်ညစ်စရာတွေကို ဘယ်သကမှလာပေးတာမဟုတ်ဘူး၊ ငါကိုယ်တိုင်လက်ခံနေလို့ ခံစားနေရတာ၊ အချိန်တန်ရင်တော့ ဒ်ါလည်း ပြီးသွားမှာပါပဲ' လို့စိတ်ထဲ မှာ အထပ်ထပ်တွေးနေလိုက်တော့တာပါ။ စာဖတ်သူတွေလည်း နှလုံးသွင်းမှန်ပြီး ဘယ်အရာပဲ ကြုံလာ ကြုံလာ ကြံ့ ကြံ့ခံနိုင်တဲ့ နှလုံးသားတစ်စုံနဲ့ စိတ်အင်အားသတ္တိ ပြည့်ဝသူတွေဖြစ်စေချင်တာပါ။
စိတ်အားသတ္တိပြည့်ဝသူတွေဖြစ်ကြပါစေ။
စာရေးသူ...ကိုကိုးအိမ် (၂၂.၁၂.၂၀၀၉ ည ၇နာရီ ၄၅မိနစ်)

1 Comentário:
This too will pass
အဲဒီစကားလေးကို အကြိုက်ဆုံးပါပဲ.. ဆရာတော် ရဝေနွယ်ရဲ့ စာအုပ်လည်း ဖတ်ဖူးပါတယ်.. တစ်ခါတလေ စိတ်ဆင်းရဲစရာ ကြုံတဲ့အခါ ဒီစကားလေးနဲ့ အားတင်းရတာပါပဲ..
Post a Comment