မနော်ရမ္မံမှာ ပျော်ခဲ့တဲ့ည

|




မန္တလေးမှာ ရှည်မျောမျောလေးနဲ့ ချစ်စရာအားကစားကွင်းလေးတစ်ခု ပေါ်လာပြန်ပါပြီ။ အဲဒီအားကစား ကွင်းလေး ကိုလွန်ခဲ့တဲ့ တစ်ပတ်လောက်က စဖွင့်လှစ်ခဲ့တာပါ။ အားကစားနည်းတွေ တော်တော်စုံပါတယ်။ လေသေနတ်ပစ်တာ တွေ Dancing Game ကစားတာတွေ၊ ကိုရီးယားကားထဲကလို အရုပ်ကောက်တာတွေ၊ တိုက်ကား စီးစရာတွေ၊ အကြွေစေ့နဲ့ပစည်း လေးတွေဆွဲချ တာတွေ၊ ပူစီပေါင်းပစ် ဖောက်တာတွေ၊ ဘောလုံးကန် တာတွေ၊ ဂီယာဂိမ်းဆော့တာတွေ၊ ကလေးရေကူးကန်လေးတွေ ကလေး ဆော့တဲ့လေ ပူပေါင်းအိမ်ကြီးတွေ၊ မရဏစံအိမ်တို့၊ မှော်ရထားတို့ကအစ ရိုလာကိုစတာ အသေးစား လေးတွေအထိ ရှိပါတယ်။ ဖွင့်တာလည်း မကြာသေးတော့ လူအရမ်းစည်ပါတယ်။ ဆော့ရတာလည်း စက်အသစ် တွေဆိုတော့ ဆော့လို့လည်း အရမ်းကောင်း ပါတယ်။

အဲဒါနဲ့ ကိုးလည်း ဘော်ဒါကြီးနတ်နတ်နဲ့အတူ ပြီးခဲ့တဲ့ညက အရောက်သွားဆော့ဖြစ် ခဲ့ကြပါတယ်။ အဲဒီမှာ ကိုးတို့သဘောအကျဆုံးက Dancing Game ပါ။ ဟဲဟဲ.. မြင်တာနဲ့ မနေနိုင်ဘူးဗျို့။ ချက်ချင်းကို ကွိုင်သွားဝယ် ပြီး (ကွိုင်ဆိုတာ အကြွေစေ့ကိုပြောတာနော်) တစ်ပုဒ်ပြီးတစ်ပုဒ် ကတော့တာပေါ့ဗျာ။ မကတတ်ကတတ်ပေါ့။ ဒါပေမယ့် အရမ်းပျော်ဖို့ကောင်းပါတယ်။ သူပေးထားတဲ့ ပုံလေးတွေကိုကြည့်ပြီး စည်းချက်လေးနဲ့ ကရတာပေါ့။ ဒါနဲ့ ကွိုင်အကြောင်း ပြောရဦးမယ်။ ကွိုင်က တစ်စေ့ကို တစ်ရာပေးရပါတယ်။ သီချင်းတစ်ပုဒ်ကမယ်ဆိုရင် ကွိုင်လေးစေ့ ကုန်ပါတယ်။ နိုင်ရင်ဆက်က နောက်တစ်ပုဒ်မှာ စပါယ်ရှယ် အမှတ်မှတ်ပါပြီ။ အဲဒီမှာ သုံးလေးချက် လောက်ကကွက်မှားရင် အသံဆိုးကြီးနဲ့ Game Over ဆိုပြီး စက်ကြီးကအော်ပါတယ်။ အဲဒီအချိန် အဲဒီအသံကြီး ကြားရရင် အမုန်းဆုံးပါပဲ။ ဟဲဟဲ..။ ဒါပေမယ့် ဘယ်လောက်ပဲ ဂိမ်းအိုဗာဖြစ်ဖြစ် ဇွဲ့မလျှော့စတမ်း ဆက်ကတာက တော့ နတ်နတ်ပါပဲ။ ဘယ်လောက်ကက ခြေရည်မကျဘူးဗျာ.. နဖူးပေါ်ကချွေးတွေ ကျလာတာက လွဲလို့ပေါ့။

အဲဒီမှာ နှစ်ယောက်လုံး ကလို့မောတော့မှ တခြားဘက်တွေ လိုက်ကြည့်ပါတယ်။ အဲဒီမှာ နတ်နတ်ရဲ့ ဇကို သိလိုက်ရတာပေါ့။ ကိုယ်တော်က Las Vagas ကိုရောက်နေတယ် မှတ်သလားမသိ။ မြန်မာနိုင်ငံမှာ ကာစီနိုရုံ မရှိလို့သာပေါ့။ အကြွေစေ့ချချင် ပြန်သတဲ့ ။ ကိုးမှာ မနည်းပြောယူရတယ်။ ဟုတ်တယ်လေ သူဆော့ချင်တဲ့ ကစားနည်းက ကျကာနီး သာဖြစ်တာ တကယ်ချရင် အရမ်းချရခက်တာ။ အကြွေစေ့တွေ ပိုးစိုးပက်စက်ကုန်တာ။ ဒါနဲ့ အရုပ်ကောက်တဲ့နေရာ ရောက်ကရော..။ ကိုယ်တော်က အရုပ်ကောက်မယ်တဲ့။ ကိုးလည်း အင်း.. ကောက်စေပေါ့။ ဒါနဲ့ ကိုယ်တော်က ၀မ်းသာအားရ ကောက်တော့တာပေါ့။ သူက အကြွေသုံးစေ့ထည့် ကောက်ရပါတယ်။ ဒါပေမယ့်ဗျာ ကိုယ်တော်က ကောက်တာ တစ်ခါမှာ မကောက်နိုင်ဘူးပေါ့။ ကောက်တဲ့ သံလက်ကလည်း ချောလို့ပြောင်လို့၊ မွှေးပွရုပ်တွေကလည်း အမွှေးတွေနဲ့ ချောပြောင်နေတာကိုး။ ဘယ်ကောက်လို့ ရပါ့မလည်း။ လက်ကနေဂီယာ နဲ့ရွှေ့ရတာလေ။ အဲဒီအချိန် နတ်နတ်မျက်လုံးတွေက မြင်ဖူး သမျှထဲမှာ အတောက်ပြောင်ဆုံး ထင်တာပဲ။ အရုပ်ကြီးတွေကို စားတော့ဝါးတော့မလို စူးစိုက်ကြည့်ပြီး ကောက်လို့လည်းမရရော အသံနက်ကြီးနဲ့ ထထအော်တာဗျို့။ ဘေးကလူတွေ တောင် ကွက်ကြည့် ကွက်ကြည့် နဲ့ပေါ့။ သူက အဲသလို ဆွဲဆွဲစား နေကျဆိုတော့ အခုအရုပ်ကြီးတွေလည်း ဆွဲစားမယ် တကဲကဲကိုး။ ကဲ.. ဆွဲစားမယ့်နတ်နတ်ရေ ဘယ့်နှယ့်ရှိစ...

အဲဒါနဲ့ နောက်ဆုံးတော့ သေနတ်သွားပစ်ပါတယ်။ သေနတ်က အကြွေနှစ်စေ့ ပေးရပါတယ်။ သေနတ်ကိုးချက် ပစ်ခွင့်ပေးပါတယ်။ ကိုးချက်သာပေးတာ ကိုးပစ်တာ တစ်ချက်ပဲမှန်တယ်.. ဟိဟိ.. ဒါနဲ့ ကြုံတုန်းအတင်း ပြောလိုက်ဦးမယ်.. ဟိုကောင်နတ်နတ်လေ တစ်ချက်မှမမှန်ဘူး သိလား... တူ့ကို ပြန်မပြောနဲ့နော်.. ကွိကွိ
အဲလိုနဲ့ ဟိုမြောက်ဘက် ပတ်ကြည့်လိုက် တောင်ဘက်က ဓားကြီးနဲ့ မြင်းကြီးနဲ့ သူရဲကောင်းကြီးကိုသွားကြည့် လိုက်နဲ့ နောက်ဆုံး ကိုရီးယားကားထဲက နှစ်ဝိုင်းတည်းရှိတဲ့ မြင်းကမ္ဘာကို ငေးပြီး ပြန်ခဲ့တာပေါ့ဗျာ.. အဲနောက်တော့ မိုးချုပ်သွားရောဆိုပါတော့...........................


စာရေးသူ...ကိုကိုးအိမ်(မန္တလေး)



5 ယောက်ကစာမူခပေးသွားပါတယ်:

SHWE ZIN U said...

ကိုးကိုးအိမ် ရေ ရီနေရတယ် နတ်ဆိုးလေး တော့ သနားပါတယ်..

ကြည့်ပေါင်း နတ်ဆိုးလေး ရေ ... အင်း နေရင်းထိုင်ရင်း သူငယ်ချင်း တွေကို သွေးခွဲ ပေးနေပြီ..

အဲဒါ ဘာမှ မဟုတ်ဘူး ဒို့မသွားရသေးလို့

ခင်မင်တဲ့
ရွှေစင်ဦး

နှင်းမိုး said...

ရန်ကုန်က Game City လိုမျိုးပဲ။။ ဟဲဟဲ ဒီကလဲ ပြန်ကြွားတာ... အရင်တစ်ပတ်တုန်းကတောင် ကာစီနိုသွားဆော့သေးတယ်...။ နာတို့က ကလေးကလား အရုပ်မကောက်ဘူးကွ။။
နတ်နတ် Dancing Game ပြိုင်ကမလား။။။ စိန်ခေါ်တယ်..။ ရန်ကုန်ကိုသာ လာခဲ့...။
ခင်တဲ့
နှင်းမိုးမိုး

Anonymous said...

ကိုကြီးကိုး
တားတားလည်း လာဆော့ချင်တယ်
သိပ်မကြာတော့ဘူး
တားတားလာရင် တားဆော့ဖို့ ကွိုင်လည်းဝယ်ပေးနော်

ပျော်ရွင်မှုများ ထပ်တူမျှစွာဖြင့်
ညအလင်္ကာ

ရွှေရတုမှတ်တမ်း said...

မိုးကုတ်က အိမ် နဲ့ မန္တလေး ကအိမ် အတူတူပဲလား

nannlaypyaenu said...

နန်း ပြန်လာအောင် မစောင့်ကြဘူး စိတ်ပုတ်တွေ မခေါ်တော့ဘူး ဟွန့်။

 

©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB