သတင်းတစ်ပုဒ်

|

အောက်တိုဘာလ ၂၀ ရက်နေ့  ည ၉ နာရီတွင် FNG မှ နောက်ဆုံးရရှိသည့် သတင်းများ အရ မန္တလေးမြို့ အရှေ့ တောင်ဘက် ၃၁ မိုင်အကွာ ရဲ-ယမန်း ရွာအနီး မြစ်ငယ်မြစ်ပေါ်၌ တည်ဆောက် ထားသည့် ရဲရွာ ရေအား လျှပ်စစ် စီမံကိန်း ၏ ရေလွှတ် ပင်မဆည် မြောင်းမှာ တောင်ပေါ်မှ ကျလာသည့် ပြင်း ထန်သော ရေဖိ အားများကြောင့် ကျိုးပေါက်တော့ မည် အခြေအနေ ရှိသည် ဟု မန္တလေး မြို့ ဆည် မြောင်းဝန် ကြီးဌာန မှ အင်ဂျင်နီယာ တစ်ဦး က Freedom News Group သို့ ည ၁၀ နာရီ တွင် အတည်ပြုပြောကြားပါသည်။

အောက်တိုဘာလ ၂၁ ရက် မနက် ၁၁ နာရီ ၃၀ မိနစ် နောက်ဆုံး ရရှိသည့် သတင်းများ အရ ဆည်
၏ ရေလွှတ် ပြွန် အချို့ ကို စတင် ချိုးဖောက်ရတော့ မည် ဟု သိရသည်။ ဆည်တွင်း သို့ ရေစီးဝင်မှု
မှာ ယနေ့ ပိုမို အားကောင်းလာပါက ရေလွှတ် တံခါးများ စတင်ဖွင့်မည် ဟု သိရသည်။

ရဲရွာ ဆည်က တဖြည်ဖြည်း အိလိုက်လာပြီ ၊ ၄၈ နာရီ လောက်ထိ ခံဖို့ ဆိုတာ နောက်ဝင်လာတဲ့
ရေပေါ်မှာ မူတည် တယ်။ Spill Way တွေ ၊Fill Bucket တွေ Bottom Outlet Chamber တွေ ကို
အကုန် လုံးတိုက်ပြီး ပွင့်သွား နိုင်တယ်။ အရေးကြီး ဆုံး အခြေအနေ မို့ 
မေးနဲ့ လှမ်းပို့ လိုက်တာပါ။

ဆည်မြောင်း ဌာန မှ FNG သို့ ပေးပို့ သည့် အီးမေး သတင်းပေးပို့ ချက် အချို့

မျှဝေသူ... ကိုကိုးအိမ်(မန္တလေး)

2 ယောက်ကစာမူခပေးသွားပါတယ်:

အဖြူရောင်နတ်သမီး said...

အဲဒီအနီးတဝိုက်က လူတွေသိဖို့လိုတယ်...
ဆက်လက်ဖြန့်ဝေပါရန်...

SHWE ZIN U said...

အင်း ကိုကိုးအိမ် ရင် မှန်ရင်တော့ အားလုံးထမင်းထုတ်ဘဲ ဟင်းကောင်းကောင်းလေး ပို့ကြပါလို့ ကြိုတင်ပြောထားလိုက်ပါတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

 

©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB