န၀ရတ်ကိုးသွယ်အကြောင်းသိကောင်းစရာ

|


အပေါ်ကပုံလေးကတော့ န၀ရတ်ကိုးသွယ်ရဲ့နေရာထားသိုပုံလေးပါ။

ဒီပုံလေးကတော့ န၀ရတ်ကိုးသွယ်ကို လက်စွပ်ကွင်းဝတ်ရင်ထားသင့်တဲ့ နေရာအထားအသိုလေးပါ။

                                            ဒီပုံလေးကတော့ န၀ရတ်ကိုးသွယ်ကို အတန်းလိုက်ဆင်မြန်းထားပုံလေးပါ။
ဒီတစ်ခါတော့ ကိုးတို့မြန်မာလူမျိုးတွေအလေးအမြတ်ထားဝတ်ဆင်တတ်ကြတဲ့ န၀ရတ်ကိုးသွယ်အကြောင်းကို ရေးမှာပါ။ န၀ရတ်ကိုးသွယ်ဆိုတာ တန်ဖိုးကြီးရုံတင်မဟုတ်ဘဲ  ရတနာအသီးသီးတို့ရဲ့ အသုံးဝင်ပုံ ဂုဏ်ရည်တွေလည်း အများကြီးရှိပြီး  တစ်ခုချင်းစီအလိုက်အရည်အသွေးတွေလည်း အများကြီးရှိပါတယ်။ အဲဒါကြောင့်လည်း န၀ရတ်ကိုးသွယ်ဆိုပြီး တင်စားခေါ်ဝေါ်ခဲ့ကြတာပါ။

န၀ရတ်ကိုးသွယ်နဲ့ပြုလုပ်ထားတဲ့ လက်ဝတ်ရတနာတွေကို ၀တ်ဆင်ကြသူတွေဟာ အသက်ရှည်ခြင်း၊ မင်္ဂလာရှိ ခြင်း၊ ကျက်သရေနှင့်တင့်တယ်ခြင်း၊ အမှောင့်ပယောဂနဲ့ ဘေးဥပါဒ်အန္တရာယ်တွေကို ကာကွယ်နိုင်ခြင်း၊ လူနတ် ချစ်ခင်ရိုသေခြင်း အစရှိတဲ့ ကောင်းကျိုးချမ်းသာတွေကို ခံစားရစေနိုင်စွမ်းရှိကြပါတယ်လို့ ရှေးအစဉ်အဆက်ပြောဆိုခဲ့ကြပါတယ်။ ကောင်းကျိုးတွေအများကြီးပေမယ့် န၀ရတ်ကိုးသွယ်ကို လက်လွတ်စပယ်ဝတ်ဆင် လို့မရသလို လက်လွတ်စပယ်ခတ်လုပ်လို့လည်းမရပါဘူး။ ရက်ကောင်းရက်မြတ် အခါကောင်းကိုရွေးပြီးမှ ကိုယ်လက်သန့်ရှင်းစင်ကြယ်စွာနဲ့ သီလလုံခြုံမှ န၀ရတ်ကိုးသွယ်ရတနာတွေကို ခတ်လုပ်လို့ရပါတယ်။ ၀တ်ဆင်တဲ့သူတွေကလည်း သီလသမာဓိနဲ့ပြည့်စုံပြီး မသန့်ရှင်းတဲ့အရာတွေကို မကိုင်တွယ်မိစေဖို့ သတိထားရပါတယ်။ ၀တ်ဆင်နေတုန်းမှာလည်း တရော်ကင်ပွန်းတို့လို နံသာရည်တို့လိုမျိုးနဲ့ မကြာခဏသန့်ရှင်စင်ကြယ်စေရပါတယ်။ အမျိုးသမီးများအတွက်ဆိုရင်လည်း ညာဘက်လက်မှာပဲဝတ်ဆင်သင့်ပြီး ကိုယ်မသန့်ရှင်းတဲ့အခါတွေမှာလည်း မ၀တ်ဆင်သင့်ပါဘူး။ အဲဒီလို ဥပဒေသတွေအများကြီးနဲ့ ရပ်တည်နေတဲ့ န၀ရတ်ကိုးသွယ်ပါ။

န၀ရတ်ကိုးသွယ်ရဲ့ အစွမ်းသတ္တိတွေကိုလည်း ရှေးတုန်းက ပညာရှိတွေက စားချိုးကလေးဖြင့် စပ်ဆိုခဲ့ကြပါတယ်။ ပတ္တမြားဘုန်းတောက်၊ မြကျောက်အေးချမ်း၊ စိန်စွမ်းဂုဏ်ရောင်၊ ကြောင်ကားသိဒ္ဓိ၊ မဏီနီလာ၊ မေတ္တာကဲချုပ်၊ ဂေါ်မုတ်ခွန်အား၊ ဥဿဖရားကျန်းမာ၊ သန္တာကြီးကဲ၊ ပုလဲကျက်သရေ၊ ဂုဏ်ကိုးဝေသည်၊ ကိုးထွေန၀ရတ်အစွမ်းတည်း။ ပါတဲ့ခင်ဗျာ။
 
န၀ရတ်ကိုးသွယ်လို့လူတိုင်းပြောနေကြပေမယ့် န၀ရတ်ကိုးသွယ်ဆိုတာကို သိပ်ရေရေရာရာမသိကြပါဘူး။ အဲဒါကြောင့် ကိုးက သိစေချင်တဲ့စေတနာကိုအရင်းခံပြီး တင်ပြလိုက်တာပါ။


န၀ရတ်ကိုးသွယ်စာရင်းဝင်တွေကတော့   ပတ္တမြား၊ မြ၊ စိန်၊ ကြောင်၊ က္ကန္ဒနီလာ၊ ဂေါ်မုတ်၊ ဥဿဖရား၊ သန္တာ၊ ပုလဲ  စတာတွေပဲဖြစ်ပါတယ်ခင်ဗျာ။ 
 
န၀ရတ်ကိုးသွယ်ရဲ့ ရတနာတစ်ခုချင်းစီကို ပို့စ်တစ်ခုချင်းအလိုက် ထပ်တင်ပေးသွားပါဦးမယ်။

စာရေးသူ……ကိုကိုးအိမ်

6 ယောက်ကစာမူခပေးသွားပါတယ်:

မဗေဒါ (၈၈) said...

မောင်ကိုးအိမ်

မှတ်သွားတယ် .. တကယ်ပဲ မသိတာ.. တန်ဖိုး၇ှိတဲ့ကျောက်တွေလို့ပဲ နားလည်ခဲ့တာ.. အခုတော့ ကျေးဇူးရှင် မောင်ကိုးကြောင့် သိခွင့်ရ၏..။

စေတနာအရင်းခံလေးကို ကျေးဇူး.. သီချင်းကို လာအမှတ် ပြန်ပေးဦးလေ...။

ွဘွားဗေ

မဗေဒါ (၈၈) said...

မောင်ကိုးအိမ်

မေ့သွားလို့.. မိန်းမတွေ ကိုယ်မသန့်ချိန်ဝတ်ရင် ဘာဖြစ်တက်သတုံး .. လင်းပါဦး .. သုတ အဖြစ်..။

ညာလက်ဆိုတာကရော ဘာကိစ္စ ကြောင့်..။

ဘွားဗေ

အဖြူရောင်နတ်သမီး said...

အဲဒီ နဝရတ်လက်စွတ်ဆိုတာ ဘုန်းကံရှိတဲ့သူတွေ ဥပမာ။ ။မင်း၊ဘုရင်..အဲလိုလူမျိုးတွေပဲ ဝတ်သင့်တယ်ဆိုတာဟုတ်ပါသလား။

ကိုယ်က ဘုန်းနိမ့်နေတဲ့အခါမျိုးမှာ ဝတ်မိရင် ခိုက်တယ်..၊ဥပမာ။ ။ နေမကောင်းဖြစ်တာ၊စီးပွားရေးအဆင်မပြေတာ..တွေဖြစ်တတ်တယ်တဲ့..။

အဲဒါလေး ဟုတ်မဟုတ်..သိပါရစေ..။

ချော(အစိမ်းရောင်လွင်ပြင်) said...

အောက်ဆုံးပုံက န၀ရတ်ဆွဲသီးထင်တယ်
အဲဒါလေးတော့ လိုချင်သား..
ဝတ်ဆင်တဲ့သူတွေက သမာဓိနဲ့ ပြည့်စုံမှ ၀တ်ဆင်သင့်တယ်လို့ ရေးထားတာတွေ့တယ်..
ဒါပေမဲ့ တစ်ချို့တစ်ချို့သော လူတွေဟာ ဘာအကျင့်သီလမှ မပြည့်စုံဘဲ ၀တ်ဆင်ထားတာ တွေ့ဖူးပါရဲ့... ဒီလိုလူမျိုးတွေတော့ ထိုက်တန်တယ် မထင်မိပါဘူး...

Zay Tar Yar said...

ကိုးထွေန၀ရက်ဖော်ကြယ်တွေကပ်ထားတာများလား
လိုချင်တာ ၊ ဇေတို့လို စကြာမင်းလောင်းတွေဝတ်ရင်
ဘယ်လိုဖြစ်တတ်တုန်းသိပါရစေ..။

Anonymous said...

အင်း ကိုကိုးအိမ် ရေ

ရတနာ တွေ မှာ အစွမ်းတွေ ရှိကြပါတယ် ရွှေစင်ဦး ကတော့ လူ့ အစွမ်း ကို ပိုယုံကြည်တယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

 

©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB