စားကြခြင်း၊ ၀ါးကြခြင်း

|

ဒီပုံလေးတွေကတော့ လွန်ခဲ့တဲ့ တစ်ပတ်လောက်က ရွှေမန်းမြေမှာ မိုးတွေစရွာကာစပေါ့။ နန်းနဲ့ နတ်နတ်ကို ဆိုက်ဘာမှာ သွားဆွဲခေါ်လာပြီး အပြန်မှာ ၀င်စားဖြစ်ခဲ့ကြပါတယ်။ ရှေ့က ဟော့ပေါ့အိုးကြီး ကုန်တဲ့ အထိကို စပါယ်ရှယ် ၀ါးတီးဆွဲခဲ့ကြတာပါ။ မိုးတွေက တရဟောရွာ၊ လေတွေက တရစပ်တိုက်တဲ့ ကြားထဲမှာ တဘက်ဝိုင်း ဂဲသားရင်းမမတွေရဲ့ ရယ်မောသံတွေနဲ့အတူ ကိုးတို့သုံးယောက်ရဲ့ ၀ါးတီးဖွင့်တဲ့ မြင်ကွင်းကလည်း ဘေးလူအမြင်မှာ အားရစရာပါပဲ။ အဲဒီနေ့က ညဆယ်နာရီထိုး မှ အားလုံး ပြန်ခဲ့ကြပါတယ်။ လမသာပေမယ့် မိုးတွေရွာနေတဲ့ ကြားထဲမှာ ပျော်ရွှင်စွာ အော်ဟစ်သီချင်းဆိုရင် ပြန်ခဲ့ကြတာပါ...။ ဖတ်ရင်းသွားရည်ကျရင်တော့ တာဝန်မယူဘူးနော်.. အခုပုံတွေက မနန်းလေပြေနု ဖုန်းကင်မရာနဲ့ရိုက်လာခဲ့ကြတာပါ။ ၀ါးတားတားလေးမို့ တော်သေးတာပေါ့.. တော်ကြာ ကိုးတို့ရဲ့ အလန်းပုံရိပ်တွေကိုမြင်ပြီး ငုတ်တုတ်မေ့သွားမှာစိုးရတယ်... ဒီပုံတွေကိုတော့ နန်းလေပြေနုရဲ့ ဒီလင့်ခ် ကနေယူထားတာပါ။


နန်းလေပြေနု၊ အလယ်က နတ်ဆိုးလေး၊ ကိုကိုးအိမ်
အားပါးတရအားပေးနေတဲ့ နတ်ဆိုးလေး

ဇွန်းနဲ့ကော်ပါတယ်၊ တူနဲ့ညှပ်ပါတယ်ခင်ဗျာ။
ဒီထဲမှာတော့ နတ်ဆိုးလေးပဲပေးထားတယ် ခွိခွိ
ဒါကတော့ ပင်ကိုယ်လန်း ကိုကိုးအိမ် ဟီးဟီး

သဘောတွေကျနေကြတယ်လေ... သွားကိုဖြီးလို့


အားလုံးလည်းပျော်ရွှင်ကြပါစေ...

မျှဝေသူ...ကိုကိုးအိမ်(မန္တလေး)

9 ယောက်ကစာမူခပေးသွားပါတယ်:

နတ်ဆိုးလေး said...

အင်း သူ့တို့ ပုံတွေနဲ့ သူတို့တော့ ဟုတ်နေလိုက်ကြတာ..
လုပ်ကြပါ...
ဒီကကောင် စုတ်ပြတ်နေတဲ့ အခွက်ကြီးက
သူတို့ မျက်နှာ အလန်းလေးတွေကြားမှာ
အဟင့်.. :(

မိုးယံ said...

နတ်ဆိုးက ၀ အောင် ကျွေးကြပါဂျာ။ သူ့ခညာ ပိန်ညောင်နေတယ် မစားရတာ ကြာ B ထင်ပါ့။ ဟာဟ
နတ်ဆိုး စိတ်မဆိုးကြေး။ နောက်တာကို စိတ်ဆိုးရင် ဟိုတရားသူကြီးပေါက်စနဲ့ တအား ဆွဲမယ်။ ခွိခွိ

ဂြီ

သောစေယျံ said...

ရောက်လာတယ်နော် ခဏခဏတော့လာရောက်ပြီး စာတွေဖတ်ပါတယ် မှတ်ချက်တခါမှာတော့မရေးဘူးဘူးခုတော့ရေးလိုက်ပြီနော်
အော် တစ်ခုလောက်တောင်းပန်ပါရစေ စားထားတာတွေဘယ်လောက်ကြလဲ ရှင်းပေးချင်လို့ပါ
အဟိ

ချော(အစိမ်းရောင်လွင်ပြင်) said...

ကောင်မလေးတွေ အော်တို လာရေးခိုင်းနေကြပါဦးမယ်။
အင်း ဒီမျက်နှာတွေမှတ်မိပြီ
လမ်းမှာတွေ့ရင် ပိုက်ဆံချေးရမယ်း)
ဘယ်ပြေးမလဲ

ညိမ်းနိုင် said...

လန်းပါတယ်..၊လန်းပါတယ်....။သုံးယောက်လုံး လန်းပါ
တယ်...။မန်းလေးရောက်ရင် လိုက်ကျွေးမှာလားဗျ...။

ကိုဇော် said...

ဂလု...

စားတယ်ပေါ့နော်...
ဝါးတယ်ပေါ့နော်...
ဟိဟိ..ပေါ့နော်..

မေပယ်လ် said...

ဟေ့...ဟေ့..
သိပ်မစုပ်နဲ့လေ...
(အောက်ဆုံးပုံကို ရည်ညွန်သည်) ဟီး

Anonymous said...

နတ်ဆိုးလေးလည်း လန်းပါတယ်...မန်းတလေးလာရင် မုန့်ကျွေးမှာလား...

မဗေဒါ (၈၈) said...

အမယ်လေး ..

လူတွေက လူဆိုးတွေနဲ့ မတူပါဘူး.. လူချော (ပိန်) တွေပဲ.. စားနိုင်သူတွေ စားကြပါ ဝါးကြပါ..။

ဘွားဗေ

 

©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB