နေ့စွဲတစ်ခုရဲ့ နောက်ဆုံ့းမိနစ်များ
နာရီလက်တံတစ်ခုရဲ့ တချောက်ချောက်မြည်သံအောက်
ရင်ခုန်သံတွေ ပျောက်ရှခဲ့...
အေးစက်စက်လက်တစ်စုံရဲ့
နွေးထွေးတဲ့အကြင်နာတွေ... အပြာရောင်ရေခဲတိုက်တွေအောက်
လွင့်ပျောက်ခဲ့ရသော ဆောင်းမနက်ခင်း...
ရှပ်တိုက်ပြေးလွှားနေကြတဲ့ ရောင်စုံသစ်ရွက်များ
နိုးထကာစ လူတစ်စုရဲ့ လက်ခုပ်သံလောက်တောင်
တောက်တောက်ပြောင်ပြောင်မရှိ ခဲ့...
တောင်ပြန်လေတရှိုက် ရှူသွင်းလိုက်မိချိန်
အရှေ့အရပ်ဆီမှ ထွက်ပြူလာခဲ့သော ရောင်ခြည်တစ်ချို့
ခပ်ဆတ်ဆတ် ဖြတ်အရိုက်ခံခဲ့ရ...
လေပြေတစ်အုပ်နှင့်အတူ သိမ်းသွင်းခံခဲ့ရသော အလှတရား
သိုးမည်းတွေရဲ့ အော်သံကြား ခပ်ပါးပါးတောင်မကျန်ရစ်တော့
မဖတ်တတ်ခဲ့တဲ့ သူတို့တွေရဲ့မျက်နှာ...
ငါ့နှလုံးသားတစ်စုံ အရောင်ပြောင်းလာချိန်မှာ...
အားလုံးဟာ ပွင့်လင်းစွာ မြင်သာလာခဲ့....
ခါးသက်စွာ ပြုံးနေခဲ့ရတဲ့ အမုန်းတီးဆုံးမျက်နှာတစ်ခုရ
ငါ့သိက္ခာတွေ အမှောက်မှောက်အမှားမှားဖြစ် ခဲ့ရတဲ့ည.....
ဝေးလွင့်စွာ အထီးကျန်ခြင်းရဲ့ ခပ်ဝါးဝါးပုံရိပ်တစ်ခု
မျှော်လင့်ချက်တွေပြည့်ဝခဲ့ ချိန်အရောက် ငါ့ကိုမေ့လောက်တဲ့အချိန်
အထီးကျန်စွာ စွန့်ခွာသွားခဲ့ရတဲ့ နေရာတစ်ခုမှာ
ငါတစ်ယောက်တည်း မျက်ရည်တွေကို အဖော်ပြုရင်းရှင်သန်ရတော့မယ်...
ကိုကိုးအိမ်(မန္တလေး)
(9.11.2012) (Friday)

4 ယောက်ကစာမူခပေးသွားပါတယ်:
အမြဲတမ်းဘဲမျက်ရည်ကိုအဖော်ပြုနေရမှာ
မဟုတ်ပါဘူး
နွေးထွေးတဲ့နှစ်သိမ့်မှု့တွေနဲ့
အသက်ဝင်လာမဲ့ညတွေလည်း
ရှိလာမှာပါ...
ခံစားသွားပါတယ်ဗျာ...:)
မျက်ရည်ကျတဲ့နေ့တွေ ရှိသလို
ပျော်ရွှင်ရတဲ့ နေ့တွေလည်း ရှိဦးမှာပါ..
မျှော်လင့်ချက်တွေ မလျော့လိုက်နဲ့..
စကားလုံးလေးတွေက ပြောင်မြောက်လှတယ်ဗျာ
သိပ်ကောင်းတဲ့ ကဗျာလေးဘဲ ။
တစ်ခါတစ်ခါ သိပ်ခါးတာပေါ့ဗျာ။
Post a Comment