ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်ရှိမင်္ဂလာဈေးမီးလောင်

|

ရန်ကုန်တိုင်းမင်္ဂလာတောင်ညွန့်မြို့နယ်မှာရှိတဲ့ မင်္ဂလာဈေးမှာ မီးလောင်နေတယ်လို့ ကြားသိရပါတယ်။ အခုလောင်တဲ့မီးဟာ လွန်ခဲ့တဲ့နှစ်ဆီက မန်းတလေးရတနာပုံဈေးမှာလောင်တဲ့မီးလိုမျိုး အခြေအနေဖြစ်လိမ့် မယ်လို့လည်း ခန့်မှန်းနေကြပါတယ်။ ယခုမီးလောင်နေသော မင်္ဂလာဈေးမှာ  မြို့တော်စည်ပင်သာယာရေးပိုင် ဈေးတစ်ခုဖြစ်ကြောင်းလည်း သတင်းရရှိပါတယ်။ ထိုမီးလောင်ကျွမ်းမှူ့မှာ နံက် 8 နာရီခန့်မှ စတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်းလည်း သိရှိရပါတယ်။ ဘယ်ကစတဲ့မီးဆိုတာတော့ အတိအကျသိရှိရခြင်း မရှိသေးပါဘူး။လက်ရှိအနေအထားအရလည်း မီးငြိမ်းသတ်မှူ့ကိုပြုလုပ်နေတယ်လို့ သိရပါတယ် ။ နောက်ပိုင်းအခြေအနေကိုတော့ သတင်းအနေအထားအရ ပြန်လည်မျှဝေပါ့မယ်ခင်ဗျာ။ အောက်မှာလည်း ပုံတွေကို Eleven မှ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။...






မျှဝေသူ..ကိုကိုးအိမ်(24*5*2010)

1 Comentário:

Zay Tar Yar said...

လောင်တယ်နော် ရေတာသောက်စရာမရှိတာသေတော့
ရေနစ်သေတယ်ဆိုသလိုပါဘဲ ၊ ဟုတ်ကဲ့ဒီလောက်ပါဘဲ..။

 

©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB