ခေါင်းစဉ်မရှိသောခံစားချက်တစ်ခု

|

လေပြေညှင်းက ခပ်တိုးတိုးလေးနဲ့ ငါ့ရဲ့စုပ်ဖွာနေတဲ့ ဆံပင်လေးကို လှုပ်ရွရွလေးဖြစ်အောင် ဖမ်းစားနေခဲ့တယ်။ မျှော်နေသူတော်ကြာများ ပြန်လာလေမလားလို့ ထိုင်လို့စောင့်နေရင်း နေမင်းကြီးတောင် အိပ်တန်းဝင်သွားခဲ့ ပြီ။ လမင်းလေးကတော့ သူ့တာဝန်အတိုင်း လင်းလင်းထိန်ထိန် ၀င်းလက်တောက်ပလို့ပေါ့။ လမင်းကြီး ပျင်းနေမှာ စိုးလို့တဲ့ ကြယ်လေးတွေက ၀ိုင်းလို့ အဖော်ပြုနေကြလေရဲ့။ အော်.. ကမ္ဘာလောကကြီးမှာ ငါတစ်ယောက်တည်း အထီးကျန် အဖော်မဲ့နေပါလားလို့ မတွေးဝံ့တွေးဝံ့နဲ့ ငါနည်းနည်းလေးတွေးမိတယ်။ တကယ်တော့ ငါပြုခဲ့လို့ ငါပြန်ခံရတာပဲလို့ ငါယူဆရင်း ဖြေသိမ့်ခဲ့မိတယ်.. လွဲမှားစွာတွေးခဲ့မိလို့ ငါမဟုတ်တဲ့ ငါ့ကို ငါပြန်အပြစ်တင် နေခဲ့တယ်။ အရာရာဟာ သူ့ဟာနဲ့သူတော့ အဆင်ပြေနေတာပဲလေ... ငါ့ရဲ့မူမမှန်တဲ့ စိတ်ကြီးကိုလည်း ငါစိတ်ကုန်ချင် သယောင်ဖြစ်နေမိတယ်... အိပ်တန်းဝင်နေတဲ့ ငှက်ကိုယ်စီလည်း အတောင်ပံတွေခတ်လို့ တေးသံ ခပ်တိုးတိုးလေး ညည်းဆိုနေကြတယ်... သာယာလိုက်တာ.. ငါသာအဖြူထည် သက်သက်ဆိုရင် ညစ်ညမ်းမှူ့ဆိုတဲ့ မိစ္ဆာကောင်ကြီးကို မုန်းတီးမိမှာအမှန်ပဲ.. အခုတော့ ငါကိုယ်တိုင် မိစ္ဆာတစ် ကောင်ဖြစ်နေခဲ့ပြီ... အဲလိုဆိုရင် ငါ့ကိုလည်း မုန်းတီးနေသူ နည်းမှာမှမဟုတ်တာ.. အရာရာကို အသစ်ကပြန်စ လို့ရရင် သိပ်ကောင်းမှာပဲလို့ တစ်ကိုယ်တည်းတောင့်တ နေခဲ့မိတယ်.. လောဘလား.. မောဟလား.. ငါမခွဲတတ် ငါ့အပြစ်ကိုငါ စင်ကြယ်အောင် ပြုပြင်ချင်နေတယ်...


စာရေးသူ... ကိုကိုးအိမ်(မန္တလေး)

9 ယောက်ကစာမူခပေးသွားပါတယ်:

အဖြူရောင်နတ်သမီး said...

တယောက်ထဲ နေရတာ မကောင်းဘူးလား...
အထီးကျန်တယ်လို့ မတွေးနဲ့..
လွတ်လပ်တယ်လို့ တွေးကြည့်လိုက်...
စိတ်တွေ ပေါ့ပါးသွားလိမ့်မယ်....

SHWE ZIN U said...

ခံစားချက်စာစု လေးကို ဖတ်သွားပါတယ်

ခင်တဲ့
ရွှေစင်ဦး

sosegado said...

လမ်းဆုံလမ်းခွ ရောက်နေပြီ စိတ်ကိုပြောတာ၊
စိတ်ပါပြင်ယူလို့ရတယ်လို့ဆိုတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဘယ်သူတစ်ဦးတစ်ယောက်ကမှ အဖြူထည်သက်သက်တော့ မဖြစ်နိုင်ကြပါဘူး။
တစ်ချို့က ဖြူညစ်ညစ်
တစ်ချို့က ၀ါတာတာ
တစ်ချို့က အညိုရောင်၊
တစ်ချို့က အညိုရင့်ရင့်
အဆိုးဆုံးကတော့ အနက်ရောင်ပေါ့နော်။
ဒီတော့ ရွေးချယ်ခွင့်သာ ရှိမယ်ဆိုရင် အဖြူဆွတ်ဆွတ် မဖြစ်တောင် အနက်ရောင်မဖြစ်အောင်တော့ ကြိုးစားကြတာပေါ့နော်။
စိတ်ညစ်စရာတွေ စိတ်ထဲကြာကြာ မထားပါနဲ့ ။
အဆင်ပြေသွားမှာပါ။
ပျော်ရွှင်ပါစေနော်။

သောစေယျံ said...

အို.........
စာသားတွေပြောင်မြောက်လှပါလား လာပြီးသင်ယူအုံးမှ
အော် သီတင်းကျွတ်ပီနော် အစဉ်းစားသေးဘူးလား အဟဲ
စပ်စုတာမဟုတ်ဘူးနော် မေးကြည့်တာ

မိုးယံ said...

အပြစ်တွေ စင်ကြယ်သွားအောင် စင်ကြယ် ဖိနပ်စီးပြီး ယတြာချေလိုက်ပါ။

ကိုဇော် said...

လူဆိုတာ ကိုယ်ရောက်နေတဲ့ နေရာမှာ တာဝန်ကျေဖို့ လိုတယ် လို့တော့ ဖတ်ဖူးတာပဲ။
မိစ္ဆာဖြစ်နေတယ် ဆိုရင်တောင်မှ နတ်သားဘဝကို တောင့်တပြီး အချိန်ကုန်ခံမနေသင့်ဘူး လို့ ထင်တယ်။ အနက်ရောင် ဆိုတာသာ မရှိရင် ကမ္ဘာပေါ်မှာ အရောင်ဆိုတာ မရှိတော့ဘူး။ ဘာလို့လဲ ဆိုတော့ အနက်ရောင် ဆိုတာ အရောင်တွေရဲ့ အခြေခံ အကျဆုံး အရောင်လို့ ဆိုတယ်။

Anonymous said...

ဖြူစင်နိုင်ရင်တော့အကောင်းဆုံးပေါ့ မောင်ကိုးရေ

win latt said...

VOA မှတဆင့် ရောက်လာတာပါ...ဖတ်သွားပါတယ်။
သဘောကျပါတယ်။အောင်မြင်ပါစေ။

 

©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB